ဆာလံ
ချီတက်သီချင်း။ ရှောလမုန်စပ်ဆိုတဲ့ သီချင်း။
၁၂၇ ယေဟောဝါသာ အိမ်ကိုမဆောက်ရင်
အိမ်ဆောက်တဲ့သူတွေ တပင်တပန်း ဆောက်နေလည်း အချည်းနှီးပဲ။+
ယေဟောဝါသာ မြို့ကို မစောင့်ကြပ်ရင်+
ကင်းစောင့်တွေ နိုးနိုးကြားကြား စောင့်ကြပ်နေလည်း အချည်းနှီးပဲ။
၂ ဘုရားသာ ကောင်းချီးမပေးရင်
မင်းတို့ စောစောထတာ၊ ညဉ့်နက်တဲ့အထိ အလုပ်လုပ်တာ၊
ပင်ပင်ပန်းပန်း ဝမ်းစာရှာတာတွေဟာ အချည်းနှီးပဲ။
ဘုရားက သူချစ်တဲ့သူတွေကို ဂရုစိုက်တယ်။ နှစ်ခြိုက်စွာ အိပ်ပျော်ခွင့် ပေးတယ်။+
၃ သားသမီးတွေဟာ* ယေဟောဝါပေးတဲ့ အမွေပဲ။+
ရင်သွေးတွေဟာ ဘုရားပေးတဲ့ ဆုလာဘ်ပဲ။+
၄ ပျိုရွယ်ချိန်မှာရတဲ့ သားတွေဟာ
စစ်သူရဲလက်ထဲက မြားတွေနဲ့ တူတယ်။+
၅ ကိုယ့်မြားကျည်တောက်ထဲ မြားတွေဖြည့်ထားသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။+
သူတို့ အရှက်ကွဲရမှာ မဟုတ်ဘူး။
သူတို့ရဲ့သားတွေက မြို့တံခါးမှာ ရန်သူတွေနဲ့ ဆွေးနွေးကြမှာမို့လို့ပဲ။