ပညာအလိမ္မာ (သုတ္တံကျမ်း)
၁ ဒါဝိဒ်ရဲ့သား+ အစ္စရေးဘုရင်+ ရှောလမုန်ရေးခဲ့တဲ့ ပညာအလိမ္မာစကားတွေက၊+
၂ ဉာဏ်ပညာရှိစေတယ်၊+ ဆုံးမတာကို လက်ခံစေတယ်။
ပညာရှိအဆိုအမိန့်တွေကို နားလည်စေတယ်။
၃ ဆုံးမစကားတွေကို ခံယူစေတယ်။+ ဒါကြောင့် ထိုးထွင်းဉာဏ်ရှိလာပြီး
ဖြောင့်မတ်လာတယ်။+ ချင့်ချိန်သုံးသပ် တတ်လာတယ်။+ ဖြောင့်မှန်လာတယ်။
၄ အတွေ့အကြုံမရှိသူကို အမြော်အမြင်ရှိစေတယ်။+
လူငယ်တွေကို အသိပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိစေတယ်။+
၅ ဉာဏ်ပညာရှိသူဟာ နားထောင်တဲ့အတွက် ပိုပြီး တတ်သိနားလည်လာတယ်။+
သိနားလည်နိုင်စွမ်းရှိသူက ပညာရှိလမ်းညွှန်ချက်တွေကို ခံယူတယ်။+
၆ စကားပုံ၊ ပဟေဠိ၊
ပညာရှိအဆိုအမိန့်၊ စကားထာတွေကို နားလည်တယ်။+
၇ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ အသိပညာရဲ့ မူလအစပဲ။+
ဉာဏ်ပညာနဲ့ ဆုံးမစကားကို အထင်သေးကြတာ လူမိုက်တွေပဲ။+
၈ ငါ့သား၊ ဖခင်ရဲ့ ဆုံးမစကားကို နားထောင်ပါ။+
မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။+
၉ အဲဒီဆုံးမသွန်သင်ချက်တွေဟာ မင်းရဲ့ခေါင်းပေါ်က တင့်တယ်တဲ့ ပန်းဦးရစ်၊+
လည်မှာဆွဲထားတဲ့ လှပတဲ့လည်ဆွဲပါပဲ။+
၁၀ ငါ့သား၊ အပြစ်လုပ်သူတွေ သွေးဆောင်တဲ့အခါ နားမယောင်နဲ့။+
၁၁ သူတို့က “ငါတို့နဲ့လိုက်ခဲ့။
ချောင်းမြောင်းပြီး လူသတ်ကြရအောင်။
အပြစ်မဲ့သူတွေကို အပျော်သဘောနဲ့ ချောင်းမြောင်းတိုက်ခိုက်ရအောင်။
၁၂ သူတို့ကို သင်္ချိုင်းလို အရှင်လတ်လတ် ဝါးမျိုကြမယ်။
သေတွင်းထဲဆင်းတဲ့သူတွေလို တစ်ကိုယ်လုံးကို ဝါးမျိုကြမယ်။
၁၃ သူတို့ရဲ့ တန်ဖိုးကြီးဘဏ္ဍာအားလုံးကို သိမ်းယူရအောင်။
ငါတို့ရဲ့အိမ်မှာ တိုက်ရာပါဥစ္စာတွေ ဖြည့်ရအောင်။
၁၄ ငါတို့နဲ့ ပူးပေါင်းစမ်းပါ။
ခိုးရာပါပစ္စည်းတွေကို အညီအမျှ ခွဲယူကြမယ်” လို့ပြောလာရင်၊
၁၅ ငါ့သား၊ သူတို့နောက်ကို မလိုက်နဲ့။
သူတို့လမ်းမှာ ခြေမချနဲ့။+
၁၆ သူတို့ဟာ မကောင်းတာလုပ်ဖို့ဆိုရင် ခြေသွက်တယ်။
လူသတ်ဖို့လည်း လက်မနှေးဘူး။+
၁၇ ငှက်ရဲ့မြင်ကွင်းမှာ ပိုက်ထောင်ရင် အဲဒီငှက်ကို ဘယ်မိပါ့မလဲ။
၁၈ ဒါကြောင့် သူတို့က လူသတ်ဖို့ ချောင်းမြောင်းနေတာပေါ့။
သူတစ်ပါးအသက်ကို ခြွေယူဖို့ ပုန်းအောင်းနေတာပေါ့။
၁၉ ဒါဟာ မတရားအမြတ်ထုတ်သူတွေရဲ့ လမ်းစဉ်ပဲ။
အဲဒီအမြတ်အစွန်းကပဲ သူတို့ကို အသက်ဆုံးစေတာ။+
၂၀ စစ်မှန်တဲ့ ဉာဏ်ပညာက+ လမ်းပေါ်မှာ ဟစ်အော်နေတယ်။+
လူထုရင်ပြင်တွေမှာ ကြွေးကြော်နေတယ်။+
၂၁ လူစည်ကားတဲ့လမ်းဆုံတွေမှာ အော်ပြောနေတယ်။
မြို့တံခါးတွေမှာ သူပြောတာက–+
၂၂ “အတွေ့အကြုံမရှိသူတို့၊ အတွေ့အကြုံမရှိတာကို ဘယ်အချိန်အထိ နှစ်သက်နေမှာလဲ။
လှောင်ပြောင်တတ်သူတို့၊ လှောင်ပြောင်ရတာကို ဘယ်အချိန်အထိ နှစ်ခြိုက်နေမှာလဲ။
လူမိုက်တို့၊ အသိပညာကို ဘယ်အချိန်အထိ မုန်းတီးနေမှာလဲ။+
၂၃ ငါပဲ့ပြင်ပေးတာကို လက်ခံပါ။+
ငါ့စွမ်းအားကို မင်းတို့အပေါ် သွန်းလောင်းမယ်။
ငါ့စကားတွေကို ဖော်ပြမယ်။+
၂၄ ဒါပေမဲ့ ငါခေါ်တဲ့အခါ မင်းတို့ နားမထောင်ဘူး။
ငါလက်ကမ်းတဲ့အခါ ဘယ်သူမှ အရေးမစိုက်ဘူး။+
၂၅ ငါပေးတဲ့ အကြံဉာဏ်တွေကို လျစ်လျူရှုတယ်။
ငါပဲ့ပြင်တာကို လက်မခံဘူး။
၂၆ ဒါကြောင့် မင်းတို့ ဒုက္ခရောက်တဲ့အခါ ငါရယ်မောမယ်။
ကြောက်လန့်စရာတွေ ကြုံတဲ့အခါ ငါလှောင်ပြောင်မယ်။+
၂၇ ကြောက်လန့်စရာတွေ မုန်တိုင်းလို ရောက်လာတဲ့အခါ၊
ဒုက္ခတွေ လေပြင်းလို ရောက်လာတဲ့အခါ၊
စိတ်ဆင်းရဲစရာတွေ၊ ပြဿနာတွေ မင်းတို့ကြုံရတဲ့အခါ ငါလှောင်ပြောင်မယ်။
၂၈ အဲဒီအခါ သူတို့ခေါ်ရင်လည်း ငါမထူးဘူး။
ငါ့ကို အသည်းအသန်ရှာရင်လည်း တွေ့မှာမဟုတ်ဘူး။+
၂၉ သူတို့က အသိပညာကိုမှ မနှစ်သက်ကြဘဲကိုး။+
ယေဟောဝါကို ကြောက်ရွံ့ရိုသေဖို့ ငြင်းဆန်ကြတာကိုး။+
၃၀ ငါပေးတဲ့ အကြံဉာဏ်ကို လက်မခံကြဘူး။
ငါပဲ့ပြင်တာကို မခန့်လေးစား လုပ်ကြတယ်။
၃၁ ဒါကြောင့် ကိုယ့်လမ်းစဉ်ရဲ့ အကျိုးဆက်တွေကို ပြန်ခံစားရလိမ့်မယ်။+
ကိုယ့်အကြံအစည်တွေရဲ့ ရလဒ်ကို တနင့်တပိုး ပြန်ခံရလိမ့်မယ်။
၃၂ အတွေ့အကြုံမရှိသူက ထင်ရာစိုင်း လုပ်တတ်လို့ သေတတ်တယ်။
လူမိုက်တွေက ပေါ့ပေါ့ဆဆနေတတ်လို့ ပျက်စီးတတ်တယ်။
၃၃ ငါ့စကားကို နားထောင်သူကတော့ ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။+
ဘေးဆိုးကို မကြောက်ဘဲ အေးချမ်းစွာ နေရလိမ့်မယ်။”+
၂ ငါ့သား၊ ငါ့စကားတွေကို လက်ခံပြီး
ငါ့ပညတ်ချက်တွေကို တန်ဖိုးထားမယ်ဆိုရင်၊*+
၂ ဉာဏ်ပညာစကားကို အာရုံစိုက် နားထောင်ပြီး+
ပိုင်းခြားသိမြင်နိုင်စွမ်းရှိဖို့ ကြိုးစားမယ်ဆိုရင်၊+
၃ သိနားလည်နိုင်စွမ်းရဖို့ အသနားခံပြီး+
ပိုင်းခြားသိမြင်နိုင်စွမ်းရဖို့ တောင်းခံမယ်ဆိုရင်၊+
၄ အဲဒါတွေကို ငွေရှာသလို မပြတ်ရှာဖွေပြီး+
ရတနာသိုက်ကို လိုက်ရှာသလို မပြတ်ရှာမယ်ဆိုရင်၊+
၅ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်လာမယ်။+
ဘုရားနဲ့ပတ်သက်တဲ့ အသိပညာကို ရလာမယ်။+
၆ ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။+
နှုတ်တော်ထွက်စကားဟာ အသိပညာနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပေးတယ်။
၇ ဘုရားက လက်တွေ့ကျဉာဏ်ပညာကို စိတ်ရိုးဖြောင့်သူတွေအတွက် သိုမှီးထားတယ်။
သမာဓိရှိရှိ လျှောက်လှမ်းသူတွေအတွက် ဘုရားဟာ ဒိုင်းလွှားပဲ။+
၈ ဘုရားက တရားမျှတမှု လမ်းစဉ်တွေကို စောင့်ကြပ်ပေးတယ်။
သစ္စာစောင့်သိသူတွေရဲ့ လမ်းကို စောင့်ရှောက်ပေးတယ်။+
၉ ဒါဆိုရင် ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းစတဲ့
မွန်မြတ်တဲ့ လမ်းစဉ်မှန်သမျှကို မင်း နားလည်လာလိမ့်မယ်။+
၁၁ စဉ်းစားဆင်ခြင်နိုင်စွမ်းက မင်းကို စောင့်ကြပ်ပေးလိမ့်မယ်။+
ပိုင်းခြားသိမြင်နိုင်စွမ်းက ကာကွယ်ပေးလိမ့်မယ်။
၁၂ မကောင်းတဲ့လမ်းကနေ၊
မဟုတ်မမှန်ပြောသူရဲ့ လက်ကနေ ကယ်တင်လိမ့်မယ်။+
၁၃ ဖြောင့်မှန်တဲ့လမ်းကို စွန့်ခွာပြီး
အမှောင်လမ်းမှာ လျှောက်တဲ့သူတွေရဲ့ လက်ကနေ၊+
၁၄ မကောင်းမှုမှာ ပျော်မွေ့သူတွေ၊
ဆိုးညစ်မှုကို နှစ်သက်သူတွေရဲ့ လက်ကနေ၊
၁၅ ကောက်ကျစ်တဲ့လမ်းစဉ်ကို လိုက်သူတွေ၊
စဉ်းလဲတဲ့လမ်းစဉ်ကို လိုက်သူတွေရဲ့ လက်ကနေ ကယ်တင်လိမ့်မယ်။
၁၇ အဲဒီလိုမိန်းမက ငယ်ပေါင်းယောက်ျားကို စွန့်ခွာတယ်။+
ဘုရားသခင်နဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ကို မေ့ပစ်တယ်။
၁၈ သူ့အိမ်က သေတွင်းထဲ နစ်ဝင်နေတယ်။
သူ့အိမ်ကို သွားတဲ့လမ်းက သင်္ချိုင်းရှိရာ ပို့ဆောင်တယ်။+
၁၉ သူနဲ့ပတ်သက်သူတိုင်း ပြန်လမ်းမရှိဘူး။
အသက်လမ်းပေါ်ကိုလည်း ပြန်မရောက်လာဘူး။+
၂၀ ဒါကြောင့် သူတော်ကောင်းတွေရဲ့ လမ်းစဉ်ကို လိုက်ပါ။
ဖြောင့်မတ်သူတွေရဲ့ လမ်းစဉ်ပေါ် ရပ်တည်ပါ။+
၂၁ ကမ္ဘာမြေပေါ်မှာ စိတ်ရိုးဖြောင့်သူတွေပဲ နေထိုင်ရလိမ့်မယ်။
အပြစ်ပြောစရာမရှိသူတွေပဲ အမြဲနေရလိမ့်မယ်။+
၂၂ လူဆိုးတွေကတော့ ကမ္ဘာမြေပေါ်ကနေ ပယ်ရှင်းခံရလိမ့်မယ်။+
သစ္စာဖောက်တွေလည်း ဖယ်ရှားခံရလိမ့်မယ်။+
၃ ငါ့သား၊ ငါသွန်သင်ပေးတာတွေကို မမေ့ပါနဲ့။
ငါ့ပညတ်ချက်တွေကို စိတ်ပါလက်ပါ လိုက်နာတတ်ပါစေ။
၂ အဲဒါတွေက မင်းရဲ့နေ့တွေ၊ နှစ်တွေ၊
ငြိမ်သက်ခြင်းတွေကို တိုးများစေမှာ ဖြစ်လို့ပဲ။+
၃ ခိုင်မြဲတဲ့မေတ္တာနဲ့ အမှန်တရားကို မစွန့်ပါနဲ့။+
လည်မှာ ဆွဲထားပါ။
နှလုံးသားပေါ်မှာ ရေးထားပါ။+
၄ ဒါဆိုရင် ဘုရားသခင်ရှေ့၊ လူရှေ့မှာ မျက်နှာသာရပြီး
ထိုးထွင်းဉာဏ် ရှိလာမယ်။+
၅ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။+
ကိုယ့်ရဲ့သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။+
၆ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။+
ဘုရားက မင်းရဲ့လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။+
၇ ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ မထင်နဲ့။+
ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ပါ။
၈ မင်းရဲ့ခန္ဓာ* အနာရောဂါကင်းဝေးပြီး
အရိုးတွေလည်း အားပြည့်နေလိမ့်မယ်။
၁၀ ဒါဆိုရင် မင်းရဲ့ကျီတွေ ပြည့်နေလိမ့်မယ်။+
မင်းရဲ့စည်တွေလည်း စပျစ်ဝိုင်အသစ်တွေနဲ့ လျှံနေလိမ့်မယ်။
၁၁ ငါ့သား၊ ယေဟောဝါဆုံးမတာကို မငြင်းပယ်ပါနဲ့။+
ဘုရားပဲ့ပြင်တာကို မရွံရှာပါနဲ့။+
၁၃ ဉာဏ်ပညာကို ရှာတွေ့တဲ့သူနဲ့
ပိုင်းခြားသိမြင်နိုင်စွမ်းကို ရယူတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+
၁၄ ဉာဏ်ပညာကို ရတာဟာ ငွေကိုရတာထက် ပိုသာတယ်။
ဉာဏ်ပညာကို အမြတ်ရတာဟာ ရွှေကိုရတာထက် ပိုသာတယ်။+
၁၅ ဉာဏ်ပညာဟာ သန္တာကျောက်ထက်* အဖိုးတန်တယ်။
လိုချင်သမျှထဲမှာ ဉာဏ်ပညာနဲ့ယှဉ်နိုင်တာ တစ်ခုမှမရှိဘူး။
၁၆ ဉာဏ်ပညာရဲ့ ညာလက်မှာ အသက်ရှည်ခြင်း ရှိတယ်။
ဘယ်လက်မှာ စည်းစိမ်နဲ့ဂုဏ်ကျက်သရေ ရှိတယ်။
၁၇ ဉာဏ်ပညာရဲ့ လမ်းတွေဟာ သာယာတယ်။
လမ်းခရီးတွေဟာ ငြိမ်းချမ်းတယ်။+
၁၈ ဉာဏ်ပညာဟာ ဆုပ်ကိုင်ထားသူအတွက် အသက်ပင်ပဲ။
မလွှတ်တမ်း ကိုင်စွဲထားသူတွေကို ပျော်ရွှင်ချမ်းမြေ့သူတွေလို့ သတ်မှတ်ကြလိမ့်မယ်။+
၁၉ ယေဟောဝါက ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အုတ်မြစ်ချခဲ့တယ်။+
ကောင်းကင်ကို ပိုင်းခြားသိမြင်မှုနဲ့ အခိုင်အမာတည်ခဲ့တယ်။+
၂၀ ဘုရားရဲ့ အသိပညာကြောင့် ရေထုကြီး အက်ကွဲပြီး
အုံ့မှိုင်းတဲ့ ကောင်းကင်ကနေ နှင်းတွေ တဖွဲဖွဲကျလာတယ်။+
၂၁ ငါ့သား၊ အဲဒါတွေကို* မျက်ခြည်မပြတ်စေနဲ့။
လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။
၂၂ အဲဒါတွေဟာ မင်းကို အသက်ပေးလိမ့်မယ်။
မင်းရဲ့လည်မှာဆွဲထားတဲ့ အဆင်တန်ဆာ ဖြစ်လိမ့်မယ်။
၂၃ အဲဒီအခါ မင်းဟာ လမ်းခရီးမှာ ဘေးကင်းလုံခြုံစွာ လျှောက်ရလိမ့်မယ်။
ဘယ်တော့မှ ခလုတ်တိုက်လဲမှာ မဟုတ်ဘူး။+
၂၄ မင်း လဲလျောင်းတဲ့အခါ ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။+
လဲလျောင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရလိမ့်မယ်။+
၂၅ ရုတ်တရက်ဖြစ်ပေါ်တဲ့ ထိတ်လန့်စရာတွေကို ကြောက်ရမှာ မဟုတ်ဘူး။+
လူဆိုးတွေအပေါ် ကျရောက်တဲ့ မုန်တိုင်းကိုလည်း ကြောက်ရမှာ မဟုတ်ဘူး။+
၂၆ ယေဟောဝါသာလျှင် မင်း ယုံကြည်အားကိုးနိုင်တဲ့အရှင် ဖြစ်လိမ့်မယ်။+
မင်းရဲ့ခြေကို ထောင်ချောက်မမိအောင် ကာကွယ်ပေးလိမ့်မယ်။+
၂၈ ကိုယ့်အိမ်နီးချင်းကို အခုပေးနိုင်လျက်နဲ့
“ပြန်လိုက်ဦး။ မနက်ဖြန်မှ လာခဲ့။ အဲဒီတော့မှ ပေးမယ်” လို့ မပြောပါနဲ့။
၂၉ ကိုယ်နဲ့အတူ စိတ်ချလက်ချ နေထိုင်တဲ့သူကို
အကောက်ကြံဖို့ မစဉ်းစားပါနဲ့။+
၃၁ အကြမ်းဖက်သူကို အားမကျပါနဲ့။+
သူ့လမ်းစဉ်တွေကိုလည်း မရွေးချယ်ပါနဲ့။
၃၂ ယေဟောဝါဟာ စဉ်းလဲသူကို ရွံရှာတယ်။+
ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်။+
၃၃ ယေဟောဝါက လူဆိုးတွေရဲ့အိမ်ကို ကျိန်စာတိုက်တယ်။+
ဖြောင့်မတ်သူတွေရဲ့ အိမ်ကိုတော့ ကောင်းချီးပေးတယ်။+
၃၄ ကဲ့ရဲ့လှောင်ပြောင်သူတွေကို လှောင်ပြောင်တယ်။+
စိတ်နူးညံ့သူတွေကိုတော့ မျက်နှာသာပေးတယ်။+
၃၅ ဉာဏ်ပညာရှိသူတွေဟာ ဂုဏ်သိက္ခာကို အမွေရလိမ့်မယ်။
လူမိုက်တွေကတော့ ဂုဏ်သိက္ခာမရှိတာကိုပဲ အမွှမ်းတင်တတ်တယ်။+
၄ ငါ့သားတို့၊ ဖခင်ရဲ့ ဆုံးမစကားကို နားထောင်ပါ။+
သိနားလည်နိုင်စွမ်းရဖို့ အာရုံစိုက်ပါ။
၂ မင်းတို့ကို ငါကောင်းကောင်း သင်ကြားပေးမယ်။
ငါသွန်သင်ပေးတာကို မပစ်ပယ်နဲ့။+
၄ ငါ့ကို အဖေသွန်သင်ပေးတာက– “ငါ့စကားတွေ မင်းရဲ့စိတ်ထဲမှာ စွဲမြဲနေပါစေ။+
ငါ့ပညတ်ချက်တွေကို စောင့်ထိန်းရင်းနဲ့ အသက်ဆက်ရှင်ပါ။+
၅ ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ။+
ငါပြောတဲ့စကားတွေကို မမေ့နဲ့၊ လမ်းလွဲမသွားနဲ့။
၆ ဉာဏ်ပညာကို မပစ်ပယ်နဲ့။ မင်းကို ကာကွယ်ပေးလိမ့်မယ်။
ဉာဏ်ပညာကို ချစ်မြတ်နိုးပါ။ မင်းကို စောင့်ရှောက်လိမ့်မယ်။
၇ ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ။+ ဒါကြောင့် ဉာဏ်ပညာကို ဆည်းပူးပါ။
ဆည်းပူးနိုင်သမျှထဲမှာ သိနားလည်နိုင်စွမ်းကိုလည်း မပျက်မကွက် ဆည်းပူးပါ။+
၈ ဉာဏ်ပညာကို အလွန်တန်ဖိုးထားပါ။ မင်းကို ချီးမြှောက်လိမ့်မယ်။+
ဉာဏ်ပညာကို ပိုက်ဖက်ထားတဲ့အတွက် မင်းကို ဂုဏ်တင်လိမ့်မယ်။+
၉ ဉာဏ်ပညာက မင်းရဲ့ခေါင်းမှာ တင့်တယ်တဲ့ပန်းဦးရစ် တင်ပေးလိမ့်မယ်။
လှပတဲ့သရဖူ ဆောင်းပေးလိမ့်မယ်။”
၁၀ ငါ့သား၊ နားထောင်ပါ။ ငါ့စကားတွေကို လက်ခံပါ။
အဲဒါဆိုရင် မင်းအသက်ရှင်ရမယ့်နှစ်တွေ တာရှည်လိမ့်မယ်။+
၁၁ မင်းကို ဉာဏ်ပညာလမ်းမှာ ငါလမ်းညွှန်ပေးမယ်။+
ဖြောင့်မှန်တဲ့လမ်းအတိုင်း ဦးဆောင်ခေါ်သွားမယ်။+
၁၂ မင်း လမ်းလျှောက်တဲ့အခါ ခြေလှမ်းတွေ တားဆီးခံရမှာ မဟုတ်ဘူး။
မင်းပြေးတဲ့အခါ တိုက်မိလဲမှာ မဟုတ်ဘူး။
၁၃ ဆုံးမမှုကို ကိုင်စွဲထားပါ။ မလွှတ်လိုက်နဲ့။+
ထိန်းသိမ်းထားပါ။ ဆုံးမမှုဟာ အသက်ရှင်စေနိုင်လို့ပဲ။+
၁၄ လူဆိုးတွေရဲ့လမ်းထဲ မဝင်နဲ့။
လူယုတ်မာတွေရဲ့လမ်းထဲ မလျှောက်နဲ့။+
၁၅ သူတို့လမ်းကို ရှောင်ရှားပါ။ အဲဒီအတိုင်း မသွားနဲ့။+
သူတို့လမ်းကို ရှောင်သွားလိုက်ပါ။+
၁၆ သူတို့က မကောင်းတာမလုပ်ရရင် အိပ်မပျော်နိုင်ဘူး။
တစ်ယောက်ယောက်ကို လဲကျအောင် မလုပ်ရရင် မအိပ်စက်နိုင်ဘူး။
၁၇ ဒုစရိုက်မုန့်ကို စားပြီး
အကြမ်းဖက်မှုစပျစ်ဝိုင်ကို သောက်တယ်။
၁၈ ဖြောင့်မတ်သူတွေရဲ့ လမ်းကတော့ မွန်းတည့်ချိန်ရောက်တဲ့အထိ
လင်းသည်ထက်လင်းလာတဲ့ အရုဏ်ဦးအလင်းရောင်နဲ့ တူတယ်။+
၁၉ လူဆိုးတွေရဲ့လမ်းဟာ မှောင်မိုက်နဲ့တူတဲ့အတွက်
ဘာကိုတိုက်မိလို့ လဲသွားမှန်း သူတို့မသိကြဘူး။
၂၀ ငါ့သား၊ ငါ့စကားတွေကို အာရုံစိုက်ပါ။
ငါပြောတဲ့စကားတွေကို အသေအချာ နားထောင်ပါ။
၂၁ အဲဒီစကားတွေကို မျက်ခြည်မပြတ်စေနဲ့။
ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲစေပါ။+
၂၂ အဲဒီစကားတွေဟာ ရှာတွေ့သူတွေအတွက် အသက်ပဲ။+
တစ်ကိုယ်လုံးကို ကျန်းမာစေတတ်တယ်။
၂၃ အသက်ဟာ စိတ်နှလုံးမှာ တည်မှီနေလို့
အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ။+
၂၄ ကောက်ကျစ်တဲ့စကားတွေကို ကိုယ့်ဆီကနေ ဖယ်ရှားပါ။+
စဉ်းလဲတဲ့စကားတွေကို ဝေးဝေးရှောင်ပါ။
၂၅ ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။
ရှေ့တည့်တည့်ကိုပဲ စူးစိုက် ကြည့်ပါ။+
၂၆ ကိုယ်သွားမယ့်လမ်းကို ချောမွေ့စေပါ။*+
မင်းရဲ့လမ်းတွေဟာ လုံခြုံစိတ်ချရလိမ့်မယ်။
၂၇ ဘယ်ညာ မလွဲသွားပါနဲ့။+
မကောင်းတဲ့လမ်းကို ရှောင်ရှားပါ။
၅ ငါ့သား၊ ငါပြောတဲ့ ဉာဏ်ပညာစကားကို အာရုံစိုက်ပါ။
ငါသင်ပေးတဲ့ ပိုင်းခြားသိမြင်မှုအကြောင်း အသေအချာ နားထောင်ပါ။+
၂ ဒါဆိုရင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်နိုင်လိမ့်မယ်။
မင်းရဲ့နှုတ်က အသိပညာကို ထိန်းသိမ်းနိုင်လိမ့်မယ်။+
၃ ထင်ရာစိုင်းတဲ့* မိန်းမရဲ့နှုတ်ဟာ ပျားရည်လို ချိုတယ်။+
ဆီထက် ညက်ညောတယ်။+
၄ နောက်ဆုံးမှာတော့ သူဟာ ဒေါနလို* ခါးတယ်။+
အသွားနှစ်ဖက်ရှိတဲ့ဓားလို ထက်တယ်။+
၅ သူ့ခြေက သေမင်းဆီ ဆင်းသွားတယ်။
သူ့ခြေလှမ်းတွေက သင်္ချိုင်းကို တန်းတန်းမတ်မတ် ပို့ဆောင်တယ်။
၆ အသက်လမ်းအကြောင်း သူ မစဉ်းစားဘူး။
သူ့လမ်းဟာ ဦးတည်ရာမဲ့နေတော့ ဘယ်ကိုဦးတည်နေမှန်း သူမသိဘူး။
၇ ငါ့သားတို့၊ အခု ငါပြောတာကို နားထောင်ကြ။
ငါပြောတဲ့စကားကို မပစ်ပယ်ကြနဲ့။
၈ အဲဒီမိန်းမကို ဝေးဝေးရှောင်ပါ။
သူ့အိမ်ပေါက်ဝနား မသွားနဲ့။+
