ရှောလမုန်သီချင်း
၁ ရှောလမုန် ရေးစပ်ခဲ့တဲ့ အကောင်းတကာ့ အကောင်းဆုံးသီချင်း–+
၂ “ကျွန်မကို မောင် နမ်းပါစေ။
မောင့်ရဲ့ ချစ်ခင်ယုယမှုတွေဟာ စပျစ်ဝိုင်ထက် ကောင်းလို့ပါ။+
၃ မောင်ဆွတ်ထားတဲ့ ဆီဟာ မွှေးလိုက်တာ။+
မောင့်နာမည်ဟာ ခေါင်းပေါ်လောင်းချတဲ့ ဆီမွှေးလိုပဲ။+
ဒါကြောင့် မိန်းမပျိုလေးတွေ မောင့်ကိုချစ်ကြတာ။
၄ ကျွန်မကို ခေါ်သွားပါတော့။ မင်းကြီးက ကျွန်မကို အတွင်းခန်းတွေထဲ ခေါ်နေလို့ပါ။
ကျွန်မတို့ ပြေးကြစို့။
ဒို့နှစ်ယောက် အတူပျော်ကြရအောင်။
စပျစ်ဝိုင်ထက် ချိုမြိန်တဲ့ မောင့်ရဲ့ ချစ်ခင်ယုယမှုအကြောင်း ပြောကြရအောင်။
မိန်းမပျိုလေးတွေ မောင့်ကိုချစ်ကြတာ မဆန်းပါဘူး။
၅ အို ဂျေရုဆလင် သမီးပျိုတို့၊ ကျွန်မက ကေဒါရွက်ထည်တွေလို+ အသားညိုပေမဲ့
ရှောလမုန်မင်းကြီးရဲ့ ရွက်ထည်တွေလို+ လှပါတယ်။
၆ ကျွန်မရဲ့အသားဟာ နေလောင်ပြီး ညိုနေလို့
စိုက်မကြည့်ကြပါနဲ့။
အစ်ကိုတွေက ကျွန်မကို စိတ်ဆိုးပြီး
စပျစ်ခြံစောင့်ခိုင်းတယ်။
ကျွန်မမှာ ကိုယ့်စပျစ်ခြံကိုတောင် ဂရုမစိုက်အားဘူး။
၇ မြတ်နိုးရတဲ့မောင်၊
မောင် ဘယ်မှာ သိုးထိန်းနေတယ်၊+
မွန်းတည့်ချိန်မှာ သိုးတွေကို ဘယ်မှာ နားခိုင်းမယ်ဆိုတာ ပြောပြပါဦး။
နို့မို့ဆို ကျွန်မဟာ ပဝါခြုံထားတဲ့ မိန်းမလို
မောင့်အပေါင်းအဖော်တွေရဲ့ သိုးအုပ်တွေကြားမှာ မောင့်ကို လိုက်ရှာနေရမှာပေါ့။”
၈ “အို အလှဆုံးမိန်းကလေး၊ နင် မသိဘူးဆိုရင်
သိုးတွေနောက် ခြေရာခံလိုက် သွားပါလား။
သိုးထိန်းတဲတွေနားမှာ ဆိတ်ကလေးတွေကို ကျောင်းနေလိုက်ပေါ့။”
၉ “အို ချစ်ရတဲ့သူ၊ ဖာရောမင်းရဲ့ ရထားတွေကိုဆွဲတဲ့ မြင်းမလေးနဲ့ မင်းကို တင်စားပါရစေ။+
၁၀ အလှတန်ဆာ ဆင်မြန်းထားတဲ့* မင်းရဲ့ပါးပြင်လေးဟာ ချစ်စရာကောင်းလိုက်တာ။
လည်တိုင်ကလည်း ပုတီးကုံးလေးတွေနဲ့ လှလိုက်တာ။
၁၁ ရွှေအလှတန်ဆာတွေ၊ ငွေအလှတန်ဆာတွေ
မင်းအတွက် လုပ်ပေးမယ်လေ။”
၁၅ “အို မောင့်ချစ်သူ၊ မင်းလေး လှလိုက်တာ။
တကယ်လှတယ်ဗျာ။ မင်းရဲ့ မျက်လုံးလေးတွေဟာ ချိုးငှက်မျက်လုံးတွေလိုပါပဲ။”+
၁၆ “အို ချစ်ရတဲ့မောင်၊ မောင်လည်း ချောပါတယ်။ မြတ်နိုးစရာကောင်းပါတယ်။+
သစ်ရွက်လေးတွေဟာ ကျွန်မတို့အိပ်ရာပေါ့။
၁၇ သစ်ကတိုးပင်တွေဟာ အိမ်ရဲ့ထုပ်တန်းတွေ၊
ဂျူနီပါထင်းရှူးပင်တွေဟာ အိမ်ရဲ့ဒိုင်းတွေပေါ့။
၂ “ကျွန်မဟာ ကမ်းရိုးတန်း လွင်ပြင်မှာ ပေါက်တဲ့ အရိုင်းပန်းလေးပါ။*
ချိုင့်ဝှမ်းတွေမှာ ပေါက်တဲ့ နှင်းပန်းလေးပါ။”+
၂ “မိန်းကလေးတွေထဲမှာ မောင့်ချစ်သူဟာ
