ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဟေရှာယ ၁၃:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ငိုကြွေးမြည်တမ်းကြ။ ယေဟောဝါရဲ့နေ့ နီးလာပြီ။

      အဲဒီနေ့ဟာ အနန္တတန်ခိုးရှင်ဆီက ဖျက်ဆီးခြင်းဘေးအဖြစ် ရောက်လာမယ်။+

  • ယေရမိ ၂၅:၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ “‘အဲဒီနေ့မှာ ယေဟောဝါကွပ်မျက်လို့ သေတဲ့လူတွေဟာ မြေတစ်ပြင်လုံးမှာ ရှိလိမ့်မယ်။ သူတို့အတွက် ဘယ်သူမှ ညည်းတွားငိုကြွေးမှာ မဟုတ်ဘူး။ သူတို့ကို စုသိမ်းမှာ၊ မြှုပ်နှံမှာ မဟုတ်ဘူး။ မြေပေါ်မှာ နောက်ချေးပုံလို ဖြစ်သွားမယ်။’

  • ယေဇကျေလ ၃၀:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၃ ယေဟောဝါရဲ့နေ့ နီးပြီ။ အဲဒီနေ့ နီးနေပြီ။+

      အဲဒီနေ့ဟာ မိုးတိမ်ထူတဲ့နေ့၊+ လူမျိုးတွေကို တရားစီရင်မယ့်နေ့ ဖြစ်လိမ့်မယ်။+

  • ယောလ ၁:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ အဲဒီနေ့ကြောင့် အဖြစ်ဆိုးကြုံရလိမ့်မယ်။

      ယေဟောဝါရဲ့နေ့ နီးနေပြီ။+

      အဲဒီနေ့ဟာ အနန္တတန်ခိုးရှင်ရဲ့ ဖျက်ဆီးခြင်းဘေးလို ရောက်လာလိမ့်မယ်။

  • ယောလ ၂:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ “ဇိအုန်မှာ တံပိုးမှုတ်ကြ။+

      သန့်ရှင်းတဲ့တောင်ပေါ်မှာ စစ်ငြာသံပေးကြ။

      ပြည်သူပြည်သားအားလုံး ကြောက်ရွံ့တုန်လှုပ်ကြပါစေ။

      ယေဟောဝါရဲ့နေ့ ရောက်တော့မယ်။+  အဲဒီနေ့ နီးနေပြီ။

  • ယောလ ၂:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ယေဟောဝါက မိမိရဲ့တပ်ရှေ့မှာ ကြွေးကြော်မယ်။+

      တပ်စခန်းမှာ စစ်သည်တွေ အတိုင်းမသိ များတယ်။+

      ပြောတဲ့အတိုင်း အကောင်အထည်ဖော်တဲ့အရှင်ဟာ ခွန်အားကြီးတယ်။

      ယေဟောဝါရဲ့နေ့ဟာ ကြောက်ရွံ့ထိတ်လန့်ဖွယ် နေ့ကြီးပဲ။+ ဘယ်သူခံရပ်နိုင်မလဲ။”+

  • ဇေဖနိ ၁:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ အဲဒီနေ့ဟာ အမျက်တော်နေ့၊+

      ဒုက္ခဝေဒနာခံစားရတဲ့နေ့၊+

      မုန်တိုင်းထန်ပြီး ဖျက်ဆီးတဲ့နေ့၊

      မှောင်မိုက်ပြီး အုံ့ဆိုင်းတဲ့နေ့၊+

      မိုးတိမ်ထူပြီး မည်းမှောင်တဲ့နေ့၊+

  • ၂ ပေတရု ၃:၁၁၊ ၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ အဲဒါတွေအားလုံးဟာ ဒီနည်းနဲ့ အရည်ပျော်သွားမှာဖြစ်လို့ ဘယ်လိုလူစားမျိုး ဖြစ်သင့်တယ်ဆိုတာ စဉ်းစားဆင်ခြင်ကြပါ။ သန့်ရှင်းတဲ့အမူအကျင့်တွေ ကျင့်ကြံပြီး ဘုရားတရား ကိုင်းရှိုင်းကြပါ။ ၁၂ ယေဟောဝါ* ရဲ့နေ့+ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်းပြီး စောင့်မျှော်နေကြပါ။ အဲဒီနေ့မှာ ကောင်းကင်ဟာ မီးနဲ့ဖျက်ဆီးခံရလိမ့်မယ်၊+ ကောင်းကင်နဲ့ မြေကြီးပေါ်က အရာတွေဟာ အလွန်ပူပြင်းပြီး အရည်ပျော်ကုန်လိမ့်မယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