Sin Ding Thu 19
LA 6 ဘုရားဘုန်းတော် ကောင်းကင် ကြေညာ
A Citak Vantung Mite Etteh Un
“Vantung mite aw, TOPA phat un.”—LA. 103:20.
အာရုံစိုက်ရာ
သစ္စာရှိ ကောင်းကင်တမန်တွေကို ဘယ်လို အတုယူနိုင်သလဲ။
1-2. (a) Vantung mite tawh bang teng kibang lo i hiam? (b) Vantung mite tawh bang teng kibang i hiam?
ကျွန်တော်တို့ကို အမှန်တရားထဲ ယေဟောဝါဘုရား ဆွဲဆောင်တာဟာ မေတ္တာလွှမ်းခြုံတဲ့ မိသားစုထဲ ဆွဲဆောင်လိုက်တာပါပဲ။ ဒီမိသားစုမှာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေနဲ့ သစ္စာရှိ ကောင်းကင်တမန် သန်းချီ ပါဝင်တယ်။ (ဒံ. ၇:၉၊ ၁၀) ကောင်းကင်တမန်တွေလို့ ပြောလိုက်ရင် ကျွန်တော်တို့နဲ့ ဘာတွေ မတူသလဲဆိုတာကို စဉ်းစားမိတတ်ကြတယ်။ ဥပမာ၊ ကောင်းကင်တမန်တွေဟာ လူတွေ ဖန်ဆင်းမခံရခင် နှစ်ပေါင်းများစွာကတည်းက ဖန်ဆင်းခံရတယ်။ (ယောဘ ၃၈:၄၊ ၇) လူတွေထက် တန်ခိုးအစွမ်းအစ ပိုရှိတယ်။ မစုံလင်သူတွေ လက်လှမ်းမမီတဲ့ အတိုင်းအတာနဲ့ သန့်ရှင်းတယ်၊ ဖြောင့်မတ်တယ်။—လု. ၉:၂၆။
၂ ကောင်းကင်တမန်တွေနဲ့ ကျွန်တော်တို့ မတူတာတွေ ရှိသလို တူတာတွေလည်း အများကြီး ရှိပါတယ်။ ဥပမာ၊ ကောင်းကင်တမန်တွေလိုပဲ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ အရည်အသွေးတွေကို အတုယူနိုင်တယ်။ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်။ နာမည်၊ ကိုယ်ရည်ကိုယ်သွေး၊ တာဝန်ကိုယ်စီ ရှိတယ်။ ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့ ပုံစံပြုခံထားရတယ်။—၁ ပေ. ၁:၁၂။
3. A citak vantung mite kiang pan bang teng etteh thei i hiam?
၃ ကောင်းကင်တမန်တွေနဲ့ ကျွန်တော်တို့ တူတာ အများကြီး ရှိလို့ သူတို့ရဲ့ စံနမူနာကနေ သင်ခန်းစာတွေ ယူနိုင်တယ်။ ဥပမာ၊ သစ္စာရှိ ကောင်းကင်တမန်တွေ နှိမ့်ချမှု ရှိတာ၊ လူတွေကို ချစ်တာ၊ ခံနိုင်ရည် ရှိတာ၊ အသင်းတော် စင်ကြယ်စေဖို့ ကြိုးစားတာကို အတုယူနိုင်တယ်။ ဘယ်လို အတုယူနိုင်ကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။
VANTUNG MITE KINIAMKHIATNA NEI UH
4. (a) Vantung mite in kiniamkhiatna a neih lam uh koi bangin lak khia a hiam? (b)Ba’hang vantung mite kiniamkhiatna nei uh a hiam? (Late 89:7)
၄ သစ္စာရှိ ကောင်းကင်တမန်တွေဟာ နှိမ့်ချမှု ရှိတယ်။ အတွေ့အကြုံ များပေမဲ့၊ တန်ခိုး၊ ဉာဏ်ပညာ ကြီးမားပေမဲ့ ယေဟောဝါဘုရားရဲ့ အမိန့်ကို နာခံတယ်။ (ဆာ. ၁၀၃:၂၀) တာဝန်ထမ်းဆောင်တဲ့အခါ ဘယ်တော့မှ ဂုဏ်မဖော်ဘူး။ အာရုံစိုက်ခံရဖို့ ရည်ရွယ်ချက်နဲ့ တန်ခိုးမပြဘူး။ နာမည် ဖော်ပြမခံရရင်တောင် ဝမ်းမြောက်ဝမ်းသာ တာဝန်ထမ်းဆောင်တယ်။a (က. ၃၂:၂၄၊ ၂၉။ ၂ ဘု. ၁၉:၃၅) ယေဟောဝါသာ ရထိုက်တဲ့ ဂုဏ်တင်ချီးမွမ်းမှုကို မမက်မောဘူး။ ကောင်းကင်တမန်တွေ ဘာကြောင့် ဒီလောက် နှိမ့်ချမှု ရှိသလဲ။ ယေဟောဝါကို ချစ်လို့၊ သိပ်ကြည်ညိုလေးစားလို့ပါပဲ။—ဆာလံ ၈၉:၇ ကို ဖတ်ပါ။
