ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၂၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • အမ္မုန်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၁-၇)

      • မောဘနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၈-၁၁)

      • ဧဒုံနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၁၂-၁၄)

      • ဖိလိတိနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၁၅-၁၇)

ယေဇကျေလ ၂၅:၂

ကျမ်းညွှန်းများ

  • +က ၁၉:၃၆၊ ၃၈
  • +ယေ ၄၉:၁; အ ၁:၁၃; ဇေ ၂:၉

ယေဇကျေလ ၂၅:၅

ကျမ်းညွှန်းများ

  • +၂ရှ ၁၂:၂၆; ယဇ ၂၁:၂၀

ယေဇကျေလ ၂၅:၆

ကျမ်းညွှန်းများ

  • +မတ ၂:၁၅
  • +ဇေ ၂:၈

ယေဇကျေလ ၂၅:၇

ကျမ်းညွှန်းများ

  • +ယေ ၄၉:၂; အ ၁:၁၄

ယေဇကျေလ ၂၅:၈

ကျမ်းညွှန်းများ

  • +ရှာ ၁၅:၁; ယေ ၄၈:၁; အ ၂:၁
  • +တရ ၂:၄

ယေဇကျေလ ၂၅:၉

ကျမ်းညွှန်းများ

  • +တလ ၃၂:၃၇၊ ၃၈; ယရ ၁၃:၁၅၊ ၁၉

ယေဇကျေလ ၂၅:၁၀

ကျမ်းညွှန်းများ

  • +ယဇ ၂၅:၄
  • +ယဇ ၂၁:၂၈၊ ၃၂

ယေဇကျေလ ၂၅:၁၁

ကျမ်းညွှန်းများ

  • +ယေ ၄၈:၁

ယေဇကျေလ ၂၅:၁၂

ကျမ်းညွှန်းများ

  • +၂ရ ၂၈:၁၇; ဆ ၁၃၇:၇; မတ ၄:၂၂; အ ၁:၁၁; ဩ ၁၀

ယေဇကျေလ ၂၅:၁၃

ကျမ်းညွှန်းများ

  • +မလ ၁:၄
  • +ယေ ၄၉:၇၊ ၈

ယေဇကျေလ ၂၅:၁၄

ကျမ်းညွှန်းများ

  • +ရှာ ၁၁:၁၄; ၆၃:၁
  • +နာ ၁:၂

ယေဇကျေလ ၂၅:၁၅

ကျမ်းညွှန်းများ

  • +၂ရ ၂၈:၁၈; ရှာ ၉:၁၁၊ ၁၂; ၁၄:၂၉; ယေ ၄၇:၁; ယလ ၃:၄-၆; အ ၁:၆

ယေဇကျေလ ၂၅:၁၆

ကျမ်းညွှန်းများ

  • +ယေ ၂၅:၁၇၊ ၂၀; ဇေ ၂:၄
  • +ဇေ ၂:၅
  • +ယေ ၄၇:၄

အထွေထွေ

ယေဇ. ၂၅:၂က ၁၉:၃၆၊ ၃၈
ယေဇ. ၂၅:၂ယေ ၄၉:၁; အ ၁:၁၃; ဇေ ၂:၉
ယေဇ. ၂၅:၅၂ရှ ၁၂:၂၆; ယဇ ၂၁:၂၀
ယေဇ. ၂၅:၆မတ ၂:၁၅
ယေဇ. ၂၅:၆ဇေ ၂:၈
ယေဇ. ၂၅:၇ယေ ၄၉:၂; အ ၁:၁၄
ယေဇ. ၂၅:၈ရှာ ၁၅:၁; ယေ ၄၈:၁; အ ၂:၁
ယေဇ. ၂၅:၈တရ ၂:၄
ယေဇ. ၂၅:၉တလ ၃၂:၃၇၊ ၃၈; ယရ ၁၃:၁၅၊ ၁၉
ယေဇ. ၂၅:၁၀ယဇ ၂၅:၄
ယေဇ. ၂၅:၁၀ယဇ ၂၁:၂၈၊ ၃၂
ယေဇ. ၂၅:၁၁ယေ ၄၈:၁
ယေဇ. ၂၅:၁၂၂ရ ၂၈:၁၇; ဆ ၁၃၇:၇; မတ ၄:၂၂; အ ၁:၁၁; ဩ ၁၀
ယေဇ. ၂၅:၁၃မလ ၁:၄
ယေဇ. ၂၅:၁၃ယေ ၄၉:၇၊ ၈
ယေဇ. ၂၅:၁၄ရှာ ၁၁:၁၄; ၆၃:၁
ယေဇ. ၂၅:၁၄နာ ၁:၂
ယေဇ. ၂၅:၁၅၂ရ ၂၈:၁၈; ရှာ ၉:၁၁၊ ၁၂; ၁၄:၂၉; ယေ ၄၇:၁; ယလ ၃:၄-၆; အ ၁:၆
ယေဇ. ၂၅:၁၆ယေ ၂၅:၁၇၊ ၂၀; ဇေ ၂:၄
ယေဇ. ၂၅:၁၆ဇေ ၂:၅
ယေဇ. ၂၅:၁၆ယေ ၄၇:၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၂၅:၁-၁၇