၉ သွားခဲ့ရင် ကိုယ့်ဂုဏ်သိက္ခာကို သူတစ်ပါးလက်ထဲ အပ်ရလိမ့်မယ်။+
ခက်ခဲကြမ်းတမ်းတဲ့ နှစ်တွေကို ကြုံရလိမ့်မယ်။+
၁၀ သူစိမ်းတွေက မင်းရဲ့ အစွမ်းအစတွေကို တတိတိ ဖဲ့ယူသွားလိမ့်မယ်။+
မင်း ပင်ပင်ပန်းပန်း ရှာထားတာတွေ တခြားသူရဲ့အိမ်ကို ရောက်သွားလိမ့်မယ်။
၁၁ ချုံးချုံးကျပြီး
ဘဝဇာတ်သိမ်းချိန်မှာ ညည်းတွားနေရလိမ့်မယ်။+
၁၂ အဲဒီအခါ မင်းက “ဆုံးမမှုကို ငါသိပ်မုန်းခဲ့တာ။
ပဲ့ပြင်မှုကိုလည်း စိတ်ထဲမှာ ပစ်ပစ်ခါခါ ငြင်းခဲ့တာ။
၁၃ သွန်သင်ပေးသူတွေရဲ့ စကားကို ငါနားမထောင်ခဲ့ဘူး။
ဆရာသမားတွေရဲ့ စကားကိုလည်း အရေးမလုပ်ခဲ့ဘူး။
၁၄ ဒါကြောင့် ငါဟာ လူစုလူဝေးကြီးရှေ့မှာ
ပျက်စီးခြင်းနှုတ်ခမ်းဝကို ရောက်နေပြီ” ဆိုပြီး ညည်းတွားရလိမ့်မယ်။+
၁၅ ကိုယ့်ရေလှောင်ကန်ထဲက ရေကိုပဲ သောက်ပါ။
ကိုယ့်တွင်းကထွက်တဲ့ ရေကိုပဲ သောက်ပါ။+
၁၆ မင်းရဲ့ရေတွေ အပြင်ဘက်ကို စီးထွက်သင့်သလား။
မင်းရဲ့ရေစီးကြောင်းတွေ လူထုရင်ပြင်တွေမှာ ဖြာထွက်သင့်သလား။+
၁၇ အဲဒီရေတွေဟာ မင်းတစ်ယောက်တည်းအတွက်ပဲ ဖြစ်ပါစေ။
သူစိမ်းတွေကို မျှဝေမပေးနဲ့။+
၁၈ မင်းတစ်ဦးတည်းပိုင်တဲ့ စမ်းရေတွင်းဟာ ကောင်းချီးခံစားရပါစေ။
မင်းရဲ့ ငယ်ပေါင်းဇနီးနဲ့အတူ ပျော်မွေ့နိုင်ပါစေ။+
၁၉ သူဟာ ချစ်စရာသမင်မ၊ လှပကြော့ရှင်းတဲ့ တောင်ဆိတ်ပဲ။+
သူ့ရင်သားတွေဟာ မင်းကို အမြဲကျေနပ်မှုပေးပါစေ။
သူ့ကိုချစ်တဲ့စိတ်ဟာ မင်းကို အမြဲဖမ်းစားနေပါစေ။+
၂၀ ငါ့သား၊ ထင်ရာစိုင်းတဲ့* မိန်းမကို ဘာလို့ စွဲလမ်းနေတာလဲ။
မိန်းမပျက်ကို* ဘာလို့ ပွေ့ဖက်နေတာလဲ။+
၂၁ ယေဟောဝါက လူတွေရဲ့လမ်းစဉ်ကို တွေ့မြင်တယ်။
သူသွားတဲ့လမ်းမှန်သမျှကို စစ်ဆေးတယ်။+
၂၂ လူဆိုးက ကိုယ့်အမှားနဲ့ကိုယ် ကျော့ကွင်းမိလိမ့်မယ်။
ကိုယ့်အပြစ်နဲ့ကိုယ် ကြိုးကွင်းမိလိမ့်မယ်။+
၂၃ ဆုံးမမှုကို လက်မခံတဲ့အတွက် သေဆုံးရလိမ့်မယ်။
ကမ်းကုန်အောင် မိုက်မဲတဲ့အတွက် လမ်းလွဲသွားလိမ့်မယ်။
၆ ငါ့သား၊ တခြားသူအတွက် အာမခံမိရင်၊+
သူစိမ်းကို လက်ဆွဲနှုတ်ဆက်မိရင်၊*+
၂ ကိုယ့်ကတိနဲ့ကိုယ် ထောင်ချောက်မိနေရင်၊
ကိုယ့်စကားနဲ့ကိုယ် ပြန်မိနေရင်၊+
၃ မင်းဟာ သူများရဲ့လက်ခုပ်ထဲ ရောက်နေပြီ။
ဒါကြောင့် ငါ့သား၊ လွတ်အောင် ရုန်းထွက်ပါ။
နှိမ့်ချတဲ့စိတ်နဲ့ သူ့ဆီသွားပြီး ချက်ချင်း အသနားခံပါ။+
၄ မင်း အိပ်စက်မနေပါနဲ့။
အိပ်မောကျမနေပါနဲ့။
၅ မုဆိုးလက်ထဲက ဒရယ်လို၊
ငှက်ဖမ်းသမားလက်ထဲက ငှက်လို လွတ်အောင် ရုန်းထွက်ပါ။
၆ အို လူပျင်း၊ ပုရွက်ဆိတ်ဆီ သွားပါ။+
သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေကို လေ့လာကြည့်ပြီး ပညာယူပါ။
၇ ပုရွက်ဆိတ်က အမိန့်ပေးသူ၊ ကြီးကြပ်သူ၊ အုပ်ချုပ်သူ မရှိပေမဲ့
၈ နွေရာသီမှာ အစားအစာတွေ ကြိုတင်ပြင်ဆင်တတ်တယ်။+
ရိတ်သိမ်းချိန်မှာ ရိက္ခာတွေ စုဆောင်းတတ်တယ်။
၉ အို လူပျင်း၊ ဘယ်အချိန်ထိ လဲလျောင်းနေမှာလဲ။
ဘယ်အချိန်မှ အိပ်ရာထမှာလဲ။
၁၀ တစ်ရေးအိပ်နေတုန်း၊ ခဏလေးငိုက်နေတုန်း၊
လက်ပိုက်ပြီး ခဏတစ်ဖြုတ် နားနေတုန်း၊+
၁၁ ဆင်းရဲခြင်းဟာ ဓားပြလို မင်းဆီ ရောက်လာလိမ့်မယ်။
ချို့တဲ့ခြင်းကလည်း လက်နက်ကိုင်စစ်သည်လို ရောက်လာလိမ့်မယ်။+
၁၂ အသုံးမကျတဲ့လူဆိုးက ကလိမ်ကကျစ် ပြောဆိုပြုမူတတ်တယ်။+
၁၃ မျက်စိမှိတ်ပြလိုက်၊+ ခြေဟန်လက်ဟန်နဲ့ အချက်ပြလိုက် လုပ်တတ်တယ်။
၁၄ ဖောက်ပြန်တဲ့စိတ်နဲ့ အကောက်ကြံတတ်တယ်။+
ခိုက်ရန်ပွားစေတယ်။+
၁၅ ဒါကြောင့် သူ ရုတ်တရက် ဘေးဒုက္ခကြုံရလိမ့်မယ်။
နာလန်မထူနိုင်အောင် တစ်ခဏအတွင်း ပျက်စီးသွားလိမ့်မယ်။+
၁၆ ယေဟောဝါ မုန်းတီးတဲ့အရာက ခြောက်ခုမကဘူး။
ဘုရားရွံ ရှာတဲ့အရာ ခုနစ်ခုရှိတယ်။
၁၇ အဲဒါတွေကတော့ မောက်မာတဲ့မျက်လုံး၊+ လိမ်တတ်တဲ့လျှာ၊+ အပြစ်မဲ့သူကို သတ်တဲ့လက်၊+
၁၈ ဆိုးညစ်တာတွေကို ကြံစည်တဲ့စိတ်နှလုံး၊+ မကောင်းတာလုပ်ဖို့ အမြန်ပြေးတတ်တဲ့ခြေ၊
၁၉ အလိမ်အညာချည်းပဲ ထွက်ဆိုတဲ့ မုသားသက်သေ၊+
ညီအစ်ကိုချင်း ခိုက်ရန်ဖြစ်အောင် လုပ်တဲ့သူတွေပဲ။+
၂၀ ငါ့သား၊ ဖခင်ရဲ့ ပညတ်ချက်ကို လိုက်နာပါ။
မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။+
၂၁ နှလုံးသားမှာ အမြဲချည်ထားပါ။
လည်မှာ ဆွဲထားပါ။
၂၂ အဲဒါတွေက မင်း လမ်းသွားတဲ့အခါ လမ်းပြပေးမယ်။
အိပ်တဲ့အခါ စောင့်ရှောက်ပေးမယ်။
နိုးထတဲ့အခါ သွန်သင်ပေးမယ်။
၂၅ မင်းရဲ့စိတ်ထဲမှာ သူ့အလှကို မမက်မောနဲ့။+
သူ့ရဲ့ညှို့မျက်လုံးတွေက မင်းကို မဖမ်းစားစေနဲ့။
၂၆ ပြည့်တန်ဆာဆီ သွားတဲ့ ယောက်ျားဟာ မုန့်တစ်လုံးပဲ ကျန်တဲ့အဖြစ်ကို ရောက်တတ်တယ်။+
သူတစ်ပါးရဲ့မိန်းမနဲ့ ဖောက်ပြန်ရင်တော့ တန်ဖိုးရှိတဲ့ အသက်ကိုတောင် ဆုံးရှုံးရတတ်တယ်။
၂၇ အဝတ်မလောင်ဘဲ မီးကို ရင်ခွင်ထဲ ပိုက်ထားနိုင်ပါ့မလား။+
၂၈ ခြေမလောင်ဘဲ မီးကျီးခဲပေါ် လျှောက်နိုင်ပါ့မလား။
၂၉ သူတစ်ပါးရဲ့ မိန်းမနဲ့ ဖောက်ပြန်တဲ့သူလည်း အဲဒီလိုပဲ။
အဲဒီမိန်းမနဲ့ပတ်သက်သူဟာ ပြစ်ဒဏ်ကနေလွတ်မှာ မဟုတ်ဘူး။+
၃၀ ဗိုက်ဆာလို့ ခိုးစားတဲ့ သူခိုးကို
လူတွေ အထင်မသေးကြဘူး။
၃၁ ဒါပေမဲ့ မိသွားရင်တော့ သူခိုးက ခုနစ်ဆလျော်ရမယ်။
အိမ်မှာရှိသမျှ အဖိုးတန်ပစ္စည်းတွေနဲ့ ပေးလျော်ရမယ်။+
၃၂ မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ရေးဖောက်ပြန်သူဟာ ဆင်ခြင်ဉာဏ်မရှိသူပဲ။*
အဲဒီလိုလုပ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့သူပဲ။+
၃၃ ဒဏ်ရာတွေပဲရပြီး သိက္ခာကျရလိမ့်မယ်။+
သူခံရတဲ့ အရှက်ကွဲမှုဟာ ပျောက်ပျက်မှာ မဟုတ်ဘူး။+
၃၄ ဘာလို့လဲဆိုတော့ လင်ယောက်ျားက သဝန်တိုစိတ်ကြောင့် ဒေါသူပုန်ထပြီး
လက်စားချေတဲ့အခါ ညှာတာမှာ မဟုတ်လို့ပဲ။+
၃၅ ဘာလျော်ကြေးကိုမှ သူ လက်ခံမှာ မဟုတ်ဘူး။
လက်ဆောင် ဘယ်လောက်ပေးပေး ကျေအေးမှာ မဟုတ်ဘူး။
၇ ငါ့သား၊ ငါ့စကားတွေကို လိုက်နာပါ။
ငါ့ပညတ်ချက်တွေကို တန်ဖိုးထားပါ။*+
၂ ငါ့ပညတ်ချက်တွေကို လိုက်နာပြီး အသက်ရှင်ပါ။+
ငါ့သွန်သင်ချက်ကို ကိုယ့်မျက်ဆန်လို ကာကွယ်စောင့်ရှောက်ပါ။
၃ အဲဒါတွေကို လက်ချောင်းတွေမှာ ချည်ထားပါ။
နှလုံးသားပေါ်မှာ ရေးထားပါ။+
၄ ဉာဏ်ပညာကို “ငါ့အစ်မ” လို့ပြောပါ။
သိနားလည်နိုင်စွမ်းကို “ငါ့ဆွေမျိုး” လို့ခေါ်ပါ။
၅ အဲဒါတွေက ထင်ရာစိုင်းတဲ့* မိန်းမရဲ့ ရန်ကနေ၊+
မိန်းမပျက်* ပြောတဲ့ မြှူဆွယ်စကားတွေရဲ့ ရန်ကနေ မင်းကို ကာကွယ်ပေးလိမ့်မယ်။+
၆ အိမ်ပြတင်းပေါက်ရဲ့ မှန်ကူကွက်ကြားကနေ
ငါ လှမ်းကြည့်နေတယ်။
၈ သူက အဲဒီမိန်းမရဲ့ အိမ်နားက လမ်းထောင့်ကို လျှောက်လာပြီး
အဲဒီအိမ်ဘက်ကို ဦးတည်သွားတော့တယ်။
၉ အချိန်ကတော့ မှောင်စပျိုးတဲ့ နေဝင်ရီတရော၊
ညနေစောင်းမှာပေါ့။+
၁၀ ပြည့်တန်ဆာလို ဝတ်ဆင်ထားတဲ့+ စဉ်းလဲတဲ့မိန်းမတစ်ယောက်
သူ့ကို ထွက်ကြိုတာကို ငါတွေ့လိုက်တယ်။
၁၁ အဲဒီမိန်းမဟာ အသံကျယ်တယ်။ ကလန်ကဆန် လုပ်တတ်တယ်။+
ဘယ်တော့မှ အိမ်မကပ်ဘူး။
၁၂ တော်ကြာ အပြင်ထွက်လိုက်၊ တော်ကြာ လူထုရင်ပြင်သွားလိုက်နဲ့
လမ်းဆုံလမ်းခွတွေမှာ ချောင်းနေတတ်တယ်။+
၁၃ သူက အဲဒီလူငယ်ကို ဆွဲဖက်ပြီး နမ်းလိုက်တယ်။
ပြီးတော့ ရဲတင်းတဲ့မျက်နှာထားနဲ့ ပြောလိုက်တာက–
၁၄ “မိတ်သဟာယ ပူဇော်သက္ကာတွေကို ဆက်သပြီးပြီ။+
ဒီနေ့ပဲ သစ္စာကတိအတိုင်း လုပ်ဆောင်ပြီးပြီ။
၁၅ ဒါကြောင့် မင်းကိုတွေ့ချင်လို့ ထွက်ရှာနေတာ။
အခုတော့ တွေ့ပြီ။
၁၆ အီဂျစ်ပြည်ထွက် ရောင်စုံချည်ချောထည်တွေနဲ့
အိပ်ရာကို ခင်းထားတယ်။+
၁၇ မုရန်၊* အကျော်၊ သစ်ကြံပိုးရနံ့တွေ ဖျန်းထားတယ်။+
၁၈ လာပါ။ မိုးလင်းတဲ့အထိ ချစ်တင်းနှောကြစို့။
ချစ်ပွဲဝင်ကြစို့။
၁၉ ယောက်ျားကလည်း အိမ်မှာမရှိဘူး။
ခရီးဝေး သွားနေတယ်။
၂၀ ငွေအိတ်ကို ယူသွားတယ်လေ။
လပြည့်နေ့အထိ သူပြန်လာမှာ မဟုတ်ဘူး။”
၂၁ အဲဒီမိန်းမက မာယာသုံးပြီး လူငယ်ကို သွေးဆောင်တယ်။+
ချွဲနွဲ့ ပြီး မြှူဆွယ်တယ်။
၂၂ လူငယ်လေးက အသတ်ခံဖို့ လိုက်သွားတဲ့ နွားထီးလို ကောက်ကောက်ပါအောင် လိုက်သွားတော့တယ်။
ထိတ်တုံးခတ်ခံရတဲ့ လူမိုက်လိုပါပဲ။+
၂၃ ထောင်ချောက်ထဲ ပြေးဝင်တဲ့ ငှက်လို အသက်ဆုံးရှုံးရမယ်မှန်း သူ မသိဘူး။
နောက်ဆုံးတော့ အသည်းကို မြားစိုက်ပြီး ဇာတ်သိမ်းသွားတယ်။+
၂၄ ငါ့သားတို့၊ ငါပြောတာကို နားထောင်ကြ။
ငါ့စကားကို အာရုံစိုက်ကြ။
၂၅ အဲဒီမိန်းမရဲ့ လမ်းတွေဘက် စိတ်မယိုင်ပါနဲ့။
သူ့ရဲ့လမ်းတွေနား ယောင်လည်လည် သွားလုပ်မနေနဲ့။+
၂၆ သူ့ကြောင့် လူအများကြီး သေကျေခဲ့ရပြီ။+
သူသတ်ခဲ့တဲ့လူတွေ တစ်ပုံကြီးပဲ။+
၂၇ သူ့အိမ်က သင်္ချိုင်းကို ပို့ဆောင်တယ်။
သေခြင်းအတွင်းခန်းတွေဆီ ဆင်းသွားတယ်။
၈ ဉာဏ်ပညာက အော်ခေါ်နေတယ်။
ပိုင်းခြားသိမြင်နိုင်စွမ်းက ကြွေးကြော်နေတယ်။+
၂ ဉာဏ်ပညာက လမ်းတစ်လျှောက်မှာရှိတဲ့ မြင့်တဲ့နေရာတွေမှာ၊+
လမ်းဆုံလမ်းခွတွေမှာ နေရာယူထားတယ်။
၃ ဉာဏ်ပညာက မြို့တံခါးတွေနားမှာ၊
ဝင်ပေါက်တံခါးကြီးတွေမှာ
ကြွေးကြော်နေတယ်–+
၄ “အို လူတို့၊ မင်းတို့ကို ငါ အော်ခေါ်နေတယ်။
လူတိုင်းကြားအောင် ငါ အော်ပြောနေတယ်။
၅ အတွေ့အကြုံမရှိသူတို့၊ အမြော်အမြင်ရှိဖို့ သင်ယူပါ။+
လူမိုက်တို့၊ သိနားလည်နိုင်စွမ်းရှိတဲ့ စိတ်နှလုံးကို ရယူပါ။
၆ နားထောင်ကြ။ ငါပြောတဲ့စကားဟာ အရေးကြီးတယ်။
ငါ့နှုတ်က မှန်ရာကို ပြောတယ်။
၇ မှန်သောစကားကို တိုးတိုးလေးပြောတယ်။
မုသားစကားကို ငါရွံမုန်းတယ်။
၈ ငါ့နှုတ်ကထွက်သမျှ စကားတွေဟာ ဖြောင့်မတ်တယ်။
လိမ်လည်လှည့်စားတာ၊ ကောက်ကျစ်တာ လုံးဝမပါဘူး။
၉ အဲဒီစကားတွေက ပိုင်းခြားသိမြင်တတ်သူအတွက် ရိုးရှင်းတယ်။
အသိပညာ ရှာတွေ့သူတွေအတွက် မှန်ကန်တယ်။
၁၀ ငွေအစား ငါ့ရဲ့ဆုံးမစကားကို ရွေးချယ်ပါ။
ရွှေစင်အစား အသိပညာကို ရွေးချယ်ပါ။+
၁၁ ဉာဏ်ပညာဟာ သန္တာကျောက်ထက်* သာတယ်။
လိုချင်သမျှထဲမှာ ဉာဏ်ပညာနဲ့ယှဉ်နိုင်တာ တစ်ခုမှမရှိဘူး။
၁၂ ဉာဏ်ပညာဆိုတဲ့ ငါဟာ အမြော်အမြင်ရှိခြင်းနဲ့အတူ နေထိုင်တယ်။
အသိပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ငါပိုင်ဆိုင်တယ်။+
၁၃ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဆိုတာ မကောင်းမှုကို မုန်းတီးခြင်းပဲ။+
ကိုယ့်ဂုဏ်ကိုယ်ဖော်တာ၊ မာနကြီးတာ၊+ ဒုစရိုက်လမ်းစဉ် လိုက်တာ၊ မဟုတ်မမှန် ပြောဆိုတာကို ငါမုန်းတယ်။+
၁၄ အကြံဉာဏ်ကောင်းနဲ့ လက်တွေ့ကျဉာဏ်ပညာကို ငါပိုင်ဆိုင်တယ်။+
သိနားလည်မှုနဲ့+ အစွမ်းတန်ခိုးဟာ+ ငါ့ဥစ္စာပဲ။
၁၅ ငါ့အားကိုးနဲ့ ဘုရင်တွေ အုပ်စိုးတယ်။
မင်းအရာရှိတွေလည်း ဖြောင့်မတ်တဲ့အမိန့်ကို ချမှတ်တယ်။+
၁၆ ငါ့အားကိုးနဲ့ မင်းညီမင်းသားတွေ အုပ်ချုပ်တယ်။
မှူးမတ်တွေလည်း ဖြောင့်မတ်စွာ တရားစီရင်တယ်။
၁၇ ငါ့ကို နှစ်သက်မြတ်နိုးသူတွေကို ငါနှစ်သက်မြတ်နိုးတယ်။
ငါ့ကိုရှာတဲ့သူတွေ ငါ့ကိုတွေ့လိမ့်မယ်။+
၁၈ စည်းစိမ်၊ ဂုဏ်ကျက်သရေ၊
တည်မြဲတဲ့ကြွယ်ဝမှုနဲ့ ဖြောင့်မတ်မှုက ငါနဲ့အတူရှိတယ်။
၁၉ ငါ့ဆီကရမယ့် အကျိုးကျေးဇူးတွေဟာ ရွှေထက်မက ရွှေစင်ထက်တောင် ပိုသာတယ်။
ငါပေးမယ့်အရာတွေဟာ ငွေစင်ထက်တောင် ပိုသာတယ်။+
၂၀ ဖြောင့်မတ်တဲ့လမ်းမှာ၊
တရားမျှတတဲ့ လမ်းတွေအလယ်မှာ ငါလျှောက်တယ်။
၂၁ ငါ့ကို နှစ်သက်မြတ်နိုးသူတွေကို တန်ဖိုးကြီးတဲ့အမွေ ငါပေးတယ်။
သူတို့ရဲ့သိုလှောင်ရုံတွေကို ပြည့်စေတယ်။
၂၂ ယေဟောဝါက ငါ့ကိုဖြစ်ပေါ်စေခဲ့တယ်။
ဘုရား ဖန်ဆင်းရာတွေထဲမှာ ငါဟာ ဦးဆုံးပဲ။+
ဟိုးအချိန်က ဘုရားပြီးမြောက်ခဲ့ရာတွေထဲမှာ ငါဟာ အဦးအဖျားပဲ။+
၂၄ နက်ရှိုင်းတဲ့ရေထု မရှိခင်ကတည်းက၊+
စီးဆင်းတဲ့စမ်းချောင်းတွေ မရှိခင်ကတည်းက ငါ့ကိုမွေးထုတ်ခဲ့တယ်။
၂၅ တောင်တန်းတောင်ကုန်းတွေကို ဘုရား နေရာမချခင်ကတည်းက၊
၂၆ ကမ္ဘာမြေနဲ့ လယ်ကွင်းတွေ၊ ဦးဆုံး မြေစိုင်မြေခဲတွေကို မဖန်ဆင်းခင်ကတည်းက
ငါ့ကို မွေးထုတ်ခဲ့တယ်။
၂၇ ကောင်းကင်ကို ဘုရားပြင်ဆင်တဲ့အခါ+ ငါရှိနေခဲ့တယ်။
ရေပြင်ပေါ် မိုးကုပ်စက်ဝိုင်းကို သတ်မှတ်တဲ့အခါ၊+
၂၈ အထက်မိုးတိမ်တွေကို တည်စေတဲ့အခါ၊
နက်ရှိုင်းတဲ့ ရေထုကြီးကို တည်မြဲစေတဲ့အခါ၊
၂၉ ကန့်သတ်ထားတာထက် ကျော်လွန်ပြီး မလာဖို့
ပင်လယ်ရေကို ဘုရားမိန့်မှာတဲ့အခါ၊+
ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို တည်တဲ့အခါ၊
၃၀ ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ဘေးမှာ ငါရှိနေခဲ့တယ်။+
ဘုရားက ငါ့ကို တစ်နေ့ထက် တစ်နေ့ ချစ်မြတ်နိုးလာတယ်။+
ရှေ့တော်မှာ ငါအမြဲဝမ်းမြောက်နေတယ်။+
၃၁ လူနေထိုင်ရာ ကမ္ဘာမြေကို ကြည့်ပြီး ငါဝမ်းမြောက်တယ်။
လူသားတွေကို ငါသိပ်ချစ်မြတ်နိုးတယ်။
၃၂ ငါ့သားတို့၊ အခု ငါပြောတာကို နားထောင်ကြ။
ငါ့လမ်းစဉ်တွေအတိုင်း လိုက်နာသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၃၃ ဆုံးမစကားကို နားထောင်ပါ။+ ဉာဏ်ပညာရှိပါ။
ဘယ်တော့မှ လျစ်လျူမရှုနဲ့။
၃၄ ငါပြောတာကို နားထောင်ဖို့
နေ့တိုင်း ငါ့တံခါးပေါက်ဆီ စောစောလာပြီး
တံခါးဘေးမှာ စောင့်ဆိုင်းတတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၃၅ ငါ့ကို ရှာတွေ့တဲ့သူဟာ အသက်ကို တွေ့လိမ့်မယ်။+
ယေဟောဝါရဲ့ မျက်နှာသာကို ရလိမ့်မယ်။
၃၆ ငါ့ကို မသိကျိုးကျွန်လုပ်တဲ့သူကတော့ ကိုယ့်အကျိုးနစ်နာအောင် လုပ်တဲ့သူပဲ။
ငါ့ကိုမုန်းတဲ့သူတွေဟာ သေခြင်းကို နှစ်သက်တဲ့သူတွေပဲ။”+
၉ စစ်မှန်တဲ့ဉာဏ်ပညာက အိမ်ကိုဆောက်တယ်။
တိုင်ခုနစ်တိုင်ကို စိုက်ထူတယ်။
၂ အသားတွေကို ကောင်းကောင်းပြင်ဆင်ပြီး
စပျစ်ဝိုင်ကို ရောစပ်ထားတယ်။
စားပွဲကိုလည်း ခင်းကျင်းထားတယ်။
၃ ကျွန်မတွေကို လွှတ်ပြီး
မြို့ရဲ့ မြင့်တဲ့နေရာတွေကနေ+
၄ “အတွေ့အကြုံမရှိသူတို့၊ ဒီကိုလာကြ” လို့ အော်ပြောခိုင်းတယ်။
ဆင်ခြင်ဉာဏ်မရှိသူတွေ* ကိုလည်း
၅ “လာကြ။ ငါပြင်ဆင်ထားတဲ့ အစားအစာကို လာစားကြ။
ငါရောစပ်ထားတဲ့ စပျစ်ဝိုင်ကို သောက်ကြ။
၆ မင်းတို့ရဲ့ အတွေ့အကြုံ မရှိတဲ့အဖြစ်ကို ထားခဲ့ပြီး အသက်ရှင်ပါ။+
သိနားလည်မှုလမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်လှမ်းပါ” လို့ပြောတယ်။+
၇ ကဲ့ရဲ့လှောင်ပြောင်သူကို တည့်မတ်တဲ့သူဟာ အရှက်ကွဲခြင်းကို လက်ယပ်ခေါ်နေတာပဲ။+
လူဆိုးကို ပဲ့ပြင်တဲ့သူဟာ ထိခိုက်နစ်နာရလိမ့်မယ်။
၈ ကဲ့ရဲ့လှောင်ပြောင်သူကို မပဲ့ပြင်နဲ့။ မင်းကို မုန်းလိမ့်မယ်။+
ဉာဏ်ပညာရှိသူကို ပဲ့ပြင်ပါ။ မင်းကို ချစ်လိမ့်မယ်။+
၉ ဉာဏ်ပညာရှိသူကို ဝေမျှပါ။ သူ ဉာဏ်ပညာ ပိုရှိလာလိမ့်မယ်။+
ဖြောင့်မတ်သူကို သင်ကြားပါ။ သူ ပိုတတ်မြောက်လာလိမ့်မယ်။
၁၀ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။+
အသန့်ရှင်းဆုံးအရှင်ရဲ့ အကြောင်းကို သိရှိခြင်းဟာ+ သိနားလည်မှုပဲ။
၁၁ ငါ့ကြောင့် မင်းရဲ့နေ့တွေ တိုးများလိမ့်မယ်။+
မင်း အသက်ရှင်ရတဲ့နှစ်တွေ တာရှည်လိမ့်မယ်။
၁၂ မင်းသာ ဉာဏ်ပညာရှိမယ်ဆိုရင် မင်းပဲ အကျိုးခံစားရမယ်။
ကဲ့ရဲ့လှောင်ပြောင်သူဖြစ်ရင်တော့ မင်းပဲ ပြန်ခံရမယ်။
၁၃ မိုက်မဲတဲ့မိန်းမဟာ အသံကျယ်တယ်။+
ဗဟုသုတမရှိတဲ့အပြင် ဘာဆိုဘာမှမသိဘူး။
၁၄ သူက အိမ်ပေါက်ဝမှာ၊
မြို့ရဲ့ မြင့်တဲ့နေရာတွေမှာ ထိုင်ပြီး+
၁၅ လမ်းသွားလမ်းလာတွေ၊
ကိုယ့်လမ်းကိုယ် သွားနေသူတွေကို
၁၆ “အတွေ့အကြုံ မရှိသူတို့၊ ဒီကိုလာကြ” လို့ခေါ်တတ်တယ်။
ဆင်ခြင်ဉာဏ်မရှိသူတွေ* ကိုလည်း+
၁၇ “ခိုးသောက်ရတဲ့ ရေက ချိုတယ်။
ဝှက်ပြီး စားရတဲ့အစာကလည်း အရသာရှိတယ်” လို့ပြောတတ်တယ်။+
၁၈ ဒါပေမဲ့ အစွမ်းမရှိတော့တဲ့ လူသေတွေ သူ့အိမ်မှာရှိနေမှန်း၊
သူ့ဆီလာတဲ့ ဧည့်သည်တွေဟာ သင်္ချိုင်းရဲ့ နက်ရှိုင်းတဲ့အရပ်တွေမှာ ရှိနေမှန်း အဲဒီလူတွေ မသိကြဘူး။+
