-
တောလည်ရာ ၂၈:၃-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ “အစ္စရေးတွေကို ပြောပါ– ‘ယေဟောဝါဆီ မီးရှို့ဆက်သရမယ့် အလှူကတော့ အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးထီးလေးတွေကို တစ်ရက်နှစ်ကောင် ပုံမှန်ပူဇော်ရမယ်။+ ၄ မနက် တစ်ကောင်၊ ညနေ တစ်ကောင် ပူဇော်ရမယ်။+ ၅ ကောက်နှံအလှူအဖြစ် ဂျုံနု တစ်ဧဖာရဲ့* ဆယ်ပုံတစ်ပုံကို ဆီစစ်စစ် တစ်ဟိန်ရဲ့* လေးပုံတစ်ပုံ ရောပြီး ပူဇော်ရမယ်။+ ၆ ဒါဟာ ဆိုင်းနိုင်းတောင်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပုံမှန်မီးရှို့ရာအလှူ၊+ မွှေးကြိုင်တဲ့ရနံ့ထွက်အောင် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူဖြစ်တယ်။ ၇ သိုးထီးလေး တစ်ကောင်စီအတွက် တစ်ဟိန်ရဲ့ လေးပုံတစ်ပုံကိုလည်း ပူဇော်ရမယ်။+ ယေဟောဝါအတွက် သွန်းလောင်းရာအလှူအဖြစ် ယမကာအရည်ကို သန့်ရှင်းရာဌာနတော်မှာ သွန်းလောင်းရမယ်။ ၈ နောက်တစ်ကောင်ကို ညနေမှာ ပူဇော်ရမယ်။ မနက်မှာ ပူဇော်သလိုပဲ ကောက်နှံအလှူ၊ သွန်းလောင်းရာအလှူနဲ့အတူ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ပူဇော်ရမယ်။+
-