ဆူးပင်တွေအလယ်က နှင်းပန်းလေးလိုပဲ။”
၃ “ယောက်ျားလေးတွေထဲမှာ ကျွန်မချစ်သူဟာ
တောသစ်ပင်တွေ အလယ်က ပန်းသီးပင်လိုပဲ။
အဲဒီအပင်ရိပ်မှာ ကျွန်မ ခိုနားချင်လိုက်တာ။
အသီးတွေဟာ သိပ်ချိုမြိန်တာပဲ။
၄ ချစ်သူက ကျွန်မကို စားသောက်ပွဲကျင်းပတဲ့အိမ်ထဲ ခေါ်သွားတယ်။
သူ့မေတ္တာဟာ ကျွန်မအတွက်ပဲဆိုတာ လူတကာသိနိုင်တယ်။
အားပြည့်သွားအောင် ပန်းသီးတွေ ကျွေးကြပါဦး။
၆ ချစ်သူရဲ့ ဘယ်လက်ဟာ ကျွန်မခေါင်းအုံးပဲ။
ညာလက်နဲ့ ကျွန်မကို ပွေ့ဖက်ထားတယ်။+
၇ အို ဂျေရုဆလင် သမီးပျိုတို့၊
ကျွန်မရင်ထဲမှာ အချစ်စိတ် ပေါ်မလာတဲ့အတွက် ပေါ်အောင် အတင်းမလုပ်ပါဘူးလို့+
လယ်ပြင်က ဒရယ်တွေ၊+ သမင်မတွေကို တိုင်တည်ပြီး သစ္စာဆိုကြပါ။
၈ ချစ်သူရဲ့ အသံပါလား။
ကြည့်စမ်း၊ တောင်တန်း တောင်ကုန်းတွေကို ဖြတ်ကျော်ပြီး
သူအပြေးအလွှား လာနေပြီ။
၉ ကျွန်မချစ်သူဟာ ဒရယ်နဲ့တူတယ်။ သမင်ပျိုနဲ့လည်း တူတယ်။+
ဟော ဟိုမှာ၊ ကျွန်မတို့အိမ်နံရံနောက်မှာ သူရပ်နေတယ်။
ပြတင်းပေါက်ကနေ ငေးကြည့်နေတယ်။
မှန်ကူကွက်တွေကြားကနေ လှမ်းကြည့်နေတယ်။
၁၀ ကျွန်မချစ်သူက ပြောတယ်–
‘မောင့်ချစ်သူရေ၊ ထပါတော့။
မောင့်ရဲ့ အလှဆုံးလေး၊ အတူလိုက်ခဲ့ပါတော့။
၁၁ ဆောင်းရာသီ ကုန်ပြီ။
မိုးတွေလည်း နှုတ်ဆက်ထွက်ခွာသွားပြီ။
အပင်တွေချိုင်ရမယ့်အချိန် ရောက်ပြီ။+
မောင်တို့မြေမှာ ချိုးကူသံ ကြားရပြီ။+
၁၃ သီးဦးသီးဖျား သဖန်းသီးတွေ ဝင်းမှည့်လာပြီ။+
စပျစ်ပင်တွေ ဖူးပွင့်ပြီး ရနံ့သင်းထုံလာပြီ။
မောင့်ချစ်သူရေ၊ ထလာခဲ့ပါတော့။
အလှဆုံးလေး၊ အတူလိုက်ခဲ့ပါတော့။
၁၄ ကျောက်ဆောင်တွေ၊ ကျောက်ကမ်းပါးတွေကြားမှာ ခိုအောင်းနေတဲ့ မောင့်ချိုးငှက်လေးရေ၊+
မင်းကို တွေ့ပါရစေ။ အသံလေး ကြားပါရစေ။+
မင်းအသံဟာ ချိုသာလို့ပါ။
မင်းမျက်နှာဟာ ချစ်စရာကောင်းလို့ပါ။’”+
၁၅ “ငါတို့စပျစ်ခြံတွေ ဖူးပွင့်နေပြီ။
စပျစ်ခြံတွေကို ဖျက်ဆီးနေတဲ့ မြေခွေးတွေ၊ မြေခွေးလေးတွေကို ဖမ်းကြပါ။”
၁၆ “ချစ်သူဟာ ကျွန်မရဲ့ မူပိုင်ရှင်ပါ။ ကျွန်မကလည်း ချစ်သူရဲ့ မူပိုင်ရှင်ပါ။+
နှင်းပန်းတောထဲမှာ+ သူသိုးထိန်းနေတယ်။+
၁၇ အို ချစ်ရတဲ့မောင်၊
လေပြည် မသွေးခင်၊ အရိပ်တွေ မကွယ်ပျောက်ခင် အပြေးလှမ်းလာခဲ့ပါတော့။
စည်းခြားထားတဲ့ တောင်တန်းပေါ်က* ဒရယ်လို၊+ သမင်ပျိုလို+ အရောက်လှမ်းလာခဲ့ပါတော့။
သူ့ကို လိုက်ရှာကြည့်ပေမဲ့ မတွေ့ဘူး။+
၂ အခု ထပြီး မြို့ထဲသွားမယ်။
လမ်းတကာမှာ၊ လူထုရင်ပြင်တွေမှာ
ကျွန်မချစ်ရတဲ့သူကို လိုက်ရှာကြည့်မယ်။
ရှာကြည့်တော့လည်း မတွေ့ပါလား။
