ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • အစ္စရေးတွေ ဘုရင်တစ်ပါး တောင်းဆို (၁-၉)

      • လူတွေကို ရှမွေလ သတိပေး (၁၀-၁၈)

      • ဘုရင်တစ်ပါး တောင်းဆိုတာကို ယေဟောဝါခွင့်ပြု (၁၉-၂၂)

၁ ရှမွေလ ၈:၂

ကျမ်းညွှန်းများ

  • +၁ရ ၆:၂၈

၁ ရှမွေလ ၈:၃

ကျမ်းညွှန်းများ

  • +ထွ ၁၈:၂၁
  • +ထွ ၂၃:၈; တရ ၁၆:၁၉; ဆ ၁၅:၅; ပ ၂၉:၄
  • +တရ ၂၄:၁၇

၁ ရှမွေလ ၈:၅

ကျမ်းညွှန်းများ

  • +တရ ၁၇:၁၄၊ ၁၅; ၁ရှ ၁၂:၁၃; တ ၁၃:၂၁

၁ ရှမွေလ ၈:၇

ကျမ်းညွှန်းများ

  • +သူ ၈:၂၃; ၁ရှ ၁၀:၁၉; ၁၂:၁၂; ရှာ ၃၃:၂၂

၁ ရှမွေလ ၈:၈

ကျမ်းညွှန်းများ

  • +တရ ၉:၂၄
  • +သူ ၂:၁၉

၁ ရှမွေလ ၈:၁၁

ကျမ်းညွှန်းများ

  • +၁ရှ ၁၀:၂၅
  • +၁ရှ ၁၄:၅၂
  • +၁ဘု ၉:၂၂; ၁၀:၂၆
  • +၁ဘု ၄:၂၆

၁ ရှမွေလ ၈:၁၂

ကျမ်းညွှန်းများ

  • +၂ရှ ၁၈:၁; ၁ရ ၂၇:၁
  • +၂ဘု ၁:၁၄
  • +၁ရ ၂၇:၂၆
  • +၁ဘု ၄:၇
  • +၁ဘု ၄:၂၆

၁ ရှမွေလ ၈:၁၃

ကျမ်းညွှန်းများ

  • +၁ဘု ၄:၂၂

၁ ရှမွေလ ၈:၁၄

ကျမ်းညွှန်းများ

  • +၁ရ ၂၇:၂၈၊ ၃၁

၁ ရှမွေလ ၈:၁၆

ကျမ်းညွှန်းများ

  • +၁ဘု ၅:၁၅၊ ၁၆

၁ ရှမွေလ ၈:၁၇

ကျမ်းညွှန်းများ

  • +၁ဘု ၄:၂၂၊ ၂၃

၁ ရှမွေလ ၈:၁၈

ကျမ်းညွှန်းများ

  • +၁ဘု ၁၂:၃၊ ၄

၁ ရှမွေလ ၈:၂၂

ကျမ်းညွှန်းများ

  • +၁ရှ ၈:၇; ဟော ၁၃:၁၁

အထွေထွေ

၁ ရှ. ၈:၂၁ရ ၆:၂၈
၁ ရှ. ၈:၃ထွ ၁၈:၂၁
၁ ရှ. ၈:၃ထွ ၂၃:၈; တရ ၁၆:၁၉; ဆ ၁၅:၅; ပ ၂၉:၄
၁ ရှ. ၈:၃တရ ၂၄:၁၇
၁ ရှ. ၈:၅တရ ၁၇:၁၄၊ ၁၅; ၁ရှ ၁၂:၁၃; တ ၁၃:၂၁
၁ ရှ. ၈:၇သူ ၈:၂၃; ၁ရှ ၁၀:၁၉; ၁၂:၁၂; ရှာ ၃၃:၂၂
၁ ရှ. ၈:၈တရ ၉:၂၄
၁ ရှ. ၈:၈သူ ၂:၁၉
၁ ရှ. ၈:၁၁၁ရှ ၁၀:၂၅
၁ ရှ. ၈:၁၁၁ရှ ၁၄:၅၂
၁ ရှ. ၈:၁၁၁ဘု ၉:၂၂; ၁၀:၂၆
၁ ရှ. ၈:၁၁၁ဘု ၄:၂၆
၁ ရှ. ၈:၁၂၂ရှ ၁၈:၁; ၁ရ ၂၇:၁
၁ ရှ. ၈:၁၂၂ဘု ၁:၁၄
၁ ရှ. ၈:၁၂၁ရ ၂၇:၂၆
၁ ရှ. ၈:၁၂၁ဘု ၄:၇
၁ ရှ. ၈:၁၂၁ဘု ၄:၂၆
၁ ရှ. ၈:၁၃၁ဘု ၄:၂၂
၁ ရှ. ၈:၁၄၁ရ ၂၇:၂၈၊ ၃၁
၁ ရှ. ၈:၁၆၁ဘု ၅:၁၅၊ ၁၆
၁ ရှ. ၈:၁၇၁ဘု ၄:၂၂၊ ၂၃
၁ ရှ. ၈:၁၈၁ဘု ၁၂:၃၊ ၄
၁ ရှ. ၈:၂၂၁ရှ ၈:၇; ဟော ၁၃:၁၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရှမွေလ ၈:၁-၂၂