၁၀ ရှောလမုန်ရဲ့ ပညာအလိမ္မာစကားများ။+
ဉာဏ်ပညာရှိတဲ့သားက ဖခင်ကို ဝမ်းမြောက်စေတယ်။+
သားမိုက်ကတော့ မိခင်ကို ဝမ်းနည်းစေတယ်။
၂ မတရားသဖြင့်ရတဲ့ စည်းစိမ်တွေဟာ ကောင်းကျိုးပေးမှာ မဟုတ်ဘူး။
ဖြောင့်မတ်ခြင်းကတော့ သေခြင်းကနေ ကယ်တင်တတ်တယ်။+
၃ ယေဟောဝါက ဖြောင့်မတ်သူကို ဆာငတ်စေမှာ မဟုတ်ဘူး။+
လူဆိုးတွေကိုတော့ သူတို့တောင့်တတဲ့အရာ ပေးမှာမဟုတ်ဘူး။
၄ ပျင်းရိတဲ့လက်က ဆင်းရဲစေလိမ့်မယ်။+
ဝီရိယရှိတဲ့လက်ကတော့ ကြွယ်ဝစေလိမ့်မယ်။+
၅ နွေရာသီမှာ ကောက်နှံတွေ စုဆောင်းတဲ့သားဟာ ထိုးထွင်းဉာဏ်ရှိရှိ လုပ်ဆောင်တဲ့သူပဲ။
ရိတ်သိမ်းချိန်မှာ အိပ်မောကျနေတဲ့ သားကတော့ အရှက်ခွဲတဲ့သူပဲ။+
၆ ဖြောင့်မတ်သူရဲ့ ခေါင်းပေါ်မှာ ကောင်းချီးတွေ သက်ရောက်နေတယ်။+
လူဆိုးရဲ့နှုတ်ကတော့ အကြမ်းဖက်မယ့်အကြံကို ဖုံးကွယ်တတ်တယ်။
၇ ဖြောင့်မတ်သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေက သူ့ကို ကောင်းချီးရစေတယ်။+
လူဆိုးရဲ့ နာမည်ကတော့ ပုပ်ပျက်ရလိမ့်မယ်။+
၈ ဉာဏ်ပညာရှိသူဟာ သွန်သင်ချက်တွေကို လက်ခံလိမ့်မယ်။+
မိုက်မိုက်မဲမဲ ပြောသူကတော့ နင်းခြေခံရလိမ့်မယ်။+
၉ သမာဓိရှိရှိ လျှောက်လှမ်းသူက ဘေးကင်းလုံခြုံစွာ သွားလာရလိမ့်မယ်။+
ကောက်ကျစ်သူရဲ့ လမ်းစဉ်ကတော့ ပေါ်ကိုပေါ်လာမှာပဲ။+
၁၀ လှည့်စားတဲ့စိတ်နဲ့ မျက်ရိပ်ပြတဲ့သူက စိတ်ထိခိုက်စေတယ်။+
မိုက်မိုက်မဲမဲ ပြောတဲ့သူဟာ နင်းခြေခံရလိမ့်မယ်။+
၁၁ ဖြောင့်မတ်သူရဲ့ နှုတ်ဟာ အသက်စမ်းရေတွင်းပဲ။+
လူဆိုးရဲ့နှုတ်ကတော့ အကြမ်းဖက်မယ့်အကြံကို ဖုံးကွယ်တတ်တယ်။+
၁၂ မုန်းတီးစိတ်က ခိုက်ရန်ဖြစ်အောင် လှုံ့ဆော်တတ်တယ်။
မေတ္တာကတော့ အမှားရှိသမျှကို ဖုံးအုပ်တတ်တယ်။+
၁၃ ပိုင်းခြားသိမြင်သူရဲ့ နှုတ်ခမ်းမှာ ဉာဏ်ပညာရှိတယ်။+
ဆင်ခြင်ဉာဏ်မရှိသူရဲ့* ကျောပြင်အတွက်တော့ ကြိမ်လုံးပဲရှိတယ်။+
၁၄ ဉာဏ်ပညာရှိသူဟာ ဗဟုသုတကို စုဆောင်းတတ်တယ်။+
လူမိုက်ရဲ့ နှုတ်ကတော့ ပျက်စီးခြင်းကို ဖိတ်ခေါ်တတ်တယ်။+
၁၅ သူဌေးသူကြွယ်အတွက် စည်းစိမ်ဥစ္စာဟာ သူ့ရဲ့ခံတပ်မြို့ပဲ။
ဆင်းရဲသားကို ပျက်စီးစေတာဟာ နွမ်းပါးမှုပဲ။+
၁၆ ဖြောင့်မတ်သူရဲ့ လုပ်ဆောင်မှုက အသက်ရစေတယ်။
လူဆိုးရတဲ့အကျိုးအမြတ်ကတော့ အပြစ်ကို ဦးတည်စေတယ်။+
၁၇ ဆုံးမမှုကို အရေးစိုက်တဲ့သူဟာ တခြားသူတွေကို အသက်လမ်းပေါ် ပို့ဆောင်ပေးတယ်။
ပဲ့ပြင်မှုကို အရေးမစိုက်တဲ့သူကတော့ တခြားသူတွေကို လမ်းလွဲစေတယ်။
၁၈ မုန်းတီးစိတ်ကို ဖုံးကွယ်ထားတဲ့သူဟာ လိမ်ပြောတတ်တယ်။+
မလိုတမာစိတ်နဲ့ ကောလာဟလဖြန့်တဲ့သူဟာ မိုက်မဲတယ်။
၁၉ စကားများများပြောရင် အမှားပါမှာပဲ။+
နှုတ်စောင့်စည်းသူကတော့ သတိပညာရှိရှိ ပြုမူတာပဲ။+
၂၀ ဖြောင့်မတ်သူရဲ့စကားဟာ ငွေစင်နဲ့တူတယ်။+
လူဆိုးရဲ့ စိတ်နှလုံးကတော့ ဘာမှတန်ဖိုးမရှိဘူး။
၂၁ ဖြောင့်မတ်သူရဲ့နှုတ်ခမ်းက လူများစွာကို အားရှိစေတယ်။*+
လူမိုက်ကတော့ ဆင်ခြင်ဉာဏ်မရှိလို့ သေဆုံးရတယ်။+
၂၂ ယေဟောဝါရဲ့ကောင်းချီးက ကြွယ်ဝစေတယ်။+
အဲဒီကြွယ်ဝမှုအပေါ် နာကျင်စရာတွေ* ထပ်ပေးမှာ မဟုတ်ဘူး။
၂၃ ရှက်စရာလုပ်ရပ်တွေ လုပ်ရတာဟာ လူမိုက်အတွက် ဆော့ကစားနေရတာနဲ့ တူတယ်။
ပိုင်းခြားသိမြင်သူကတော့ ဉာဏ်ပညာရှိတယ်။+
၂၄ လူဆိုးက သူကြောက်တဲ့အရာကို ကြုံတွေ့ရလိမ့်မယ်။
ဖြောင့်မတ်သူကတော့ လိုအင်ဆန္ဒ ပြည့်ဝလိမ့်မယ်။+
၂၅ မုန်တိုင်းတိုက်ရင် ဘာမှမကျန်တော့သလို လူဆိုးတွေလည်း လုံးဝရှိတော့မှာ မဟုတ်ဘူး။+
ဖြောင့်မတ်သူကတော့ ထာဝစဉ်တည်မြဲတဲ့ အုတ်မြစ်ပဲ။+
၂၆ အချဉ်ရည်က သွားကျိန်းစေသလို၊ မီးခိုးက မျက်စိစပ်စေသလို
လူပျင်းက အလုပ်ရှင်ကို ဒုက္ခပေးတတ်တယ်။
၂၇ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ အသက်တာကို ရှည်စေတယ်။+
လူဆိုးရဲ့နှစ်တွေကတော့ တိုတောင်းလိမ့်မယ်။+
၂၈ ဖြောင့်မတ်သူရဲ့ မျှော်လင့်ချက်က သူ့ကို ဝမ်းမြောက်စေတယ်။+
လူဆိုးရဲ့ မျှော်လင့်ချက်ကတော့ ပျက်စီးရလိမ့်မယ်။+
၂၉ ယေဟောဝါရဲ့ လမ်းစဉ်ဟာ အပြစ်ပြောစရာမရှိသူအတွက် ရဲတိုက်ပဲ။+
မတရားလုပ်သူတွေအတွက်တော့ ပျက်စီးခြင်းပဲ။+
၃၀ ဖြောင့်မတ်သူဟာ ဘယ်တော့မှ ပြိုလဲမှာ မဟုတ်ဘူး။+
လူဆိုးကတော့ ကမ္ဘာမြေပေါ်မှာ နေထိုင်ရတော့မှာ မဟုတ်ဘူး။+
၃၁ ဖြောင့်မတ်သူရဲ့နှုတ်က ဉာဏ်ပညာကို ထုတ်ဖော်တတ်တယ်။
မမှန်မကန်ပြောတဲ့ လျှာကတော့ အဖြတ်ခံရလိမ့်မယ်။
၃၂ ဖြောင့်မတ်သူရဲ့ နှုတ်ခမ်းက နှစ်သက်စရာကောင်းတဲ့အရာကို သိနားလည်တယ်။
လူဆိုးရဲ့နှုတ်ကတော့ မမှန်မကန် ပြောတတ်တယ်။
၁၁ ယေဟောဝါက မမှန်တဲ့ချိန်ခွင်ကို ရွံရှာတယ်။
မှန်တဲ့အလေးကိုတော့ နှစ်သက်တယ်။+
၂ ရောင့်တက်ခြင်းရဲ့နောက်မှာ အရှက်ကွဲခြင်း လိုက်လာလိမ့်မယ်။+
ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်။+
၃ စိတ်ရိုးဖြောင့်သူတွေကို သမာဓိက လမ်းပြတယ်။+
သစ္စာဖောက်သူတွေကိုတော့ စဉ်းလဲမှုက ဖျက်ဆီးလိမ့်မယ်။+
၄ အမျက်တော်ထွက်တဲ့နေ့မှာ စည်းစိမ်ဥစ္စာတွေက အကျိုးပြုမှာ မဟုတ်ဘူး။+
ဖြောင့်မတ်ခြင်းကတော့ သေခြင်းကနေ ကယ်တင်လိမ့်မယ်။+
၅ ဖြောင့်မတ်ခြင်းက အပြစ်ပြောစရာမရှိသူရဲ့ လမ်းခရီးကို ဖြောင့်ဖြူးစေတယ်။
လူဆိုးကတော့ သူ့ဆိုးညစ်မှုကြောင့်ပဲ ပြိုလဲရလိမ့်မယ်။+
၆ စိတ်ရိုးဖြောင့်သူတွေကို ဖြောင့်မတ်ခြင်းက ကယ်တင်လိမ့်မယ်။+
သစ္စာဖောက်သူတွေကတော့ သူတို့ရဲ့ လိုအင်ဆန္ဒတွေကြောင့်ပဲ ထောင်ချောက်မိလိမ့်မယ်။+
၇ လူဆိုးသေတဲ့အခါ သူ့မျှော်လင့်ချက် ပျက်စီးသွားတယ်။
သူ့အစွမ်းအစကို အခြေခံတဲ့ မျှော်လင့်ချက်တွေလည်း ပျက်စီးသွားတယ်။+
၈ ဖြောင့်မတ်သူဟာ ဒုက္ခကနေ ကယ်တင်ခံရတယ်။
သူ့အစား လူဆိုးက ဒုက္ခခံရတယ်။+
၉ အယူဖောက်ပြန်သူရဲ့* စကားက တခြားသူကို ပျက်စီးစေတယ်။
ဖြောင့်မတ်သူကတော့ အသိပညာကြောင့် ကယ်တင်ခံရတယ်။+
၁၀ ဖြောင့်မတ်သူရဲ့ ကောင်းမြတ်မှုက မြို့ကို ဝမ်းမြောက်စေတယ်။
လူဆိုးပျက်စီးတဲ့အခါမှာတော့ ရွှင်လန်းစွာ ကြွေးကြော်ကြတယ်။+
၁၁ ရိုးဖြောင့်သူရဲ့ ကောင်းချီးကြောင့် မြို့က ကြီးပွားတိုးတက်တယ်။+
လူဆိုးရဲ့ နှုတ်ကြောင့် မြို့က ပြိုလဲတတ်တယ်။+
၁၂ ဆင်ခြင်ဉာဏ်မရှိသူက* သူတစ်ပါးကို အထင်သေးတတ်တယ်။
စစ်မှန်တဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပိုင်ဆိုင်တဲ့သူကတော့ နှုတ်ဆိတ်နေတတ်တယ်။+
၁၃ အသရေဖျက်သူက အတွင်းရေးတွေကို ပေါက်ကြားစေတတ်တယ်။+
ယုံကြည်စိတ်ချထိုက်သူကတော့ လျှို့ဝှက်ထားတတ်တယ်။
၁၄ ကျွမ်းကျင်စွာ လမ်းညွှန်ပေးသူမရှိရင် လူတွေ ကျရှုံးတတ်တယ်။
အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။+
၁၅ သူစိမ်းအတွက် ချေးငှားပေးဖို့ အာမခံတဲ့သူဟာ ဒုက္ခရောက်မှာ သေချာတယ်။+
အာမခံတဲ့အနေနဲ့ လက်ဆွဲနှုတ်ဆက်တာကို ရှောင်တဲ့သူကတော့ ဘေးကင်းလုံခြုံလိမ့်မယ်။
၁၆ ကျက်သရေရှိတဲ့ အမျိုးသမီးဟာ ဂုဏ်သရေကို ရယူတတ်တယ်။+
ကြမ်းကြုတ်သူတွေကတော့ စည်းစိမ်ကို လုယူတတ်တယ်။
၁၇ သနားကြင်နာတတ်သူဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုး ပြုတယ်။+
ရက်စက်သူကတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေတယ်။+
၁၈ လူဆိုးက လှည့်စားတတ်တဲ့လုပ်ခတွေကို ရတတ်တယ်။+
ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲတဲ့သူကတော့ စစ်မှန်တဲ့ဆုကျေးဇူးကို ရတတ်တယ်။+
၁၉ ဖြောင့်မတ်မှုဘက် အခိုင်အမာရပ်တည်သူဟာ အသက်ရှင်လိမ့်မယ်။+
ယုတ်မာမှုနောက် တကောက်ကောက်လိုက်သူကတော့ သေဆုံးရလိမ့်မယ်။
၂၀ ယေဟောဝါက ကောက်ကျစ်သူတွေကို ရွံရှာတယ်။+
အပြစ်ကင်းတဲ့လမ်းစဉ် လိုက်သူတွေကိုတော့ နှစ်သက်တယ်။+
၂၁ ယုတ်မာသူဟာ ပြစ်ဒဏ် ခံကိုခံရလိမ့်မယ်၊+
ဖြောင့်မတ်သူရဲ့ သားသမီးတွေကတော့ လွတ်မြောက်လိမ့်မယ်ဆိုတာကို စိတ်ချပါ။
၂၂ ဆင်ခြင်ဉာဏ်မဲ့တဲ့ မိန်းမချောဟာ
ဝက်နှာခေါင်းမှာ တပ်ထားတဲ့ ရွှေကွင်းနဲ့တူတယ်။
၂၃ ဖြောင့်မတ်သူရဲ့ လိုအင်ဆန္ဒဟာ ကောင်းကျိုးကို ဖြစ်စေတယ်။+
လူဆိုးရဲ့ မျှော်လင့်ချက်ကတော့ အမျက်တော်သင့်စေတယ်။
၂၄ ရက်ရက်ရောရော ပေးကမ်းသူဟာ ရပြီးရင်းရတတ်တယ်။+
ပေးသင့်တာကိုမပေးဘဲ တွန့်တိုနေသူကတော့ ဆင်းရဲတတ်တယ်။+
၂၅ ရက်ရောတဲ့သူဟာ ကြီးပွားလိမ့်မယ်။+
သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်။+
၂၆ ကောက်နှံတွေ ထုတ်မပေးတဲ့သူကို လူတွေကျိန်ဆဲလိမ့်မယ်။
ထုတ်ရောင်းသူကိုတော့ ဆုမွန်ကောင်းတောင်းပေးလိမ့်မယ်။
၂၇ ကောင်းမှုပြုဖို့ ဝီရိယရှိရှိ ကြိုးစားသူဟာ မျက်နှာသာရဖို့ ကြိုးစားတဲ့သူပဲ။+
မကောင်းတာလုပ်ဖို့ ရှာကြံသူကတော့ မကောင်းတာတွေကိုပဲ ကြုံတွေ့ရလိမ့်မယ်။+
၂၈ ကိုယ့်စည်းစိမ်ကို ကိုးစားတဲ့သူဟာ ရှုံးနိမ့်ရလိမ့်မယ်။+
ဖြောင့်မတ်သူကတော့ သစ်ရွက်တွေလို ဝေဆာလိမ့်မယ်။+
၂၉ ကိုယ့်မိသားစုကို ဒုက္ခပေးတဲ့သူဟာ လေကိုပဲ အမွေရလိမ့်မယ်။+
လူမိုက်ဟာ ဉာဏ်ပညာရှိသူဆီမှာ ကျွန်ခံရလိမ့်မယ်။
၃၀ ဖြောင့်မတ်သူရဲ့ လုပ်ရပ်ဟာ အသက်ပင်နဲ့ တူတယ်။+
မှန်ရာလုပ်ဖို့ သူတစ်ပါးကို ဖျောင်းဖျနိုင်သူဟာ ဉာဏ်ပညာရှိသူပဲ။+
၃၁ ကမ္ဘာပေါ်မှာ ဖြောင့်မတ်သူတောင် ထိုက်သင့်သလို ခံရတယ်ဆိုရင်
လူဆိုးတွေ၊ အပြစ်လုပ်သူတွေဟာ ပိုလို့တောင် ခံရလိမ့်မယ်။+
၁၂ ဆုံးမမှုကို နှစ်သက်တဲ့သူဟာ အသိပညာကို နှစ်သက်တဲ့ သူပဲ။+
ပဲ့ပြင်မှုကို မုန်းတဲ့သူကတော့ ဆင်ခြင်ဉာဏ် မရှိတဲ့သူပဲ။+
၂ သူတော်ကောင်းဟာ ယေဟောဝါရဲ့ မျက်နှာသာကို ရတတ်တယ်။
မကောင်းကြံတဲ့သူကတော့ ဘုရားပြစ်တင်ရှုတ်ချတာကို ခံရတတ်တယ်။+
၃ ဆိုးညစ်တာတွေ ပြုကျင့်နေလျက်နဲ့ ဘေးကင်းလုံခြုံနေတဲ့သူ တစ်ယောက်မှ မရှိဘူး။+
ဖြောင့်မတ်သူကတော့ ဘယ်တော့မှ နုတ်ပစ်ခံရမှာ မဟုတ်ဘူး။
၄ လုပ်ရည်ကိုင်ရည်ရှိတဲ့ ဇနီးဟာ ခင်ပွန်းအတွက် သရဖူပဲ။+
အရှက်ခွဲတတ်တဲ့ ဇနီးကတော့ ခင်ပွန်းရဲ့ အရိုးတွေကို ဆွေးမြေ့စေတယ်။+
၅ ဖြောင့်မတ်သူရဲ့ အတွေးအခေါ်တွေဟာ မှန်ကန်မျှတတယ်။
လူဆိုးရဲ့ လမ်းညွှန်မှုကတော့ လှည့်စားတတ်တယ်။
၆ လူဆိုးရဲ့စကားတွေက သေစေနိုင်တဲ့ ချောင်းမြောင်းတိုက်ခိုက်မှုပဲ။+
စိတ်ရိုးဖြောင့်သူတွေရဲ့ နှုတ်ကတော့ ကယ်တင်တတ်တယ်။+
၇ လူဆိုးတွေဟာ ဖြိုလှဲခံရတဲ့အခါ တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။
ဖြောင့်မတ်သူရဲ့ အိမ်ကတော့ တည်မြဲနေလိမ့်မယ်။+
၈ မြော်မြင်ချင့်ချိန်မှုရှိသူဟာ သူပြောတဲ့စကားကြောင့် ချီးမွမ်းခံရတတ်တယ်။+
ကောက်ကျစ်သူကတော့ မလေးမစား ဆက်ဆံခံရလိမ့်မယ်။+
၉ အထင်ကြီးမခံရပေမဲ့ ကျွန် တစ်ယောက်ကို ပိုင်ဆိုင်တဲ့သူက
စားစရာတောင်မရှိဘဲနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့သူထက် ပိုသာတယ်။+
၁၀ ဖြောင့်မတ်သူက ခြံမွေးတိရစ္ဆာန်တွေကို ဂရုစိုက်တယ်။+
လူဆိုးကတော့ ကရုဏာပြတဲ့အခါမှာတောင် ရက်စက်တယ်။
၁၁ လယ်စိုက်တဲ့သူဟာ အဝစားရလိမ့်မယ်။+
တန်ဖိုးမရှိတာတွေကို လိုက်စားသူကတော့ ဆင်ခြင်ဉာဏ်မရှိတဲ့သူပဲ။*
၁၂ လူဆိုးက လူယုတ်မာတွေ သားကောင်ဖမ်းမိတာကို မနာလို ဖြစ်တတ်တယ်။
ဖြောင့်မတ်သူတွေရဲ့ အမြစ်ကတော့ သီးပွင့်ဖြစ်ထွန်းစေတယ်။
၁၃ လူယုတ်မာက ကိုယ့်စကားနဲ့ကိုယ် ပြန်ကျော့မိတတ်တယ်။+
ဖြောင့်မတ်သူကတော့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်တတ်တယ်။
၁၄ ကိုယ်ပြောတဲ့စကားတွေကြောင့် ကိုယ်တိုင် ကောင်းကျိုးခံစားရတတ်တယ်။+
ကိုယ်လုပ်တဲ့အရာတွေကလည်း ကိုယ့်ကို ပြန်အကျိုးပေးလိမ့်မယ်။
၁၅ လူမိုက်က သူ့လမ်းစဉ်ကို မှန်တယ်လို့ ထင်တတ်တယ်။+
ဉာဏ်ပညာရှိသူကတော့ အကြံပေးချက်ကို လက်ခံတတ်တယ်။+
၁၆ လူမိုက်က စိတ်အနှောင့်အယှက်ဖြစ်တာကို ချက်ချင်းဖော်ပြတတ်တယ်။+
အမြော်အမြင်ရှိသူကတော့ စော်ကားမှုကို ဗွေမယူတတ်ဘူး။
၁၇ သစ္စာရှိတဲ့သက်သေက မှန်တာကို ပြောတတ်တယ်။
မမှန်တဲ့သက်သေကတော့ လိမ်ညာပြောတတ်တယ်။
၁၈ မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ထိုးသလိုပဲ။
ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်။+
၁၉ မှန်ရာကိုပြောတဲ့ နှုတ်ဟာ ထာဝစဉ်တည်လိမ့်မယ်။+
လိမ်လည်တဲ့လျှာကတော့ ခဏပဲတည်လိမ့်မယ်။+
၂၀ အကောက်ကြံသူတွေရဲ့ စိတ်ထဲမှာ လှည့်စားမှုရှိတယ်။
ငြိမ်သက်ခြင်းကို တိုးပွားစေသူတွေကတော့ ရွှင်လန်းတယ်။+
၂၁ ဖြောင့်မတ်သူအပေါ် ဘာအန္တရာယ်မှ ကျရောက်မှာ မဟုတ်ဘူး။+
လူဆိုးတွေကတော့ ဘေးဆိုးတွေကို တနင့်တပိုးခံရလိမ့်မယ်။+
၂၂ ယေဟောဝါက လိမ်လည်တတ်တဲ့နှုတ်ကို ရွံရှာတယ်။+
သစ္စာရှိရှိ ပြုမူသူတွေကိုတော့ နှစ်သက်တယ်။
၂၃ အမြော်အမြင်ရှိသူဟာ သူသိထားတာကို လျှို့ဝှက်တတ်တယ်။
လူမိုက်ကတော့ မိုက်မဲတဲ့အရာကို လွှတ်ခနဲ ပြောတတ်တယ်။+
၂၄ ဝီရိယရှိသူတွေဟာ အုပ်စိုးရလိမ့်မယ်။+
လူပျင်းတွေကတော့ အတင်းအကျပ် စေခိုင်းခံရလိမ့်မယ်။+
၂၅ စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။+
ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။+
၂၆ ဖြောင့်မတ်သူက ကိုယ့်စားကျက်မြေကို အသေအချာ စစ်ဆေးတတ်တယ်။
လူဆိုးတွေကတော့ ကိုယ့်လမ်းအတိုင်း သွားရင်းနဲ့ လမ်းလွဲတတ်တယ်။
၂၇ အပျင်းထူတဲ့သူက သားကောင်ကို လိုက်မဖမ်းဘူး။+
ဝီရိယရှိခြင်းကတော့ တန်ဖိုးရှိတဲ့ စည်းစိမ်ပဲ။
၂၈ ဖြောင့်မတ်တဲ့လမ်းစဉ်က အသက်ရစေတယ်။+
အဲဒီလမ်းတစ်လျှောက်မှာ သေခြင်း မရှိဘူး။
၁၃ ဉာဏ်ပညာရှိတဲ့သားက ဖခင်ဆုံးမတာကို လက်ခံတတ်တယ်။+
မထီလေးစားလုပ်သူကတော့ ပြစ်တင်ဆုံးမတာကို နားမထောင်ဘူး။+
၂ ကိုယ်ပြောတဲ့စကားတွေကြောင့် ကိုယ်တိုင် ကောင်းကျိုးခံစားရတတ်တယ်။+
သစ္စာဖောက်သူကတော့ အကြမ်းဖက်ဖို့ပဲ ဆန္ဒပြင်းပြနေတယ်။
၃ နှုတ်စောင့်စည်းသူဟာ အသက်ကို စောင့်ရှောက်တဲ့သူပဲ။+
နှုတ်မစောင့်စည်းသူကတော့ ပျက်စီးရလိမ့်မယ်။+
၄ လူပျင်းက လိုချင်တောင့်တပေမဲ့ သူ့မှာ ဘာမှမရှိဘူး။+
ဝီရိယရှိသူကတော့ လိုအင်ဆန္ဒပြည့်ဝလိမ့်မယ်။+
၅ ဖြောင့်မတ်သူက မုသာစကားကို မုန်းတယ်။+
လူဆိုးရဲ့ လုပ်ရပ်တွေကတော့ အရှက်ကွဲပြီး ရှုတ်ချခံ ရလိမ့်မယ်။
၆ ဖြောင့်မတ်မှုက အပြစ်မဲ့လမ်းစဉ်လိုက်တဲ့သူကို ကာကွယ်ပေးတယ်။+
ဆိုးညစ်မှုကတော့ အပြစ်လုပ်တဲ့သူကို ပြိုလဲစေတယ်။
၇ ဘာမှ မပိုင်ဆိုင်ပေမဲ့ ချမ်းသာတဲ့ပုံဖမ်းနေသူတွေ ရှိတယ်။+
ကျိကျိတက်ချမ်းသာပေမဲ့ ဆင်းရဲတဲ့ပုံဖမ်းနေသူတွေလည်း ရှိတယ်။
၈ ချမ်းသာသူက အသက်ချမ်းသာရဖို့ စည်းစိမ်ဥစ္စာကို ပေးရတယ်။+
ဆင်းရဲသားကိုတော့ ခြိမ်းခြောက်မယ့်သူတောင် မရှိဘူး။+
၉ ဖြောင့်မတ်သူရဲ့အလင်းက ထွန်းလင်းတောက်ပတယ်။+
လူဆိုးရဲ့ မီးခွက်ကတော့ ငြိမ်းသတ်ခံရလိမ့်မယ်။+
၁၀ ရောင့်တက်ခြင်းက ရန်တွေ့ခြင်းကိုပဲ ဖြစ်စေတယ်။+
အကြံဉာဏ် တောင်းခံသူတွေဆီမှာတော့ ဉာဏ်ပညာရှိတယ်။+
၁၁ တစ်ခဏအတွင်းမှာရတဲ့ စည်းစိမ်ဥစ္စာဟာ ယုတ်လျော့သွားလိမ့်မယ်။+
တစ်စတစ်စ စုဆောင်းပြီး ရလာတဲ့ စည်းစိမ်ဥစ္စာကတော့ တိုးပွားလာလိမ့်မယ်။
၁၂ မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်။+
လိုအင်ဆန္ဒ ပြည့်ဝတဲ့အခါမှာတော့ အသက်ပင်ပဲ။+
၁၃ သွန်သင်ချက်ကို မထီမဲ့မြင်လုပ်တဲ့သူဟာ ပြစ်ဒဏ်ခံရလိမ့်မယ်။+
ပညတ်ချက်ကို လေးစားတဲ့သူကတော့ ဆုချခံရမယ်။+
၁၄ ဉာဏ်ပညာရှိသူရဲ့ သွန်သင်ချက်ဟာ အသက်စမ်းရေပဲ။+
သေခြင်းရဲ့ကျော့ကွင်းတွေကို ရှောင်ရှားစေနိုင်တယ်။
၁၅ ထိုးထွင်းဉာဏ်ထက်မြက်ရင် မျက်နှာသာရတတ်တယ်။
သစ္စာဖောက်သူရဲ့လမ်းကတော့ ခက်ခဲကြမ်းတမ်းတယ်။
၁၆ အမြော်အမြင်ရှိသူက အသိပညာနဲ့အညီ ပြုမူတတ်တယ်။+