၃ မြို့ထဲမှာ ကင်းလှည့်နေတဲ့ ကင်းစောင့်တွေကို တွေ့တဲ့အခါ+
‘ကျွန်မရဲ့ချစ်သူကို တွေ့မိလား’ လို့ မေးကြည့်တယ်။
၄ ကင်းစောင့်တွေကို ကျော်သွားတာနဲ့
ချစ်ရတဲ့သူကို တွေ့လိုက်ရတယ်။
ဒါနဲ့ သူ့ကို မလွှတ်တမ်းဆုပ်ကိုင်ပြီး
အမေ့အိမ်ဆီ၊ မွေးမိခင်ရဲ့ အတွင်းခန်းဆီ ခေါ်သွားလိုက်တယ်။+
၅ အို ဂျေရုဆလင် သမီးပျိုတို့၊
ကျွန်မရင်ထဲမှာ အချစ်စိတ် ပေါ်မလာတဲ့အတွက် ပေါ်အောင် အတင်းမလုပ်ပါဘူးလို့
လယ်ပြင်က ဒရယ်တွေ၊ သမင်မတွေကို တိုင်တည်ပြီး သစ္စာဆိုကြပါ။”+
ကုန်သည်ရောင်းတဲ့ နံ့သာမှုန့်အမျိုးမျိုးရဲ့ ရနံ့တွေ သင်းထုံနေတဲ့
မီးခိုးလုံးကြီးတွေလို တောကန္တာရကနေ တက်လာတာ ဘာများပါလိမ့်။”+
၇ “ရှောလမုန်မင်းကြီးရဲ့ ဝေါယာဉ်ပဲပေါ့။
ခွန်အားကြီးတဲ့ အစ္စရေးသူရဲကောင်း ခြောက်ဆယ်က
ဝေါယာဉ်ကို ခြံရံထားတယ်။+
၈ သူတို့အားလုံး ဓားကိုယ်စီ ဆောင်ထားတယ်။
စစ်ရေးကျွမ်းကျင်တယ်။
ညရေးညတာကြုံရမယ့် အန္တရာယ်တွေကနေ ကာကွယ်ဖို့
ခါးမှာ ဓားကိုယ်စီ ချိတ်ထားတယ်။”
၁၀ တိုင်တွေကို ငွေနဲ့၊
နောက်မှီကို ရွှေနဲ့ မွမ်းမံထားတယ်။
ခုံကို ခရမ်းရောင်သိုးမွေး ခင်းထားတယ်။
အတွင်းပိုင်းကိုတော့ ဂျေရုဆလင် သမီးပျိုတွေက
အလှဆုံးဖြစ်အောင် ဆင်ယင်ပေးထားတယ်။”
၁၁ “အို ဇိအုန်သမီးပျိုတို့၊
ရှောလမုန်မင်းကြီးကို ထွက်ကြည့်ကြပါဦး။
မင်းကြီးက ထိမ်းမြားတဲ့နေ့၊
ပျော်ရွှင်ရတဲ့နေ့မှာ ဆင်မြန်းဖို့
မယ်တော်+ လုပ်ပေးထားတဲ့ ပန်းဦးရစ်ကို ဆောင်းထားတယ်။”
၄ “အို မောင့်ချစ်သူ၊ မင်းလေး လှလိုက်တာ။ တကယ်လှတယ်ဗျာ။
ဇာပဝါနဲ့ ကွယ်ထားတဲ့ မင်းရဲ့မျက်လုံးတွေဟာ
ချိုးငှက်ရဲ့ မျက်လုံးလေးတွေလိုပဲ။
မင်းရဲ့ဆံပင်တွေဟာ ဂိလဒ်တောင်တန်းတွေကနေ ဆင်းလာတဲ့
ဆိတ်အုပ်လိုပါပဲ။+
၂ မင်းရဲ့ သွားလေးတွေဟာ
ရေချိုးပြီး တက်လာတဲ့ အမွေးညှပ်ပြီးစ သိုးအုပ်နဲ့တူတယ်။
အားလုံး ညီညာသွယ်တန်းနေတယ်။
တစ်ချောင်းမှ မလျော့ဘူး။
၃ မင်းရဲ့နှုတ်ခမ်းလေးတွေဟာ ကြက်သွေးရောင် ဖဲကြိုးလေးလိုပဲ။
မင်းပြောတဲ့ စကားတွေ ချိုသာလှတယ်။
ဇာပဝါနဲ့ ကွယ်ထားတဲ့ ပါးပြင်ဟာ
သလဲသီးစိတ်နဲ့ တူတယ်။
၄ မင်းရဲ့လည်တိုင်ဟာ+ ဒါဝိဒ်မျှော်စင်နဲ့ တူတယ်။+
ကျောက်တွေစီတန်းပြီး ဆောက်ထားတဲ့ အဲဒီမျှော်စင်မှာ
စစ်သူရဲတွေရဲ့ ဒိုင်းဝိုင်းတစ်ထောင် ချိတ်ဆွဲထားတယ်။+
၇ “မောင့်ချစ်သူ၊ မင်းဟာ သိပ်လှတာပဲ။+
ပြစ်မျိုးမှဲ့မထင်လေးပါပဲ။
၈ အို မောင့်သတို့သမီး၊ လက်ဘနွန်ကို ထားရစ်ပြီး မောင်ခေါ်ရာ လိုက်ခဲ့ပါ။
လက်ဘနွန်ကို ထားရစ်ပြီး မောင်နဲ့အတူ လိုက်ခဲ့ပါတော့။+