၁ ရှမွေလ

၈ ရှမွေလက အိုမင်းလာတဲ့အခါ သားတွေကို အစ္စရေးပြည်မှာ တရားသူကြီးတွေအဖြစ်  ခန့်လိုက်တယ်။ ၂ သားဦးက ယောလ၊ ဒုတိယသားက အဘိယလို့ခေါ်တယ်။+ သူတို့က ဗေရရှေဘမြို့မှာ တရားသူကြီး လုပ်ကြတယ်။ ၃ ဒါပေမဲ့ သူတို့က ဖခင်ရဲ့လမ်းစဉ်အတိုင်း မလိုက်ဘူး။ မတရား အမြတ်ထုတ်တယ်။+ လာဘ်စားတယ်။+ အမှန်တရားကို ကပြောင်းကပြန်ဖြစ်အောင် လုပ်ကြတယ်။+

၄ ဒါကြောင့် အစ္စရေးအကြီးအကဲအားလုံး စုဝေးပြီး ရာမမြို့မှာရှိတဲ့ ရှမွေလဆီ လာကြတယ်။ ၅ ပြီးတော့ “သခင်ဟာ အသက်ကြီးလာပြီ။ သခင့်သားတွေလည်း သခင့်လမ်းစဉ် မလိုက်ကြဘူး။ ဒါကြောင့် တခြားလူမျိုးတွေလို ကျွန်တော်တို့ကို အုပ်ချုပ်မယ့်ဘုရင်တစ်ပါး ခန့်အပ်ပေးပါ”+ လို့တောင်းဆိုကြတယ်။ ၆ “ကျွန်တော်တို့ကို အုပ်ချုပ်မယ့် ဘုရင်တစ်ပါး ခန့်အပ်ပေးပါ” ဆိုတဲ့ တောင်းဆိုချက်ကို ရှမွေလ သဘောမကျတဲ့အတွက် ယေဟောဝါဆီ ဆုတောင်းပြီး ပြောပြတဲ့အခါ၊ ၇ ယေဟောဝါက “လူတွေ တောင်းဆိုတဲ့အတိုင်း လိုက်လျောပေးလိုက်ပါ။ တကယ်တော့ သူတို့က မင်းကိုငြင်းပယ်တာ မဟုတ်ဘူး။ ငါ့ကို ဘုရင်အဖြစ် လက်မခံဘဲ ငြင်းပယ်လိုက်တာ။+ ၈ သူတို့က အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်လာတဲ့နေ့ကစပြီး ဒီနေ့အထိ အခုလိုပဲ လုပ်ခဲ့ကြတာ။ ငါ့ကို စွန့်ပစ်ပြီး+ တခြားဘုရားတွေကို ကိုးကွယ်ကြတာ အကြိမ်ကြိမ်ပဲ။+ မင်းကိုလည်း အဲဒီလိုပဲ လုပ်နေတာ။ ၉ ဒီတော့ သူတို့တောင်းဆိုတဲ့အတိုင်း လိုက်လျောပေးလိုက်။ ဖြစ်လာမယ့် အကျိုးဆက်တွေကိုတော့ အသေအချာ သတိပေးလိုက်။ သူတို့ကို အုပ်ချုပ်မယ့်ဘုရင်က ဘာတွေ တောင်းဆိုပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း ပြောပြလိုက်ပါ” လို့ပြောတယ်။

