-
၂ တိမောသေ ၄:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ မွန်မြတ်တဲ့တိုက်ပွဲကို ဆင်နွှဲခဲ့ပြီ။+ ပြေးပွဲကို အဆုံးအထိ ပြေးခဲ့ပြီ။+ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ပြီ။ ၈ ဖြောင့်မတ်တဲ့ တရားသူကြီးဖြစ်တဲ့+ သခင်က ဖြောင့်မတ်သူတွေကိုပေးမယ့် သရဖူကို ငါ့အတွက် အသင့်ပြင်ထားတယ်။+ တရားစီရင်ရာနေ့မှာ အဲဒီသရဖူကို ဆုလာဘ်အဖြစ် ငါ့ကို ပေးလိမ့်မယ်။+ ငါ့ကိုသာမက သခင်ပေါ်ထွန်းချိန်ကို စောင့်မျှော်နေသူ အားလုံးကိုလည်း ပေးလိမ့်မယ်။
-
-
ဗျာဒိတ် ၂၀:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ အဲဒီနောက် ရာဇပလ္လင်တွေကို ကျွန်တော်မြင်တယ်။ ဘုရားသခင်က ပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူတွေကို တရားစီရင်ခြင်း အခွင့်အာဏာ ပေးအပ်တယ်။ ယေရှုအကြောင်း သက်သေခံလို့၊ ဘုရားသခင်အကြောင်း ဟောပြောလို့၊ သားရဲကိုဖြစ်စေ၊ သားရဲရုပ်တုကိုဖြစ်စေ မကိုးကွယ်လို့၊ နဖူးနဲ့လက်ပေါ်မှာ သားရဲအမှတ်တံဆိပ် မရိုက်နှိပ်လို့ ကွပ်မျက်ခံရတဲ့သူတွေကိုလည်း ကျွန်တော်မြင်တယ်။+ သူတို့က အသက်ပြန်ရှင်လာပြီး ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်စိုးရတယ်။+
-