5. Vantungmi khat in sawltak Johan thu a hilh lai-in kiniamkhiatna koi bangin na lak a hiam? (Lim zong en in.)
၅ ကောင်းကင်တမန်တွေ နှိမ့်ချမှု ရှိကြောင်း ပေါ်လွင်တဲ့ ဖြစ်ရပ်တစ်ခု သုံးသပ်ကြည့်ပါ။ အေဒီ ၉၆ လောက်မှာ တမန်တော် ယောဟန်ကို ကောင်းကင်တမန်တစ်ပါး စိတ်အာရုံ မြင်စေတယ်။ အဲဒီကောင်းကင်တမန်ရဲ့ နာမည်ကို ကျမ်းစာမှာ ဖော်ပြမထားဘူး။ (ဗျာ. ၁:၁) စိတ်အာရုံ မြင်တော့ ယောဟန် ဘာလုပ်သလဲ။ ကောင်းကင်တမန်ကို ပျပ်ဝပ်ကိုးကွယ်ဖို့ လုပ်တယ်။ ကောင်းကင်တမန် ချက်ချင်း တားတယ်။ “သတိထားပါဦး။ အဲဒီလိုမလုပ်ပါနဲ့။ ကျွန်တော်လည်း . . . ခင်ဗျားနဲ့ ခင်ဗျားရဲ့ ညီအစ်ကိုတွေလိုပဲ ကျွန်တစ်ယောက်ပါ။ ဘုရားသခင်ကိုသာ ကိုးကွယ်ပါ” လို့ ပြောတယ်။ (ဗျာ. ၁၉:၁၀) ကောင်းကင်တမန် တကယ် နှိမ့်ချမှု ရှိတာပဲ။ ဂုဏ်တင်ချီးမွမ်းမှုကို မမက်မောဘူး။ ယေဟောဝါဘုရားကို ကိုးကွယ်ဖို့ ယောဟန်ကို ချက်ချင်း သတိပေးတယ်။ ဒါပေမဲ့ ယောဟန်ကို အထင်မသေးဘူး။ ယောဟန်ထက် အမှုဆောင်သက်တမ်း ပိုများပေမဲ့၊ အစွမ်းအစ ပိုရှိပေမဲ့ ‘ကျွန်တော်လည်း ခင်ဗျားလို ကျွန်တစ်ယောက်ပါ’ လို့ နှိမ့်ချမှုရှိရှိ ပြောတယ်။ သက်ကြီး တမန်တော် ယောဟန်ကို တည့်မတ်ပေးပေမဲ့ ပြစ်တင်ကြိမ်းမောင်းတာ၊ ခက်ခက်ထန်ထန် ဆက်ဆံတာမျိုး မလုပ်ဘူး။ ကြင်နာမှုရှိရှိ ပြောတယ်။ စိတ်အာရုံကြောင့် ယောဟန် အံ့ဩသွားလွန်းလို့သာ ဒီလိုပျပ်ဝပ်ကိုးကွယ်ဖို့ လုပ်မိတာ ဖြစ်မှန်း နားလည်ပေးပုံရတယ်။
ယောဟန်ကို တည့်မတ်ပေးချိန်မှာ ကောင်းကင်တမန် နှိမ့်ချမှု ပြ (စာပိုဒ် ၅ ကို ကြည့်ပါ)
