- 
	                        
            
            ကမ္ဘာဦး ၁၂:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
 - 
                            
- 
                                        
၁၂ ယေဟောဝါက အာဗြံကို “နေရင်းပြည်၊ ဆွေမျိုးသားချင်းတွေနဲ့ ဖခင်ရဲ့အိမ်ကို ထားခဲ့ပြီး ငါပြမယ့်ပြည်ကို သွားပါ။+ ၂ မင်းကို လူမျိုးကြီးဖြစ်စေပြီး ကောင်းချီးပေးမယ်။ မင်းရဲ့နာမည်ကို ကြီးမြတ်စေမယ်။ မင်းကြောင့် တခြားသူတွေ ကောင်းချီးရလိမ့်မယ်။+ ၃ မင်းကို ကောင်းချီးပေးသူတွေကို ငါကောင်းချီးပေးမယ်။ မင်းကို ကျိန်ဆဲသူတွေကို ငါကျိန်ဆဲမယ်။+ ကမ္ဘာပေါ်က လူမျိုးအားလုံး မင်းကြောင့် ကောင်းချီးခံစားရမယ်”+ လို့ပြောတယ်။
 
 -