ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရှမွေလ ၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • ရှောလုသေဆုံးကြောင်း ဒါဝိဒ်ကြားသိ (၁-၁၆)

      • ရှောလုနဲ့ယောနသန်အတွက် ဒါဝိဒ်ရဲ့ငိုချင်း (၁၇-၂၇)

၂ ရှမွေလ ၁:၁

ကျမ်းညွှန်းများ

  • +၁ရှ ၂၇:၅၊ ၆

၂ ရှမွေလ ၁:၄

ကျမ်းညွှန်းများ

  • +၁ရှ ၃၁:၁၊ ၆; ၁ရ ၁၀:၄၊ ၆

၂ ရှမွေလ ၁:၆

ကျမ်းညွှန်းများ

  • +၁ရှ ၂၈:၄; ၁ရ ၁၀:၁
  • +၁ရှ ၃၁:၃; ၁ရ ၁၀:၃

၂ ရှမွေလ ၁:၈

ကျမ်းညွှန်းများ

  • +ထွ ၁၇:၁၆; တရ ၂၅:၁၉; ၁ရှ ၁၅:၂၀; ၃၀:၁

၂ ရှမွေလ ၁:၁၀

ကျမ်းညွှန်းများ

  • +၁ရှ ၃၁:၄

၂ ရှမွေလ ၁:၁၂

ကျမ်းညွှန်းများ

  • +၁ရှ ၃၁:၁
  • +၁ရှ ၃၁:၁၁၊ ၁၃

၂ ရှမွေလ ၁:၁၄

ကျမ်းညွှန်းများ

  • +တလ ၁၂:၈; ၁ရှ ၂၄:၆; ၂၆:၉; ၃၁:၄

၂ ရှမွေလ ၁:၁၅

ကျမ်းညွှန်းများ

  • +၂ရှ ၄:၁၀

၂ ရှမွေလ ၁:၁၆

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “မင်းရဲ့သွေးဟာ မင်းခေါင်းပေါ် ရောက်ရတာပဲ။”

ကျမ်းညွှန်းများ

  • +၂ရှ ၁:၆၊ ၁၀

၂ ရှမွေလ ၁:၁၇

ကျမ်းညွှန်းများ

  • +၁ရှ ၃၁:၆

၂ ရှမွေလ ၁:၁၈

ကျမ်းညွှန်းများ

  • +ယရ ၁၀:၁၃

၂ ရှမွေလ ၁:၁၉

ကျမ်းညွှန်းများ

  • +၁ရှ ၃၁:၈

၂ ရှမွေလ ၁:၂၀

ကျမ်းညွှန်းများ

  • +၁ရှ ၃၁:၉

၂ ရှမွေလ ၁:၂၁

ကျမ်းညွှန်းများ

  • +၁ရှ ၃၁:၁; ၁ရ ၁၀:၁
  • +ဝ ၂၇:၁၆

၂ ရှမွေလ ၁:၂၂

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၄; ၂၀:၂၀
  • +၁ရှ ၁၄:၄၇

၂ ရှမွေလ ၁:၂၃

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၁
  • +၁ရှ ၃၁:၆; ၁ရ ၁၀:၆
  • +ယဘ ၉:၂၆
  • +ပ ၃၀:၃၀

၂ ရှမွေလ ၁:၂၅

ကျမ်းညွှန်းများ

  • +၁ရှ ၃၁:၈

၂ ရှမွေလ ၁:၂၆

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၁၊ ၃
  • +၁ရှ ၁၉:၂; ၂၀:၁၇၊ ၄၁; ၂၃:၁၆-၁၈; ပ ၁၇:၁၇; ၁၈:၂၄

