-
တောလည်ရာ ၂၈:၁၁-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ “‘လဆန်းနေ့တိုင်းမှာ ယေဟောဝါအတွက် မီးရှို့ရာအလှူအဖြစ် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးထီးလေးခုနစ်ကောင်ကို ပူဇော်ရမယ်။+ ၁၂ နွားထီးတစ်ကောင်စီအတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံသုံးပုံ၊+ သိုးထီးတစ်ကောင်အတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံနှစ်ပုံ၊+ ၁၃ သိုးထီးလေး တစ်ကောင်စီအတွက် ကောက်နှံအလှူအဖြစ် ဆီရောထားတဲ့ ဂျုံနု ဆယ်ပုံတစ်ပုံကို မွှေးကြိုင်တဲ့ရနံ့ထွက်အောင်+ ယေဟောဝါဆီ မီးရှို့ပူဇော်ရမယ်။
-