6. Vantung mite ii kiniamkhiatna koi bangin etteh thei i hiam?
၆ ကောင်းကင်တမန်တွေ နှိမ့်ချမှု ရှိတာနဲ့ပတ်သက်ပြီး ဘယ်လို အတုယူနိုင်သလဲ။ ကျွန်တော်တို့လည်း ဘုရားပေးတာဝန် ထမ်းဆောင်တဲ့အခါ ဂုဏ်မဖော်သင့်ဘူး။ အာရုံစိုက်ခံရအောင် မလုပ်သင့်ဘူး။ (၁ ကော. ၄:၇) တခြားသူတွေထက် အမှုဆောင်သက်တမ်း ပိုများလို့၊ အခွင့်ထူးတွေ ပိုရလို့ ပိုသာတယ်ဆိုပြီး မခံစားသင့်ဘူး။ အခွင့်ထူးတွေ ပိုရလေ နှိမ့်ချလေ ဖြစ်သင့်တယ်။ (လု. ၉:၄၈) ကောင်းကင်တမန်တွေလိုပဲ တခြားသူတွေအကျိုး ကျွန်တော်တို့ သယ်ပိုးချင်ကြပါတယ်။ ကိုယ့်ဂုဏ်ကိုယ် မဖော်ချင်ကြပါဘူး။
7. Mi khat peuhpeuh tungah thu i hilh hun ciang, le i taii hun ciang kiniamkhiatna koi bangin lak thei i hiam?
၇ ညီအစ်ကို/မတစ်ယောက်ကို ဒါမှမဟုတ် ကိုယ့်သားသမီးကို တည့်မတ်ပေးရတဲ့အခါ၊ အကြံပေးဆုံးမရတဲ့အခါလည်း နှိမ့်ချမှု ပြနိုင်တယ်။ ပြတ်ပြတ်သားသား တည့်မတ်ပေးဖို့ လိုအပ်ချိန်တွေ ရှိနိုင်ပါတယ်။ ယောဟန်ကို ကြင်နာမှုရှိရှိ တည့်မတ်ပေးခဲ့တဲ့ ကောင်းကင်တမန်ကို အတုယူသင့်တယ်။ ပြတ်သားပေမဲ့ တစ်ဖက်သားကို စိတ်အားမငယ်စေသင့်ဘူး။ တခြားသူတွေထက် ပိုသာတယ်လို့ မတွေးမှ ကျမ်းစာကို အခြေခံပြီး လေးလေးစားစား၊ ကရုဏာပါပါ အကြံပေးတည့်မတ်နိုင်မယ်။—ကော. ၄:၆။
VANTUNG MITE IN MITE IT
8. (a) Vantung mite in mihingte a it lam uh koi bangin lak a hiam? (Luka 15:10) (b) Vantung mite in taangko nasepna ah koi bangin hong panpih uh a hiam? (Lim zong en in.)
၈ ကောင်းကင်တမန်တွေဟာ လူတွေကို ချစ်တယ်။ အရေးမပါသလို သဘောမထားဘူး။ မဆိုင်သလို မနေဘူး။ ပျောက်တဲ့ သိုးနဲ့ တူတဲ့ အပြစ်သားတစ်ယောက် နောင်တရပြီး ယေဟောဝါဆီ ပြန်လာတဲ့အခါ ဒါမှမဟုတ် လူတစ်ယောက် ဘဝလမ်းစဉ် ပြောင်းပြီး အမှန်တရားထဲ ရောက်လာတဲ့အခါ ကောင်းကင်တမန်တွေ ဝမ်းမြောက်ကြတယ်။ (လုကာ ၁၅:၁၀ ကို ဖတ်ပါ။) ဟောပြောခြင်းလုပ်ငန်းမှာလည်း တက်တက်ကြွကြွ ထောက်မပေးကြတယ်။ (ဗျာ. ၁၄:၆) လူတွေကို တိုက်ရိုက် မဟောပေမဲ့ ယေဟောဝါအကြောင်း သိချင်သူတွေဆီ ကျွန်တော်တို့ကို