-
၁ ဘုရင်များ ၆:၃၁-၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ ငါးခုမြောက်အပိုင်း* အနေနဲ့ အတွင်းခန်းဝင်ပေါက်အတွက် ထင်းရှူးသားတံခါးနှစ်ချပ်၊ နံရံကပ်တိုင်တွေ၊ တံခါးတိုင်တွေ လုပ်တယ်။ ၃၂ ထင်းရှူးသား တံခါးနှစ်ချပ်ပေါ်မှာ ခေရုဗိမ်ရုပ်၊ စွန်ပလွံပင်၊ ပန်းပွင့်ပုံတွေ ထွင်းထုပြီး ရွှေချတယ်။ ပြီးတော့ ခေရုဗိမ်ရုပ်တွေနဲ့ စွန်ပလွံပင်ပုံတွေပေါ်က ရွှေကို ညီသွားအောင် ထုတယ်။ ၃၃ လေးခုမြောက်အပိုင်း* အနေနဲ့ သန့်ရှင်းရာအခန်းရဲ့* ဝင်ပေါက်အတွက် ထင်းရှူးသားတံခါးတိုင်တွေကိုလည်း အဲဒီလိုပဲ လုပ်တယ်။ ၃၄ ပြီးတော့ တံခါးနှစ်ချပ်ကို ဂျူနီပါထင်းရှူးသားနဲ့ လုပ်တယ်။ တံခါးတစ်ချပ်မှာ ခေါက်လို့ရတဲ့တံခါးရွက် နှစ်ရွက်စီရှိတယ်။ တံခါးတွေကို ဆုံလည်ခံထားတယ်။+ ၃၅ တံခါးချပ်ပေါ်မှာ ခေရုဗိမ်ရုပ်၊ စွန်ပလွံပင်၊ ပန်းပွင့်ပုံတွေ ထွင်းထုပြီး ရွှေပြားကပ်လိုက်တယ်။
-