မဿဲ
၁ အာဗြဟံရဲ့သား၊+ ဒါဝိဒ်ရဲ့သား+ ခရစ်တော်* လို့ ခေါ်တဲ့ ယေရှုရဲ့ ဆွေစဉ်မျိုးဆက် စာရင်းကတော့–
အိဇက်ရဲ့သားက ယာကုပ်၊+
ယာကုပ်ရဲ့သားတွေက ယုဒနဲ့ ညီနောင်တစ်စု၊+
၃ ယုဒနဲ့တာမာရဲ့ သားတွေက ဖာရက်နဲ့ ဇေရ၊+
ဖာရက်ရဲ့သားက ဟေဇရုံ၊+
ဟေဇရုံရဲ့သားက ရာမ၊+
၄ ရာမရဲ့သားက အမိနဒပ်၊
အမိနဒပ်ရဲ့သားက နာရှုန်၊+
နာရှုန်ရဲ့သားက စာလမုန်၊
၅ စာလမုန်နဲ့ ရာခပ်ရဲ့+ သားက ဗောဇ၊
ဗောဇနဲ့ရုသရဲ့+ သားက ဩဗက်၊
သြဗက်ရဲ့သားက ယေရှဲ၊+
ဥရိယရဲ့ဇနီးနဲ့ရတဲ့ ဒါဝိဒ်ရဲ့သားက ရှောလမုန်၊+
ရောဗောင်ရဲ့သားက အဘိယ၊
အဘိယရဲ့သားက အာသ၊+
ယောရှဖတ်ရဲ့သားက ယဟောရံ၊+
ယဟောရံရဲ့သားက ဩဇိ၊
ယောသံရဲ့သားက အာခတ်၊+
အာခတ်ရဲ့သားက ဟေဇကိ၊+
မနာရှေရဲ့သားက အာမုန်၊+
အာမုန်ရဲ့သားက ယောရှိ၊+
၁၁ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်အတွင်း+ ယောရှိ+ ရတဲ့သားတွေက ယေခေါနိနဲ့+ ညီနောင်တစ်စု၊
၁၂ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရပြီးနောက် ယေခေါနိရတဲ့သားက ရှာလသေလ၊
ရှာလသေလရဲ့သားက ဇေရုဗဗေလ၊+
၁၃ ဇေရုဗဗေလရဲ့သားက အဗျုဒ်၊
အဗျုဒ်ရဲ့သားက ဧလျာကိမ်၊
ဧလျာကိမ်ရဲ့သားက အာဇော်၊
၁၄ အာဇော်ရဲ့သားက ဇာဒုတ်၊
ဇာဒုတ်ရဲ့သားက အာခိမ်၊
အာခိမ်ရဲ့သားက ဧလုဒ်၊
၁၅ ဧလုဒ်ရဲ့သားက ဧလာဇာ၊
ဧလာဇာရဲ့သားက မဿန်၊
မဿန်ရဲ့သားက ယာကုပ်၊
၁၆ ယာကုပ်ရဲ့သားက မာရိရဲ့ခင်ပွန်း ယောသပ်။ မာရိဟာ ခရစ်တော်လို့ခေါ်တဲ့+ ယေရှုရဲ့ မိခင်ပဲ။+
၁၇ အာဗြဟံကနေ ဒါဝိဒ်အထိ မျိုးဆက် ၁၄ ဆက်၊ ဒါဝိဒ်ကနေ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်အထိ မျိုးဆက် ၁၄ ဆက်၊ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်ကနေ ခရစ်တော်အထိ မျိုးဆက် ၁၄ ဆက် ရှိတယ်။
၁၈ ယေရှုခရစ် မွေးဖွားလာပုံကတော့ သူ့မိခင်မာရိဟာ ယောသပ်နဲ့စေ့စပ်ထားပြီး လင်မယားအဖြစ် မပေါင်းသင်းခင် သန့်ရှင်းသော စွမ်းအားတော်ကြောင့်+ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတယ်။ ၁၉ ဒါပေမဲ့ ခင်ပွန်းဖြစ်သူ ယောသပ်ဟာ ဖြောင့်မတ်သူဖြစ်လို့ မာရိကို လူရှေ့သူရှေ့မှာ အရှက်မကွဲစေချင်ဘူး။ ဒါကြောင့် မာရိကို တိတ်တဆိတ် ကွာရှင်းဖို့ စဉ်းစားနေတယ်။+ ၂၀ အဲဒီလို စဉ်းစားပြီးချိန်မှာ ယေဟောဝါရဲ့* ကောင်းကင်တမန်ဟာ အိပ်မက်မှာ ပေါ်လာပြီး “ဒါဝိဒ်ရဲ့သား ယောသပ်၊ မင်းရဲ့ဇနီးမာရိကို အိမ်ခေါ်သွားဖို့ မစိုးရိမ်နဲ့။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိနေတာ။+ ၂၁ သူ သားလေးမွေးလိမ့်မယ်။ ယေရှု* လို့နာမည်ပေးပါ။+ အဲဒီသားဟာ လူတွေကို အပြစ်ကနေ ကယ်တင်လိမ့်မယ်”+ လို့ပြောတယ်။ ၂၂ ဒါတွေဖြစ်ပျက်လာတဲ့အတွက် ပရောဖက်ကတစ်ဆင့် ယေဟောဝါ* ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။ ၂၃ “အပျိုစင်ဟာ ကိုယ်ဝန်ရှိလာပြီး သားလေး မွေးလိမ့်မယ်။ အဲဒီသားကို ဧမာနွေလလို့ နာမည်ပေးလိမ့်မယ်”+ ဆိုတဲ့စကားပဲ။ ဧမာနွေလဆိုတာ “ငါတို့နဲ့အတူ ဘုရားသခင်ရှိတယ်”+ လို့ အဓိပ္ပာယ်ရတယ်။
၂၄ ယောသပ် နိုးလာတဲ့အခါ ယေဟောဝါရဲ့* ကောင်းကင်တမန် ညွှန်ကြားတဲ့အတိုင်း သူ့ဇနီးကို အိမ်ခေါ်သွားတယ်။ ၂၅ ဒါပေမဲ့ သားလေး မမွေးခင်အထိ ဇနီးနဲ့ မပေါင်းသင်းဘူး။ သားလေး မွေးလာတော့+ ယေရှုလို့ နာမည်ပေးလိုက်တယ်။+