အထွေထွေ

၂ ရှ. ၁:၁၁ရှ ၂၇:၅၊ ၆
၂ ရှ. ၁:၄၁ရှ ၃၁:၁၊ ၆; ၁ရ ၁၀:၄၊ ၆
၂ ရှ. ၁:၆၁ရှ ၂၈:၄; ၁ရ ၁၀:၁
၂ ရှ. ၁:၆၁ရှ ၃၁:၃; ၁ရ ၁၀:၃
၂ ရှ. ၁:၈ထွ ၁၇:၁၆; တရ ၂၅:၁၉; ၁ရှ ၁၅:၂၀; ၃၀:၁
၂ ရှ. ၁:၁၀၁ရှ ၃၁:၄
၂ ရှ. ၁:၁၂၁ရှ ၃၁:၁
၂ ရှ. ၁:၁၂၁ရှ ၃၁:၁၁၊ ၁၃
၂ ရှ. ၁:၁၄တလ ၁၂:၈; ၁ရှ ၂၄:၆; ၂၆:၉; ၃၁:၄
၂ ရှ. ၁:၁၅၂ရှ ၄:၁၀
၂ ရှ. ၁:၁၆၂ရှ ၁:၆၊ ၁၀
၂ ရှ. ၁:၁၇၁ရှ ၃၁:၆
၂ ရှ. ၁:၁၈ယရ ၁၀:၁၃
၂ ရှ. ၁:၁၉၁ရှ ၃၁:၈
၂ ရှ. ၁:၂၀၁ရှ ၃၁:၉
၂ ရှ. ၁:၂၁၁ရှ ၃၁:၁; ၁ရ ၁၀:၁
၂ ရှ. ၁:၂၁ဝ ၂၇:၁၆
၂ ရှ. ၁:၂၂၁ရှ ၁၈:၄; ၂၀:၂၀
၂ ရှ. ၁:၂၂၁ရှ ၁၄:၄၇
၂ ရှ. ၁:၂၃၁ရှ ၁၈:၁
၂ ရှ. ၁:၂၃၁ရှ ၃၁:၆; ၁ရ ၁၀:၆
၂ ရှ. ၁:၂၃ယဘ ၉:၂၆
၂ ရှ. ၁:၂၃ပ ၃၀:၃၀
၂ ရှ. ၁:၂၅၁ရှ ၃၁:၈
၂ ရှ. ၁:၂၆၁ရှ ၁၈:၁၊ ၃
၂ ရှ. ၁:၂၆၁ရှ ၁၉:၂; ၂၀:၁၇၊ ၄၁; ၂၃:၁၆-၁၈; ပ ၁၇:၁၇; ၁၈:၂၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ရှမွေလ ၁:၁-၂၇

၂ ရှမွေလ

၁ ရှောလု သေဆုံးပြီးနောက် ဒါဝိဒ်က အာမလက်လူတွေကို အနိုင်ရပြီး ပြန်လာတဲ့အခါ ဇိကလတ်မြို့မှာ+ နှစ်ရက်နေတယ်။ ၂ သုံးရက်မြောက်နေ့မှာ ရှောလုရဲ့တပ်ထဲက လူတစ်ယောက်ဟာ အဝတ်တွေကို ဆွဲဆုတ်၊ ခေါင်းပေါ်မှာ မြေမှုန့်တွေ တင်ပြီး ရောက်လာတယ်။ ဒါဝိဒ်ရှေ့ကို ရောက်တော့ မြေပေါ် ပျပ်ဝပ်လိုက်တယ်။