လူမိုက်ကတော့ ကိုယ့်မိုက်မဲမှုကို ဖော်ထုတ်တတ်တယ်။+
၁၇ ဆိုးညစ်တဲ့စေတမန်ဟာ ဒုက္ခကြုံရလိမ့်မယ်။+
သစ္စာရှိတဲ့တမန်ကတော့ ကောင်းကျိုးတွေ သယ်ဆောင်လာတယ်။+
၁၈ ဆုံးမစကားကို အရေးမလုပ်တဲ့သူဟာ ဆင်းရဲခြင်းနဲ့ အရှက်ကွဲခြင်းကို ကြုံရတတ်တယ်။
ပဲ့ပြင်မှုကို လက်ခံတဲ့သူကတော့ ဂုဏ်တင်ခံရမယ်။+
၁၉ လိုအင်ဆန္ဒပြည့်ဝတဲ့အခါ ပီတိဖြာတတ်တယ်။+
လူမိုက်က မကောင်းမှုကို မရှောင်လွဲချင်ဘူး။+
၂၀ ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်။+
လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်။+
၂၁ အပြစ်လုပ်သူတွေနောက်ကို ဘေးဆိုးတွေ လိုက်တတ်တယ်။+
ဖြောင့်မတ်သူကတော့ ကြီးပွား တိုးတက်လိမ့်မယ်။+
၂၂ သူတော်ကောင်းက မြေးမြစ်တွေအတွက် အမွေချန်ထားတတ်တယ်။
အပြစ်လုပ်သူရဲ့ စည်းစိမ်ကတော့ ဖြောင့်မတ်သူအတွက်ပဲ ဖြစ်သွားလိမ့်မယ်။+
၂၃ ဆင်းရဲသားတွေ ထယ်ထိုးထားတဲ့ လယ်မြေဟာ စားစရာတွေ လှိုင်လှိုင်ဖြစ်ထွန်းတယ်။
ဒါပေမဲ့ တရားမမျှတမှုကြောင့် ဖယ်ရှားခံရနိုင်တယ်။
၂၄ ကြိမ်လုံး မသုံးချင်တဲ့သူဟာ သားသမီးကို မုန်းတဲ့သူပဲ။+
သားသမီးကို ချစ်တဲ့သူကတော့ ဆုံးမဖို့ ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ဘူး။*+
၂၅ ဖြောင့်မတ်သူဟာ အာသာပြေတဲ့အထိ စားရလိမ့်မယ်။+
လူဆိုးကတော့ ဗိုက်ဟောင်းလောင်း ဖြစ်ရလိမ့်မယ်။+
၁၄ တကယ့်ကို ဉာဏ်ပညာရှိတဲ့မိန်းမက အိမ်ကို တည်ဆောက်တတ်တယ်။+
မိုက်မဲတဲ့မိန်းမကတော့ သူ့လက်နဲ့ပဲ အိမ်ကို ဖြိုဖျက်တတ်တယ်။
၂ ဖြောင့်မှန်တဲ့လမ်းမှာ လျှောက်လှမ်းသူဟာ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူပဲ။
ကောက်ကျစ်တဲ့လမ်းမှာ လျှောက်လှမ်းသူကတော့ ဘုရားကို မထီလေးစား လုပ်တဲ့သူပဲ။
၃ လူမိုက်ရဲ့နှုတ်မှာ မောက်မာမှုကြိမ်လုံး ရှိတယ်။
ဉာဏ်ပညာရှိသူတွေရဲ့ နှုတ်ကတော့ ကိုယ်ကို ကာကွယ်လိမ့်မယ်။
၄ နွားအုပ်မရှိရင် စားခွက် သန့်ရှင်းတယ်။
ဒါပေမဲ့ နွားထီးရဲ့ ခွန်အားကြောင့် သီးနှံတွေ အလျှံပယ်ထွက်တာ။
၅ သစ္စာရှိတဲ့သက်သေဟာ လိမ်မပြောတတ်ဘူး။
မုသားသက်သေကတော့ အလိမ်အညာချည်းပဲ ပြောတတ်တယ်။+
၆ မထီလေးစားလုပ်တဲ့သူက ဉာဏ်ပညာကိုရှာပေမဲ့ တွေ့မှာမဟုတ်ဘူး။
သိနားလည်မှုရှိသူအတွက်တော့ အသိပညာရဖို့ လွယ်ကူတယ်။+
၇ လူမိုက်ကို ဝေးဝေးရှောင်ပါ။
သူ့ဆီမှာ အသိပညာနဲ့ ဆိုင်တဲ့စကားတွေ ကြားရမှာ မဟုတ်ဘူး။+
၈ အမြော်အမြင်ရှိသူက ဉာဏ်ပညာကြောင့် ကိုယ်သွားနေတဲ့လမ်းအကြောင်း နားလည်တယ်။
လူမိုက်တွေကိုတော့ ကိုယ့်မိုက်မဲမှုကပဲ လှည့်စားတတ်တယ်။*+
၉ လူမိုက်တွေက အမှားလုပ်ထားတာတောင် အပျော်အပျက်လို့ ထင်ကြတယ်။+
စိတ်ရိုးဖြောင့်သူတွေကတော့ ပြန်သင့်မြတ်ချင်စိတ် ရှိကြတယ်။
၁၀ ကိုယ့်စိတ်ဒုက္ခကို ကိုယ်ပဲသိတယ်။
ကိုယ်ပျော်နေတာကို သူတစ်ပါး မျှဝေခံစားပေးနိုင်မှာ မဟုတ်ဘူး။
၁၁ လူဆိုးရဲ့အိမ်ဟာ ဖျက်ဆီးခံရလိမ့်မယ်။+
စိတ်ရိုးဖြောင့်သူရဲ့ တဲကတော့ စည်းစိမ်တိုးလာလိမ့်မယ်။
၁၂ လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့+
နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုးရှိတယ်။+
၁၃ ရယ်မောနေပေမဲ့ ရင်ထဲမှာ နာကျင်နေနိုင်တယ်။
ပျော်ရွှင်မှုဟာ ကြေကွဲမှုနဲ့ အဆုံးသတ်နိုင်တယ်။
၁၄ ထင်ရာစိုင်းတဲ့စိတ်ရှိသူဟာ ကိုယ့်လမ်းစဉ်ရဲ့ အကျိုးဆက်ကို ပြန်ခံရလိမ့်မယ်။+
လူကောင်းကတော့ ကိုယ့်လုပ်ရပ်ရဲ့ ကောင်းကျိုးတွေကို ခံစားရလိမ့်မယ်။+
၁၅ ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။
အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။+
၁၆ ဉာဏ်ပညာရှိသူက သတိကြီးတယ်။ မကောင်းမှုကို ရှောင်တတ်တယ်။
လူမိုက်ကတော့ တဇောက်ကန်း လုပ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတယ်။
၁၇ ဒေါသထွက်လွယ်သူက မိုက်မိုက် မဲမဲ ပြုမူတတ်တယ်။+
စဉ်းစားချင့်ချိန်တတ်သူကတော့ အမုန်းခံရတတ်တယ်။
၁၈ နုံအတဲ့သူက မိုက်မဲခြင်းကို အမွေရလိမ့်မယ်။
အမြော်အမြင်ရှိသူကတော့ အသိပညာကို သရဖူဆောင်းရလိမ့်မယ်။+
၁၉ မကောင်းတဲ့လူတွေက လူကောင်းတွေကို ဦးညွှတ်ရလိမ့်မယ်။
လူဆိုးတွေကလည်း ဖြောင့်မတ်သူတွေရဲ့ တံခါးဝမှာ ဦးညွှတ်ရလိမ့်မယ်။
၂၀ ဆင်းရဲသားကို အိမ်နီးချင်းတွေကတောင် မုန်းတတ်တယ်။+
သူဌေးမှာတော့ မိတ်ဆွေ ပေါများတတ်တယ်။+
၂၁ မိတ်ဆွေအပေါင်းအသင်းကို အထင်သေးတာဟာ အပြစ်ကျူးလွန်တာပဲ။
နိမ့်ကျသူကို သနားစာနာမှု ပြတဲ့သူကတော့ ပျော်ရွှင်ချမ်းမြေ့တယ်။+
၂၂ အကောက်ကြံတဲ့သူတွေဟာ လမ်းလွဲသွားတတ်တယ်။
ကောင်းတာလုပ်ဖို့ ကြိုးစားတဲ့သူတွေကတော့ လူတွေရဲ့ချစ်ခင်မှု၊ ယုံကြည်မှုကို ရတတ်တယ်။+
၂၃ ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။
အပြောချည်းသက်သက်ကတော့ ဆင်းရဲချို့တဲ့စေတယ်။+
၂၄ ဉာဏ်ပညာရှိသူတွေရဲ့ သရဖူဟာ စည်းစိမ်ပဲ။
လူမိုက်တွေရဲ့ လုပ်ရပ်ကတော့ မိုက်မဲတာတွေချည်းပဲ။+
၂၅ မှန်တဲ့သက်သေက သူတစ်ပါးရဲ့အသက်ကို ကယ်တင်တတ်တယ်။
လှည့်စားတဲ့သူကတော့ အလိမ်အညာချည်းပဲ ပြောတတ်တယ်။
၂၆ ယေဟောဝါကို ကြောက်ရွံ့ ရိုသေသူဟာ အရာရာတိုင်းမှာ ဘုရားကို ကိုးစားတယ်။+
သူ့သားသမီးတွေဟာ ခိုလှုံရာကို တွေ့လိမ့်မယ်။+
၂၇ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ အသက်စမ်းရေတွင်း ဖြစ်တယ်။
သေခြင်းရဲ့ ကျော့ကွင်းတွေကို ရှောင်ရှားစေနိုင်တယ်။
၂၈ လူဦးရေများတာဟာ ဘုရင်ရဲ့ခံ့ညားထည်ဝါမှုပဲ။+
လက်အောက်ခံပြည်သူမရှိတဲ့ အုပ်စိုးရှင်ကတော့ ပျက်စီးသွားလိမ့်မယ်။
၂၉ လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ပိုင်းခြားသိမြင်နိုင်စွမ်း ကြီးမားတဲ့သူပဲ။+
စိတ်မရှည်တဲ့သူကတော့ မိုက်မဲမှုကို ဖော်ပြတတ်တယ်။+
၃၀ တည်ငြိမ်တဲ့စိတ်ဟာ ကိုယ်ခန္ဓာကို ကျန်းမာစေတယ်။
မနာလိုစိတ်ကတော့ အရိုးတွေကို ဆွေးမြေ့စေတယ်။+
၃၁ နိမ့်ကျသူတွေကို ဖြတ်စားလျှပ်စား လုပ်တဲ့သူဟာ ဖန်ဆင်းရှင်ကို စော်ကားတဲ့သူပဲ။+
နွမ်းပါးသူတွေကို သနားစာနာမှု ပြတဲ့သူကတော့ ဘုရားကို ဂုဏ်တင်တဲ့သူပဲ။+
၃၂ လူဆိုးက မိမိရဲ့ ယုတ်မာမှုကြောင့်ပဲ ပြိုလဲလိမ့်မယ်။
ဖြောင့်မတ်သူကတော့ မိမိရဲ့ သမာဓိကို ခိုလှုံလိမ့်မယ်။+
၃၃ ဉာဏ်ပညာဟာ သိနားလည်မှုရှိသူရဲ့ စိတ်ထဲမှာ တိတ်ဆိတ်စွာ နေတတ်တယ်။+
လူမိုက်တွေဆီမှာတော့ ထင်ရှားပြတတ်တယ်။
၃၄ ဖြောင့်မတ်ခြင်းက လူမျိုးတစ်မျိုးကို ချီးမြှောက်နိုင်တယ်။+
အပြစ်ကတော့ လူမျိုးတစ်မျိုးကို အသရေပျက်စေနိုင်တယ်။
၃၅ ဘုရင်က ထိုးထွင်းဉာဏ်ရှိရှိလုပ်တတ်တဲ့ ကျွန်ကို နှစ်သက်တယ်။+
အရှက်မရှိပြုမူတဲ့ ကျွန်ကိုတော့ အမျက်ထွက်တယ်။+
၁၅ ညင်ညင်သာသာ ပြန်ပြောတဲ့ စကားက ဒေါသကို ပြေစေတယ်။+
ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကို ဆွပေးတယ်။+
၂ ဉာဏ်ပညာရှိသူက ဉာဏ်သုံးပြီး ထိထိရောက်ရောက် ပြောတတ်တယ်။+
လူမိုက်ကတော့ မိုက်မဲတဲ့စကားကို လွှတ်ခနဲပြောတတ်တယ်။
၃ ယေဟောဝါက အရာရာကို မြင်တယ်။
လူဆိုးတွေကိုရော လူကောင်းတွေကိုပါ ကြည့်နေတယ်။+
၄ ညင်ညင်သာသာ ပြောတဲ့စကားဟာ အသက်ပင်ပဲ။+
လှည့်စားတဲ့စကားကတော့ စိတ်ပျက်အားလျော့စေတယ်။
၅ လူမိုက်က ဖခင်ဆုံးမတာကို မလေးစားဘူး။+
အမြော်အမြင်ရှိသူကတော့ တည့်မတ်ပေးတာကို လက်ခံတယ်။+
၆ ဖြောင့်မတ်သူရဲ့ အိမ်မှာ စည်းစိမ်ဥစ္စာတွေ အလျှံပယ်ရှိတယ်။
လူဆိုးရတဲ့ အကျိုးအမြတ်ကတော့ သူ့ကိုဒုက္ခရောက်စေတယ်။+
၇ ဉာဏ်ပညာရှိသူရဲ့နှုတ်က အသိပညာကို ဖြန့်ဝေတတ်တယ်။+
လူမိုက်ရဲ့ စိတ်နှလုံးကတော့ အဲဒီလို မဟုတ်ဘူး။+
၈ ယေဟောဝါက လူဆိုးဆက်သတဲ့ ပူဇော်သက္ကာကို ရွံရှာတယ်။+
စိတ်ရိုးဖြောင့်သူရဲ့ ဆုတောင်းချက်ကိုတော့ နှစ်သက်တယ်။+
၉ ယေဟောဝါက လူဆိုးရဲ့လမ်းစဉ်ကို ရွံရှာတယ်။+
ဖြောင့်မတ်ခြင်း လိုက်စားသူတွေကိုတော့ ချစ်မြတ်နိုးတယ်။+
၁၀ လမ်းလွဲသွားတဲ့သူက ဆုံးမမှုကို အကောင်းမမြင်ဘူး။+
ပဲ့ပြင်မှုကို မုန်းတီးသူဟာ သေရလိမ့်မယ်။+
၁၁ ယေဟောဝါက သင်္ချိုင်းနဲ့ ဖျက်ဆီးခြင်းအရပ်ကို အထင်အရှားမြင်တယ်။+
လူ့စိတ်ကိုဆိုရင် ပိုလို့တောင် အထင်အရှားမြင်တယ်။+
၁၂ မထီလေးစား လုပ်တတ်သူက တည့်မတ်ပေးတဲ့သူကို မချစ်ဘူး။+
ဉာဏ်ပညာရှိသူနဲ့လည်း တိုင်ပင်မှာ မဟုတ်ဘူး။+
၁၃ ရင်ထဲမှာပျော်နေရင် မျက်နှာဟာ ပြုံးရွှင်နေတယ်။
ရင်ထဲမှာ နာကျင်နေရင်တော့ စိတ်ထောင်းကိုယ်ကြေ ဖြစ်ရတယ်။+
၁၄ သိနားလည်နိုင်စွမ်းရှိသူမှာ နှံ့နှံ့ စပ်စပ်သိအောင် လုပ်ချင်တဲ့စိတ်ရှိတယ်။+
လူမိုက်ရဲ့နှုတ်ကတော့ မိုက်မဲတာကိုပဲ အရသာတွေ့တယ်။+
၁၅ ဒုက္ခရောက်နေသူအတွက် နေ့ရက်တိုင်းဟာ ဆိုးရွားလှတယ်။+
စိတ်ရွှင်လန်းသူတွေအတွက်တော့ အချိန်တိုင်းဟာ စားသောက်ပွဲ ဖြစ်နေတယ်။+
၁၆ ဥစ္စာနည်းနည်းပဲရှိပြီး ယေဟောဝါကို ကြောက်ရွံ့ရိုသေတာဟာ+
ကျိကျိတက် ချမ်းသာပြီး စိုးရိမ်ပူပန်နေရတာထက် ပိုသာတယ်။+
၁၇ မေတ္တာလွှမ်းခြုံတဲ့နေရာမှာ စားရတဲ့ ဟင်းသီးဟင်းရွက် တစ်နပ်စာဟာ+
အမုန်းစိတ်ပြည့်နေတဲ့နေရာမှာ စားရတဲ့ ဆူဖြိုးတဲ့ အမဲသားဟင်းထက် ပိုကောင်းတယ်။+
၁၈ ဒေါသကြီးသူက ခိုက်ရန်ပွားစေတယ်။+
လွယ်လွယ်နဲ့ ဒေါသမထွက်သူကတော့ ရန်ငြိမ်းစေတယ်။+
၁၉ လူပျင်းရဲ့လမ်းဟာ ဆူးခင်းလမ်းနဲ့ တူတယ်။+
ရိုးဖြောင့်သူရဲ့ လမ်းကတော့ ဖြောင့်ဖြူးတဲ့ လမ်းမကြီးနဲ့တူတယ်။+
၂၀ ဉာဏ်ပညာရှိတဲ့သားက ဖခင်ကို ပျော်ရွှင်စေတယ်။+
သားမိုက်ကတော့ မိခင်ကို မထီလေးစား လုပ်တတ်တယ်။+
၂၁ ဆင်ခြင်ဉာဏ်မရှိသူ* အတွက် မိုက်မဲမှုဟာ ပျော်စရာကောင်းတယ်။+
ပိုင်းခြားသိမြင်မှုရှိသူကတော့ လမ်းမှန်အတိုင်း တည့်တည့်လျှောက်တယ်။+
၂၂ တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။
အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။+
၂၃ သင့်တော်တဲ့စကားနဲ့ ပြန်ပြောတဲ့အခါ ဝမ်းမြောက်ရတယ်။+
သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်။+
၂၄ အသက်လမ်းက ထိုးထွင်းဉာဏ်ရှိသူကို အထက်ကို ပို့ဆောင်ပေးတယ်။+
အောက်အရပ်မှာရှိတဲ့ သင်္ချိုင်းကို ရှောင်ရှားစေတယ်။+
၂၅ မောက်မာသူရဲ့အိမ်ကို ယေဟောဝါ ဖြိုဖျက်လိမ့်မယ်။+
မုဆိုးမရဲ့ မြေမှတ်တိုင်ကိုတော့ မပျောက်ပျက်အောင် ထိန်းသိမ်းပေးလိမ့်မယ်။+
၂၆ လူဆိုးရဲ့ အကြံအစည်တွေကို ယေဟောဝါ ရွံရှာတယ်။+
ချိုသာတဲ့စကားတွေကတော့ ရှေ့တော်မှာ စင်ကြယ်တယ်။+
၂၇ မတရားအမြတ်ထုတ်သူက မိသားစုကို ဒုက္ခရောက်စေတယ်။+
လာဘ်စားတာကို မုန်းတဲ့သူကတော့ အသက်ဆက်ရှင်လိမ့်မယ်။+
၂၈ ဖြောင့်မတ်သူက စိတ်ထဲမှာ အရင်စဉ်းစားပြီးမှ ပြန်ပြောတတ်တယ်။+
လူဆိုးကတော့ မကောင်းတာတွေကို လွှတ်ခနဲ ပြောတတ်တယ်။
၂၉ ယေဟောဝါက လူဆိုးတွေနဲ့ ခပ်ဝေးဝေးနေတယ်။
ဖြောင့်မတ်သူတွေရဲ့ ဆုတောင်းချက်ကိုတော့ နားထောင်တယ်။+
၃၀ တောက်ပတဲ့မျက်လုံးက စိတ်ကို ရွှင်လန်းစေတယ်။
သတင်းကောင်းက အရိုးတွေကို သန်စွမ်းစေတယ်။+
၃၁ အသက်ရစေတဲ့ ပဲ့ပြင်မှုကို နားထောင်တဲ့သူက
ဉာဏ်ပညာရှိသူတွေအလယ်မှာ နေရတယ်။+
၃၂ ဆုံးမစကားကို ငြင်းပယ်သူဟာ အသက်ကို မလေးစားတဲ့သူပဲ။+
ပဲ့ပြင်မှုကို နားထောင်သူကတော့ သိနားလည်နိုင်စွမ်းကို ရယူတဲ့သူပဲ။+
၃၃ ယေဟောဝါကို ကြောက်ရွံ့ ရိုသေခြင်းက ဉာဏ်ပညာရှိရှိ လုပ်ဆောင်တတ်အောင် လေ့ကျင့်ပေးတယ်။+
နှိမ့်ချမှုရဲ့နောက်မှာ ဂုဏ်ကျက်သရေ လိုက်လာတယ်။+
၁၆ စိတ်ထဲက အကြောင်းအရာတွေကို ဘယ်လိုစီမံမလဲဆိုတာ လူနဲ့ပဲ ဆိုင်တယ်။
ပြန်ပြောရမယ့် စကားတွေကတော့ ယေဟောဝါဆီက လာတယ်။+
၃ လုပ်ဆောင်လေသမျှ ယေဟောဝါဆီ ပုံအပ်ထားပါ။+
ဒါဆိုရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။
၄ ယေဟောဝါက မိမိရည်ရွယ်ချက် ပြည့်စုံလာဖို့ အရာရာကို စီစဉ်ထားတယ်။
လူဆိုးတွေကို ဒုက္ခနေ့ရက် ကြုံတွေ့စေဖို့တောင် စီစဉ်ထားတယ်။+
၅ စိတ်ကြီးဝင်နေသူကို ယေဟောဝါ ရွံရှာတယ်။+
သူ ပြစ်ဒဏ်ကနေ လွတ်မှာမဟုတ်ဘူးဆိုတာ စိတ်ချပါ။
၆ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားကြောင့် အမှားတွေ ခွင့်လွှတ်ခံရတယ်။+
ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းက မကောင်းမှုကို ရှောင်စေတယ်။+
၇ ယေဟောဝါက လူတစ်ယောက်ရဲ့ လမ်းစဉ်တွေကို နှစ်သက်တဲ့အခါ
ရန်သူတွေကိုတောင် သူနဲ့သင့်မြတ်စေတယ်။+
၉ လူက ဘာလုပ်မယ်ဆိုတာ စိတ်ထဲမှာ ကြံစည်နိုင်ပေမဲ့
သူ့ခြေလှမ်းတွေကို လမ်းညွှန်ပေးသူကတော့ ယေဟောဝါပဲ။+
၁၀ ရှင်ဘုရင်ရဲ့နှုတ်မှာ ဘုရားရဲ့ဆုံးဖြတ်ချက်တွေ ရှိသင့်တယ်။+
သူက တရားမျှတမှုကို ဘယ်တော့မှ မဖောက်ဖျက်ရဘူး။+
၁၁ မှန်တဲ့အလေးနဲ့ မှန်တဲ့ချိန်ခွင်ဟာ ယေဟောဝါဆီကပဲ။
အိတ်ထဲမှာရှိတဲ့ အလေးအားလုံးဟာ ဘုရား သတ်မှတ်ထားရာတွေပဲ။+
၁၂ ဖြောင့်မတ်ခြင်းကြောင့်သာ ရာဇပလ္လင် တည်မြဲမှာမို့လို့+
ရှင်ဘုရင်တွေဟာ ဆိုးညစ်တဲ့ အကျင့်တွေကို ရွံရှာရတယ်။+
၁၃ ရှင်ဘုရင်တွေဟာ ဖြောင့်မတ်တဲ့စကားကို နှစ်သက်တယ်။
ရိုးရိုးသားသား ပြောဆိုတဲ့သူကို ချစ်မြတ်နိုးတယ်။+
၁၄ ရှင်ဘုရင်ရဲ့အမျက်ဟာ သေမင်းတမန်နဲ့ တူတယ်။+
ဉာဏ်ပညာရှိသူကတော့ ဘုရင့်အမျက်ကို ပြေစေတယ်။+
၁၅ ရှင်ဘုရင်ရဲ့ မျက်နှာသာအလင်းဟာ အသက်ချမ်းသာရစေတယ်။
ရှင်ဘုရင်ပေးတဲ့ မျက်နှာသာဟာ နွေဦးမိုးကို သယ်ဆောင်လာတဲ့ မိုးတိမ်နဲ့ တူတယ်။+
၁၆ ဉာဏ်ပညာဆည်းပူးတာဟာ ရွှေကို စုဆောင်းတာထက် ပိုကောင်းတယ်။+
သိနားလည်နိုင်စွမ်းကို ရွေးချယ်တာဟာ ငွေကိုရွေးချယ်တာထက် ပိုကောင်းတယ်။+
၁၇ စိတ်ရိုးဖြောင့်သူတွေက မကောင်းတဲ့လမ်းစဉ်ကို ရှောင်တယ်။
ကိုယ့်လမ်းစဉ်ကို ကာကွယ်စောင့်ရှောက်တဲ့သူဟာ အသက်ကို စောင့်ရှောက်တဲ့သူပဲ။+
၁၈ မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။
မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်။+
၁၉ စိတ်နူးညံ့သူတွေအလယ်မှာ နှိမ့်ချရတာဟာ+
မောက်မာသူတွေနဲ့အတူ တိုက်ရာပါဥစ္စာတွေ ခွဲဝေယူရတာထက် ပိုကောင်းတယ်။
၂၀ ကိစ္စတစ်ခုကို ထိုးထွင်းသိမြင်တဲ့သူဟာ အောင်မြင်လိမ့်မယ်။
ယေဟောဝါကို ယုံကြည်ကိုးစားသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၂၁ ဉာဏ်ပညာရှိသူဟာ သိနားလည်နိုင်စွမ်းရှိသူလို့ အခေါ်ခံရလိမ့်မယ်။+
ကြင်ကြင်နာနာ ပြောတတ်သူဟာ နားဝင်အောင်ပြောနိုင်စွမ်း ရှိတဲ့သူပဲ။+
၂၂ ထိုးထွင်းဉာဏ်ဟာ ပိုင်ဆိုင်သူအတွက် အသက်စမ်းရေတွင်းပဲ။
လူမိုက်တွေကိုတော့ သူတို့ရဲ့ မိုက်မဲမှုကပဲ ဆုံးမလိမ့်မယ်။
၂၃ ဉာဏ်ပညာရှိသူက နှုတ်မှာ ထိုးထွင်းဉာဏ်ရှိစေတယ်။+
နားဝင်အောင်ပြောနိုင်စွမ်း ရှိစေတယ်။
၂၄ ချိုသာတဲ့စကားတွေဟာ ပျားရည်စစ်စစ်နဲ့တူတယ်။
နားဝင်ချိုပြီး အရိုးတွေကို ကျန်းမာစေတယ်။+
၂၅ လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့
နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုး ရှိတယ်။+
၂၆ အလုပ်လုပ်တဲ့သူက အာသာပြေချင်စိတ်ကြောင့် အလုပ်ကြိုးစားတယ်။
ဆာလောင်မှုက အလုပ်လုပ်ဖို့ တွန်းအားပေးတယ်။+
၂၇ အသုံးမကျသူက မကောင်းမှုကို တူးဖော်တတ်တယ်။+
သူ့စကားဟာ ချစ်ချစ်တောက် ပူတဲ့ မီးနဲ့တူတယ်။+
၂၈ ပြဿနာလုပ်တတ်သူက စိတ်ဝမ်းကွဲစေတယ်။+
အသရေဖျက်သူက ရင်းနှီးတဲ့မိတ်ဆွေတွေကို စိမ်းကားစေတယ်။+
၂၉ အကြမ်းဖက်သူက အပေါင်းအသင်းတွေကို ဖြားယောင်းပြီး
လမ်းမှားလိုက်စေတယ်။
၃၀ အန္တရာယ်ပေးဖို့ ကြံစည်တဲ့အခါ မျက်စိမှိတ်ပြတယ်။
ဒုက္ခပေးဖို့လုပ်တဲ့အခါ နှုတ်ခမ်းကို တင်းတင်းစေ့တယ်။
၃၂ လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ+ ခွန်အားကြီးသူထက် သာလွန်တယ်။