အာမန* တောင်ထိပ်၊ စိနဲတောင်ထိပ်၊
ဟေရမုန်တောင်ထိပ်၊+ ခြင်္သေ့ခိုအောင်းတဲ့ ဂူတွေ၊
ကျားသစ်ကျက်စားရာ တောင်တန်းတွေပေါ်ကနေ ဆင်းလာခဲ့ပါတော့။
၉ အို မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းက မောင့်နှလုံးသားကို သိမ်းပိုက်လိုက်ပြီပဲ။+
အကြည့်တစ်ချက်လေးနဲ့၊ လည်ဆွဲတစ်စွန်းတစ်စလေးနဲ့
မောင့်နှလုံးသားကို သိမ်းပိုက်လိုက်ပြီပဲ။
၁၀ အို မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းရဲ့ ချစ်ခင်ယုယမှုတွေဟာ ကြည်နူးစရာ ကောင်းလိုက်တာ။+
မင်းရဲ့ ချစ်ခင်ယုယမှုတွေဟာ စပျစ်ဝိုင်ထက် အဆမတန် ကောင်းတယ်။+
မင်းဆွတ်ထားတဲ့ ဆီမွှေးဟာ အမွှေးနံ့သာ အားလုံးထက် ပိုမွှေးတယ်။+
၁၁ အို မောင့်သတို့သမီး၊ မင်းရဲ့ နှုတ်ခမ်းကနေ ပျားရည်တွေ တစက်စက် ယိုကျနေတယ်။+
မင်းရဲ့လျှာအောက်မှာ နို့ရည်နဲ့ပျားရည် ရှိတယ်။+
မင်းရဲ့အဝတ်အစားတွေဟာ လက်ဘနွန်တောင်ရဲ့ရနံ့လို သင်းပျံ့နေတယ်။
၁၂ မောင့်နှမ၊ မောင့်သတို့သမီး၊ မင်းဟာ တံတိုင်းခတ်ထားတဲ့ ဥယျာဉ်နဲ့တူတယ်။
မင်းဟာ တံတိုင်းခတ်ထားတဲ့ ဥယျာဉ်ပါ။ ချိပ်ပိတ်ထားတဲ့ ရေတွင်းပါ။
၁၃ မင်းရဲ့ အညွန့်လေးတွေဟာ* သလဲသီး ဥယျာဉ်ပဲ။*
အဲဒီဥယျာဉ်ထဲမှာ အကောင်းဆုံးအသီးတွေ၊ ဒန်းပင်တွေ၊ နာဒုဆီမွှေးပင်တွေ ဝေဆာနေတယ်။
၁၄ နာဒုဆီမွှေးပင်၊+ ကုံကုမံပင်၊ ကြံမွှေးပင်၊+
သစ်ကြံပိုးပင်၊+ လောဗန်ပင်အမျိုးမျိုး၊ မုရန်သစ်စေးပင်၊
အကျော်ပင်၊+ အကောင်းဆုံး အမွှေးနံ့သာပင် အမျိုးမျိုး ဝေဆာနေတယ်။+
၁၅ မင်းဟာ ဥယျာဉ်ထဲက စမ်းရေတွင်း၊ သောက်ရေတွင်းပဲ။
လက်ဘနွန်ကနေ စီးဆင်းလာတဲ့ စမ်းချောင်းလေးပဲ။+
၁၆ အို မြောက်လေ၊ နိုးထပါတော့။
အို တောင်လေ၊ တိုက်ခတ်ပါတော့။
ငါ့ဥယျာဉ်မှာ လေပြည်သွေးပါတော့။
ဥယျာဉ်ထဲက မွှေးရနံ့တွေ သင်းပျံ့ပါစေ။”
“ကျွန်မရဲ့ချစ်သူက သူ့ဥယျာဉ်ထဲ ဝင်လာပြီး
အကောင်းဆုံး သစ်သီးတွေ စားသုံးပါစေ။”
မုရန်သစ်စေးပင်နဲ့ အမွှေးနံ့သာပင်ကို ဆွတ်ခူးပြီ။+
ပျားလပို့နဲ့ ပျားရည်ကို စားလိုက်ပြီ။
စပျစ်ဝိုင်နဲ့ နို့ကိုလည်း သောက်လိုက်ပြီ။”+
“အို ချစ်သူငယ်ချင်းတို့၊ စားကြပါ၊ သောက်ကြပါ။
ချစ်ခင်ယုယမှုတွေနဲ့ ယစ်မူးနေကြပါ။”+
၂ “ကျွန်မ အိပ်ပျော်နေပေမဲ့ နှလုံးသားကတော့ နိုးနေတယ်။+
ချစ်သူ တံခါးခေါက်နေတဲ့ အသံပဲ။
‘မောင့်နှမ၊ မောင့်ချစ်သူ၊
မောင့်ချိုးငှက်လေး၊ ခြောက်ပြစ်ကင်းသူလေး၊
တံခါးဖွင့်လှည့်ပါ။
မောင့်ခေါင်းမှာ နှင်းတွေစိုနေလို့၊ ဆံပင်တွေလည်း ညနှင်းစက်တွေ ရွှဲနေလို့ပါ။’+