ယေဇကျေလ

၂၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ အမ္မုန်လူမျိုးဘက်+ မျက်နှာမူပြီး သူတို့ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+ ၃ အမ္မုန်လူမျိုးနဲ့ပတ်သက်ပြီး မင်းပြောရမှာက– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာကို နားထောင်ပါ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “သန့်ရှင်းရာဌာနတော် ညစ်ညူးသွားတုန်းက၊ အစ္စရေးပြည် လူသူကင်းမဲ့သွားတုန်းက၊ ယုဒအမျိုး ပြည်နှင်ခံရတုန်းက မင်းတို့ ဟားတိုက်ခဲ့တယ်။ ၄ အခု၊ မင်းတို့ကို အရှေ့ပြည်သားတွေ လက်ထဲ ငါအပ်မှာဖြစ်လို့ မင်းတို့အလယ်မှာ စခန်းတွေချ၊ တဲတွေထိုးလိမ့်မယ်။ မင်းတို့ရဲ့သီးနှံတွေကို စားသုံးကြလိမ့်မယ်။ မင်းတို့သောက်မယ့်နို့ကို သူတို့ သောက်ကြလိမ့်မယ်။ ၅ ရဗာမြို့ကို+ ကုလားအုတ်စားကျက်မြေ ဖြစ်စေမယ်။ အမ္မုန်ပြည်ကို သိုးအုပ်ကျက်စားရာ ဖြစ်စေမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။”’”

၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘အစ္စရေးပြည် ဒုက္ခရောက်တဲ့အခါ မင်းတို့ လက်ခုပ်တီးပြီး+ ခြေဆောင့်ကြတယ်။ ဝမ်းသာအားရ လှောင်ပြောင်ကြတယ်။+ ၇ ဒါကြောင့် ငါ့လက်ကိုဆန့်ပြီး မင်းတို့ကို ဒဏ်ခတ်မယ်။ တခြားလူမျိုးတွေ တိုက်ခိုက်လုယက်ဖို့ အပ်လိုက်မယ်။ လူမျိုးတစ်မျိုးအဖြစ် မင်းတို့ မတည်ရှိတော့အောင် ပယ်ရှင်းမယ်။+ ပြည်တွေထဲကနေ အစတုံးဖျက်ဆီးပစ်မယ်။ ငါဟာ ယေဟောဝါဖြစ်မှန်း မင်းတို့သိရကြလိမ့်မယ်။’

၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘“ယုဒအမျိုးဟာ တခြားလူမျိုးတွေနဲ့ ဘာကွာလို့လဲ” ဆိုပြီး မောဘနဲ့+ စိရ+ ပြောတယ်။ ၉ ဒါကြောင့် ငါက ကျက်သရေဆောင်မြို့တွေဖြစ်တဲ့ ဗက်ယေရှိမုတ်၊ ဗာလမုန်နဲ့ ကိရယသိမ်အထိ+ မောဘရဲ့ နယ်စပ်မြို့တွေကို ရန်သူလက်ထဲ အပ်မယ်။ ၁၀ အမ္မုန်လူမျိုးတွေကိုလည်း အရှေ့ပြည်သားတွေလက်ထဲ အပ်မယ်။+ ဒါကြောင့် အမ္မုန်လူမျိုးကို တခြားလူမျိုးတွေ သတိရကြတော့မှာ မဟုတ်ဘူး။+ ၁၁ မောဘပြည်ကို ငါတရားစီရင်မယ်။+ ငါဟာ ယေဟောဝါဖြစ်မှန်း သူတို့သိရကြလိမ့်မယ်။’

၁၂ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘ယုဒအမျိုးကို ဧဒုံလူမျိုး လက်စားချေခဲ့တယ်။ အဲဒီလို လက်စားချေတဲ့အတွက် သူ့မှာ ကြီးလေးတဲ့အပြစ် ရှိတယ်။+ ၁၃ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “ငါ့လက်ကိုဆန့်ပြီး ဧဒုံလူမျိုးကို ဒဏ်ခတ်မယ်။ ပြည်ထဲက လူသူတိရစ္ဆာန်တွေကို ပယ်ရှင်းပြီး လူသူကင်းမဲ့စေမယ်။+ တေမန်မြို့ကနေ ဒေဒန်အရပ်အထိ ဓားဘေးကြောင့် ကျဆုံးသွားလိမ့်မယ်။+ ၁၄ ‘ငါ့လူမျိုး အစ္စရေးလက်ချက်နဲ့ ဧဒုံလူမျိုးကို လက်စားချေမယ်။+ သူတို့က ငါ့ဒေါသကို ဧဒုံအပေါ် ကျရောက်စေလိမ့်မယ်။ ငါလက်စားချေတာကို ဧဒုံလူမျိုး ခံရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”’

၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘ဖိလိတိလူတွေက အစ္စရေးတွေအပေါ် ရန်ငြိုးမပြေနိုင်တဲ့အတွက် လက်စားချေဖျက်ဆီးဖို့ မလိုတမာစိတ်နဲ့ ကြိုးစားတယ်။+ ၁၆ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “ငါ့လက်ကို ဆန့်ပြီး ဖိလိတိလူတွေကို ဒဏ်ခတ်မယ်။+ ခေရသိလူမျိုးကို ပယ်ရှင်းမယ်။+ ပင်လယ်ကမ်းရိုးတန်းမှာ ကျန်နေသေးတဲ့ လူတွေကိုလည်း ဖျက်ဆီးမယ်။+ ၁၇ သူတို့ကို ကောင်းကောင်း လက်စားချေပြီး ဒေါသတကြီး ဒဏ်ခတ်မယ်။ အဲဒီလို လက်စားချေတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။”’”

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၄)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