စိတ်ချုပ်တည်းနိုင်သူဟာ မြို့ကိုအောင်နိုင်သူထက် သာလွန်တယ်။+
၃၃ လူတွေက ပေါင်ပေါ်မှာ မဲချတတ်ကြတယ်။+
မဲချပြီးရလာတဲ့ ဆုံးဖြတ်ချက်တော့ ယေဟောဝါဆီကပဲ။+
၁၇ ငြင်းခုံရန်တွေ့နေတဲ့အိမ်မှာ စားကောင်းသောက်ဖွယ် အလျှံပယ် စားရတာထက်+
ငြိမ်သက်အေးချမ်းတဲ့နေရာမှာ မုန့်ခြောက်တစ်ဖဲ့ စားရတာ ပိုကောင်းတယ်။+
၂ ထိုးထွင်းဉာဏ်ရှိတဲ့ကျွန်ဟာ အရှက်မရှိ ပြုမူတဲ့သားကို ပြန်အုပ်စိုးရလိမ့်မယ်။
သားတစ်ယောက်အဖြစ် အမွေခံရလိမ့်မယ်။
၃ ငွေကိုစစ်တာက အရည်ကျိုသန့်စင် တဲ့အိုး၊ ရွှေကိုစစ်တာက မီးဖို၊+
စိတ်နှလုံးကို စစ်ဆေးသူကတော့ ယေဟောဝါပဲ။+
၄ လူဆိုးက ထိခိုက်စေတဲ့စကားတွေကိုပဲ အာရုံစိုက်တယ်။
လှည့်စားတတ်သူက မလိုတမာစိတ်နဲ့ ပြောတဲ့စကားတွေကိုပဲ နားထောင်တယ်။+
၅ ဆင်းရဲသားကို လှောင်ပြောင်သူဟာ ဖန်ဆင်းရှင်ကို စော်ကားတဲ့သူပဲ။+
သူတစ်ပါးဒုက္ခရောက်တာကို ဝမ်းသာတဲ့သူက ပြစ်ဒဏ်ကနေ လွတ်မှာမဟုတ်ဘူး။+
၆ မြေးတွေဟာ သက်ကြီးရွယ်အိုတွေရဲ့ သရဖူပဲ။
ဖခင်ဟာ သားတွေရဲ့ ဂုဏ်ကျက်သရေပဲ။
၇ မှန်သောစကားဟာ လူမိုက်နဲ့ မအပ်စပ်ဘူး။+
မုသာစကားက အုပ်စိုးရှင်နဲ့ ပိုလို့တောင် မအပ်စပ်ဘူး။+
၈ လက်ဆောင်ဟာ ပိုင်ရှင်အတွက် ကောင်းကျိုးရစေတဲ့ ကျောက်မျက်နဲ့တူတယ်။+
လုပ်ဆောင်သမျှကို အောင်မြင်စေတယ်။+
၉ အမှားကို ခွင့်လွှတ်သူတိုင်းဟာ မေတ္တာရဖို့ ကြိုးစားတဲ့သူပဲ။+
ကိစ္စတစ်ခုကို ခဏခဏ ပြန်ဖော်တဲ့သူကတော့ ရင်းနှီးတဲ့မိတ်ဆွေတွေကို စိမ်းကားစေတယ်။+
၁၀ သိနားလည်နိုင်စွမ်းရှိသူကို တစ်ကြိမ် ပြစ်တင်ဆုံးမတာဟာ+
လူမိုက်ကို အကြိမ်တစ်ရာ ရိုက်နှက်တာထက် ပိုထိရောက်တယ်။+
၁၁ မကောင်းတဲ့လူက ကလန်ကဆန်လုပ်ဖို့ ရှာကြံတတ်တယ်။
သူ့ကိုပြစ်ဒဏ်ပေးဖို့ ရက်စက်တဲ့ စေတမန်ကို စေလွှတ်လိမ့်မယ်။+
၁၂ မိုက်လုံးကြီးသူနဲ့ ထိပ်တိုက်တွေ့ရတာထက်
သားငယ်တွေပျောက်သွားတဲ့ ဝက်ဝံမနဲ့ ပက်ပင်းတိုးတာ ပိုကောင်းတယ်။+
၁၃ အကောင်းကို အဆိုးနဲ့ တုံ့ပြန်မယ်ဆိုရင်
အဆိုးတွေ အိမ်ကနေ ထွက်သွားမှာ မဟုတ်ဘူး။+
၁၄ ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။
ဒါကြောင့် အငြင်းအခုံမဖြစ်ခင် ရှောင်ထွက်သွားပါ။+
၁၅ လူဆိုးကို ပြစ်ဒဏ်မပေးတဲ့သူ၊ ဖြောင့်မတ်သူကို ပြစ်ဒဏ် စီရင်တဲ့သူ+
နှစ်ယောက်စလုံးကို ယေဟောဝါ ရွံမုန်းတယ်။
၁၆ လူမိုက်က ဉာဏ်ပညာဆည်းပူးနိုင်တဲ့ အခွင့်အလမ်းရှိပေမဲ့ ဆည်းပူးချင်စိတ် မရှိဘူးဆိုရင် ဘာအကျိုးထူးမှာလဲ။+
၁၇ မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။+
သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။+
၁၈ ဆင်ခြင်ဉာဏ်မရှိသူဟာ* သူတစ်ပါးအတွက် အာမခံဖို့ သဘောတူပြီး
အပေါင်းအသင်းရှေ့မှာ လက်ဆွဲနှုတ်ဆက်တတ်တယ်။+
၁၉ ရန်တွေ့တာကို သဘောကျတဲ့သူဟာ အပြစ်ကျူးလွန်တာကို သဘောကျတဲ့သူပဲ။+
တံခါးပေါက်ကို မြင့်မြင့်ဆောက်တဲ့သူဟာ ပျက်စီးခြင်းကို ဖိတ်ခေါ်တဲ့သူပဲ။+
၂၀ ကောက်ကျစ်သူဟာ အောင်မြင်မှာ မဟုတ်ဘူး။+
လှည့်စားပြောဆိုတတ်သူဟာ ပျက်စီးရလိမ့်မယ်။
၂၁ သားမိုက်ရဲ့ဖခင်ဟာ စိတ်ဆင်းရဲရလိမ့်မယ်။
ဆင်ခြင်ဉာဏ်မရှိတဲ့ကလေးရဲ့ ဖခင်ကလည်း ပျော်ရမှာ မဟုတ်ဘူး။+
၂၂ ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။+
ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်။+
၂၃ လူဆိုးက တိုးတိုးတိတ်တိတ် လာဘ်စားပြီး
အမှန်တရားကို ကပြောင်းကပြန်ဖြစ်အောင် လုပ်တတ်တယ်။+
၂၄ ပိုင်းခြားသိမြင်တတ်သူရဲ့ ရှေ့တည့်တည့်မှာ ဉာဏ်ပညာရှိနေတယ်။
လူမိုက်ကတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတယ်။+
၂၅ သားမိုက်က ဖခင်ကို စိတ်ဆင်းရဲစေတယ်။
မွေးမိခင်ကို ရင်နာအောင် လုပ်တယ်။+
၂၆ ဖြောင့်မတ်သူကို ပြစ်ဒဏ်ပေးတာ မကောင်းဘူး။
ဂုဏ်အသရေရှိသူတွေကို ရိုက်နှက်တာ မမှန်ဘူး။
၂၇ ဉာဏ်ပညာရှိသူဟာ စကား များများ မပြောဘူး။+
ပိုင်းခြားသိမြင်မှုရှိသူဟာ အေးဆေးတည်ငြိမ်တယ်။+
၂၈ လူမိုက်တောင်မှ နှုတ်ဆိတ်နေရင် ဉာဏ်ပညာရှိသူလို့ အထင်ခံရတတ်တယ်။
နှုတ်ပိတ်နေသူကလည်း ပိုင်းခြားသိမြင်မှုရှိသူလို့ အထင်ခံရတတ်တယ်။
၁၈ တစ်သီးပုဂ္ဂလနေတဲ့သူဟာ အတ္တဆန္ဒနောက်ကိုပဲ လိုက်တတ်တယ်။
လက်တွေ့ကျ ဉာဏ်ပညာမှန်သမျှကို ငြင်းပယ်တတ်တယ်။
၂ လူမိုက်က သိနားလည်နိုင်စွမ်းကို မနှစ်သက်ဘူး။
စိတ်ထဲရှိတာတွေကိုပဲ ဖော်ထုတ်ချင်တယ်။+
၃ လူဆိုးနဲ့ အထင်သေးခံရခြင်းဟာ ဒွန်တွဲနေတယ်။
သိက္ခာကျခြင်းနဲ့ အရှက်ကွဲခြင်းဟာ ဒွန်တွဲနေတယ်။+
၄ လူတစ်ယောက်ပြောတဲ့ စကားဟာ နက်ရှိုင်းတဲ့ရေနဲ့ တူတယ်။+
ဉာဏ်ပညာစမ်းရေတွင်းဟာ တသွင်သွင်စီးဆင်းနေတဲ့ စမ်းရေနဲ့ တူတယ်။
၅ လူဆိုးကို မျက်နှာလိုက်တာ မကောင်းဘူး။+
ဖြောင့်မတ်သူကို တရားမျှတစွာ မစီရင်ပေးတာ မှားတယ်။+
၆ လူမိုက်ပြောတဲ့စကားက ငြင်းခုံရန်တွေ့မှုကိုပဲ ဦးတည်စေတယ်။+
သူ့နှုတ်က သူများရိုက်ချင်စရာဖြစ်အောင်ပဲ ပြောတတ်တယ်။+
၇ လူမိုက်ဟာ နှုတ်ကြောင့်ပဲ ပျက်စီးရတယ်။+
သူ့စကားတွေက သူ့အသက်ကို ထောင်ဖမ်းတတ်တယ်။
၈ အသရေဖျက်သူရဲ့ စကားတွေဟာ အရသာရှိတဲ့အစာနဲ့ တူတယ်။+
လူတွေ အငမ်းမရ မျိုချတတ်ကြတယ်။+
၉ အလုပ်လုပ်ဖို့ ပျင်းတဲ့သူဟာ
ဖျက်လိုဖျက်ဆီး လုပ်တတ်သူနဲ့ ညီအစ်ကိုတော်တယ်။+
၁၀ ယေဟောဝါရဲ့ နာမည်ဟာ ခိုင်ခံ့တဲ့ရဲတိုက်ပဲ။+
ဖြောင့်မတ်သူက ပြေးဝင်ပြီး အကာအကွယ်ယူတယ်။+
၁၁ သူဌေးအတွက် စည်းစိမ်ဟာ ခံတပ်မြို့ပဲ။
အကာအကွယ်ပေးတဲ့ မြို့ရိုးလို့ သူထင်တတ်တယ်။+
၁၂ စိတ်နေမြင့်ခြင်းရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတတ်တယ်။+
နှိမ့်ချမှုရဲ့နောက်မှာတော့ ဂုဏ်ကျက်သရေ လိုက်လာတတ်တယ်။+
၁၃ အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ
မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်။+
၁၄ ရောဂါဖိစီးချိန်မှာ ကြံ့ကြံ့ခံစေတာဟာ စိတ်ဓာတ်ပဲ။+
စိတ်ဓာတ်ကြေမွသွားပြီဆိုရင်တော့ ဘယ်သူမှ ခံရပ်နိုင်မှာ မဟုတ်ဘူး။+
၁၅ သိနားလည်နိုင်စွမ်းရှိသူဟာ အသိပညာကို ဆည်းပူးချင်စိတ် ရှိတယ်။+
ဉာဏ်ပညာရှိသူကလည်း အသိပညာရဖို့ နားစွင့်ထားတတ်တယ်။
၁၆ လက်ဆောင်ပေးရင် ကိုယ့်အတွက် လမ်းပွင့်သွားတယ်။+
လူကြီးလူကောင်းတွေဆီ ဝင်ခွင့်ရစေတယ်။
၁၇ အမှုကို ဦးဆုံးထွက်ဆိုသူက မှန်တယ်လို့ ထင်ရပေမဲ့+
တစ်ဖက်လူ ရောက်လာပြီး ပြန်လှန်စစ်မေးချိန်မှာတော့ အဖြစ်မှန် ပေါ်လာတတ်တယ်။+
၁၈ မဲချတာက ငြင်းခုံမှုတွေကို အဆုံးသတ်ပေးတယ်။+
အကြီးအကျယ် သဘောထားကွဲနေသူနှစ်ဦးအတွက် ဆုံးဖြတ်ပေးတယ်။
၁၉ ခံတပ်မြို့ဟာ တော်ရုံ အညံ့မခံဘူး။ စိတ်နာသွားတဲ့ ညီအစ်ကိုဆိုရင် ပိုလို့တောင် အလျှော့ပေးမှာ မဟုတ်ဘူး။+
ခံတပ်ရဲ့ ကန့်လန့်ကျင်တွေနဲ့တူတဲ့ အငြင်းအခုံတွေ ရှိနေဦးမှာပဲ။+
၂၀ ပြောလိုက်တဲ့စကားတွေဟာ ဝမ်းထဲဝင်သွားတဲ့အစာနဲ့ တူတယ်။+
ပြောလိုက်တဲ့စကားတွေရဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်။
၂၁ လျှာဟာ သေစေနိုင်စွမ်း၊ အသက်ရှင်စေနိုင်စွမ်း ရှိတယ်။+
လျှာကိုသုံးချင်တဲ့သူဟာ အကျိုးဆက်ကို ခံစားရလိမ့်မယ်။+
၂၂ ဇနီးကောင်းကိုရတဲ့သူဟာ ကောင်းတဲ့အရာကို ရတဲ့သူပဲ။+
ယေဟောဝါရဲ့မျက်နှာသာကို ရတဲ့သူပဲ။+
၂၃ ဆင်းရဲသားက အသနားခံပေမဲ့
သူဌေးက ကြမ်းကြမ်းတမ်းတမ်း ပြန်ပြောတယ်။
၂၄ အချင်းချင်းကို နင်းခြေဖို့ အသင့် ဖြစ်နေတဲ့ အပေါင်းအသင်းတွေ ရှိတယ်။+
ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။+
၂ အသိပညာမရှိတာ မကောင်းဘူး။+
အလျင်စလိုလုပ်ရင် အပြစ်လုပ်မိတတ်တယ်။
၃ လူတွေက ကိုယ်တိုင်ရဲ့ မိုက်မဲမှုကြောင့် လမ်းလွဲသွားတဲ့အခါ
ယေဟောဝါကို စိတ်ဆိုးတတ်ကြတယ်။
၄ စည်းစိမ်ဟာ မိတ်ဆွေ ပေါများစေတယ်။
ဆင်းရဲသားကိုတော့ မိတ်ဆွေရင်းကတောင် စွန့်ခွာသွားလိမ့်မယ်။+
၅ မမှန်တဲ့သက်သေဟာ ပြစ်ဒဏ်လွတ်မှာ မဟုတ်ဘူး။+
အလိမ်အညာချည်းပဲ ပြောတဲ့သူဟာ လွတ်မြောက်မှာ မဟုတ်ဘူး။+
၆ ဂုဏ်အသရေရှိသူရဲ့ မျက်နှာသာရဖို့ ကြိုးစားသူတွေ အများကြီးရှိတယ်။
လက်ဆောင်ပေးသူကို လူတိုင်း ခင်မင်ကြတယ်။
၇ ဆင်းရဲတဲ့သူကို ညီရင်းအစ်ကိုတွေ မုန်းကြတယ်။+
မိတ်ဆွေတွေဆို ပိုလို့တောင် ဝေးဝေးရှောင်ကြတယ်။+
သူက လိုက်ပြီးမေတ္တာရပ်ခံပေမဲ့ တစ်ယောက်မှ မတုံ့ပြန်ကြဘူး။
၈ ဆင်ခြင်ဉာဏ်ကို ရယူတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။+
ပိုင်းခြားသိမြင်မှုကို တန်ဖိုးထားတဲ့သူဟာ အောင်မြင်လိမ့်မယ်။+
၉ မမှန်တဲ့သက်သေဟာ ပြစ်ဒဏ်လွတ်မှာ မဟုတ်ဘူး။
အလိမ်အညာချည်းပဲ ပြောတဲ့သူဟာ ပျက်စီးတတ်တယ်။+
၁၀ လူမိုက်ဟာ ဇိမ်ကျကျနေဖို့ မသင့်တော်ဘူး။
ကျွန်က မင်းညီမင်းသားတွေကို အုပ်စိုးဖို့ဆိုတာ ပိုလို့တောင် မသင့်တော်ဘူး။+
၁၁ ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။+
အမှားကို ဗွေမယူတာဟာ သူ့ရဲ့အလှပဲ။+
၁၂ ရှင်ဘုရင် ဒေါသထွက်တာဟာ ခြင်္သေ့မာန်ဖီတာနဲ့ တူတယ်။+
ရှင်ဘုရင်ရဲ့ မျက်နှာသာဟာ အပင်တွေပေါ်ကျတဲ့ ဆီးနှင်းနဲ့တူတယ်။
၁၃ သားမိုက်က ဖခင်ကို ဒုက္ခရောက်စေတယ်။+
ရန်တွေ့တတ်တဲ့* ဇနီးဟာ မိုးတစက်စက်ယိုနေတဲ့ အိမ်ခေါင်မိုးနဲ့ တူတယ်။+
၁၄ အိမ်နဲ့စည်းစိမ်ဟာ ဖခင်ဆီကရတဲ့အမွေပဲ။
သတိပညာရှိတဲ့ ဇနီးကတော့ ယေဟောဝါဆီကရတဲ့ အမွေပဲ။+
၁၅ ပျင်းရိခြင်းက အိပ်မောကျစေတယ်။
လေးလံထိုင်းမှိုင်းသူက ဆာလောင်ရလိမ့်မယ်။+
၁၆ ပညတ်ချက်ကို စောင့်ထိန်းသူဟာ အသက်ကို စောင့်ထိန်းသူပဲ။+
မှန်တဲ့လမ်းစဉ်ကို အလေးမထားသူဟာ သေဆုံးရလိမ့်မယ်။+
၁၇ နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။+
သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်။+
၁၈ မျှော်လင့်ချက်ရှိနေတုန်းမှာ သားကို ဆုံးမပါ။+
ကိုယ့်ကြောင့် သူသေရတာမျိုး မဖြစ်ပါစေနဲ့။+
၁၉ ဒေါသကြီးသူဟာ ပြစ်ဒဏ်ခံပါစေ။
သူ့ကို တစ်ခါသက်ညှာမိရင် ခဏခဏ သက်ညှာနေရလိမ့်မယ်။+
၂၀ အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။+
ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာရှိလာမယ်။+
၂၁ လူက စိတ်ထဲမှာ အစီအစဉ်တွေ အများကြီးဆွဲထားပေမဲ့
ယေဟောဝါရဲ့ ရည်ရွယ်ချက်ကပဲ အောင်မြင်မယ်။+
၂၂ လူတစ်ယောက်မှာ နှစ်သက်စရာကောင်းတာဟာ သူ့ရဲ့ ခိုင်မြဲတဲ့မေတ္တာပဲ။+
လူလိမ်ဖြစ်ရတာထက် ဆင်းရဲသားဖြစ်ရတာ ပိုကောင်းတယ်။
၂၃ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ အသက်ရစေတယ်။+
အဲဒီလိုကြောက်ရွံ့တဲ့သူဟာ စိတ်အေးလက်အေး နားနေရပြီး အန္တရာယ် ကင်းဝေးနေလိမ့်မယ်။+
၂၄ လူပျင်းက ပန်းကန်လုံးထဲ လက်နှိုက်ပေမဲ့
ပြန်ထုတ်ပြီး ပါးစပ်ထဲထည့်ဖို့ ပျင်းနေတယ်။+
၂၅ လှောင်ပြောင်တတ်သူကို ရိုက်နှက်ပါ။+ အတွေ့အကြုံမရှိသူက အမြော်အမြင် ရှိလာမယ်။+
သိနားလည်မှုရှိသူကို ပဲ့ပြင်ပါ။ သူ အသိပညာ တိုးလာမယ်။+
၂၆ ဖခင်ကိုနှိပ်စက်ပြီး မိခင်ကို မောင်းထုတ်တဲ့သားဟာ
အရှက်ခွဲတဲ့သား၊ ရှုတ်ချခံရအောင်လုပ်တဲ့ သားပဲ။+
၂၇ ငါ့သား၊ ဆုံးမစကားကို နားမထောင်တော့ဘူးဆိုရင်
ပညာရှိစကားတွေကနေ သွေဖည်သွားလိမ့်မယ်။
၂၈ အချည်းနှီးဖြစ်တဲ့ သက်သေက တရားမျှတမှုကို မထီမဲ့မြင်လုပ်တယ်။+
လူဆိုးက ယုတ်မာမှုကို အငမ်းမရ မျိုချတတ်တယ်။+
၂၉ လှောင်ပြောင်တတ်သူအတွက် တရားစီရင်ချက်က အသင့်ပဲ။+
လူမိုက်ရဲ့ကျောပြင်အတွက် ရိုက်နှက်ခြင်းက အသင့်ပဲ။+
၂၀ စပျစ်ဝိုင်ဟာ လှောင်ပြောင်စရာ ဖြစ်စေတယ်။+ အရက်ကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်စေတယ်။+
အဲဒါတွေကြောင့် လမ်းလွဲသွားသူဟာ ဉာဏ်ပညာမဲ့တယ်။+
၂ ခြင်္သေ့မာန်ဖီရင် ကြောက်ရသလို ရှင်ဘုရင်ရဲ့ အရှိန်အဝါကို ကြောက်ရတယ်။+
ရှင်ဘုရင်ရဲ့ အမျက်ကို ဆွတဲ့သူဟာ ကိုယ့်သေတွင်းကိုယ် တူးတဲ့သူပဲ။+
၃ အငြင်းပွားမှုကို ရှောင်တဲ့သူက ဂုဏ်အသရေရှိတယ်။+
လူမိုက်တွေကတော့ အငြင်းပွားမှုမှာ ဝင်ပါတတ်တယ်။+
၄ လူပျင်းက ဆောင်းရာသီမှာ လယ်မထွန်ဘူး။
ဒါကြောင့် ရိတ်သိမ်းချိန် ရောက်တဲ့အခါ ဘာမှမရှိတဲ့အတွက် တောင်းစားရလိမ့်မယ်။*+
၅ စိတ်ထဲက အတွေးတွေဟာ နက်ရှိုင်းတဲ့ရေနဲ့ တူတယ်။
ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူကတော့ ခပ်ယူတတ်တယ်။
၆ ငါဟာ ခိုင်မြဲတဲ့မေတ္တာရှိသူပါလို့ ပြောတဲ့သူတွေ များပါရဲ့။
တကယ်သစ္စာရှိသူကတော့ ရှားပါးလိုက်တာ။
၇ ဖြောင့်မတ်သူက သမာဓိရှိရှိ လျှောက်လှမ်းတယ်။+
သူ့သားသမီးတွေ ပျော်ရွှင်ချမ်းမြေ့တယ်။+
၉ “ငါ့စိတ်ကို စင်ကြယ်သွားအောင် ဆေးကြောလိုက်ပြီ။+
အပြစ်တွေ မရှိတော့ဘူး” လို့ ဘယ်သူပြောနိုင်သလဲ။+
၁၁ ကလေးတစ်ယောက်ကိုတောင် အမူအကျင့်တွေ ဖြူစင်မှု၊ မှန်ကန်မှု ရှိမရှိ
သူ့လုပ်ရပ်ကိုကြည့်ပြီး သိနိုင်တယ်။+
၁၂ ကြားတတ်တဲ့နား၊ မြင်တတ်တဲ့မျက်စိ
နှစ်မျိုးစလုံးကို ယေဟောဝါ ဖန်ဆင်းတယ်။+
၁၃ အအိပ်မမက်နဲ့။ အအိပ်မက်ရင် ဆင်းရဲသွားလိမ့်မယ်။+
မျက်စိကို ဖွင့်ထားပါ။ ဒါဆိုရင် ဝဝလင်လင် စားရလိမ့်မယ်။+
၁၄ ဝယ်တဲ့သူက “မကောင်းဘူး၊ မကောင်းဘူး” လို့ပြောတတ်တယ်။
ဝယ်ပြီးမှ စျေးပေါပေါနဲ့ ရခဲ့တဲ့အကြောင်း ကြွားတတ်တယ်။+
၁၅ ရွှေတွေရော၊ များပြားလှတဲ့ သန္တာကျောက်တွေရော အဖိုးတန်လှပေမဲ့
အသိပညာဝေမျှတဲ့ နှုတ်ဟာ ပိုအဖိုးတန်တယ်။+
၁၆ သူစိမ်းအတွက် အာမခံပေးသူရဲ့အဝတ်ကို ယူလိုက်ပါ။+
တိုင်းတစ်ပါးသူအတွက် အာမခံပေးသူဆီကနေ အပေါင်ပစ္စည်းကို သိမ်းလိုက်ပါ။+
၁၇ မသမာနည်းနဲ့ရတဲ့ အစားအစာဟာ အရသာရှိပေမဲ့
နောက်တော့မှ ကျောက်စရစ်ခဲတွေ ဝါးရသလို ဖြစ်နေလိမ့်မယ်။+
၁၈ တိုင်ပင်ဆွေးနွေးရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။+
ကျွမ်းကျင်သူ လမ်းညွှန်ပေးတဲ့အတိုင်း စစ်ပွဲကို ဆင်နွှဲပါ။+
၁၉ အသရေဖျက်သူက အတွင်းရေးကို ပေါက်ကြားစေတယ်။+
အတင်းအဖျင်းပြောရတာ ကြိုက်တဲ့သူကို အပေါင်းအသင်းမလုပ်နဲ့။
၂၀ မိဘကိုကျိန်ဆဲသူရဲ့ မီးခွက်ဟာ
မှောင်လာတဲ့အခါ ငြိမ်းသွားလိမ့်မယ်။+
၂၁ အစပိုင်းမှာ လောဘကြောင့်ရတဲ့ အမွေဟာ
နောက်ပိုင်းမှာ ကောင်းချီးဖြစ်မှာ မဟုတ်ဘူး။+
၂၂ “အဆိုးကို အဆိုးနဲ့ တုံ့ပြန်မယ်” လို့မပြောနဲ့။+
ယေဟောဝါကို မျှော်လင့်ပါ။+ မင်းကို ကယ်တင်လိမ့်မယ်။+
၂၃ ယေဟောဝါက မမှန်တဲ့အလေးတွေကို ရွံရှာတယ်။
လှည့်စားတဲ့ချိန်ခွင်တွေဟာ မကောင်းဘူး။
၂၄ လူတွေရဲ့ခြေလှမ်းကို ယေဟောဝါ လမ်းညွှန်ပေးတယ်။+
လူတွေက ကိုယ့်လမ်းစဉ်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။
၂၅ “ဘုရားကို ဆက်ကပ်လိုက်ပြီ” လို့ အလျင်စလို သစ္စာကတိပြုပြီး
နောက်ပိုင်းမှ အဲဒီသစ္စာကတိကို ပြန်ချိန်ဆနေတာဟာ ကျော့ကွင်းပဲ။+
၂၇ လူတစ်ယောက် ရှူထုတ်လိုက်တဲ့လေဟာ
အတွင်းစိတ်ကို အသေအချာစစ်ဆေးတဲ့ ယေဟောဝါရဲ့ မီးခွက်ပဲ။
၂၈ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားဟာ ရှင်ဘုရင်ကို ကာကွယ်စောင့်ရှောက်တယ်။+
သူက ရာဇပလ္လင်ကို ခိုင်မြဲတဲ့မေတ္တာနဲ့ တည်စေတယ်။+
၃၀ ဒဏ်ရာဒဏ်ချက်တွေက ဆိုးညစ်မှုကို ဖယ်ရှားပေးတယ်။+
ရိုက်နှက်တာက အတွင်းစိတ်ကို သန့်စင်ပေးတယ်။
၂၁ ရှင်ဘုရင်ရဲ့ စိတ်နှလုံးဟာ ယေဟောဝါရဲ့ လက်ထဲမှာရှိတဲ့ မြစ်ချောင်းတွေနဲ့ တူတယ်။+
ဘုရားက အလိုရှိတဲ့ဘက်ကို စီးဆင်းစေတယ်။+
၃ ပူဇော်သက္ကာ ဆက်သတာထက် ဖြောင့်မတ်မှန်ကန်ရာ လုပ်တာကို
ယေဟောဝါ ပိုနှစ်သက်တယ်။+
၄ မောက်မာတဲ့မျက်လုံးနဲ့ ထောင်လွှားတဲ့စိတ်ဟာ
လူဆိုးကိုလမ်းပြတဲ့ မီးခွက်ဖြစ်လို့ အပြစ်ကျူးလွန်စေတယ်။+