၃ ကျွန်မ ဝတ်ရုံချွတ်ပြီးပြီ။
ပြန်ဝတ်ရမှာလား။
ခြေလည်း ဆေးပြီးပြီ။
ညစ်ပေအောင် ပြန်လုပ်ရမှာလား။
၄ ချစ်သူက မင်းတုပ်လျှိုတဲ့ အပေါက်ကနေ လက်ကို ပြန်ရုပ်လိုက်တဲ့အခါ
ကျွန်မရင်ထဲမှာ ဝမ်းနည်းလှိုက်ဖိုမိတယ်။
၅ ချစ်သူကို တံခါးဖွင့်ပေးဖို့ ထလိုက်တဲ့အခါ
ကျွန်မလက်ကနေ မုရန်သစ်စေးတွေ၊
လက်ချောင်းတွေကနေ မုရန် ဆီတွေ
မင်းတုပ်ပေါ် စီးကျလာတယ်။
၆ တံခါးဖွင့်ပေးလိုက်တဲ့အခါ
ချစ်သူမောင်က လှည့်ထွက်သွားနှင့်ပြီ။
သူထွက်သွားတော့ ကျွန်မ စိတ်ထိခိုက်လိုက်တာ။*
သူ့ကိုရှာတာ မတွေ့ပါလား။+
သူ့ကိုခေါ်နေတာ ပြန်မထူးပါလား။
၇ မြို့ထဲမှာ ကင်းလှည့်နေတဲ့ ကင်းစောင့်တွေက ကျွန်မကို တွေ့သွားတဲ့အခါ
ဒဏ်ရာရတဲ့အထိ ရိုက်နှက်ကြတယ်။
မြို့ရိုးပေါ်က ကင်းစောင့်တွေကလည်း ကျွန်မရဲ့ ခြုံထည်ကို ဆွဲယူကြတယ်။
၈ အို ဂျေရုဆလင် သမီးပျိုတို့၊
ချစ်သူကို တွေ့ခဲ့ရင်
ကျွန်မ လွမ်းနာကျနေတဲ့ အကြောင်း ပြောပေးမယ်လို့ သစ္စာဆိုကြပါ။”
၉ “အို အလှဆုံးမိန်းကလေး၊
နင့်ချစ်သူဟာ သူများရဲ့ချစ်သူတွေထက် ဘယ်လိုများသာလို့လဲ။
ငါတို့ကို အဲဒီလို သစ္စာဆိုခိုင်းရလောက်အောင်
နင့်ချစ်သူဟာ သူများရဲ့ချစ်သူတွေထက် ဘယ်လိုများသာလို့လဲ။”
၁၀ “ကျွန်မရဲ့ ချစ်သူဟာ ထူးခြား ထင်ပေါ်တဲ့သူပါ။ သူ့အသားအရေဟာ စိုပြည်နီမြန်းနေတယ်။
လူတစ်သောင်း အလယ်မှာတောင် ထင်းခနဲ ပေါ်လွင်တယ်။
၁၁ သူ့ခေါင်းဟာ ရွှေစင်ပဲ။
ဆံသားတွေဟာ လှိုင်းတွန့်နေတဲ့ စွန်ပလွံခက်တွေနဲ့* တူတယ်။
ကျီးနက်ကြီးလို နက်မှောင်နေတယ်။
၁၂ သူ့မျက်လုံးတွေဟာ စမ်းချောင်းဘေးမှာ နို့ရည်ကိုချိုးပြီး
ကန်အစွန်းမှာ* နားနေတဲ့
ချိုးငှက်လေးတွေလိုပဲ။
၁၃ သူ့ရဲ့ပါးပြင်ဟာ အမွှေးနံ့သာခင်းနဲ့ တူတယ်။+
မွှေးကြိုင်တဲ့ ဆေးပင်တွေ ပေါက်နေတဲ့ တောင်ပို့လေးလိုပဲ။
နှုတ်ခမ်းဟာ မုရန်ဆီတွေ တစက်စက်ယိုနေတဲ့ နှင်းပန်းဆိုပါတော့။+
၁၄ သူ့လက်ချောင်းတွေဟာ ပြောင်ခေါင်းစိမ်း မြှုပ်ထားတဲ့ ရွှေချောင်းတွေနဲ့ တူတယ်။
ဝမ်းဗိုက်ဟာ နီလာကျောက်စီခြယ်ထားတဲ့ ပြောင်ချောနေတဲ့ ဆင်စွယ်နဲ့ တူတယ်။
၁၅ သူ့ခြေထောက်တွေဟာ ရွှေစင်ပြားပေါ် စိုက်ထူထားတဲ့ စကျင်ကျောက်တိုင်တွေနဲ့ တူတယ်။
ရုပ်သွင်ဟာ လက်ဘနွန်တောင်လို ခံ့ညားတယ်။ သစ်ကတိုးပင်တွေလို ပြိုင်စံရှားတယ်။+
၁၆ သူ့နှုတ်ခမ်းဟာ ချိုမြတယ်။
သူနဲ့ပတ်သက်သမျှ စွဲမက်စရာ ကောင်းတယ်။+
အို ဂျေရုဆလင် သမီးပျိုတို့၊ အဲဒါ ကျွန်မရဲ့ ချစ်သူပေါ့။ အချစ်ရဆုံးသူပေါ့။”
၆ “အို အလှဆုံး မိန်းကလေး၊
နင့်ချစ်သူ ဘယ်ကို ထွက်သွားတာလဲ။
