ဆာလံ
ဂီတမှူးသို့။ “နှင်းပန်းတို့” တေးသွားအတိုင်း သီဆိုရန်။ သတိရအောက်မေ့ဖို့ အာသပ်စပ်ဆိုတဲ့သီချင်း။+
၈၀ အစ္စရေးရဲ့ သိုးထိန်း၊ နားထောင်ပေးပါ။
ကိုယ်တော်ဟာ ယောသပ်ကို သိုးအုပ်လို လမ်းပြပေးတဲ့ အရှင်ပါ။+
၂ ဧဖရိမ်၊ ဗင်ယာမိန်နဲ့ မနာရှေတို့ရှေ့မှာ အစွမ်းခွန်အား ပြလှည့်ပါ။+
ကျွန်တော်တို့ကို လာကယ်တင်ပေးပါ။+
၃ အို ဘုရားသခင်၊ ကျွန်တော်တို့ကို နာလန်ထူစေပါ။+
ကျွန်တော်တို့ကို ကယ်တင်ဖို့ မျက်နှာတော်အလင်း ထွန်းလင်းပေးပါ။+
၄ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ ဘယ်လောက်ကြာကြာ အမျက်ထွက်ပြီး လူမျိုးတော်ရဲ့ ဆုတောင်းချက်ကို နားမထောင်ဘဲနေမှာလဲ။+
၅ ကိုယ်တော်က သူတို့ကို မျက်ရည်မုန့် ကျွေးတယ်။
မျက်ရည်တွေ တဝကြီး တိုက်တယ်။
၆ ကျွန်တော်တို့ကြောင့် အိမ်နီးချင်းတွေကို အငြင်းအခုံဖြစ်စေတယ်။
ရန်သူတွေ စိတ်တိုင်းကျ လှောင်ပြောင်နေတယ်။+
၇ ဗိုလ်ခြေတို့ရဲ့ ဘုရားသခင်၊ ကျွန်တော်တို့ကို နာလန်ထူစေပါ။
ကျွန်တော်တို့ကို ကယ်တင်ဖို့ မျက်နှာတော်အလင်း ထွန်းလင်းပေးပါ။+
၈ ကိုယ်တော်က စပျစ်ပင်တစ်ပင်ကို+ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတယ်။
လူမျိုးခြားတွေကို နှင်ထုတ်ပြီး အဲဒီအပင်ကို စိုက်ပျိုးတယ်။+
၉ အဲဒီအပင်အတွက် မြေနေရာ ရှင်းလင်းတယ်။
အပင်က အမြစ်စွဲပြီး မြေတစ်ပြင်လုံးကို ပျံ့နှံ့သွားတယ်။+
၁၀ အပင်ရိပ်က တောင်တန်းတွေကို၊
အကိုင်းအခက်တွေဟာ ဘုရားသခင်ရဲ့ သစ်ကတိုးပင်တွေကို အုပ်မိုးသွားတယ်။
၁၂ အဲဒီစပျစ်ခြံရဲ့ ကျောက်တံတိုင်းကို ကိုယ်တော် ဘာလို့ဖြိုချတာလဲ။+
အခုတော့ လမ်းသွားလမ်းလာတွေ အသီးကို ဆွတ်ခူးနေကြပြီ။+
၁၃ တောဝက်တွေ အပင်ကို ဖျက်ဆီးနေပြီ။
သားရဲတွေ အပင်ကို စားနေပြီ။+
၁၄ ဗိုလ်ခြေတို့ရဲ့ ဘုရားသခင်၊ ပြန်လာပါတော့။
ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်ပြီး ဒီစပျစ်ပင်ကို ဂရုစိုက်ပေးပါဦး။+
၁၅ ညာလက်တော်နဲ့ စိုက်ပျိုးထားတဲ့ ပင်စည်ကို ဂရုစိုက်ပေးပါ။+
ကိုယ်တော့်အတွက် သန်မာအောင် လုပ်ထားတဲ့ အကိုင်းကို ကြည့်ရှုလှည့်ပါ။+
၁၆ အပင်ဟာ ခုတ်လှဲပြီး မီးရှို့ခံလိုက်ရပြီ။+
ကိုယ်တော်ဆုံးမလိုက်လို့ ပျက်စီးရပြီ။
၁၇ ညာလက်တော်မှာရှိတဲ့ လူကို၊
ကိုယ်တော့်အတွက် သန်မာအောင်လုပ်ထားတဲ့ လူသားကို လက်တော်နဲ့ ထောက်မပေးပါစေ။+
၁၈ ဒါဆိုရင် ကိုယ်တော့်ဆီကနေ မထွက်သွားပါဘူး။
နာမတော်ကိုခေါ်ပြီး ဆုတောင်းနိုင်ဖို့ အသက်ဆက်ရှင်စေပါ။
၁၉ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ ကျွန်တော်တို့ကို နာလန်ထူစေပါ။
ကျွန်တော်တို့ကို ကယ်တင်ဖို့ မျက်နှာတော်အလင်း ထွန်းလင်းပေးပါ။+