၅ ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။+
အလျင်စလိုလုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။+
၆ လိမ်ပြောပြီးရတဲ့ ပစ္စည်းဥစ္စာဟာ
ပျောက်လွင့်တတ်တဲ့မြူခိုး၊ သေစေနိုင်တဲ့ကျော့ကွင်းနဲ့ တူတယ်။+
၇ လူဆိုးတွေက တရားမျှတစွာ မလုပ်ဆောင်တဲ့အတွက်
အကြမ်းဖက်မှုက သူတို့ကို ဖယ်ရှားလိမ့်မယ်။+
၈ အပြစ်ရှိသူရဲ့လမ်းစဉ်ဟာ ကွေ့ကောက်တယ်။
အပြစ်မဲ့သူရဲ့ လုပ်ရပ်ကတော့ ဖြောင့်မှန်တယ်။+
၁၀ လူဆိုးက မကောင်းတာကိုပဲ တောင့်တတယ်။+
သူတစ်ပါးကိုလည်း မျက်နှာသာမပေးဘူး။+
၁၁ လှောင်ပြောင်တတ်သူ ပြစ်ဒဏ်ခံရတဲ့အခါ အတွေ့အကြုံမရှိသူက ဉာဏ်ပညာ ရှိလာလိမ့်မယ်။
ဉာဏ်ပညာရှိသူဟာ ထိုးထွင်းဉာဏ်ရလာတဲ့အခါ အသိပညာ တိုးလာလိမ့်မယ်။+
၁၂ ဖြောင့်မတ်တဲ့အရှင်က လူဆိုးရဲ့ အိမ်သူအိမ်သားတွေကို အကဲခတ်ကြည့်ရှုနေတယ်။
လူဆိုးတွေကို ဖျက်ဆီးပစ်တယ်။+
၁၃ ဆင်းရဲသားရဲ့ အော်ဟစ်သံကို မကြားချင်လို့ နားပိတ်ထားသူက
ကိုယ်တိုင်အော်ဟစ်တဲ့အခါ ဘယ်သူမှ တုံ့ပြန်မှာ မဟုတ်ဘူး။+
၁၄ တိုးတိုးတိတ်တိတ်ပေးတဲ့ လက်ဆောင်ဟာ ဒေါသကို ပြေစေတယ်။+
တိုးတိုးတိတ်တိတ် လာဘ်ထိုးတာကလည်း ပြင်းထန်တဲ့ဒေါသကို ပြေစေတယ်။
၁၅ တရားမျှတစွာ လုပ်ဆောင်ရတာဟာ ဖြောင့်မတ်သူအတွက် ရွှင်လန်းစရာပဲ။+
ဆိုးညစ်စွာ ပြုကျင့်သူတွေအတွက်တော့ ထိတ်လန့်စရာပဲ။
၁၆ ထိုးထွင်းဉာဏ်ကို မသုံးတော့တဲ့သူဟာ
အစွမ်းမရှိတော့တဲ့ လူသေတွေအလယ်မှာ အနားယူရလိမ့်မယ်။+
၁၇ အပျော်အပါးမက်သူဟာ ဆင်းရဲ ရလိမ့်မယ်။+
စပျစ်ဝိုင်နဲ့ဆီကို ကြိုက်တဲ့သူက ချမ်းသာမှာ မဟုတ်ဘူး။
၁၈ လူဆိုးဟာ ဖြောင့်မတ်သူကို ကယ်မယ့် ရွေးဖိုးပဲ။
စိတ်ရိုးဖြောင့်သူတွေအစား သစ္စာဖောက်သူတွေကို ခေါ်သွားလိမ့်မယ်။+
၁၉ ရန်တွေ့တတ်တဲ့၊* စိတ်ဆတ်တဲ့ဇနီးနဲ့ နေရတာထက်
တောကန္တာရမှာနေရတာ ပိုကောင်းတယ်။+
၂၀ ဉာဏ်ပညာရှိသူရဲ့အိမ်မှာ တန်ဖိုးကြီးစည်းစိမ်တွေ၊ ဆီတွေ ရှိတယ်။+
လူမိုက်ကတော့ ရှိတာလေးကိုတောင် ဖြုန်းတီးလိမ့်မယ်။+
၂၁ ဖြောင့်မတ်ခြင်းနဲ့ ခိုင်မြဲတဲ့မေတ္တာကို လိုက်စားတဲ့သူက
အသက်၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်ကျက်သရေကို ရလိမ့်မယ်။+
၂၂ ဉာဏ်ပညာရှိသူက ခွန်အားကြီးသူတွေရဲ့ မြို့ရိုးကို တက်နိုင်တယ်။
သူတို့ယုံကြည်ကိုးစားတဲ့ အစွမ်းခွန်အားကိုလည်း ပျက်စီးစေနိုင်တယ်။+
၂၃ နှုတ်လျှာစောင့်စည်းသူဟာ
ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်အောင် ကာကွယ်တဲ့သူပဲ။+
၂၄ တဇောက်ကန်းနိုင်ပြီး ရောင့်တက်စွာလုပ်တဲ့သူကို
ရောင့်တက်ထောင်လွှားတဲ့ လူကြွားလို့ ခေါ်ကြတယ်။+
၂၅ လူပျင်းဟာ အလုပ်မလုပ်ချင်တဲ့အတွက်
သူတောင့်တတဲ့အရာတွေက သူ့ကို သေတွင်းထဲပို့လိမ့်မယ်။+
၂၆ သူက တစ်နေ့လုံး လောဘတကြီး တောင့်တနေတယ်။
ဖြောင့်မတ်သူကတော့ ဘာကိုမှ မတွန့်တိုဘဲ ပေးကမ်းတတ်တယ်။+
၂၇ လူဆိုးဆက်သတဲ့ ပူဇော်သက္ကာဟာ ရွံစရာကောင်းတယ်။+ ယုတ်မာတဲ့စိတ်နဲ့ သူဆက်သရင်တော့ ပိုလို့
တောင် ရွံစရာကောင်းတယ်။
၂၈ လိမ်ညာတဲ့သက်သေဟာ ပျက်စီးရလိမ့်မယ်။+
အသေအချာ နားထောင်သူကတော့ သက်သေထွက်ဆိုတဲ့အခါ အောင်မြင်လိမ့်မယ်။
၂၉ လူဆိုးက ရဲတင်းတဲ့မျက်နှာထား ရှိတယ်။+
စိတ်ရိုးဖြောင့်သူရဲ့ လမ်းစဉ်ကတော့ လုံခြုံစိတ်ချရတယ်။+
၃၀ ယေဟောဝါကို ဆန့်ကျင်တဲ့ဘက်မှာ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်မှု၊ အကြံဉာဏ် တစ်ခုမှ မရှိဘူး။+
၃၁ တိုက်ပွဲဝင်မယ့်နေ့အတွက် မြင်းတွေကို အသင့်ပြင်ထားပေမဲ့+
ကယ်တင်ခြင်းကျေးဇူးကိုတော့ ယေဟောဝါပဲ ပေးနိုင်တယ်။+
၂၂ ချမ်းသာကြွယ်ဝဖို့ထက် နာမည်ကောင်းရဖို့ ရွေးချယ်သင့်တယ်။+
ရွှေငွေတွေရတာထက် ရိုသေလေးစားခံရတာ ပိုကောင်းတယ်။
၂ သူဌေးနဲ့ ဆင်းရဲသားမှာ တူညီချက်ကတော့
နှစ်ယောက်စလုံးကို ယေဟောဝါ ဖန်ဆင်းတယ်ဆိုတဲ့ အချက်ပဲ။+
၃ အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။
အတွေ့အကြုံမရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။
၄ နှိမ့်ချမယ်၊ ယေဟောဝါကို ကြောက်ရွံ့ရိုသေမယ်ဆိုရင်
စည်းစိမ်၊ ဂုဏ်ကျက်သရေ၊ အသက်ဆိုတဲ့ အကျိုးကျေးဇူးတွေ ရလိမ့်မယ်။+
၅ ကောက်ကျစ်သူရဲ့ လမ်းမှာ ဆူးငြောင့်ခလုတ်တွေ၊ ထောင်ချောက်တွေ ရှိနေတယ်။
ကိုယ့်အသက်ကို တန်ဖိုးထားသူကတော့ အဲဒါတွေကို ဝေးဝေးရှောင်တတ်တယ်။+
၆ ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။+
အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။+
၇ သူဌေးဟာ ဆင်းရဲသားကို အုပ်စိုးရတယ်။
ချေးငှားယူသူဟာ ချေးငှားပေးသူရဲ့ ကျွန်ပဲ။+
၈ မဖြောင့်မတ်မှုမျိုးစေ့ကို ကြဲတဲ့သူဟာ ဘေးဒုက္ခကိုပဲ ရိတ်သိမ်းရလိမ့်မယ်။+
သူ့ရဲ့ဒေါသကြိမ်လုံး ကျိုးသွားလိမ့်မယ်။+
၉ ရက်ရောတဲ့သူဟာ ဆင်းရဲသားကို စားစရာ မျှဝေပေးတဲ့အတွက်
ကောင်းချီးခံစားရလိမ့်မယ်။+
၁၀ အထင်သေးတတ်သူကို မောင်းထုတ်လိုက်ပါ။
အငြင်းပွားမှုတွေ ပျောက်သွားလိမ့်မယ်။
ငြင်းခုံမှုတွေ၊ စော်ကားမှုတွေလည်း ရပ်စဲသွားလိမ့်မယ်။
၁၁ ဖြူစင်တဲ့စိတ်ကို နှစ်သက်သူ၊ အပြောအဆို ရည်မွန်သူဟာ
ရှင်ဘုရင်နဲ့ မိတ်ဆွေဖွဲ့ရလိမ့်မယ်။+
၁၂ ယေဟောဝါက အသိပညာရှိသူကို ကြည့်ရှုစောင့်ရှောက်ပေးတယ်။
သစ္စာဖောက်သူရဲ့ စကားတွေကိုတော့ ပယ်ချတယ်။+
၁၃ လူပျင်းက “အပြင်မှာ ခြင်္သေ့ရှိတယ်။
လူထုရင်ပြင်မှာ ငါ့ကို ကိုက်သတ်လိမ့်မယ်” လို့ပြောတတ်တယ်။+
၁၄ ထင်ရာစိုင်းတဲ့* မိန်းမရဲ့ နှုတ်ခမ်းဟာ နက်ရှိုင်းတဲ့တွင်းပဲ။+
ယေဟောဝါ ပြစ်ဒဏ်စီရင်တဲ့သူက အဲဒီတွင်းထဲ ကျလိမ့်မယ်။
၁၅ ကလေးရဲ့စိတ်ထဲမှာ မိုက်မဲမှုဟာ အမြစ်တွယ်နေတယ်။+
ကြိမ်လုံးသုံးပြီး ဆုံးမရင်တော့ အဲဒီမိုက်မဲမှုကို ဖယ်ရှားနိုင်လိမ့်မယ်။+
၁၆ စည်းစိမ်တိုးလာဖို့ နွမ်းပါးသူကို ဖြတ်စားလျှပ်စား လုပ်တဲ့သူ၊+
သူဌေးကို လက်ဆောင်ပေးတဲ့သူဟာ
ဆင်းရဲမွဲတေသွားလိမ့်မယ်။
၁၇ ဉာဏ်ပညာရှိသူပြောတဲ့ စကားတွေကို နားစွင့်ပြီး အသေအချာ နားထောင်ပါ။+
ဒါမှ ငါသင်ပေးတာကို သိနားလည်လာလိမ့်မယ်။+
၁၈ အဲဒီစကားတွေကို စိတ်စွဲမှတ်ထားတာ ကောင်းတယ်။+
ဒါမှ အဲဒီအကြောင်းတွေကို အမြဲပြောဆိုနိုင်လိမ့်မယ်။+
၁၉ ယေဟောဝါကို မင်းယုံကြည်အားထားနိုင်ဖို့
အကြောင်းအရာ အတော်များများ အခု ငါရှင်းပြလိုက်ပြီ။
၂၀ အကြံဉာဏ်တွေ၊ သွန်သင်ချက်တွေအကြောင်းကိုတော့
မင်းဆီ ရေးသားခဲ့ပြီးပြီ။
၂၁ ဒီလိုရေးရတာက စစ်မှန်ပြီး စိတ်ချရတဲ့စကားတွေကို သင်ကြားပေးဖို့ပဲ။
ဒါမှ မင်းက စေလွှတ်လိုက်တဲ့လူဆီ ပြန်သွားပြီး တိကျမှန်ကန်တဲ့ သတင်းကို ပေးနိုင်မှာ။
၂၂ ဆင်းရဲသားကို ဆင်းရဲလို့ဆိုပြီး မလုယက်နဲ့။+
နိမ့်ကျတဲ့သူကို မြို့တံခါးမှာ မဖိနှိပ်နဲ့။+
၂၃ ယေဟောဝါကိုယ်တိုင် သူတို့ရဲ့အမှုကို လျှောက်လဲပေးပြီး+
ဖြတ်စားလျှပ်စား လုပ်သူတွေရဲ့ အသက်ကို နုတ်ယူမှာ ဖြစ်လို့ပဲ။
၂၄ ဒေါသကြီးသူကို မပေါင်းနဲ့။
ဒေါသထွက်လွယ်သူကို မပတ်သက်နဲ့။
၂၅ ပတ်သက်ရင် သူတို့ရဲ့လမ်းစဉ်တွေကို လိုက်မိပြီး
ကျော့ကွင်းမိသွားလိမ့်မယ်။+
၂၆ အာမခံပေးတဲ့အနေနဲ့ လက်ဆွဲနှုတ်ဆက်သူ၊
ချေးငှားပေးဖို့ အာမခံပေးသူတွေထဲမှာ မင်း မပါစေနဲ့။+
၂၇ မင်းမှာ လျော်ပေးစရာ ဘာမှမရှိရင်
မင်းရဲ့အိပ်ရာကို သိမ်းယူသွားလိမ့်မယ်။
၂၈ ရှေးကတည်းက ဘိုးဘေးတွေ ချခဲ့တဲ့
နယ်နိမိတ်မှတ်တိုင်ကို မရွှေ့နဲ့။+
၂၉ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူကို တွေ့ဖူးသလား။
အဲဒီလိုလူဟာ သာမန်လူတွေရှေ့မှာ မဟုတ်ဘဲ
ဘုရင့်ရှေ့တော်မှာ ခစားရလိမ့်မယ်။+
၂၃ ဘုရင်နဲ့အတူထိုင်ပြီး စားသောက်တဲ့အခါ
အခြေအနေကို အသေအချာ သုံးသပ်ပါ။
၃ သူ့ရဲ့ စားကောင်းသောက်ဖွယ်တွေကို မမက်မောနဲ့။
အဲဒီအစာတွေကြောင့် လှည့်စားခံနေရဦးမယ်။
၄ စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း မကြိုးစားနဲ့။+
ရပ်တန်းကရပ်ပြီး သိနားလည်မှုရှိကြောင်း ပြပါ။
၅ စည်းစိမ်ဥစ္စာတွေဟာ မျက်စိ တစ်မှိတ်အတွင်းမှာ ပျောက်သွားတတ်တယ်။+
လင်းယုန်လို အတောင်တွေပေါက်ပြီး ကောင်းကင်ကို ပျံသွားလိမ့်မယ်။+
၆ ကပ်စေးနှဲသူရဲ့အစာကို မစားပါနဲ့။
သူ့ရဲ့ စားကောင်းသောက်ဖွယ်တွေကို မမက်မောနဲ့။
၇ သူက စာရင်းမှတ်တဲ့လူနဲ့ တူတယ်။
“စားပါ၊ သောက်ပါ” လို့ ပြောနေပေမဲ့ တကယ်ပြောနေတာ မဟုတ်ဘူး။
၈ ကိုယ်စားလိုက်တဲ့အစာတွေကို ပြန်အန်ထုတ်ရလိမ့်မယ်။
ကိုယ်ချီးမွမ်းတာတွေလည်း အလကားဖြစ်လိမ့်မယ်။
၉ လူမိုက်ကို စကားသွားမပြောနဲ့။+
ကိုယ်ရဲ့ဉာဏ်ပညာစကားတွေကို အထင်သေးလိမ့်မယ်။+
၁၀ ရှေးကတည်းကချခဲ့တဲ့ နယ်နိမိတ်မှတ်တိုင်ကို မရွှေ့နဲ့။+
ဖတဆိုးတွေရဲ့ လယ်မြေကို မကျူးကျော်နဲ့။
၁၁ သူတို့ကို ခုခံကာကွယ်ပေးတဲ့ အရှင်ဟာ ခွန်အားကြီးတယ်။
သူတို့ဘက်ကနေ ရပ်တည်ပြီး အမှုကို ကိုင်တွယ်ပေးလိမ့်မယ်။+
၁၂ ဆုံးမစကားကို နှလုံးသွင်းပါ။
ဉာဏ်ပညာစကားတွေကို နားထောင်ပါ။
၁၃ ကလေးကို မဆုံးမဘဲ မနေနဲ့။+
ကြိမ်လုံးနဲ့ရိုက်လို့ သူသေမှာ မဟုတ်ဘူး။
၁၄ သူ့ကို သင်္ချိုင်းကနေ ကယ်တင်နိုင်ဖို့
ကြိမ်လုံးနဲ့ ဆုံးမပါ။
၁၅ ငါ့သား၊ မင်းသာ ဉာဏ်ပညာရှိမယ်ဆိုရင်
ငါသိပ်ဝမ်းသာမှာပဲ။+
၁၆ မင်း မှန်ရာကိုပြောတဲ့အခါ
ငါ့ရင်ထဲ သိပ်ကြည်နူးတာပဲ။
၁၇ အပြစ်လုပ်သူတွေကို မင်းစိတ်ထဲမှာ အားမကျနဲ့။+
ယေဟောဝါကိုသာ အမြဲကြောက်ရွံ့ရိုသေပါ။+
၁၈ ဒါမှ မင်းမှာ အနာဂတ်ရှိမယ်။+
မင်းရဲ့မျှော်လင့်ချက်လည်း ပျက်စီးသွားမှာ မဟုတ်ဘူး။
၁၉ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ဉာဏ်ပညာရှိပါ။
မင်းရဲ့စိတ်ကို လမ်းမှန်အတိုင်း လမ်းညွှန်ပေးပါ။
၂၁ အရက်သမားတွေ၊ စားကြူးသူတွေဟာ ဆင်းရဲသွားလိမ့်မယ်။+
ငိုက်မျဉ်းနေသူတွေဟာ အဝတ်စုတ်ပဲ ဝတ်ရလိမ့်မယ်။
၂၂ မင်းကိုမွေးဖွားစေတဲ့ ဖခင်ရဲ့စကားကို နားထောင်ပါ။
မိခင်ကို အသက်ကြီးသွားလို့ဆိုပြီး မထီလေးစား မလုပ်နဲ့။+
၂၃ အမှန်တရားကို ဝယ်ပါ။ ဘယ်တော့မှ မရောင်းနဲ့။+
ဉာဏ်ပညာ၊ ဆုံးမမှု၊ သိနားလည်မှုကိုလည်း ဝယ်ပါ။ မရောင်းနဲ့။+
၂၄ ဖြောင့်မတ်သူရဲ့ဖခင်ဟာ တကယ်ရွှင်လန်းရလိမ့်မယ်။
ဉာဏ်ပညာရှိတဲ့သားကြောင့် ဖခင်ဝမ်းမြောက်ရလိမ့်မယ်။
၂၅ မင်းရဲ့မိဘတွေ ဝမ်းသာရလိမ့်မယ်။
မွေးမိခင်လည်း ပျော်ရွှင်ရလိမ့်မယ်။
၂၆ ငါ့သား၊ မင်းရဲ့စိတ်နှလုံးကို ငါ့ဆီ အပ်နှင်းလိုက်ပါ။
ငါ့ရဲ့လမ်းစဉ်တွေကို မင်း နှစ်သက်နိုင်ပါစေ။+
၂၇ ပြည့်တန်ဆာဟာ နက်ရှိုင်းတဲ့တွင်းပဲ။
မိန်းမပျက်ဟာ* ကျဉ်းမြောင်းတဲ့ရေတွင်းပဲ။+
၂၈ သူက ဓားပြလို ချောင်းမြောင်းနေတတ်တယ်။+
သူ့ကြောင့် သစ္စာမဲ့တဲ့ယောက်ျားတွေ တိုးများလာတယ်။
၂၉ ကြေကွဲနေတာ ဘယ်သူလဲ။ စိတ်ဆင်းရဲနေတာ ဘယ်သူလဲ။
ငြင်းခုံရန်တွေ့နေတာ ဘယ်သူလဲ။ မကျေမနပ်ညည်းညူနေတာ ဘယ်သူလဲ။
အလကားနေရင်း ဒဏ်ရာရနေတာ ဘယ်သူလဲ။ မျက်လုံးရီဝေနေတာ ဘယ်သူလဲ။
၃၀ စပျစ်ဝိုင်ကို တမြမြ သောက်နေသူတွေ၊+
ရောစပ်ထားတဲ့စပျစ်ဝိုင်ကို လိုက်ရှာနေသူတွေပဲပေါ့။
၃၁ ခွက်ထဲမှာ အရောင်တောက်နေတဲ့၊ လည်ချောင်းထဲ လျှောဆင်းသွားတတ်တဲ့
အနီရောင်စပျစ်ဝိုင်ကို မကြည့်နဲ့။
၃၂ နောက်ပိုင်းမှာ စပျစ်ဝိုင်ဟာ မြွေလို ပေါက်တတ်တယ်။
မြွေပွေးလို အဆိပ်တွေ ထုတ်တတ်တယ်။
၃၃ မင်းက ထူးထူးဆန်းဆန်းတွေ မြင်လိမ့်မယ်။
မတော်လျော်တဲ့ အတွေးတွေကို ထုတ်ပြောလိမ့်မယ်။+
၃၄ ပင်လယ်ပြင်အလယ်မှာ အိပ်နေသူလို၊
ရွက်တိုင်ထိပ်မှာ အိပ်နေသူလို ဖြစ်လိမ့်မယ်။
၃၅ “သူတို့ ထိုးပေမဲ့ ငါမနာဘူး။
သူတို့ ရိုက်ပေမဲ့ ငါမသိဘူး။
နောက်တစ်ခွက်သောက်ရဖို့
ဘယ်တော့များမှ ငါနိုးလာမှာလဲ” လို့ မင်းပြောလိမ့်မယ်။+
၂၄ လူယုတ်မာတွေကို အားမကျနဲ့။
သူတို့နဲ့ မပေါင်းသင်းချင်ပါနဲ့။+
၂ သူတို့က အကြမ်းဖက်ဖို့ပဲ တွေးတောနေတယ်။
ဒုက္ခပေးဖို့ပဲ ပြောဆိုနေတယ်။
၄ အသိပညာကြောင့် အခန်းတွေဟာ
နှစ်သက်ဖွယ် အဖိုးတန်ဘဏ္ဍာအမျိုးမျိုးနဲ့ ပြည့်နေတယ်။+
၅ ဉာဏ်ပညာရှိသူက အစွမ်းတန်ခိုး ရှိတယ်။+
အဲဒီအစွမ်းတန်ခိုးကို အသိပညာနဲ့ တိုးပွားစေတယ်။
၆ ကျွမ်းကျင်သူ လမ်းညွှန်ပေးတဲ့အတိုင်း စစ်ပွဲကို ဆင်နွှဲရမယ်။+
အကြံပေးသူများရင် အောင်ပွဲဆင်နိုင်တယ်။+
၇ လူမိုက်က စစ်မှန်တဲ့ဉာဏ်ပညာကို လက်လှမ်းမမီနိုင်ဘူး။+
မြို့တံခါးမှာ ထိုင်တဲ့အခါ သူ့မှာ ပြောစရာ ဘာမှမရှိဘူး။
၈ ယုတ်မာဖို့ ကြံစည်သူကို
တစ်ဖက်ကမ်းခပ် အကြံသမားလို့ ခေါ်ကြလိမ့်မယ်။+
၉ မိုက်မဲတဲ့အကြံအစည်တွေက အပြစ်ရှိတယ်။
လှောင်ပြောင်တတ်သူကို လူတွေ ရွံမုန်းတယ်။+
၁၀ ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင်
အားလျော့သွားလိမ့်မယ်။
၁၁ ကွပ်မျက်ဖို့ ခေါ်သွားခံနေရသူတွေကို ကယ်တင်ပါ။
အသတ်ခံဖို့ ဒယီးဒယိုင် သွားနေရသူတွေကို ဆွဲထားပါ။+
၁၂ “ငါတို့မှ မသိလိုက်တာ” လို့ မင်းပြောပေမဲ့
စိတ်နှလုံးကို စစ်ဆေးတဲ့အရှင်က မင်းစိတ်ထဲ ဘာရှိမှန်း မသိဘဲနေပါ့မလား။+
မင်းကို စောင့်ကြည့်နေတဲ့အရှင်က သိနေတယ်။
တစ်ယောက်စီကို သူ့လုပ်ရပ်အတိုင်း ပြန်ဆပ်ပေးလိမ့်မယ်။+
၁၃ ငါ့သား၊ ပျားရည်ဟာ ကောင်းတယ်။ စားပေးပါ။
ပျားရည်စစ်စစ်ဟာ ချိုမြိန်တယ်။
၁၄ ဉာဏ်ပညာကလည်း မင်းအတွက် ကောင်းတယ်ဆိုတာသိထားပါ။+
ဉာဏ်ပညာကို ရှာတွေ့ရင် မင်းမှာ အနာဂတ်ရှိမယ်။
မင်းရဲ့မျှော်လင့်ချက်လည်း ပျက်စီးသွားမှာ မဟုတ်ဘူး။+
၁၅ ဖြောင့်မတ်သူရဲ့အိမ်ကို ယုတ်မာတဲ့စိတ်နဲ့ မချောင်းမြောင်းနဲ့။
သူနားခိုတဲ့နေရာကို မဖျက်ဆီးနဲ့။
၁၆ ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။+
လူဆိုးကတော့ ဘေးဆိုးကြောင့် လုံးဝလဲကျသွားလိမ့်မယ်။+
၁၇ ရန်သူ ကျရှုံးတဲ့အခါ ဝမ်းမသာပါနဲ့။
သူလဲကျတဲ့အခါ စိတ်ထဲမှာ မပျော်ပါနဲ့။+
၁၈ အဲဒီလိုပျော်နေရင် ယေဟောဝါ တွေ့မြင်ပြီး မနှစ်သက်ဘဲ နေလိမ့်မယ်။
ဘုရားက မင်းရဲ့ရန်သူကို အမျက်မထွက်တော့ဘဲ နေလိမ့်မယ်။+
၁၉ လူယုတ်မာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်နဲ့။
လူဆိုးတွေကို အားမကျနဲ့။
၂၀ ယုတ်မာသူတွေမှာ အနာဂတ် မရှိဘူး။+
လူဆိုးတွေရဲ့မီးခွက်လည်း ငြိမ်းသတ်ခံရလိမ့်မယ်။+
၂၁ ငါ့သား၊ ယေဟောဝါကိုရော ဘုရင်ကိုပါ ကြောက်ရွံ့ရိုသေပါ။+
အတိုက်အခံသမားတွေကို အပေါင်းအသင်း မလုပ်နဲ့။+
၂၂ သူတို့ဟာ ရုတ်တရက် ဘေးဆိုးကြုံရလိမ့်မယ်။+
ဘုရားကရော ဘုရင်ကပါ သူတို့ကို ဘယ်လို ဖျက်ဆီးပစ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။+
၂၃ ဉာဏ်ပညာရှိသူတွေပြောတဲ့ စကားကတော့–
တရားစီရင်တဲ့အခါ မျက်နှာလိုက်တာ မကောင်းဘူး။+
၂၄ လူဆိုးကို “ဖြောင့်မတ်တယ်” လို့ ပြောတဲ့သူဟာ လူတွေကျိန်ဆဲတာကို ခံရလိမ့်မယ်။+
လူမျိုးတွေ ကဲ့ရဲ့ရှုတ်ချတာကို ခံရလိမ့်မယ်။
၂၅ လူဆိုးကိုပဲ့ပြင်သူတွေကတော့ ကောင်းစားလိမ့်မယ်။+
သူတို့အပေါ် ကောင်းချီးမင်္ဂလာတွေ သက်ရောက်လိမ့်မယ်။+
၂၆ အရှိကိုအရှိအတိုင်း ပြန်ပြောတဲ့သူကို လူတွေ နမ်းကြလိမ့်မယ်။*+
၂၇ အိမ်ပြင်ပအလုပ်ကို ပြင်ဆင်ပါ။ လယ်မှာလည်း အစစအရာရာ အသင့်ဖြစ်အောင် လုပ်ပါ။
ပြီးမှ အိမ်ကို* ဆောက်ပါ။
၂၈ အကြောင်းမခိုင်လုံဘဲ သူတစ်ပါးကို ဆန့်ကျင်ပြီး သက်သေ မထွက်ဆိုနဲ့။+
တခြားသူတွေကို ကိုယ့်နှုတ်နဲ့ မလှည့်စားနဲ့။+
၂၉ “သူလုပ်ခဲ့သလို ငါပြန်လုပ်မယ်။
သူ့လုပ်ရပ်အတွက် ငါလက်တုံ့ပြန်မယ်” လို့ မပြောနဲ့။+
၃၀ လူပျင်းရဲ့ လယ်နားကနေ၊
ဆင်ခြင်ဉာဏ်မရှိသူရဲ့* စပျစ်ခြံနားကနေ ငါဖြတ်သွားတဲ့အခါ၊+
၃၁ ပေါင်းပင်တွေ တောထနေတာကို ငါတွေ့တယ်။
မြေတစ်ပြင်လုံး ဖက်ယားပင်တွေ ဖုံးလွှမ်းနေတဲ့အပြင်