ဘယ်ဘက်ကို ထွက်သွားတာလဲ။
ပြောပြလေ။ ငါတို့ ဝိုင်းရှာပေးမှာပေါ့။”
၂ “ကျွန်မရဲ့ ချစ်သူက ဥယျာဉ်ထဲ၊
အမွှေးနံ့သာခင်းထဲ ဆင်းသွားတယ်။
ဥယျာဉ်တွေထဲမှာ သိုးထိန်းရင်း
နှင်းပန်းတွေ ဆွတ်ခူးဖို့ ဆင်းသွားတာ။+
၃ ချစ်သူဟာ ကျွန်မရဲ့ မူပိုင်ရှင်ပါ။
ကျွန်မကလည်း ချစ်သူရဲ့ မူပိုင်ရှင်ပါ။+
နှင်းပန်းတောထဲမှာ သူသိုးထိန်းနေတယ်။”+
၄ “အို ချစ်ရတဲ့သူ၊+ မင်းဟာ တိရဇာမြို့လို လှတယ်။+
ဂျေရုဆလင်မြို့လို တင့်တယ်တယ်။+
အလံကိုင်ပြီး ရပ်နေတဲ့ တပ်မဟာကြီးလို အသက်ရှူမှားလောက်အောင် လှပါပေတယ်။+
၅ မင်းရဲ့အကြည့်ကို+ လွှဲပေးပါ။
ငါ့ကို သိပ်စိုးမိုးနေလို့ပါ။
မင်းရဲ့ ဆံပင်တွေဟာ ဂိလဒ်တောင်စောင်းပေါ်ကနေ ပြေးဆင်းလာတဲ့
ဆိတ်အုပ်နဲ့ တူတယ်။+
၆ မင်းရဲ့ သွားလေးတွေဟာ ရေချိုးပြီး တက်လာတဲ့ သိုးအုပ်နဲ့တူတယ်။
အားလုံး ညီညာသွယ်တန်းနေတာပဲ။
တစ်ချောင်းမှ မလျော့ဘူး။
၇ ဇာပဝါနဲ့ ကွယ်ထားတဲ့ မင်းရဲ့ ပါးပြင်လေးဟာ
သလဲသီးစိတ်လိုပါပဲ။
၈ ငါ့အနားမှာ မိဖုရား ၆၀၊
မောင်းမ ၈၀ ရှိတယ်။
မိန်းမပျိုလေးတွေလည်း အတိုင်းမသိများတယ်။+
၉ ဒါပေမဲ့ ငါ့ရဲ့ ချိုးငှက်လေး၊+ ခြောက်ပြစ်ကင်းသူလေးကတော့ တစ်ယောက်တည်းပါ။
မိခင်ရဲ့ အချစ်ဆုံး သမီးလေးပါ။
မွေးမိခင်ရဲ့ အမြတ်နိုးဆုံးလေးပါ။
မိန်းမပျိုတွေက သူ့ကိုတွေ့တဲ့အခါ ပျော်ရွှင်ချမ်းမြေ့သူလို့ ခေါ်ကြတယ်။
မိဖုရားတွေ၊ မောင်းမတွေလည်း သူ့ကို ချီးမွမ်းကြတယ်။
၁၀ ‘ဒီမိန်းကလေးဟာ ဘယ်သူများပါလိမ့်။
အရုဏ်ဦးလို တောက်ပတဲ့သူ၊
လပြည့်ဝန်းလို လှပတဲ့သူ၊
နေခြည်လို ကြည်လင်တဲ့သူ၊
အလံကိုင်ပြီး ရပ်နေတဲ့ တပ်မဟာကြီးလို အသက်ရှူမှားလောက်အောင် လှတဲ့သူပါလား။’”+
၁၁ “ချိုင့်ဝှမ်းထဲက အပင်ပေါက်လေးတွေကို ကြည့်ဖို့၊
စပျစ်ပင်တွေ အညွန့်ထွက်မထွက်၊
သလဲပင်တွေ ပွင့်မပွင့်ကြည့်ဖို့
သစ်သီးခြံထဲ ကျွန်မ ဆင်းသွားတယ်။+
၁၂ အဲဒီလို ကြည့်ချင်ဇောကြောင့်
စိတ်ထားမြင့်မြတ်တဲ့ ကျွန်မလူမျိုးရဲ့ မြင်းရထားတွေဆီ
မထင်မှတ်ဘဲ ရောက်သွားတယ်။”
၁၃ “အို ရှုလမိုက်။ ပြန်လာခဲ့ပါ။ ပြန်ခဲ့ပါ။
မင်းကို ကြည့်ပါရစေ။
ပြန်လာခဲ့ပါ။ ပြန်ခဲ့ပါ။”
“ကျွန်မရှုလမိုက်ကို ဘာလို့ ငေးကြည့်နေကြတာလဲ။”+
“မဟာနိမ်အကကို* ကြည့်နေရသလို ဖြစ်လို့ပါ။”
၇ “အို မွန်မြတ်တဲ့ မိန်းကလေး၊
ဖိနပ်စီးထားတဲ့ မင်းရဲ့ခြေထောက်တွေ လှလိုက်တာ။
ပေါင်တံတွေကလည်း
လက်မှုပညာသည် လုပ်ထားတဲ့ အလှတန်ဆာတွေလိုပဲ။
၂ မင်းရဲ့ချက်ဟာ လုံးဝိုင်းတဲ့ ဖလားလေးနဲ့ တူတယ်။
