ဆာလံ
ယေဟောဝါက ခမ်းနားမှုကို ဝတ်ဆင်ထားတယ်။
အစွမ်းခွန်အားကို ဆင်မြန်းပြီး
ခါးစည်းလို စည်းထားတယ်။
ကမ္ဘာမြေကို ရွှေ့လို့မရနိုင်အောင်
အခိုင်အမာ တည်ထားတယ်။
၂ ရာဇပလ္လင်တော်ကို ရှေးကတည်းက အခိုင်အမာ တည်ထားတယ်။+
ကိုယ်တော်ဟာ ရှေးထာဝရကာလကတည်းက တည်ရှိတယ်။+
၃ ယေဟောဝါဘုရား၊ မြစ်ရေ ဟုန်းဟုန်းထနေတယ်။
မြစ်ရေ ဟုန်းဟုန်းထပြီး မြည်ဟည်းနေတယ်။
မြစ်ရေ ဟုန်းဟုန်းထပြီး လှိုင်းလုံးတွေ ရိုက်ခတ်နေတယ်။
ယေဟောဝါက အထက်အရပ်မှာ ခံ့ညားထည်ဝါနေတယ်။+
၅ ကိုယ်တော်ရဲ့ သတိပေးချက်တွေဟာ ယုံကြည်စိတ်ချထိုက်တယ်။+
အို ယေဟောဝါ၊ သန့်ရှင်းမြင့်မြတ်ခြင်းက အိမ်တော်ကို အမြဲအလှဆင်ပါတယ်။+