လမ်းညွှန်ပေးနိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့ ဆုံတိုင်း ကောင်းကင်တမန်တွေ လမ်းညွှန်တယ်လို့တော့ တပ်အပ်ပြောလို့မရပါဘူး။ မိမိအကြောင်း သိချင်သူတွေကို ကူညီဖို့၊ သူတို့ဆီ ကျေးကျွန်တွေကို လမ်းညွှန်ဖို့ သန့်ရှင်းသော စွမ်းအားတော်လိုမျိုး တခြားနည်းလမ်းတွေကိုလည်း ယေဟောဝါ သုံးနိုင်လို့ပါပဲ။ (တ. ၁၆:၆၊ ၇) ဘာပဲဖြစ်ဖြစ် ဟောပြောခြင်းလုပ်ငန်းမှာ ကောင်းကင်တမန်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သတင်းကောင်း ဟောတဲ့အခါ ကောင်းကင်တမန်တွေ ထောက်မပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။—“သူတို့ဆုတောင်းချက်တွေ ဖြေကြားခံရ” လေးထောင့်ကွက်ကို ကြည့်ပါ။
မောင်နှံတစ်စုံ အများရှေ့ သက်သေခံပြီးသွားလို့ ပြန်လာ။ စိတ်ဖိစီးနေပုံရတဲ့ အမျိုးသမီးတစ်ယောက်ကို အပြန်လမ်းမှာ ညီအစ်မ တွေ့။ အမှန်တရား ရှာသူတွေနဲ့ တွေ့ဖို့ ကောင်းကင်တမန်တွေ လမ်းညွှန်ပေးနိုင်မှန်း ညီအစ်မ သဘောပေါက်။ အမျိုးသမီးကို နှစ်သိမ့်ပေးချင်စိတ် ပေါ်လာ (စာပိုဒ် ၈ ကို ကြည့်ပါ)
9. Mihingte tunga vantung mite’ a it dan uh koi bangin etteh thei i hiam?
၉ လူတွေကို ကောင်းကင်တမန်တွေ ချစ်တာနဲ့ပတ်သက်ပြီး ဘယ်လို အတုယူနိုင်သလဲ။ အသင်းတော်မှာ တစ်ယောက်ယောက်ကို ပြန်လက်ခံလိုက်ပြီဆိုတဲ့ ကြေညာချက် ကြားတဲ့အခါ ကောင်းကင်တမန်တွေလိုပဲ ကျွန်တော်တို့ ဝမ်းမြောက်နိုင်တယ်။ သူ့ကို ချစ်ကြောင်း၊ အတူတူ အမှုဆောင်ခွင့် ပြန်ရလို့ ဝမ်းမြောက်ကြောင်း သူ့ကို သိစေနိုင်တယ်။ (လု. ၁၅:၄-၇။ ၂ ကော. ၂:၆-၈) ကောင်းကင်တမန်တွေကို အတုယူနိုင်တဲ့ နောက်တစ်နည်းကတော့ ဟောပြောခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ခြင်းပါ။ (ဒေ. ၁၁:၆) သတင်းကောင်း ဟောတဲ့အခါ ကျွန်တော်တို့ကို ကောင်းကင်တမန်တွေ ထောက်မပေးသလိုမျိုး ညီအစ်ကို/မတွေကို ကျွန်တော်တို့ ထောက်မပေးနိုင်တယ်။ ဥပမာ၊ အတွေ့အကြုံ နည်းသေးတဲ့ ညီအစ်ကို/မတွေနဲ့ တွဲအမှုဆောင်ဖို့ စီစဉ်နိုင်မလား။ အသက်ကြီးတဲ့၊ ကျန်းမာရေး မကောင်းတဲ့ ညီအစ်ကို/မတွေ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နိုင်အောင် ထောက်မပေးနိုင်မလား။