ဖလားထဲမှာ စပ်ထားတဲ့ စပျစ်ဝိုင်တွေ အမြဲရှိနေပါစေ။
ဝမ်းဗိုက်ဟာ နှင်းပန်းတွေခြံရံထားတဲ့
ဂျုံစပါးပုံနဲ့ တူတယ်။
၄ မင်းရဲ့လည်တိုင်ဟာ+ ဆင်စွယ်မျှော်စင်နဲ့ တူတယ်။+
နှာတံလေးဟာ ဒမတ်စကတ်မြို့ကို မျက်နှာမူထားတဲ့
လက်ဘနွန်မျှော်စင်နဲ့ တူတယ်။
၅ မင်းရဲ့ခေါင်းဟာ ကရမေလတောင်လို တင့်တယ်တယ်။+
ဆံသားဟာ+ ခရမ်းရောင် သိုးမွေးလိုပဲ။+
ခွေကျနေတဲ့ ဆံကေသာအလှကြောင့် ငါအရှင်မင်းကြီးတောင် ရုန်းမထွက်နိုင်တော့ပါလား။
၆ အို ချစ်ရတဲ့ မိန်းကလေး၊ မင်းဟာ သိပ်လှတာပဲ။ ချစ်စရာ သိပ်ကောင်းတာပဲ။
စွဲမက်စရာတွေထဲမှာ မင်းဟာ စွဲမက်စရာ အကောင်းဆုံးပဲ။
၇ မင်းရဲ့ အရပ်အမောင်းဟာ စွန်ပလွံပင်နဲ့တူတယ်။
မင်းရဲ့ရင်သားဟာ စွန်ပလွံသီးပြွတ်တွေနဲ့ တူတယ်။+
၈ ‘စွန်ပလွံပင်ပေါ် တက်ပြီး
စွန်ပလွံခိုင်တွေကို ကိုင်မယ်’ လို့ ငါပြောတယ်။
မင်းရဲ့ရင်သားဟာ စပျစ်ခိုင်တွေလို၊
ခံတွင်းရနံ့ဟာ ပန်းသီးရနံ့လို ဖြစ်ပါစေ။
၉ မင်းရဲ့ခံတွင်းဟာ အကောင်းဆုံး စပျစ်ဝိုင်လို ဖြစ်ပါစေ။”
“အဲဒီစပျစ်ဝိုင်ဟာ ကျွန်မချစ်သူအတွက် စီးဆင်းပါစေ။
အိပ်မောကျနေသူရဲ့ နှုတ်ခမ်းပေါ် အသာအယာ စီးဆင်း သွားပါစေ။
၁၀ ချစ်သူက ကျွန်မကိုပိုင်တယ်။+
ကျွန်မကိုပဲ တမ်းတနေတယ်။
၁၁ အို ကျွန်မချစ်ရတဲ့မောင်၊ လှမ်းလာခဲ့ပါ။
ကွင်းပြင်တွေဆီ သွားရအောင်။
ဒန်းပန်းတောထဲမှာ နေရအောင်။+
၁၂ စောစောထပြီး စပျစ်ခြံတွေဆီ သွားရအောင်။
စပျစ်ပင်တွေ အညွန့်ထွက်မထွက်၊
ပန်းတွေ ပွင့်မပွင့်၊+
သလဲပင်တွေ ပွင့်မပွင့် သွားကြည့်ရအောင်။+
အဲဒီကိုရောက်ရင် မောင့်ကို ချစ်ခင်ယုယပါ့မယ်။+
၁၃ အနုဆေးသီး*+ ရနံ့တွေ မွှေးကြိုင်နေပြီ။
ကျွန်မတို့ရဲ့ အိမ်ပေါက်ဝမှာ အကောင်းဆုံး သစ်သီးမျိုးစုံရှိတယ်။+
အို ကျွန်မချစ်ရတဲ့မောင်၊ အခုမှ ခူးထားတဲ့ အသီးတွေရော
ခူးပြီးသား အသီးတွေကိုပါ မောင့်အတွက် သိမ်းထားပါတယ်။
၈ “မောင့်ကို ကျွန်မမိခင်ဆီမှာ နို့ချိုသောက်စို့ခဲ့တဲ့
အစ်ကိုအရင်းလို ဖြစ်စေချင်စမ်းပါဘိ။
အဲဒီလိုသာဆိုရင် မောင့်ကို အပြင်မှာတွေ့လို့ နမ်းတဲ့အခါ+
ဘယ်သူမှ ကျွန်မကို အထင်သေးမှာ မဟုတ်ဘူး။
အမွှေးအကြိုင် ရောစပ်ထားတဲ့ စပျစ်ဝိုင်၊
လတ်ဆတ်တဲ့ သလဲသီးဖျော်ရည်
တိုက်ပါ့မယ်။
၃ ချစ်သူရဲ့ ဘယ်လက်ဟာ ကျွန်မခေါင်းအုံးပဲ။
ညာလက်နဲ့ ကျွန်မကို ပွေ့ဖက်ထားတယ်။+
၄ အို ဂျေရုဆလင် သမီးပျိုတို့၊ ကျွန်မရင်ထဲမှာ အချစ်စိတ် ပေါ်မလာတဲ့အတွက်
ပေါ်အောင် အတင်းမလုပ်ပါဘူးလို့ သစ္စာဆိုကြပါ။”+
၅ “ချစ်သူကို မှီနွဲ့ပြီး
တောထဲကနေ တက်လာနေတာ ဘယ်သူများပါလိမ့်။”