ကျောက်တံတိုင်းတွေလည်း ပြိုကျနေတယ်။+
၃၂ ဒါကို သတိထားမိတဲ့အခါ ငါနှလုံးသွင်းမိတယ်။
ဒါကိုမြင်ပြီး ရလိုက်တဲ့ သင်ခန်းစာကတော့–
၃၃ တစ်ရေးအိပ်နေတုန်း၊ ခဏလေးငိုက်နေတုန်း၊
လက်ပိုက်ပြီး ခဏတစ်ဖြုတ် နားနေတုန်း၊
၃၄ ဆင်းရဲခြင်းဟာ ဓားပြလို မင်းဆီ ရောက်လာလိမ့်မယ်။
ချို့တဲ့ခြင်းကလည်း လက်နက်ကိုင်စစ်သည်လို ရောက်လာလိမ့်မယ်။+
၂၅ ယုဒဘုရင်ဟေဇကိရဲ့+ လူတွေ ကူးရေးထားတဲ့ ရှောလမုန်ရဲ့ပညာအလိမ္မာစကား တွေကတော့–+
၂ ကိစ္စတစ်ခုကို လျှို့ဝှက်ထားတာဟာ ဘုရားသခင်ရဲ့ ဘုန်းအသရေပဲ။+
ကိစ္စတစ်ခုကို အသေအချာ စစ်ဆေးတာဟာ ဘုရင်တွေရဲ့ ဂုဏ်ကျက်သရေပဲ။
၃ ကောင်းကင်ရဲ့မြင့်မားမှု၊ မြေကြီးရဲ့နက်ရှိုင်းမှုကို နားမလည်နိုင်သလို
ဘုရင်တွေရဲ့စိတ်ကိုလည်း အပြည့်အဝ နားမလည်နိုင်ဘူး။
၄ ငွေထဲက ချော်ကို* ဖယ်ထုတ်လိုက်ပါ။
သန့်စင်တဲ့ငွေကို ရလိမ့်မယ်။+
၅ လူဆိုးကို ဘုရင့်ရှေ့ကနေ ဖယ်ရှားလိုက်ပါ။
ရာဇပလ္လင်ဟာ ဖြောင့်မတ်ခြင်းကြောင့် တည်မြဲလိမ့်မယ်။+
၆ ဘုရင့်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်မတင်နဲ့။+
ထင်ပေါ်ကျော်ကြားသူတွေနဲ့အတူ နေရာမယူနဲ့။+
၇ ဘုရင်က မှူးမတ်တွေရှေ့မှာ မင်းကို အရှက်ခွဲတာထက်
“ဒီကို လာပါ” လို့ပြောတာ ပိုကောင်းတယ်။+
၈ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အလျင်စလို မတိုင်တန်းပါနဲ့။
နောက်မှ မင်းကို သူအရှက်ခွဲရင် ဘယ်လိုလုပ်မလဲ။+
၉ အဲဒီကိစ္စကို သူနဲ့ ဆွေးနွေးပါ။+
ဒါပေမဲ့ မင်းကို တခြားသူပြောပြထားတဲ့ အတွင်းရေးကိုတော့ မပေါက်ကြားစေနဲ့။+
၁၀ ဒါမှ နားထောင်နေတဲ့သူက အရှက်ခွဲမှာမဟုတ်ဘူး။
မင်းကလည်း ပြန်ရုပ်သိမ်းလို့မရနိုင်တဲ့ ကောလာဟလကို ဖြန့်မိမှာ မဟုတ်ဘူး။
၁၁ သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ
ငွေလင်ပန်းထဲက ရွှေပန်းသီးတွေနဲ့ တူတယ်။+
၁၂ ဉာဏ်ပညာရှိရှိ ပဲ့ပြင်တတ်တဲ့သူဟာ လက်ခံနာယူသူအတွက်
ရွှေနားဆွဲ၊ ရွှေစင်လက်ဝတ်တန်ဆာနဲ့ တူတယ်။+
၁၃ သစ္စာရှိတဲ့ စေတမန်ဟာ စေလွှတ်သူအတွက်
ကောက်ရိတ်ချိန်မှာ သောက်ရတဲ့ အေးမြတဲ့နှင်းရည်နဲ့ တူတယ်။
သူ့ကြောင့် သခင် လန်းဆန်းရလို့ပဲ။+
၁၄ လက်ဆောင်ပေးမယ်လို့ လေကြီးမိုးကြီးပြောပေမဲ့ ဘယ်တော့မှ မပေးတဲ့သူဟာ
မိုးရေမပါတဲ့ တိမ်ခိုးတွေ၊ လေတွေနဲ့ တူတယ်။+
၁၅ စိတ်ရှည်မယ်ဆိုရင် တပ်မှူးကိုတောင် စည်းရုံးနိုင်တယ်။
ညင်ညင်သာသာ ပြောတဲ့စကားက အရိုးကိုတောင် ချိုးနိုင်တယ်။+
၁၆ ပျားရည်ကိုတွေ့ရင် လိုသလောက်ပဲ စားပါ။
အလွန်အကျွံစားရင် ပြန်အန်ထုတ်ရလိမ့်မယ်။+
၁၇ သူတစ်ပါးအိမ်ကို ခဏခဏမသွားနဲ့။
မင်းကို စိတ်ကုန်ပြီး မုန်းသွားလိမ့်မယ်။
၁၈ သူတစ်ပါးအကြောင်း မမှန်မကန် သက်သေထွက်ဆိုတဲ့သူဟာ
စစ်တင်းပုတ်၊ ဓား၊ ထက်တဲ့မြားနဲ့ တူတယ်။+
၁၉ ယုံကြည်စိတ်ချလို့ မရတဲ့သူကို* ဒုက္ခရောက်ချိန်မှာ အားကိုးတာဟာ နဲ့နေတဲ့သွားနဲ့ ဝါးစားရသလိုပဲ။
တုန်ယင်နေတဲ့ ခြေထောက်နဲ့ လမ်းလျှောက်ရသလိုပဲ။
၂၀ စိတ်ညှိုးငယ်နေသူကို သီချင်းဆိုပြတာဟာ+
ချမ်းအေးတဲ့နေ့မှာ အဝတ်ချွတ်လိုက်တာနဲ့ တူတယ်။
ဆော်ဒါပေါ် အချဉ်ရည် လောင်းချလိုက်တာနဲ့ တူတယ်။
၂၁ ရန်သူ ဆာလောင်နေရင် စားစရာ ပေးလိုက်ပါ။
ရေငတ်နေရင် ရေတိုက်လိုက်ပါ။+
၂၂ အဲဒီလိုလုပ်ရင် သူ့ခေါင်းပေါ် မီးခဲတွေ ပုံထားရာ ရောက်လိမ့်မယ်။+
မင်းကို ယေဟောဝါ ဆုချလိမ့်မယ်။
၂၃ မြောက်လေက သည်းထန်တဲ့မိုးကို ရွာစေတယ်။
အတင်းအဖျင်းပြောတဲ့လျှာက ဒေါသမျက်နှာကို ဖြစ်ပေါ်စေတယ်။+
၂၅ ရပ်ဝေးကလာတဲ့ သတင်းကောင်းဟာ
ရေငတ်နေသူသောက်ရတဲ့ အေးမြတဲ့ရေနဲ့ တူတယ်။+
၂၆ လူဆိုးကို အလျော့ပေးတဲ့ ဖြောင့်မတ်သူဟာ
နောက်ကျိနေတဲ့ စမ်းရေ၊ ပျက်စီးနေတဲ့ ရေတွင်းနဲ့ တူတယ်။
၂၇ ပျားရည်စားကြူးတာ မကောင်းဘူး။+
ကိုယ့်ဂုဏ်ကိုယ်ဖော်ဖို့ ကြိုးစားရင်လည်း ဂုဏ်ရှိမှာ မဟုတ်ဘူး။+
၂၈ စိတ်မချုပ်တည်းနိုင်သူဟာ
မြို့ရိုးပြိုပျက်ပြီး အကာအရံမဲ့နေတဲ့ မြို့နဲ့ တူတယ်။+
၂၆ နွေရာသီနဲ့ ဆီးနှင်း၊ ရိတ်သိမ်းချိန်နဲ့ ရွာသွန်းတဲ့မိုး မအပ်စပ်သလို
ဂုဏ်သိက္ခာနဲ့ ဉာဏ်တိမ်တဲ့သူ မအပ်စပ်ဘူး။+
၂ ငှက်ဟာ အကြောင်းရင်းမရှိဘဲ မပျံသန်းသလို၊ ပျံလွှားဟာ အကြောင်းရင်းမရှိဘဲ မပျံသလို
ကျိန်ဆဲခြင်းကလည်း အကြောင်းရင်းမရှိဘဲ မရောက်လာဘူး။*
၄ မိုက်မဲသူကို သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်မဖြေနဲ့။
ဖြေရင် သူနဲ့ တစ်တန်းစားတည်း ဖြစ်သွားလိမ့်မယ်။
၅ လူမိုက်ကို သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်ဖြေပါ။
မဖြေရင် သူ့ကိုယ်သူ ပညာရှိတယ်လို့ ထင်သွားလိမ့်မယ်။+
၆ ကိစ္စတစ်ခုကို ဉာဏ်တိမ်တဲ့သူရဲ့လက်ထဲ အပ်လိုက်ရင်
ကိုယ့်ခြေထောက်ကို မသန်စွမ်းအောင်လုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးတာနဲ့ တူတယ်။
၇ ဉာဏ်တိမ်သူပြောတဲ့ စကားပုံဟာ
ခြေမသန်သူရဲ့ ဆွံ့နေတဲ့ခြေထောက်နဲ့ တူတယ်။+
၈ ဉာဏ်တိမ်သူကို ဂုဏ်တင်တာဟာ
လောက်လွှဲထဲမှာ ကျောက်ခဲချည်ထားတာနဲ့ တူတယ်။+
၉ ဉာဏ်တိမ်တဲ့သူပြောတဲ့ စကားပုံဟာ
အရက်သမားလက်ထဲ ရောက်လာတဲ့ ဆူးပင်နဲ့ တူတယ်။
၁၀ ဉာဏ်တိမ်တဲ့သူ ဒါမှမဟုတ် လမ်းသွားလမ်းလာတွေကို အလုပ်ခိုင်းဖို့ ငှားရမ်းတဲ့သူဟာ
တွေ့ကရာလူကို ပစ်ခတ်နေတဲ့ လေးသမားနဲ့ တူတယ်။
၁၁ ခွေးက သူ့အန်ဖတ်ကို ပြန်စားသလို
ဉာဏ်တိမ်တဲ့သူဟာ မိုက်မဲတဲ့အကျင့်ကို ပြန်ကျင့်တတ်တယ်။+
၁၂ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာရှိတယ်လို့ ထင်တဲ့သူကို တွေ့ဖူးသလား။+
သူလိုလူထက် ဉာဏ်တိမ်တဲ့သူက ပိုမျှော်လင့်ချက်ရှိတယ်။
၁၃ လူပျင်းက “လမ်းပေါ်မှာ ခြင်္သေ့ရှိတယ်။
လူထုရင်ပြင်မှာ ခြင်္သေ့ရှိတယ်” လို့ ပြောတတ်တယ်။+
၁၄ တံခါးက ဆုံလည်ပေါ်မှာ လည်နေသလို
လူပျင်းက အိပ်ရာပေါ်မှာ လူးလှိမ့်နေတတ်တယ်။+
၁၅ လူပျင်းက ပန်းကန်လုံးထဲ လက်နှိုက်ပေမဲ့
ပြန်ထုတ်ပြီး ပါးစပ်ထဲထည့်ရတာ ပင်ပန်းလိုက်တာလို့ ထင်တတ်တယ်။+
၁၆ လူပျင်းက ချက်ကျကျဖြေနိုင်တဲ့ လူခုနစ်ယောက်ထက်
ဉာဏ်ပညာပိုရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တတ်တယ်။
၁၈ အရူးတစ်ယောက်က မီးမြားတွေ၊ သေစေနိုင်တဲ့မြားတွေကို ပစ်တယ်။
၁၉ သူတစ်ပါးကို မလိမ့်တပတ်လုပ်ပြီးမှ “နောက်တာပါကွာ” လို့ ပြောတဲ့သူဟာ အဲဒီအရူးနဲ့ တူတယ်။+
၂၀ ထင်းမရှိရင် မီးငြိမ်းသွားသလို
အသရေဖျက်သူမရှိရင် ငြင်းခုံရန်တွေ့တာတွေ ရပ်စဲသွားတယ်။+
၂၁ မီးသွေးကြောင့် မီးကျီးခဲ လောင်နေသလို၊ ထင်းကြောင့် မီးတောက်နေသလို
အငြင်းသန်သူကြောင့် ရန်ပွဲဖြစ်တတ်တယ်။+
၂၂ အသရေဖျက်သူရဲ့ စကားတွေဟာ အရသာရှိတဲ့အစာနဲ့ တူတယ်။
လူတွေ အငမ်းမရ မျိုချတတ်ကြတယ်။+
၂၃ စိတ်ထားယုတ်မာနေလျက်နဲ့ မေတ္တာစကားပြောတာဟာ
အိုးခြမ်းကွဲကို ငွေရည်သုတ်ထားတာနဲ့ တူတယ်။+
၂၄ သူတစ်ပါးကိုမုန်းတဲ့သူဟာ မုန်းတီးစိတ်ကို အပြောနဲ့ ဖုံးကွယ်ထားပေမဲ့
ရင်ထဲမှာတော့ လှည့်စားဖို့ တေးထားတတ်တယ်။
၂၅ ချိုချိုသာသာပြောနေပေမဲ့ သူ့ကို မယုံနဲ့။
သူ့စိတ်ထဲမှာ ရွံမုန်းစရာခုနစ်ခု ကိန်းအောင်းနေတယ်။*
၂၆ သူက လှည့်စားပြီး မုန်းတီးစိတ်ကို ဖုံးကွယ်ထားပေမဲ့
သူ့ရဲ့ယုတ်မာမှုဟာ လူပုံအလယ်မှာ ဖော်ထုတ်ခံရလိမ့်မယ်။
၂၇ တွင်းတူးတဲ့သူဟာ တွင်းထဲ ပြန်ကျမယ်။
ကျောက်ကို လှိမ့်တဲ့သူအပေါ် အဲဒီကျောက် ပြန်လိမ့်လာမယ်။+
၂၈ လိမ်လည်တဲ့လျှာက မိမိကြောင့် နစ်နာရသူတွေကို မုန်းတယ်။
မြှောက်ပင့်တတ်တဲ့ နှုတ်ကလည်း ပျက်စီးစေတတ်တယ်။+
၂၇ မနက်ဖြန်နဲ့ပတ်သက်ပြီး မဝါကြွားနဲ့။
မနက်ဖြန် ဘာတွေဖြစ်မယ်မှန်း မသိနိုင်ဘူး။+
၂ ကိုယ့်ကိုယ်ကိုယ် မချီးမွမ်းနဲ့။ သူတစ်ပါး ချီးမွမ်းပါစေ။
ကိုယ့်ကိုယ်ကိုယ် မချီးမွမ်းနဲ့။ တခြားသူတွေ ချီးမွမ်းပါစေ။+
၃ ကျောက်တုံးက လေးတယ်။ သဲလည်း လေးတယ်။
မိုက်မဲသူကြောင့်ဖြစ်ရတဲ့ စိတ်ဒုက္ခက အဲဒါတွေထက် ပိုလေးလံတယ်။+
၄ အမျက်က ရက်စက်တတ်တယ်။ ဒေါသက လွှမ်းမိုးတဲ့ရေလို ဖျက်ဆီးတတ်တယ်။
မနာလိုစိတ်ကိုတော့ ဘယ်သူခံရပ်နိုင်မှာလဲ။+
၅ ပွင့်ပွင့်လင်းလင်း ပဲ့ပြင်တာဟာ တိတ်တိတ်လေး ချစ်နေတာထက် ပိုကောင်းတယ်။+
၆ သစ္စာရှိတဲ့မိတ်ဆွေဟာ ခက်ခဲပုံပေါက်နေရင်တောင် ပဲ့ပြင်တတ်တယ်။+
ရန်သူကတော့ အနမ်းတွေ အများကြီး ပေးတတ်တယ်။*
၇ အာသာပြေနေသူက ပျားရည်စစ်စစ်ကို ငြင်းပယ်တတ်တယ်။
ဆာလောင်နေသူအတွက်တော့ ခါးတဲ့အရာတောင် ချိုမြိန်နေတတ်တယ်။
၈ အိမ်နဲ့ဝေးရာမှာ လေလွင့်နေသူဟာ
အသိုက်နဲ့ဝေးနေတဲ့ လေလွင့်ငှက်နဲ့ တူတယ်။
၉ ဆီနဲ့အမွှေးနံ့သာက စိတ်ကိုရွှင်လန်းစေတယ်။
စိတ်ရင်းမှန်နဲ့ အကြံပေးတတ်တဲ့ မိတ်ဆွေကလည်း စိတ်ကို ရွှင်လန်းစေတယ်။+
၁၀ ကိုယ့်မိတ်ဆွေကို ဒါမှမဟုတ် ဖခင်ရဲ့မိတ်ဆွေကို မပစ်ပယ်ပါနဲ့။
ကိုယ်ဒုက္ခရောက်တဲ့အခါ ညီရင်းအစ်ကိုရဲ့အိမ်ကို မသွားပါနဲ့။
အနားမှာရှိတဲ့ မိတ်ဆွေရင်းချာဟာ အဝေးမှာရှိတဲ့ညီအစ်ကိုထက် ပိုကောင်းတယ်။+
၁၁ ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။+
ဒါမှ ငါ့ကို ကဲ့ရဲ့နေတဲ့သူကို ငါချေပနိုင်မယ်။+
၁၂ အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။+
အတွေ့အကြုံမရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။
၁၃ သူစိမ်းအတွက် အာမခံပေးသူရဲ့ အဝတ်ကို ယူလိုက်ပါ။
တိုင်းတစ်ပါးသူအတွက် အာမခံပေးသူဆီကနေ အပေါင်ပစ္စည်းကို သိမ်းလိုက်ပါ။+
၁၄ မနက်စောစောမှာ ကိုယ့်အပေါင်းအဖော်ကို အသံကျယ်ကျယ်နဲ့ ကောင်းချီးပေးတဲ့သူကို
ကျိန်ဆဲနေတဲ့သူလို့ ယူမှတ်ကြလိမ့်မယ်။
၁၅ ရန်တွေ့တတ်တဲ့* ဇနီးဟာ မိုးရွာတဲ့နေ့မှာ မိုးတစက်စက်ယိုနေတဲ့ အိမ်ခေါင်မိုးနဲ့ တူတယ်။+
၁၆ အဲဒီမိန်းမကို ထိန်းချုပ်နိုင်တဲ့သူဟာ လေကို ထိန်းချုပ်နိုင်တဲ့သူ၊
ဆီကို ညာလက်နဲ့ဆုပ်ကိုင်နိုင်တဲ့သူပဲ။
၁၇ သံကို သံချင်း ထက်စေသလို
လူက သူ့မိတ်ဆွေကို ထက်မြက်စေတယ်။+
၁၈ သဖန်းပင်ကို ဂရုစိုက်တဲ့သူက သဖန်းသီးစားရလိမ့်မယ်။+
ကိုယ့်သခင်ကို ဂရုစိုက်စောင့်ရှောက်တဲ့သူဟာ ဂုဏ်တင်ခံရလိမ့်မယ်။+
၁၉ ရေပြင်ကိုကြည့်ရင် ကိုယ့်မျက်နှာကို မြင်ရသလို
သူတစ်ပါးရဲ့စိတ်ကိုကြည့်ရင် ကိုယ့်စိတ်ကို သိမြင်နိုင်တယ်။
၂၀ သင်္ချိုင်းနဲ့* ဖျက်ဆီးခြင်းအရပ်ဟာ ဘယ်တော့မှ မရောင့်ရဲနိုင်သလို+
လူ့မျက်စိကလည်း ဘယ်တော့မှ မရောင့်ရဲနိုင်ဘူး။
၂၁ ငွေကိုစစ်တာက အရည်ကျိုသန့်စင်တဲ့အိုး၊ ရွှေကိုစစ်တာက မီးဖို၊+
လူကိုစစ်ဆေးတာကတော့ သူ့ကိုချီးမွမ်းတဲ့စကားတွေပဲ။
၂၂ ကောက်နှံစေ့ကို ဆုံထဲထည့်ပြီး ကျည်ပွေ့နဲ့ထောင်းသလို
မိုက်မဲသူကို ထောင်းရင်တောင်
မိုက်မဲမှုကို သူစွန့်လွှတ်မှာ မဟုတ်ဘူး။
၂၃ ကိုယ့်သိုးအုပ်ရဲ့ အခြေအနေကို ကောင်းကောင်းသိအောင် လုပ်ပါ။
သိုးတွေကို ကောင်းကောင်း ဂရုစိုက်ပါ။+
၂၄ စည်းစိမ်ဥစ္စာဆိုတာ ထာဝစဉ်တည်မြဲမှာ မဟုတ်ဘူး။+
ရာဇသရဖူကလည်း လူမျိုးအဆက်ဆက် တည်မြဲမှာ မဟုတ်ဘူး။
၂၅ မြက်စိမ်းတွေ မရှိတော့ဘူး။ မြက်နုလေးတွေ ပေါက်လာတယ်။
တောင်တန်းတွေပေါ်က မြက်ပင်တွေကို စုသိမ်းတယ်။
၂၆ သိုးထီးလေးတွေကြောင့် အဝတ်အထည် ရတယ်။
ဆိတ်ထီးတွေကြောင့် လယ်မြေ ဝယ်နိုင်တယ်။
၂၇ ကိုယ်တိုင်ရော အိမ်သားတွေ၊ အစေခံမလေးတွေအတွက်ပါ
ဆိတ်နို့ အလုံအလောက် ရှိလိမ့်မယ်။
၂၈ လူဆိုးက လိုက်ဖမ်းတဲ့သူမရှိဘဲ ပြေးတတ်တယ်။
ဖြောင့်မတ်သူကတော့ ခြင်္သေ့လို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။+
၂ ပြည်သူပြည်သားတွေ အပြစ် ကျူးလွန်တဲ့အခါ ခေါင်းဆောင် တစ်ယောက်ပြီးတစ်ယောက် အုပ်ချုပ်လိမ့်မယ်။+
ပိုင်းခြားသိမြင်နိုင်စွမ်းရှိပြီး အသိအမြင်ကြွယ်သူရဲ့ အကူအညီကို ရတဲ့ ခေါင်းဆောင်ကတော့ ကြာရှည် အုပ်ချုပ်ရလိမ့်မယ်။+
၃ နိမ့်ကျသူကို ဖြတ်စားလျှပ်စား လုပ်တဲ့ ဆင်းရဲသားဟာ+
အစားအစာအားလုံးကို တိုက်ချသွားတဲ့ မိုးရေနဲ့တူတယ်။
၄ ဥပဒေပစ်ပယ်သူတွေက လူဆိုးတွေကို ချီးမွမ်းတတ်တယ်။
ဥပဒေစောင့်ထိန်းသူတွေကတော့ ဥပဒေပစ်ပယ်သူတွေကို ဒေါသထွက်တယ်။+
၅ လူယုတ်မာတွေက တရားမျှတမှုအကြောင်း နားမလည်နိုင်ဘူး။
ယေဟောဝါကို ရှာဖွေသူတွေကတော့ အရာအားလုံးကို နားလည်နိုင်တယ်။+
၆ သမာဓိရှိရှိ လျှောက်လှမ်းတဲ့ ဆင်းရဲသားက
အကျင့်ပျက်လမ်းစဉ်လိုက်တဲ့ သူဌေးသားထက် ပိုသာတယ်။+
၇ သိနားလည်မှုရှိတဲ့သားက စည်းမျဉ်းစည်းကမ်းကို လိုက်နာတယ်။
စားကြူးသူတွေနဲ့ ပေါင်းသင်းတဲ့ သားကတော့ ဖခင်ကို အရှက်ခွဲတယ်။+
၈ အတိုးယူရုံမက အတိုးကြီးစားပြီး ချမ်းသာလာသူဟာ+
နွမ်းပါးသူတွေကို မျက်နှာသာပေးတဲ့သူအတွက် စုဆောင်းနေတာပဲ။+
၉ လူတစ်ယောက်က ပညတ်တရားကို မနာယူရင်
သူ့ဆုတောင်းချက်တောင် ရွံမုန်း စရာ ဖြစ်သွားတယ်။+
၁၀ စိတ်ရိုးဖြောင့်သူကို လမ်းမှားရောက်စေတဲ့သူဟာ ကိုယ့်တွင်းထဲ ကိုယ်ပြန်ကျ လိမ့်မယ်။+
အပြစ်ပြောစရာ မရှိသူကတော့ ကောင်းတဲ့အရာတွေကို အမွေရလိမ့်မယ်။+
၁၁ သူဌေးက ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာရှိတယ်လို့ ထင်တတ်တယ်။+
ပိုင်းခြားသိမြင်မှုရှိတဲ့ ဆင်းရဲသားကတော့ အဲဒီသူဌေးအကြောင်း ကောင်းကောင်း သိနိုင်တယ်။+
၁၂ ဖြောင့်မတ်သူတွေ အောင်ပွဲဆင်တဲ့အခါ အကြီးအကျယ် ဂုဏ်ကျက်သရေရှိတယ်။
လူဆိုးတွေ အာဏာရလာရင်တော့ လူတွေ ပုန်းနေတတ်တယ်။+
၁၃ ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူက အောင်မြင်မှာ မဟုတ်ဘူး။+
အမှားကိုဝန်ခံပြီး စွန့်လွှတ်သူကတော့ ကရုဏာ ခံစားရလိမ့်မယ်။+
၁၄ သတိတရားလက်ကိုင်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
ခေါင်းမာသူကတော့ ဘေးဆိုးကြုံရလိမ့်မယ်။+
၁၅ ခိုကိုးရာမဲ့သူတွေကို အုပ်ချုပ်တဲ့ မင်းဆိုးဟာ
မာန်ဖီနေတဲ့ခြင်္သေ့၊ တစ်ဟုန်ထိုး တိုက်ခိုက်နေတဲ့ ဝက်ဝံနဲ့ တူတယ်။+
၁၆ ပိုင်းခြားသိမြင်မှုမရှိတဲ့ ခေါင်းဆောင်က အာဏာကို အလွဲသုံးတတ်တယ်။+
မတရားအမြတ်ထုတ်တာကို မုန်းတဲ့သူကတော့ အသက်ရှည်လိမ့်မယ်။+
၁၇ လူသတ်မှုကျူးလွန်သူက သင်္ချိုင်းကို မရောက်မချင်း ပြေးနေရ လိမ့်မယ်။+
သူ့ကို ဘယ်သူမှ မကူညီပါနဲ့။
၁၈ အမှားကင်းတဲ့လမ်းစဉ်မှာ လျှောက်လှမ်းနေသူဟာ ကယ်တင်ခံရလိမ့်မယ်။+
ကောက်ကျစ်တဲ့လမ်းစဉ် လိုက်သူကတော့ ရုတ်တရက် ပြိုလဲရလိမ့်မယ်။+
၁၉ လယ်စိုက်သူမှာ စားစရာ အလျှံပယ်ရှိလိမ့်မယ်။
တန်ဖိုးမရှိတာတွေကို လိုက်စားသူကတော့ ဆင်းရဲမွဲတေသွားလိမ့်မယ်။+
၂၀ သစ္စာရှိသူက ကောင်းချီး အများကြီးရလိမ့်မယ်။+
ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားသူကတော့ အပြစ်ကင်းမှာ မဟုတ်ဘူး။+
၂၁ မျက်နှာလိုက်တာ မကောင်းဘူး။+
လူဟာ မုန့်တစ်ဖဲ့စာအတွက်နဲ့ အမှားလုပ်မိနိုင်တယ်။
၂၂ မနာလိုတတ်သူက* ချမ်းသာကြွယ်ဝဖို့ စိတ်ပြင်းပြတယ်။
ဆင်းရဲသွားမှာကိုတော့ သူ မသိဘူး။
၂၅ လောဘကြီးသူဟာ* စိတ်ဝမ်းကွဲအောင် လှုံ့ဆော်တတ်တယ်။
ယေဟောဝါကို အားကိုးသူကတော့ ကြီးပွားလိမ့်မယ်။+
၂၆ ကိုယ့်စိတ်နှလုံးကို ယုံကြည်ကိုးစားသူဟာ မိုက်မဲတယ်။+
ဉာဏ်ပညာလမ်းစဉ်မှာ လျှောက်လှမ်းသူကတော့ ဘေးလွတ်တတ်တယ်။+
၂၇ ဆင်းရဲသားကို ပေးကမ်းသူဟာ လိုလေသေးမရှိ ပြည့်စုံလိမ့်မယ်။+
သူတို့ကို မျက်ကွယ်ပြုသူကိုတော့ လူအများက ကျိန်ဆဲလိမ့်မယ်။
၂၈ လူဆိုးတွေ အာဏာရလာတဲ့အခါ လူတွေ ပုန်းနေတတ်တယ်။
သူတို့ ပျက်စီးသွားတဲ့အခါမှာတော့ ဖြောင့်မတ်သူတွေ တိုးများလာတယ်။+
၂၉ အကြိမ်ကြိမ် ပဲ့ပြင်ခံရပေမဲ့ ခေါင်းမာမြဲ မာတဲ့သူဟာ*+
နာလန်မထူနိုင်အောင် ရုတ်တရက် ပျက်စီးသွားလိမ့်မယ်။+
၂ ဖြောင့်မတ်သူတွေ များလာတဲ့အခါ လူတွေ ဝမ်းမြောက်ကြတယ်။