10. Unaunu Sara kiang pan bang sin thei i hiam?
၁၀ ဆန္ဒရှိသလောက် အမှုမဆောင်နိုင်ရင်တောင် ကောင်းကင်တမန်တွေနဲ့ တွဲအမှုဆောင်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ အိန္ဒိယနိုင်ငံက ညီအစ်မ ဆာရာb အကြောင်း စဉ်းစားကြည့်ပါ။ အနှစ် ၂၀ လောက် ရှေ့ဆောင်လုပ်ပြီးနောက် ကျန်းမာရေး မကောင်းလို့ အိပ်ရာထဲ လဲသွားတယ်။ ဆာရာ တအား စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေ ထောက်မပေးလို့၊ ကိုယ်တိုင် ကျမ်းစာ မှန်မှန်လေ့လာလို့ တဖြည်းဖြည်း ပြန်ပျော်လာတယ်။ အမှုဆောင်နည်းလမ်းတွေတော့ ပြောင်းလိုက်ရတယ်။ စာတောင် ထိုင်မရေးနိုင်လို့ ဖုန်းဆက်ပြီးတော့ပဲ သက်သေခံရတယ်။ ဒါနဲ့ ပြန်လည်ပတ်မှုတွေဆီ ဖုန်းဆက်တယ်။ ပြန်လည်ပတ်မှုတွေက ကျမ်းစာလေ့လာဖို့ စိတ်ဝင်စားလောက်တဲ့သူတွေနဲ့ မိတ်ဆက်ပေးတယ်။ ဘာရလဒ် ရသလဲ။ လအနည်းငယ်အတွင်းမှာပဲ ကျမ်းစာသင်အံမှု ၇၀ ရှိလာလို့ ဆာရာ မနိုင်တော့ဘူး။ ဒါကြောင့် အသင်းတော်က ညီအစ်ကို/မတွေကို သင်အံမှုတချို့ လွှဲပေးခဲ့တယ်။ သင်သားတော်တော်များများ အစည်းအဝေးတွေ တက်နေပြီ။ ဆာရာလိုမျိုး ဟောပြောခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်နေသူတွေနဲ့ တွဲအမှုဆောင်ရလို့ ကောင်းကင်တမန်တွေ သိပ်ဝမ်းမြောက်ကြမှာပဲ။
VANTUNG MITE IN THUAK ZAWHNA NEI UH
11. A citak vantung mite in thuak zawhna koi bangin lak uh a hiam?
၁၁ သစ္စာရှိ ကောင်းကင်တမန်တွေဟာ ခံနိုင်ရည် ရှိရာမှာ သိပ်ကောင်းတဲ့ စံနမူနာရှင်တွေပါပဲ။ မတရားမှုတွေ၊ ဆိုးညစ်မှုတွေကို နှစ်ထောင်ချီ သည်းခံနေရတယ်။ တစ်ချိန်က သူတို့နဲ့ တွဲအမှုဆောင်ခဲ့တဲ့ ကောင်းကင်တမန်တစ်ပါး စာတန် ဖြစ်သွားတာ၊ တခြားကောင်းကင်တမန်များစွာ ယေဟောဝါကို ပုန်ကန်သွားတာ မြင်ခဲ့ရတယ်။ (က. ၃:၁။ ၆:၁၊ ၂။ ယု. ၆) သစ္စာရှိ ကောင်းကင်တမန်တစ်ပါးဆိုရင် တန်ခိုးကြီး နတ်ဆိုးတစ်ပါးနဲ့ ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရတယ်။ (ဒံ. ၁၀:၁၃) ဒါ့အပြင် သစ္စာရှိ ကောင်းကင်တမန်တွေဟာ လူ့သမိုင်းတစ်လျှောက် လူအနည်းစုပဲ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်တာ တွေ့ရတယ်။ ဒါတွေ တွေ့ရကြုံရပေမဲ့ ဝမ်းမြောက်ဝမ်းသာ၊ ထက်ထက်သန်သန် ဘုရားအမှုဆောင်ကြတယ်။ အချိန်တန်တဲ့အခါ မတရားမှုအားလုံးကို ဘုရား ဖယ်ရှားပစ်မယ်ဆိုတာ သိကြတယ်။