“ပန်းသီးပင်အောက်မှာ မောင့်ကို ကျွန်မ နှိုးခဲ့တယ်။
အဲဒီမှာ မောင့်မိခင်က မောင့်ကို မွေးဖွားခဲ့တာ။
အဲဒီမှာ ဝေဒနာခံစားပြီး မွေးဖွားခဲ့တာ။
၆ ကျွန်မကို မောင့်နှလုံးသားပေါ်မှာ တံဆိပ်ခတ်ထားပါ။
လက်မောင်းပေါ်မှာ တံဆိပ်ခတ်ထားပါ။
ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းဟာ သေခြင်းတမျှ အင်အားကြီးသလို+
သစ္စာရှိမှုကိုလည်း သင်္ချိုင်းလို မရမက တောင်းဆိုတတ်လို့ပါ။
အချစ်မီးလျှံတွေဟာ တောက်လောင်နေတဲ့မီး၊ ယေဟောဝါရဲ့ မီးလျှံပဲ။+
၇ ချစ်ခြင်းကို လှိုင်းလုံးကြီးတွေ မငြိမ်းသတ်နိုင်ဘူး။+
မြစ်ချောင်းတွေကလည်း မျောပါသွားအောင် မလုပ်နိုင်ဘူး။+
လူတစ်ယောက်က အချစ်ကိုရဖို့ သူ့အိမ်မှာရှိတဲ့ ပစ္စည်းဥစ္စာအားလုံး ပေးရင်တောင်
ဘယ်သူမှ အရေးလုပ်မှာ မဟုတ်ဘူး။”*
သူ့ကို လာတောင်းရမ်းတဲ့အခါ
ငါတို့ ဘယ်လိုလုပ်ကြမလဲ။”
၉ “သူဟာ မြို့ရိုးဖြစ်ရင်
သူ့အပေါ်မှာ ငွေသူရဲခိုကို ငါတို့ ဆောက်ပေးမယ်။
တံခါးဖြစ်ရင်တော့
သူ့ကို သစ်ကတိုးပျဉ်ချပ်နဲ့ ပိတ်ထားမယ်။”
၁၀ “ကျွန်မဟာ မြို့ရိုးပါ။
ကျွန်မရင်ဟာ မြို့ရိုးပေါ်က ပြအိုးပါ။
ဒါကြောင့် သူ့အမြင်မှာ ကျွန်မဟာ
အေးချမ်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာပေါ့။
၁၁ ဗာလဟာမုန်အရပ်မှာ ရှောလမုန်မင်းကြီးရဲ့ စပျစ်ခြံရှိတယ်။+
မင်းကြီးက အဲဒီခြံကို ခြံလုပ်သားတွေလက်ထဲ အပ်ထားတယ်။
လုပ်သားတွေက သီးစားခ အနေနဲ့ ငွေစတစ်ထောင်စီ ဆက်သရတယ်။
၁၂ ကျွန်မပိုင်တဲ့ စပျစ်ခြံကတော့ ကျွန်မရဲ့လက်ထဲမှာပဲ။
အို ရှောလမုန်မင်းကြီး၊ မင်းကြီးက ငွေစတစ်ထောင် ရတယ်။
ခြံလုပ်သားတွေက နှစ်ရာရတယ်။”
မောင်လည်း မင်းရဲ့အသံကို ကြားပါရစေ။”+
“ကျစ်ဆံမြီး နှစ်ဖက်ကြားက” လည်းဖြစ်နိုင်။
မူရင်း၊ “ကုံကုမံပန်းပါ။”
“ကွဲအက်နေတဲ့ တောင်တန်းပေါ်က” ဒါမှမဟုတ် “ဗေသာတောင်တန်းပေါ်က” လည်းဖြစ်နိုင်။
မီးရှို့တဲ့အခါ မွှေးကြိုင်တဲ့ အဖြူရောင် သစ်စေးတစ်မျိုး။
ဒါမှမဟုတ်၊ “လက်ဘနွန်အရှေ့ရိုးမ။”
“မင်းရဲ့ အသားအရေဟာ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ပရဒိသုပဲ။”
“သူစကားပြောတော့ ကျွန်မ သတိလက်လွတ် ဖြစ်သွားတယ်” လည်းဖြစ်နိုင်။
“ဆံသားတွေဟာ စွန်ပလွံသီးပြွတ်တွေနဲ့” လည်းဖြစ်နိုင်။
“ကန်ဘောင်မှာ” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “အဖွဲ့နှစ်ဖွဲ့အကကို။”
သန္ဓေအောင်စေနိုင်တဲ့အသီးလို့ ထင်ကြပေမဲ့ တိကျတဲ့အထောက်အထား မရှိ။
“သူ့ကို အရေးလုပ်မှာ မဟုတ်ဘူး” လည်းဖြစ်နိုင်။