လူဆိုးတွေ အုပ်ချုပ်တဲ့အခါမှာတော့ လူတွေ ညည်းတွားကြတယ်။+
၃ ဉာဏ်ပညာကို ချစ်မြတ်နိုးသူဟာ ဖခင်ကို ဝမ်းမြောက်စေတယ်။+
ပြည့်တန်ဆာတွေနဲ့ ပေါင်းဖော်သူကတော့ စည်းစိမ်တွေကို ဖြုန်းတီးပစ်တယ်။+
၄ ဘုရင် တရားမျှတရင် တိုင်းပြည်တည်ငြိမ်တယ်။+
လာဘ်စားတဲ့သူကတော့ တိုင်းပြည်ကို ပျက်စီးစေတယ်။
၅ အပေါင်းအဖော်ကို မြှောက်ပင့်တဲ့သူဟာ
အပေါင်းအဖော်ရဲ့ ခြေကို ကျော့မိအောင် ပိုက်ထောင်တဲ့သူပဲ။+
၆ လူဆိုးက ကိုယ့်အမှားနဲ့ကိုယ် ကျော့ကွင်းမိတတ်တယ်။+
ဖြောင့်မတ်သူကတော့ ရွှင်လန်းစွာ ကြွေးကြော်ပြီး ဝမ်းမြောက်နေတယ်။+
၇ ဖြောင့်မတ်သူက ဆင်းရဲသားရဲ့ ရပိုင်ခွင့်တွေကို အလေးထားတယ်။+
လူဆိုးကတော့ အလေးမထားဘူး။+
၈ လူကြွားတွေက မြို့ထဲမှာ ဒေါသမီး တောက်စေတယ်။+
ဉာဏ်ပညာရှိသူတွေကတော့ ဒေါသကို ငြိမ်းစေတယ်။+
၉ ဉာဏ်ပညာရှိသူနဲ့ မိုက်မဲသူ အချေအတင်ဖြစ်တဲ့အခါ
အော်ကြီးဟစ်ကျယ်ပြောတာ၊ လှောင်ပြောင်တာတွေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ပြေလည်မှာ မဟုတ်ဘူး။+
၁၀ သွေးဆာတဲ့သူတွေဟာ အပြစ်မဲ့သူတွေကို မုန်းတယ်။+
စိတ်ရိုးဖြောင့်သူရဲ့ အသက်ကို သတ်ဖို့ ရှာကြံတတ်တယ်။*
၁၁ မိုက်မဲတဲ့သူက ခံစားရသမျှ အကုန် ထုတ်ဖော်တတ်တယ်။+
ဉာဏ်ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ ထိန်းချုပ်တတ်တယ်။+
၁၂ အုပ်စိုးရှင်က အလိမ်အညာစကားတွေကို အာရုံစိုက်တဲ့အခါ
အမှုထမ်းအားလုံး ဆိုးညစ်လာလိမ့်မယ်။+
၁၃ ဆင်းရဲသားနဲ့ ဖိနှိပ်သူရဲ့ တူညီချက်ကတော့
နှစ်ယောက်စလုံးကို ယေဟောဝါက မျက်စိအလင်းပေးတယ်ဆိုတဲ့ အချက်ပဲ။
၁၅ ပဲ့ပြင်မှုနဲ့ ကြိမ်လုံးက ဉာဏ်ပညာရစေတယ်။+
မဆုံးမဘဲလွှတ်ထားတဲ့ ကလေးကတော့ မိခင်ကို အရှက်ခွဲလိမ့်မယ်။
၁၆ လူဆိုးတွေ များလာတဲ့အခါ ပြစ်မှားမှုတွေ များလာတယ်။
ဖြောင့်မတ်သူတွေကတော့ လူဆိုးတွေ ကျဆုံးတာကို မြင်ရလိမ့်မယ်။+
၁၇ သားကို ဆုံးမပါ။ သူ့ကြောင့် စိတ်ချမ်းသာရလိမ့်မယ်။
နှစ်ထောင်းအားရ ဖြစ်လိမ့်မယ်။+
၁၈ ဘုရားသခင့်လမ်းညွှန်မှု* မရှိရင် လူတွေ စည်းလွတ်ဝါးလွတ် ဖြစ်တတ်တယ်။+
ပညတ်စောင့်ထိန်းသူတွေကတော့ ပျော်ရွှင်ချမ်းမြေ့တယ်။+
၁၉ ကျွန်ကို စကားနဲ့ပဲ ဆုံးမလို့ရမှာ မဟုတ်ဘူး။
သူက နားလည်ပေမဲ့ နာခံမှာ မဟုတ်ဘူး။+
၂၀ စကားကို လွှတ်ခနဲပြောတတ်သူကို တွေ့ဖူးသလား။+
သူလိုလူထက် ဉာဏ်တိမ်တဲ့သူက ပိုမျှော်လင့်ချက်ရှိတယ်။+
၂၁ ကျွန်ကို ငယ်ငယ်ကတည်းက အလိုလိုက်လွန်းရင်
နောင်တစ်ချိန်မှာ ကျေးဇူးကန်းတတ်တယ်။
၂၂ ဒေါသကြီးသူက ရန်တွေ့ဖို့ လှုံ့ဆော်တတ်တယ်။+
ဒေါသထွက်လွယ်သူက အမှားအများကြီး ကျူးလွန်တတ်တယ်။+
၂၃ မာန်မာနက လူတစ်ယောက်ကို နှိမ့်ချပစ်လိမ့်မယ်။+
စိတ်နှိမ့်ချသူကတော့ ဂုဏ်သရေ ရလိမ့်မယ်။+
၂၄ သူခိုးကြံရာပါဟာ ကိုယ့်ကိုယ်ကိုယ် မုန်းတဲ့သူပဲ။
သက်သေထွက်ဆိုပေးဖို့ တောင်းဆိုတဲ့စကားကို သူကြားပေမဲ့ ဘာသတင်းမှ မပေးတတ်ဘူး။+
၂၅ လူကိုကြောက်တဲ့စိတ်ဟာ ကျော့ကွင်းပဲ။+
ယေဟောဝါကို ယုံကြည်ကိုးစားသူကတော့ ကာကွယ်ခံရလိမ့်မယ်။+
၂၆ အုပ်စိုးရှင်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားသူတွေ* အများကြီးရှိတယ်။
ဒါပေမဲ့ တရားမျှတမှုကိုတော့ ယေဟောဝါဆီကပဲရတယ်။+
၂၇ ဖြောင့်မတ်သူက မတရားတဲ့သူကို ရွံမုန်းတယ်။+
လူဆိုးကတော့ ဖြောင့်မှန်တဲ့လမ်းစဉ်လိုက်သူကို ရွံမုန်းတယ်။+
၃၀ ယာကေရဲ့သား အာဂုရက အိသေလနဲ့ ဥကလကိုပြောတဲ့ အရေးကြီးစကား။
၂ ငါဟာ လူတကာထက် အသိအမြင်နည်းတဲ့သူ၊+
လူမှာရှိသင့်တဲ့ သိနားလည်နိုင်စွမ်း မရှိတဲ့သူပဲ။
၃ ဉာဏ်ပညာ မဆည်းပူးခဲ့တဲ့သူ၊
အသန့်ရှင်းဆုံးအရှင် ပိုင်ဆိုင်တဲ့ အသိပညာမျိုး မရှိတဲ့သူပဲ။
၄ ကောင်းကင်ပေါ် တက်ဖူးတဲ့သူ၊ ပြန်ဆင်းလာတဲ့သူ ဘယ်သူရှိသလဲ။+
လေကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်ဖူးတဲ့သူ ဘယ်သူရှိသလဲ။
ရေကို အဝတ်နဲ့ထုပ်ဖူးတဲ့သူ ဘယ်သူရှိသလဲ။+
ကမ္ဘာမြေတစ်ခွင်လုံးကို ဘယ်သူတည်ခဲ့သလဲ။+
သူ့နာမည်၊ သူ့သားရဲ့နာမည်က ဘာလဲ။ သိရဲ့လား။
၅ ဘုရားသခင်ရဲ့ နှုတ်ထွက်စကား မှန်သမျှဟာ သန့်စင်တယ်။+
ဘုရားဟာ ခိုလှုံသူတွေအတွက် ဒိုင်းလွှားပဲ။+
၆ နှုတ်တော်ထွက်စကားတွေမှာ ဘာမှထပ်မဖြည့်နဲ့။+
ထပ်ဖြည့်ရင် ဘုရား ပြစ်တင်ဆုံးမလိမ့်မယ်။
မင်းလည်း လူလိမ်ဖြစ်သွားလိမ့်မယ်။
၇ အို ဘုရားသခင်၊ ဆုနှစ်ခု တောင်းချင်ပါတယ်။
ကျွန်တော် မသေခင် အဲဒီဆုနှစ်ခုကို ပေးသနားပါ။
၈ မမှန်တဲ့စကား၊ မုသာစကားတွေကို ကျွန်တော့်ဆီကနေ ဖယ်ရှားပေးပါ။+
ဆင်းရဲခြင်းကိုဖြစ်စေ၊ ချမ်းသာခြင်းကိုဖြစ်စေ မပေးဘဲ
လိုအပ်သလောက် အစားအစာကိုပဲ ပေးသနားပါ။+
၉ လိုတရဖြစ်နေရင် “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆိုပြီး ကိုယ်တော့်ကို ငြင်းပယ်မိမှာ စိုးလို့ပါ။+
ဆင်းရဲသွားရင်လည်း ခိုးဝှက်ပြီး နာမတော် ကဲ့ရဲ့စရာဖြစ်အောင် လုပ်မိမှာ စိုးလို့ပါ။
၁၀ သခင့်ဆီမှာ ကျွန်ရဲ့အကြောင်းကို သွားပုပ်လေလွင့် မပြောနဲ့။
အဲဒီလိုပြောရင် ကိုယ်ပဲ ကျိန်ဆဲခံရလိမ့်မယ်။ ကိုယ့်အပြစ်ပဲ ဖြစ်လိမ့်မယ်။+
၁၁ ဖခင်ကို ကျိန်ဆဲပြီး
မိခင်ကို မလေးစားတဲ့ လူစားမျိုးရှိတယ်။+
၁၂ ကိုယ့်ကိုယ်ကိုယ် စင်ကြယ်တယ်လို့ ထင်ပေမဲ့+
အညစ်အကြေးတောင် မစင်သေးတဲ့ လူစားမျိုးရှိတယ်။
၁၃ မောက်မာလွန်းတဲ့မျက်လုံးနဲ့+
အထက်စီးက ကြည့်တတ်တဲ့ လူစားမျိုးရှိတယ်။
၁၄ ဓားနဲ့တူတဲ့ သွားတွေ၊
ဓားလိုမျိုး မေးရိုးတွေရှိတဲ့ လူစားမျိုးရှိတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိမ့်ကျသူတွေ၊
လူသားထုထဲက ဆင်းရဲသားတွေကို သူတို့ ဝါးမျိုတတ်တယ်။+
၁၅ မျှော့တွေမှာ “ပေးပါ၊ ပေးပါ” လို့အော်နေတဲ့ သမီးနှစ်ကောင်ရှိတယ်။
အလိုမပြည့်ဝနိုင်တဲ့အရာက သုံးခုမကဘူး၊
“တော်ပြီ” လို့ ဘယ်တော့မှ မပြောတဲ့အရာ လေးခုရှိတယ်။
၁၇ ဖခင်ကို လှောင်ပြောင်တဲ့သူ၊ မိခင်ကို မနာခံဘဲ မထီလေးစား လုပ်တဲ့သူရဲ့ မျက်စိကို+
ချိုင့်ဝှမ်းထဲက ကျီးနက်ကြီးတွေ ဖောက်ထုတ်ပစ်လိမ့်မယ်။
လင်းယုန်ပေါက်လေးတွေ စားပစ်လိမ့်မယ်။+
၁၈ ငါ ဉာဏ်မမီတဲ့အရာ သုံးခုမက၊
ငါနားမလည်တဲ့အရာ လေးခု ကတော့–
၁၉ ကောင်းကင်မှာ လင်းယုန်ပျံသန်းရာ လမ်းကြောင်း၊
ကျောက်ပေါ်မှာ မြွေသွားရာ လမ်းကြောင်း၊
ပင်လယ်ပြင်မှာ သင်္ဘောသွားရာ လမ်းကြောင်း၊
မိန်းကလေးရဲ့ နှလုံးသားဆီ သွားတဲ့ ယောက်ျားလေးရဲ့ လမ်းကြောင်းတွေပဲ။
၂၀ အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိန်းမရဲ့ လုပ်ပုံကတော့–
အစာစားတယ်။ ပါးစပ်ကို သုတ်တယ်။
ပြီးတော့ “ငါ ဘာအမှားမှ မလုပ်ပါဘူး” လို့ပြောတတ်တယ်။+
၂၁ ကမ္ဘာမြေကို သိမ့်သိမ့်တုန်စေတဲ့အရာ သုံးခုမက၊
ကမ္ဘာမြေ သည်းမခံနိုင်တဲ့အရာ လေးခုကတော့–
၂၂ ဘုရင်ဖြစ်သွားတဲ့ ကျွန်၊+
စားပိုးနင့်အောင်စားတဲ့ လူမိုက်၊
၂၃ အမြင်ကတ်ဖို့ကောင်းပေမဲ့ လင်ရတဲ့မိန်းမ၊
သခင်မနေရာကိုယူတဲ့ ကျွန်မပဲ။+
၂၄ ကမ္ဘာမြေပေါ်မှာ အသေးငယ်ဆုံးဖြစ်ပေမဲ့
ပင်ကိုအသိဉာဏ်ရှိတဲ့ တိရစ္ဆာန်လေးမျိုးကတော့–+
၂၅ မသန်စွမ်းပေမဲ့
နွေရာသီမှာ စားစရာစုဆောင်းတတ်တဲ့ ပုရွက်ဆိတ်၊+
၂၆ ခွန်အားမကြီးပေမဲ့
ကျောက်ဆောင်ထဲမှာ အိမ်လုပ်ပြီးနေတတ်တဲ့+ ယုန်၊*+
၂၇ ဘုရင် မရှိပေမဲ့
သူ့အုပ်စုနဲ့သူ ချီတက်တတ်တဲ့+ ကျိုင်းကောင်၊+
၂၈ ခြေလက်တွေနဲ့ တွယ်ကပ်ပြီး နန်းတော်ထဲဝင်နေတဲ့ တောက်တဲ့ပဲ။+
၂၉ ဣန္ဒြေအပြည့်နဲ့ လျှောက်တတ်တဲ့သတ္တဝါ သုံးမျိုးမက၊
ဣန္ဒြေအပြည့်နဲ့ သွားလာတတ်တဲ့သတ္တဝါ လေးမျိုးကတော့–
၃၀ သားရဲတွေထဲမှာ ခွန်အားအကြီးဆုံးဖြစ်ပြီး
ဘယ်သူနဲ့တွေ့တွေ့ နောက်မဆုတ်တတ်တဲ့ ခြင်္သေ့၊+
၃၁ အမဲလိုက်ခွေး၊ ဆိတ်ထီး၊
တပ်မကြီးကို ဦးဆောင်လာတဲ့ ရှင်ဘုရင်ပဲ။
၃၂ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး မိုက်မိုက်မဲမဲ လုပ်မိရင်+
ဒါမှမဟုတ် အဲဒီလိုလုပ်ဖို့ ကြံစည်နေရင်
ပါးစပ်ကို လက်နဲ့ပိတ်ထား လိုက်ပါ။+
၃၃ နို့ကိုမွှေရင် ထောပတ်ထွက်လာသလို၊
နှာခေါင်းကိုညှစ်ရင် သွေးထွက်လာသလို၊
ဒေါသကိုဆွရင် ငြင်းခုံရန်တွေ့မှုတွေ ဖြစ်တတ်တယ်။+
၃၁ လေမွေလမင်းကြီးရဲ့စကား။ မယ်တော်သွန်သင်ပေးတဲ့ အရေးကြီးစကား–+
၂ ငါ့သား၊ မင်းကို ဘယ်လိုပြောရင် ကောင်းမလဲ။
ငါ့ရင်သွေး၊ မယ်တော် ဘယ်လိုပြောရမလဲ။
သစ္စာကတိပြုပြီးရခဲ့တဲ့ သားရယ်၊ ဘယ်လိုပြောရပါ့မလဲ။+
၃ ကိုယ့်ရဲ့အားမာန်ကို မိန်းမတွေဆီ မပေးလိုက်ပါနဲ့။+
ဘုရင်တွေကိုဖျက်ဆီးတဲ့ လမ်းစဉ်တွေနောက် မလိုက်ပါနဲ့။+
၄ အို လေမွေလ၊
ရှင်ဘုရင်မှန်ရင် စပျစ်ဝိုင် မသောက်ရဘူး။
အုပ်စိုးရှင်တွေကလည်း “အရက် ဘယ်မှာလဲ” လို့ မမေးရဘူး။+
၅ အဲဒီလိုသာသောက်နေရင် တရားဥပဒေကို မေ့လျော့ပြီး
နိမ့်ကျသူတွေရဲ့ ရပိုင်ခွင့်ကို လျစ်လျူရှုတတ်တယ်။
၆ သေဆုံးတော့မယ့်သူကို အရက်ပေးလိုက်ပါ။+
စိတ်ဆင်းရဲနေသူကို စပျစ်ဝိုင်ပေးလိုက်ပါ။+
၇ သူတို့ သောက်ပါစေ။ ဆင်းရဲမွဲတေနေတဲ့အဖြစ်ကို မေ့သွားပါစေ။
ဒုက္ခတွေကို မေ့ပျောက်သွားပါစေ။
၈ ခုခံပြောဆိုနိုင်စွမ်း မရှိသူတွေကိုယ်စား ပြောဆိုပေးပါ။
သေဆုံးတော့မယ့်သူတွေရဲ့ ရပိုင်ခွင့်ကို ခုခံကာကွယ်ပေးပါ။+
၉ အခိုင်အမာပြောဆိုပြီး ဖြောင့်မတ်စွာ တရားစီရင်ပါ။
နိမ့်ကျသူတွေ၊ ဆင်းရဲသားတွေရဲ့ ရပိုင်ခွင့်ကို ခုခံကာကွယ်ပေးပါ။+
א
၁၀ လုပ်ရည်ကိုင်ရည်ရှိတဲ့ ဇနီးကို ဘယ်သူ ရှာတွေ့နိုင်သလဲ။+
သူဟာ သန္တာကျောက်ထက်* အဖိုးတန်တယ်။
ב
၁၁ ခင်ပွန်းက သူ့ကို အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။
လိုလေသေးမရှိ ပြည့်စုံနေတယ်။
ג
၁၂ သူဟာ ခင်ပွန်းကို တစ်သက်လုံး ကောင်းကျိုးပြုတယ်။
ခင်ပွန်းအကျိုးပျက်အောင် ဘာမှမလုပ်ဘူး။
ד
၁၃ သိုးမွေးနဲ့ ချည်ချောကို သူ ရအောင်ရှာတယ်။
ကိုယ့်လက်နဲ့ လုပ်ကိုင်ရတာကို နှစ်သက်တယ်။+
ה
၁၄ သူဟာ ကုန်သင်္ဘောတွေနဲ့ တူတယ်။+
အစားအစာကို ရပ်ဝေးကနေ ယူဆောင်လာတတ်တယ်။
ו
၁၅ မိုးမလင်းခင် ထပြီး
အိမ်သူအိမ်သားတွေအတွက် စားစရာ ပြင်ဆင်တတ်တယ်။
ကျွန်မတွေအတွက် စားစရာစီစဉ်ပြီး အလုပ်တွေ စီမံခန့်ခွဲပေးတယ်။+
ז
၁၆ သူက အသေအချာ စဉ်းစားပြီး လယ်ကွက်ကို ဝယ်တယ်။
သူ့လုပ်အားနဲ့ စပျစ်ခြံစိုက်တယ်။
ח
၁၇ ပင်ပန်းတဲ့အလုပ်တွေ လုပ်ဖို့ အသင့်ရှိတယ်။+
လက်ကြောတင်းတင်း လုပ်ကိုင်တတ်တယ်။
ט
၁၈ သူ့ရဲ့အရောင်းအဝယ်ကြောင့် အကျိုးအမြတ်ရမှန်း သူသိတယ်။
သူ့မီးခွက်ဟာ ညဘက်မှာလည်း မငြိမ်းဘူး။
י
၁၉ ချည်ရစ်တံနဲ့ ဗိုင်းလိပ်တံကို ကိုင်ပြီး
သူချည်ငင်တတ်တယ်။+
כ
၂၀ နိမ့်ကျသူဆီ လက်ကမ်းပေးတယ်။
နွမ်းပါးသူဆီ လက်လှမ်းပေးတယ်။+
ל
၂၁ နှင်းကျလာတဲ့အခါ အိမ်သူအိမ်သားတွေအတွက် စိုးရိမ်နေစရာ မလိုဘူး။
တစ်အိမ်သားလုံး အနွေးထည် ဝတ်ဆင်ထားတယ်။
מ
၂၂ အိပ်ရာဖုံးတွေကို သူကိုယ်တိုင် ရက်လုပ်တယ်။
ချည်ချောထည်နဲ့ ခရမ်းရောင်သိုးမွေးကို ဝတ်ဆင်တယ်။
נ
၂၃ သူ့ခင်ပွန်းဟာ ပြည်မှာရှိတဲ့ အကြီးအကဲတွေနဲ့အတူ
မြို့တံခါးတွေမှာ ထိုင်တဲ့အခါ လူသိများတဲ့သူ ဖြစ်တယ်။+
ס
၂၄ သူက ချည်ချောထည်တွေ ရက်လုပ်ပြီး ရောင်းတယ်။
ခါးစည်းကြိုးတွေကိုလည်း ကုန်သည်တွေဆီ သွင်းတယ်။
ע
၂၅ ခွန်အားနဲ့ ဂုဏ်ကျက်သရေကို သူဝတ်ဆင်တယ်။
အနာဂတ်ကို ယုံကြည်မှုရှိရှိ မျှော်ကြည့်တယ်။
פ
၂၆ သူ့နှုတ်က ဉာဏ်ပညာစကားကို ပြောတယ်။+
သူ့လျှာမှာ အကြင်နာတရားရှိတယ်။
צ
၂၇ အိမ်သူအိမ်သားတွေရဲ့ ကိစ္စအဝဝကိုဂရုတစိုက် ကြည့်ရှုတတ်တယ်။
ပျင်းရိခြင်း လုံးဝမရှိဘူး။+
ק
၂၈ သားသမီးတွေက ထရပ်ပြီး သူ့ကို ချီးမွမ်းကြတယ်။
ခင်ပွန်းကလည်း ထရပ်ပြီး၊
ר
၂၉ “လုပ်ရည်ကိုင်ရည်ရှိတဲ့ အမျိုးသမီးတွေ အများကြီးရှိပေမဲ့
ငါ့မိန်းမကတော့ အတော်ဆုံးပါပဲ” လို့ချီးမွမ်းတတ်တယ်။
ש
၃၀ ဆွဲဆောင်မှုရှိတာဟာ လှည့်စားတတ်တယ်။ အလှအပကလည်း တာရှည်မခံဘူး။+
ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့ မိန်းမကတော့ ချီးမွမ်းခံရလိမ့်မယ်။+
ת
၃၁ သူ့လုပ်ရပ်အတွက် ဆုချကြပါ။+
သူ့လုပ်ဆောင်မှုတွေကြောင့် မြို့တံခါးတွေမှာ သူ့ကို ချီးမွမ်းကြပါစေ။+
ဒါမှမဟုတ်၊ “ဆည်းပူးမယ်ဆိုရင်။”
မူရင်း၊ “သူစိမ်း။” ဘုရားရဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း မနေထိုင်သူ။
မူရင်း၊ “တိုင်းတစ်ပါးသူ။” ဘုရားရဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း မနေထိုင်သူ။
မူရင်း၊ “ချက်။”
ဒါမှမဟုတ်၊ “အကောင်းဆုံးအရာတွေကို။”
ခက်ဆစ်ကိုကြည့်။
အထက်ဖော်ပြပါ ဘုရားရဲ့ အရည်အသွေးတွေကို ဆိုလိုနိုင်။
“ဂရုတစိုက် ဆင်ခြင်သုံးသပ်ပါ” လည်းဖြစ်နိုင်။
မူရင်း၊ “သူစိမ်း။” ပ ၂:၁၆ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “သူစိမ်း။” ပ ၂:၁၆ ကိုကြည့်။
မူရင်း၊ “တိုင်းတစ်ပါးသူ။” ပ ၂:၁၆ ကိုကြည့်။
အာမခံပေးတာကို ဆိုလို။
မူရင်း၊ “တိုင်းတစ်ပါးသူ။” ပ ၂:၁၆ ကိုကြည့်။
မူရင်း၊ “စိတ်နှလုံး မရှိသူပဲ။”
ဒါမှမဟုတ်၊ “ဆည်းပူးပါ။”
မူရင်း၊ “သူစိမ်း။” ပ ၂:၁၆ ကိုကြည့်။
မူရင်း၊ “တိုင်းတစ်ပါးသူ။” ပ ၂:၁၆ ကိုကြည့်။
မူရင်း၊ “စိတ်နှလုံး မရှိတဲ့။”
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “စိတ်နှလုံးမရှိသူတွေ။”
မူရင်း၊ “စိတ်နှလုံးမရှိသူတွေ။”
မူရင်း၊ “စိတ်နှလုံးမရှိသူရဲ့။”
ဒါမှမဟုတ်၊ “လမ်းပြပေးတယ်။”
ဒါမှမဟုတ်၊ “ဝမ်းနည်းစရာတွေ၊ အခက်အခဲတွေ။”
ဒါမှမဟုတ်၊ “ဘုရားတရားမဲ့သူရဲ့။”
မူရင်း၊ “စိတ်နှလုံးမရှိသူက။”
မူရင်း၊ “စိတ်နှလုံးမရှိသူပဲ။”
“ချက်ချင်း ဆုံးမတတ်တယ်” လည်းဖြစ်နိုင်။
“လူမိုက်တွေရဲ့မိုက်မဲမှုက သူတစ်ပါးကို လှည့်စားတတ်တယ်” လည်းဖြစ်နိုင်။
မူရင်း၊ “စိတ်နှလုံးမရှိသူ။”
မူရင်း၊ “စိတ်နှလုံးမရှိသူဟာ။”
ဒါမှမဟုတ်၊ “တကျည်ကျည်လုပ်တတ်တဲ့။”
“ရိတ်သိမ်းချိန်မှာ စားစရာရှာပေမဲ့ တွေ့မှာ မဟုတ်ဘူး” လည်း ဖြစ်နိုင်။
ဒါမှမဟုတ်၊ “အလေးနှစ်မျိုး၊ အခြင်အတွယ်နှစ်မျိုး ထားတာကို။”
ဒါမှမဟုတ်၊ “တကျည်ကျည် လုပ်တတ်တဲ့။”
ဒါမှမဟုတ်၊ “တကျည်ကျည် လုပ်တတ်တဲ့။”
မူရင်း၊ “သူစိမ်း။” ပ ၂:၁၆ ကိုကြည့်။
ခက်ဆစ် “အသက်” ကိုကြည့်။
မူရင်း၊ “လည်ချောင်းကို ဓားနဲ့ထောက်ထားပါ။”
မူရင်း၊ “တိုင်းတစ်ပါးသူ။” ပ ၂:၁၆ ကိုကြည့်။
ဒါမှမဟုတ်၊ “အိမ်ထောင်ကို။”
“တဲ့တိုးပြန်ပြောတာဟာ အနမ်းပေးတာနဲ့ တူတယ်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “အိမ်ထောင်ကို။”
မူရင်း၊ “စိတ်နှလုံးမရှိသူရဲ့။”
ရွှေငွေအရည်ကျိုတဲ့အခါ ထွက်လာတဲ့ အမှိုက်သရိုက်။
“သစ္စာမရှိသူကို” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “တကျည်ကျည်လုပ်တတ်တဲ့။”
“ကျိန်စာဆိုတာ မခံထိုက်ရင် မခံရဘူး” လည်းဖြစ်နိုင်။
“ကိုယ်နဲ့မဆိုင်တဲ့ရန်ပွဲမှာ ဝင်စွက်သူဟာ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “သူ့စိတ်ဟာ လုံးဝ ရွံစရာပဲ။”
“ရန်သူပေးတဲ့အနမ်းဟာ စိတ်ရင်းမှန်နဲ့ မဟုတ်ဘူး” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “တကျည်ကျည်လုပ်တတ်တဲ့။”
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “လောဘကြီးသူက။”
“မောက်မာသူက” လည်းဖြစ်နိုင်။
မူရင်း၊ “လည်ပင်းခိုင်မာတဲ့သူဟာ။”
“စိတ်ရိုးဖြောင့်သူဟာ ကိုယ့်အသက်ကို ကာကွယ်တတ်တယ်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “စိတ်အာရုံ။”
“အုပ်စိုးရှင်ရဲ့ မျက်နှာသာ ရချင်သူတွေ” လည်းဖြစ်နိုင်။
ကျောက်ဆောင်မှာနေတဲ့ ယုန်နဲ့တူတဲ့ အကောင်တစ်မျိုး။
ခက်ဆစ်ကိုကြည့်။