၃ ဒါဝိဒ်က “ဘယ်ကလာတာလဲ” ဆိုပြီး မေးတဲ့အခါ “အစ္စရေးတပ်ကနေ ပြေးလာတာပါ”  လို့  သူဖြေတယ်။ ၄ “အခြေအနေ ဘယ်လိုလဲ၊ ပြောပါဦး” လို့ ဒါဝိဒ် မေးတဲ့အခါ သူက “တိုက်ပွဲမှာ  အရေးမလှတော့  စစ်သည်တွေ ထွက်ပြေးကုန်တယ်။ စစ်သည်အတော်များများ ကျဆုံးတဲ့အပြင် ရှောလုမင်းနဲ့ သားတော်ယောနသန်လည်း ကျဆုံးသွားပါပြီ”+ လို့ဖြေတယ်။ ၅ ဒါဝိဒ်က “ရှောလုမင်းနဲ့ သားတော်ယောနသန် ကျဆုံးသွားမှန်း မင်းဘယ်လိုသိတာလဲ” ဆိုပြီး သတင်းယူလာတဲ့ လူငယ်ကို မေးတယ်။ ၆ လူငယ်က “ဂိလဗောတောင်ပေါ်ကို+ ကျွန်တော် ရောက်တဲ့အချိန်မှာ ရှောလုမင်းက လှံကိုအားပြုပြီး ရပ်နေတယ်။ မြင်းရထားတွေ၊ မြင်းစီးသူရဲတွေလည်း သူ့အနား ရောက်တော့မယ်။+ ၇ သူလှည့်ကြည့်တဲ့အခါ ကျွန်တော့်ကို တွေ့သွားပြီး လှမ်းခေါ်တယ်။ ‘မင်းကြီး၊ အမိန့်ရှိပါ’ ဆိုတော့၊ ၈ သူက ‘မင်း ဘယ်သူလဲ’ လို့မေးတယ်။ ‘ကျွန်တော် အာမလက်လူပါ’+ လို့ဖြေတယ်။ ၉ ဒါနဲ့ သူက ‘အနားလာပြီး ငါ့ကို သတ်လိုက်စမ်းပါ။ ငါ မချိမဆံ့ ခံနေရတယ်။ အသက်လည်း မထွက်နိုင်သေးဘူး’  လို့ပြောတယ်။ ၁၀ သူ ဒဏ်ရာ အပြင်းအထန်ရပြီး လဲနေပြီဆိုတော့ အသက်ဆက်မရှင်နိုင်မှန်း ကျွန်တော်သိတဲ့အတွက် သူ့အနားကို သွားပြီး သတ်လိုက်တယ်။+ ခေါင်းပေါ်ကသရဖူနဲ့ လက်မောင်းမှာ ပတ်ထားတဲ့ လက်မောင်းတန်ဆာကိုတော့ ချွတ်ယူပြီး သခင့်ဆီ အခု ယူလာခဲ့ပါတယ်” လို့ဖြေတယ်။

၁၁ အဲဒီအခါ ဒါဝိဒ်က သူ့အဝတ်ကို ဆွဲဆုတ်တယ်။ သူ့လူတွေလည်း အဲဒီအတိုင်း  လိုက်လုပ်  ကြတယ်။ ၁၂ သူတို့က ရှောလုမင်း၊ သားတော် ယောနသန်နဲ့  ယေဟောဝါရဲ့လူမျိုး အစ္စရေးတွေ ကျဆုံးသွားတဲ့အတွက်+ ငိုကြွေးမြည်တမ်းပြီး  ညဦးပိုင်းအထိ အစာရှောင်ကြတယ်။+

၁၃ ဒါဝိဒ်က  သတင်းယူလာတဲ့ လူငယ်ကို “ဘယ်ကလာတာလဲ” လို့မေးတဲ့အခါ “ကျွန်တော်ဟာ အစ္စရေးပြည်မှာ  နေထိုင်တဲ့  တိုင်းတစ်ပါးသား၊ အာမလက်လူမျိုးပါ”  လို့ဖြေတယ်။ ၁၄ ဒါနဲ့ ဒါဝိဒ်က “ယေဟောဝါဘုရား ဘိသိက်ပေးထားတဲ့ မင်းကြီးကို မင်းလက်နဲ့ သတ်ဝံ့တယ်ပေါ့”+  လို့ပြောတယ်။ ၁၅ အဲဒီနောက်  လူတစ်ယောက်ကို လှမ်းခေါ်ပြီး  “သူ့ကိုသတ်လိုက်”  လို့ အမိန့်ပေးတော့ အဲဒီလူက လူငယ်ကို သတ်လိုက်တယ်။+ ၁၆ ဒါဝိဒ်က “‘ယေဟောဝါဘုရား ဘိသိက်ပေးထားတဲ့ မင်းကြီးကို ကျွန်တော်သတ်လိုက်တာ’ ဆိုပြီး မင်းကိုယ်တိုင်  သက်သေထွက်ဆိုတဲ့အတွက် မင်းအပြစ်နဲ့မင်း သေရတာပဲ”*+ လို့ပြောတယ်။

