-
တမန်တော် ၁၀:၂၅၊ ၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ပေတရု ဝင်လာတဲ့အခါ ကော်နေလိက ထွက်ကြိုတယ်။ ပေတရုရဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး အရိုအသေပေးတော့၊ ၂၆ ပေတရုက သူ့ကို ဆွဲထူပြီး “ထပါ။ ကျွန်တော်လည်း လူပါပဲ”+ လို့ပြောတယ်။
-
-
ဗျာဒိတ် ၂၂:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ကျွန်တော်ယောဟန်က ဒါတွေကို ကြားရမြင်ရတယ်။ အဲဒီလို ကြားရမြင်ရတဲ့အခါ အဲဒါတွေကိုဖော်ပြတဲ့ ကောင်းကင်တမန်ရဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး ကိုးကွယ်မယ်လုပ်တော့၊ ၉ သူက “သတိထားပါဦး။ အဲဒီလိုမလုပ်ပါနဲ့။ ကျွန်တော်လည်း ခင်ဗျားနဲ့ ခင်ဗျားရဲ့ညီအစ်ကို ပရောဖက်တွေ၊ ဒီစာလိပ်မှာပါတဲ့ စကားတွေကို လိုက်နာသူတွေလိုပဲ ကျွန်တစ်ယောက်ပါ။ ဘုရားသခင်ကိုသာ ကိုးကွယ်ပါ”+ လို့ပြောတယ်။
-