12. Thuak zawhna i neih na’ng bang in hong huh thei a hiam?
၁၂ ကောင်းကင်တမန်တွေ ခံနိုင်ရည် ရှိတာနဲ့ပတ်သက်ပြီး ဘယ်လို အတုယူနိုင်သလဲ။ ကောင်းကင်တမန်တွေလိုပဲ ကျွန်တော်တို့ မတရားမှုတွေ မြင်နေရနိုင်တယ်။ ဒါပေမဲ့ အချိန်တန်တဲ့အခါ မတရားမှုအားလုံးကို ဘုရား ဖယ်ရှားပစ်မယ်ဆိုတာ သစ္စာရှိ ကောင်းကင်တမန်တွေလိုပဲ ကျွန်တော်တို့ သိထားကြတယ်။ ဒါကြောင့် သူတို့လိုပဲ “မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြ” တယ်။ (ဂလ. ၆:၉) ဒါ့အပြင် ခံနိုင်ရည် ရှိဖို့ ကူညီပေးမယ်လို့ ဘုရား ကတိပေးထားတယ်။ (၁ ကော. ၁၀:၁၃) ဒါကြောင့် စိတ်ရှည်နိုင်ဖို့၊ ဝမ်းမြောက်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် ပေးပါလို့ ဆုတောင်းနိုင်တယ်။ (ဂလ. ၅:၂၂။ ကော. ၁:၁၁) ဆန့်ကျင်မှုတွေ ကြုံရရင်ကော။ ယေဟောဝါကို အပြည့်အဝ ယုံကြည်အားကိုးပါ။ မစိုးရိမ်ပါနဲ့။ ယေဟောဝါ သင့်ကို အမြဲ ကူညီမစပေးမယ်၊ ခွန်အားပေးမယ်။—ဟီ. ၁၃:၆။
VANTUNG MITE IN PAWLPI SIANGTHO NADINGIN HUH UH
13. Hun nunung sungah vantung mite in bang a tuam vilvel tavuan ngah uh a hiam? (Matthai 13:47-49)
၁၃ နောက်ဆုံးကာလအတွင်း ကောင်းကင်တမန်တွေကို ယေဟောဝါ အထူးတာဝန် ပေးထားတယ်။ (မဿဲ ၁၃:၄၇-၄၉ ကို ဖတ်ပါ။) သတင်းကောင်းက သန်းနဲ့ချီတဲ့ လူအမျိုးမျိုးကို ဆွဲဆောင်တယ်။ ဆွဲဆောင်ခံရသူတွေထဲက တချို့လောက်ပဲ ဘုရားစံနှုန်းတွေနဲ့အညီ နေထိုင်ဖို့ ဘဝလမ်းစဉ် ပြောင်းလဲတယ်။ တချို့က မပြောင်းလဲဘူး။ ဒါကြောင့် “ဖြောင့်မတ်သူတွေထဲကနေ ဆိုးညစ်သူတွေကို ခွဲထုတ်” ဖို့ ကောင်းကင်တမန်တွေ တာဝန်ရထားကြတယ်။ ဆိုလိုတာက အသင်းတော်ကို သူတို့ စင်ကြယ်နေစေကြတယ်။ အသင်းတော်ကို စင်ကြယ်နေစေတယ် ပြောလို့ အကြောင်းရင်း တစ်ခုခုကြောင့် အသင်းတော်နဲ့ ဝေးသွားသူတွေ ပြန်လှည့်လာလို့ မရတော့ဘူးလို့ မဆိုလိုဘူး။ အသင်းတော်မှာ ရှိသူတစ်ယောက်မှ အပြစ်လုပ်မှာ မဟုတ်ဘူးလို့လည်း မဆိုလိုဘူး။ ဒါပေမဲ့ အသင်းတော် စင်ကြယ်နေဖို့ ကောင်းကင်တမန်တွေ ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
14-15. Pawlpi siangtho nadingin vantung mite ii hong deihsakna uh koi bangin etteh thei i hiam? (Lim zong en in.)