၁၇ ဒါဝိဒ်က ရှောလုနဲ့ သားတော်ယောနသန်အတွက်+ ငိုချင်းတစ်ပုဒ် စပ်ဆိုတယ်။ ၁၈ “လေးတော်သီချင်း” လို့ခေါ်တဲ့ ဒီငိုချင်းကို ယုဒလူတွေကိုလည်း သင်ယူခိုင်းတယ်။ ယာရှာစာစောင်ထဲမှာ+ ဖော်ပြထားတဲ့ အဲဒီငိုချင်းကတော့–

၁၉ “အို အစ္စရေး၊ ဘုန်းကြီးတဲ့သူတွေ တောင်ပေါ်မှာ လဲကျသေဆုံးကုန်ပြီ။+

သူရဲကောင်းတွေ ကျဆုံးကုန်ပြီ။

၂၀ ဒီသတင်းကို ဂါသမြို့မှာ မပြောကြပါနဲ့။+

အာရှကေလုန်မြို့ရဲ့ လမ်းတွေမှာ မကြေညာကြပါနဲ့။

ဖိလိတိသမီးပျိုတွေ ဝမ်းသာနေမှာ။

အရေဖျားမဖြတ်သူတွေရဲ့ သမီးပျိုတွေ ရွှင်မြူးနေလိမ့်မယ်။

၂၁ သူရဲကောင်းတို့ရဲ့ ဒိုင်းလွှား ဂုဏ်သရေ ညှိုးနွမ်းပြီ။

ရှောလုရဲ့ ဒိုင်းလွှားလည်း ဂုဏ်သရေ ညှိုးနွမ်းပြီ၊ ဆီနဲ့ တိုက်ချွတ်ထားတဲ့ ဒိုင်းလွှား တစ်ခုမှ မရှိတော့ဘူး။

ဒါကြောင့် ဂိလဗောတောင်တန်းတွေအပေါ်+ ဆီးနှင်း မကျပါစေနဲ့။ မိုးမရွာပါစေနဲ့။

ဘုရားကိုလှူမယ့် သီးနှံတွေ လယ်မြေမှာ မဖြစ်ထွန်းပါစေနဲ့။+

၂၂ ယောနသန်ရဲ့လေးက ရန်သူ့သွေးကိုသောက်ဖို့၊ ခွန်အားကြီးသူတွေရဲ့ ကိုယ်ကို ထွင်းဖောက်ဖို့ ဝန်မလေးတတ်ဘူး။+

ရှောလုရဲ့ဓားကလည်း အောင်ပွဲမရဘဲ ပြန်မလာတတ်ဘူး။+

၂၃ ရှောလုနဲ့ ယောနသန်ဟာ+ အသက်ရှင်နေတုန်းက လူချစ်လူခင် များခဲ့တယ်။

ကွယ်လွန်တော့လည်း မကွဲမကွာပါပဲ။+

လင်းယုန်ထက် လျင်မြန်ကြတယ်။+

ခြင်္သေ့ထက် ခွန်အားကြီးကြတယ်။+

၂၄ အို အစ္စရေးသမီးပျိုတို့၊

မင်းတို့ကို ကြက်သွေးရောင် ဝတ်ကောင်းစားလှတွေ ဆင်မြန်းပေးသူ၊

အဝတ်မှာ ရွှေတန်ဆာတွေ ဆင်ယင်ပေးသူ ရှောလုအတွက် ငိုကြွေးကြပါ။

၂၅ သူရဲကောင်းတွေ တိုက်ပွဲမှာ ကျဆုံးပြီ။

ယောနသန်ဟာ တောင်ကုန်းပေါ်မှာ လဲကျသေဆုံးသွားပြီ။+

၂၆ အစ်ကိုယောနသန်၊ ကျွန်တော် ဝမ်းနည်းပူဆွေးနေရပြီ။

အစ်ကို့ကို ကျွန်တော် သိပ်ချစ်တယ်။+

ကျွန်တော့်ကိုချစ်တဲ့ အစ်ကို့မေတ္တာဟာ အမျိုးသမီးတွေရဲ့ မေတ္တာထက် သာလွန်တယ်။+

၂၇ သူရဲကောင်းတွေ ကျဆုံးကုန်ပြီ။

စစ်လက်နက်တွေလည်း ပျက်စီးကုန်ပြီ။”

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၄)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