၁၀ ရှမွေလလည်း ဘုရင်တစ်ပါး တောင်းဆိုနေတဲ့  လူတွေကို  ယေဟောဝါ မိန့်မှာသမျှ ပြောပြတယ်။ ၁၁ “ခင်ဗျားတို့ကို အုပ်ချုပ်မယ့် ဘုရင်က ဘာတွေ တောင်းဆိုပိုင်ခွင့်ရှိသလဲဆိုတော့+ ခင်ဗျားတို့ရဲ့သားတွေကို+ သူ့ရဲ့မြင်းရထား မောင်းခိုင်းမယ်။+ မြင်းစီးသူရဲ လုပ်ခိုင်းမယ်။+ တချို့ကို သူ့ရဲ့မြင်းရထားရှေ့မှာ ပြေးခိုင်းမယ်။ ၁၂ တချို့ကို လူတစ်ထောင်အုပ်၊+ ငါးဆယ်အုပ်ဆိုပြီး+ ခန့်ထားလိမ့်မယ်။ တချို့က လယ်ထွန်ပြီး+ ရိတ်သိမ်းပေးရမယ်။+ စစ်လက်နက်တွေ၊ မြင်းရထားအတွက် ပစ္စည်းကိရိယာတွေ လုပ်ပေးရမယ်။+ ၁၃ ခင်ဗျားတို့ရဲ့သမီးတွေကို ဆီမွှေး ဖော်စပ်ခိုင်းမယ်၊ ချက်ပြုတ်ခိုင်းမယ်၊ မုန့်ဖုတ်ခိုင်းမယ်။+ ၁၄ ခင်ဗျားတို့ရဲ့လယ်မြေ၊ စပျစ်ခြံ၊ သံလွင်ခြံထဲက+ အကောင်းဆုံးသီးနှံတွေကို ယူပြီး မင်းမှုထမ်းတွေကို ပေးလိမ့်မယ်။ ၁၅ ခင်ဗျားတို့ရဲ့လယ်မြေနဲ့ စပျစ်ခြံထဲက ဆယ်ပုံတစ်ပုံကို ယူပြီး မင်းအရာရှိတွေနဲ့ မင်းမှုထမ်းတွေကို ပေးလိမ့်မယ်။ ၁၆ ခင်ဗျားတို့ရဲ့ကျွန်ယောက်ျား ကျွန်မိန်းမတွေ၊ အကောင်းဆုံး နွားမြည်းတွေကို ယူပြီး ခိုင်းစေမယ်။+ ၁၇ ခင်ဗျားတို့ရဲ့ သိုးအုပ်တွေထဲက ဆယ်ဖို့တစ်ဖို့ကို ယူလိမ့်မယ်။+ ခင်ဗျားတို့ကိုယ်တိုင်လည်း သူ့ဆီမှာ ကျွန်ခံရလိမ့်မယ်။ ၁၈ ခင်ဗျားတို့ရွေးချယ်တဲ့ ဘုရင်ကြောင့် အော်ဟစ်ရမယ့်အချိန် ရောက်လာလိမ့်မယ်။+ အဲဒီအချိန်ကျရင် ယေဟောဝါဘုရား ပြန်ထူးမှာမဟုတ်ဘူး” လို့သတိပေးတယ်။

၁၉ လူတွေကတော့ ရှမွေလ သတိပေးတာကို အလေးမထားဘဲ “ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကို အုပ်ချုပ်မယ့် ဘုရင်ရှိမှ ဖြစ်မယ်။ ၂၀ ဒါမှ ကျွန်တော်တို့လည်း လူမျိုးခြားတွေနဲ့ တူမှာ။ အဲဒီဘုရင်က ကျွန်တော်တို့ကို အုပ်ချုပ်ရမယ်။ ရှေ့ကနေ ဦးဆောင်ပြီး စစ်တိုက်ရမယ်” လို့ပြောကြတယ်။ ၂၁ ရှမွေလလည်း လူတွေပြောသမျှကို နားထောင်ပြီးနောက် ယေဟောဝါကို ပြန်ပြောပြတယ်။ ၂၂ အဲဒီအခါ ယေဟောဝါက “သူတို့တောင်းဆိုတာကို လိုက်လျောပြီး ဘုရင်တစ်ပါး ခန့်အပ်ပေးလိုက်”+ လို့ပြောတယ်။ ဒါနဲ့ ရှမွေလက “ခင်ဗျားတို့အားလုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြ” ဆိုပြီး အစ္စရေးအမျိုးသားတွေကို ပြန်ခိုင်းလိုက်တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