၁၄ အသင်းတော်ကို ကောင်းကင်တမန်တွေ စင်ကြယ်နေစေချင်တာနဲ့ပတ်သက်ပြီး ဘယ်လို အတုယူနိုင်သလဲ။ ကျွန်တော်တို့လည်း အသင်းတော်အတွင်း ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်း စင်ကြယ်နေစေရမယ်။ ဘယ်လို စင်ကြယ်နေစေနိုင်သလဲ။ အပေါင်းအသင်းကောင်း ရွေးချယ်ခြင်း၊ ဘုရားနဲ့ ဆက်ဆံရေး ပျက်စေမယ့်အရာတွေ ရှောင်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ကာကွယ်ရမယ်။ (ဆာ. ၁၀၁:၃) ယေဟောဝါအပေါ် ညီအစ်ကို/မတွေ ဆက်သစ္စာရှိနေဖို့ ကူညီရမယ်။ ဥပမာ၊ ညီအစ်ကို/မတစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း သိရင် ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ သူ့ကို ချစ်တဲ့အတွက် အကြီးအကဲတွေဆီ သွားပြောဖို့ တိုက်တွန်းရမယ်။ အကြီးအကဲတွေဆီ သူ သွားမပြောရင် ကျွန်တော်တို့ သွားပြောရမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်သွားတဲ့ သူ့ကို အကူအညီ မြန်မြန် ရစေချင်လို့ပါပဲ။—ယာ. ၅:၁၄၊ ၁၅။
၁၅ ဝမ်းနည်းစရာက ကြီးလေးတဲ့အပြစ် လုပ်သူတချို့ အသင်းတော်ကနေ ဖယ်ရှားခံကြရတယ်။ သူတို့နဲ့ ကျွန်တော်တို့ “ဆက်မပေါင်းဖော်” ကြဘူး။c (၁ ကော. ၅:၉-၁၃) ဖယ်ရှားခြင်း အစီအစဉ်က အသင်းတော်ကို စင်ကြယ်နေစေတယ်။ ဒါ့အပြင် ဖယ်ရှားခံရသူတွေနဲ့ ဆက်မပေါင်းဖော်တာက သူတို့ကို မေတ္တာပြရာရောက်တယ်။ ကျွန်တော်တို့ရဲ့ ပြတ်သားတဲ့ ရပ်တည်မှုကြောင့် သူတို့ အသိတရား ရလာနိုင်တယ်။ အသိတရား ရလာပြီး ပြန်လှည့်လာတဲ့အခါ ယေဟောဝါ၊ ကောင်းကင်တမန်တွေနဲ့အတူ ကျွန်တော်တို့ ဝမ်းမြောက်ကြတယ်။—လု. ၁၅:၇။
ညီအစ်ကို/မတစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း သိရင် ကျွန်တော်တို့ ဘာလုပ်သင့်သလဲ (စာပိုဒ် ၁၄ ကို ကြည့်ပါ)d
16. Koi bang dante tawh vantung mite etteh nuam na hiam?
၁၆ ကောင်းကင်တမန်တွေအကြောင်း သိနိုင်တာ၊ သူတို့နဲ့ တွဲအမှုဆောင်နိုင်တာ အခွင့်ထူးပါပဲ။ သူတို့ရဲ့ နှိမ့်ချမှု၊ လူတွေကို ချစ်တဲ့ မေတ္တာ၊ ခံနိုင်ရည်၊ အသင်းတော်ကို ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်း စင်ကြယ်နေစေချင်တဲ့ သဘောထားကို အတုယူကြရအောင်။ သစ္စာရှိ ကောင်းကင်တမန်တွေကို အတုယူရင် သူတို့လိုပဲ ယေဟောဝါရဲ့ မိသားစုဝင် ထာဝစဉ် ဖြစ်နိုင်ပါလိမ့်မယ်။
LA 123 ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း
a ကောင်းကင်တမန် သန်းရာချီ ရှိတဲ့အထဲမှာမှ မိက္ခေလနဲ့ ဂါဗြေလဆိုတဲ့ ကောင်းကင်တမန်နှစ်ပါးရဲ့ နာမည်ကိုပဲ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဒံ. ၁၂:၁။ လု. ၁:၁၉။
b အမည်လွှဲများ။
c ၂၀၂၄ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း #၂ မှာ ရှင်းပြခဲ့တဲ့အတိုင်း ဖယ်ရှားခံရသူတစ်ယောက် အသင်းတော် အစည်းအဝေး လာတက်တဲ့အခါ ကြေညာသူတွေဟာ ဖယ်ရှားခံရသူကို ရိုးရိုးလေး ကြိုဆိုနှုတ်ဆက်မယ်၊ နှုတ်မဆက်ဘူးဆိုတာ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ ကိုယ့်အမှားအမှန်သိစိတ်ကို အခြေခံပြီး ဆုံးဖြတ်နိုင်ပါတယ်။
d ပုံအညွှန်း– အပြစ်လုပ်ထားတဲ့အကြောင်း အကြီးအကဲတွေကို ပြောပြဖို့ မိတ်ဆွေကို ညီအစ်မ တိုက်တွန်း။ အချိန်တစ်ခုကြာသွားပေမဲ့ မိတ်ဆွေ သွားမပြောလို့ အကြီးအကဲတွေဆီ ညီအစ်မ ကိုယ်တိုင် သွားပြောပြ။