ကောရိန္သု ပထမစောင်
၁ ဘုရားသခင်ရဲ့ အလိုတော်ကြောင့် ယေရှုခရစ်ရဲ့ တမန်တော်အဖြစ် ရွေးချယ်ခံရတဲ့+ ကျွန်တော်ပေါလုနဲ့ ညီအစ်ကို သုဿင်က၊ ၂ ကောရိန္သုမြို့မှာရှိတဲ့ ဘုရားသခင့်အသင်းတော်ဖြစ်တဲ့+ ခင်ဗျားတို့ဆီ စာရေးလိုက်ပါတယ်။ ခင်ဗျားတို့ဟာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေဖို့ ဘုရားသခင် သီးသန့်ဖယ်ထားသူတွေ၊+ သန့်ရှင်းသူတွေအဖြစ် ရွေးချယ်ထားသူတွေပါ။ ကျွန်တော်တို့အားလုံးရဲ့သခင် ယေရှုခရစ်ရဲ့ နာမည်ကို+ ယုံကြည်ကြတဲ့ အရပ်ရပ်မှာရှိသူ အားလုံးဆီကိုလည်း စာရေးလိုက်ပါတယ်။
၃ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။
၄ ဘုရားသခင်က ခင်ဗျားတို့ကို ခရစ်တော်ယေရှုအားဖြင့် မဟာကရုဏာ ပေးသနားထားတယ်။ ဒါကြောင့် ဘုရားသခင်ကို ကျွန်တော် အမြဲ ကျေးဇူးတင်ချီးမွမ်းပါတယ်။ ၅ ခင်ဗျားတို့က ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေလို့ ဘုရားသခင်ကလည်း နှုတ်သတ္တိဖြစ်စေ၊ အသိပညာဖြစ်စေ အရာရာမှာ ခင်ဗျားတို့ကို ကြွယ်ဝပြည့်စုံစေပြီ။+ ၆ ဒါဟာ ခင်ဗျားတို့ဆီမှာ ခရစ်တော်နဲ့ပတ်သက်တဲ့ သက်သေခံချက်+ အမြစ်စွဲနေလို့ပဲ။ ၇ ဒါကြောင့် ခင်ဗျားတို့က သခင်ယေရှုခရစ် ပေါ်ထွန်းမယ့်အချိန်ကို+ အခုလို ထက်သန်စွာ စောင့်မျှော်နေတုန်းမှာ ဆုကျေးဇူးတွေ တစ်ခုမကျန် ရရှိထားတယ်။ ၈ သခင်ယေရှုခရစ်ရဲ့နေ့ ရောက်လာတဲ့အခါ+ အပြစ်တင်စရာ မရှိရလေအောင် ဘုရားသခင်က ခင်ဗျားတို့ကို အဆုံးအထိ ခိုင်ခံ့မြဲမြံစေလိမ့်မယ်။ ၉ ဘုရားသခင်ဟာ သစ္စာရှိတယ်။+ သားတော်ဖြစ်တဲ့ သခင်ယေရှုခရစ်နဲ့ ပူးပေါင်းခွင့်ပေးဖို့ ခင်ဗျားတို့ကို ရွေးချယ်ထားတယ်။
၁၀ ညီအစ်ကိုတို့၊ သခင်ယေရှုခရစ်ရဲ့ နာမည်ကို အမှီပြုပြီး ကျွန်တော် အားပေးချင်တာက ခင်ဗျားတို့ စိတ်ဝမ်းမကွဲဘဲ+ စကားတညီတညွတ်တည်း ဖြစ်ကြပါ။ တစ်စိတ်တစ်သဘောတည်းဖြစ်ပြီး အကြွင်းမဲ့ စည်းလုံးနေကြပါ။+ ၁၁ ညီအစ်ကိုတို့၊ ခင်ဗျားတို့ အချင်းချင်း စိတ်ဝမ်းကွဲနေတဲ့အကြောင်း ခလောအိအိမ်သားတချို့ ပြောပြတယ်။ ၁၂ ခင်ဗျားတို့ထဲမှာ တချို့က “ငါဟာ ပေါလုရဲ့တပည့်၊” “ငါဟာ အာပေါလုရဲ့တပည့်၊”+ “ငါဟာ ကေဖ* ရဲ့တပည့်၊” “ငါကတော့ ခရစ်တော်ရဲ့တပည့်” ဆိုပြီး တစ်ယောက်တစ်မျိုးစီ ပြောနေကြလို့ ကျွန်တော် အခုလိုပြောရတာပါ။ ၁၃ ခရစ်တော်ဟာ ကွဲပြားဖူးလို့လား။ ခင်ဗျားတို့အတွက် သစ်တိုင်မှာ ကွပ်မျက်ခံခဲ့တာ ပေါလုလား။ ဒါမှမဟုတ် ပေါလုရဲ့နာမည်နဲ့ ခင်ဗျားတို့ နှစ်ခြင်းခံခဲ့လို့လား။ ၁၄ ခင်ဗျားတို့ထဲက ကရိပုနဲ့+ ဂါယုက+ လွဲလို့ တခြားဘယ်သူ့ကိုမှ ကျွန်တော် နှစ်ခြင်းမပေးခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ၁၅ ဒါကြောင့် ကျွန်တော့်နာမည်နဲ့ နှစ်ခြင်းခံခဲ့တယ်လို့ ဘယ်သူမှ ပြောစရာအကြောင်း မရှိတော့ဘူး။ ၁၆ သတေဖနာရဲ့ အိမ်သူအိမ်သားတွေကိုလည်း ကျွန်တော် နှစ်ခြင်းပေးခဲ့တယ်။+ နောက်ထပ် ဘယ်သူ့ကို နှစ်ခြင်းပေးခဲ့သလဲ ဆိုတာတော့ မမှတ်မိဘူး။ ၁၇ ကျွန်တော့်ကို ခရစ်တော် စေလွှတ်လိုက်တာ နှစ်ခြင်းပေးဖို့ မဟုတ်ဘူး။ သတင်းကောင်း ဟောပြောဖို့ပါ။+ ပညာတတ်တွေသုံးနှုန်းတဲ့ စကားတွေနဲ့ ဟောဖို့တော့ မဟုတ်ဘူး။ အဲဒီလိုဟောရင် သစ်တိုင်ပေါ် ခရစ်တော် အသေခံခဲ့တာ အချည်းနှီးဖြစ်သွားမယ်။
၁၈ ဒုက္ခသစ်တိုင်* နဲ့ဆိုင်တဲ့ သတင်းတရားဟာ ပျက်စီးတော့မယ့်သူတွေအတွက် မိုက်မဲတဲ့အရာဖြစ်ပေမဲ့+ ကယ်တင်ခြင်းရမယ့် ကျွန်တော်တို့အတွက်တော့ ဘုရားသခင်ရဲ့ တန်ခိုးတော်ပဲ။+ ၁၉ “ပညာရှိတွေရဲ့ ဉာဏ်ပညာကို ငါပျက်စီးစေမယ်။ ဉာဏ်ကောင်းသူတွေရဲ့ ထက်မြက်မှုကိုလည်း ငါပယ်မယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ ၂၀ ပညာရှိတွေ၊ ကျမ်းတတ်တွေ၊ ဒီလောကစနစ်* မှာရှိတဲ့ စကားစစ်ထိုးတတ်သူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဘုရားသခင်က လောကရဲ့ဉာဏ်ပညာကို မိုက်မဲတဲ့အရာ ဖြစ်စေပြီမဟုတ်လား။ ၂၁ လောကဟာ ဘုရားသခင်ကို ကိုယ်ပိုင်ဉာဏ်နဲ့+ မသိနိုင်ဘူး။+ ကျွန်တော်တို့ ဟောနေတဲ့ သတင်းတရားဟာ လူ့အမြင်မှာ မိုက်မဲတဲ့အရာ+ ဖြစ်နေပေမဲ့ ဘုရားသခင်က ဉာဏ်ပညာရှိတဲ့အတွက် ယုံကြည်သူတွေကို အဲဒီသတင်းတရားအားဖြင့် ကယ်တင်ဖို့ အလိုရှိတယ်။
၂၂ ဂျူးတွေက အံ့ဖွယ်အမှုတွေပြဖို့ တောင်းဆိုတတ်တယ်။+ ဂရိတွေက ဉာဏ်ပညာ ဆည်းပူးတတ်တယ်။ ၂၃ ကျွန်တော်တို့ကတော့ သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရတဲ့ ခရစ်တော်အကြောင်း ဟောပြောတယ်။ ဒီအကြောင်းအရာဟာ ဂျူးတွေအတွက် တိုက်မိလဲစရာဖြစ်နေသလို လူမျိုးခြားတွေအတွက်လည်း မိုက်မဲတဲ့အရာ ဖြစ်နေတယ်။+ ၂၄ ဒါပေမဲ့ ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ရွေးချယ်ခံရသူတွေအတွက်တော့ ခရစ်တော်ဟာ ဘုရားသခင့် တန်ခိုးတော်၊ ဘုရားသခင့် ဉာဏ်ပညာပဲ။+ ၂၅ ဘုရားသခင်ရဲ့ မိုက်မဲခြင်းလို့ ထင်ရတဲ့အရာဟာ လူတွေရဲ့ ဉာဏ်ပညာရှိခြင်းထက် သာလွန်တယ်။ ဘုရားသခင်ရဲ့ အားနည်းခြင်းလို့ ထင်ရတဲ့အရာဟာ လူတွေရဲ့ သန်မာခြင်းထက် သာလွန်တယ်။+
၂၆ ညီအစ်ကိုတို့၊ ခင်ဗျားတို့ကို ဘုရားသခင် ရွေးချယ်တုန်းကအဖြစ်ကို စဉ်းစားကြည့်ပါ။ လူ့အမြင်အရ ပညာရှိသူ၊+ တန်ခိုးအာဏာရှိသူ၊ မင်းမျိုးမင်းနွယ်တွေ အများကြီး မပါဘူး။+ ၂၇ ဘုရားသခင်က ပညာရှိတွေ အရှက်ရစေဖို့ လောကမှာ မိုက်မဲတယ်လို့ ထင်ရသူတွေကို ရွေးချယ်ခဲ့တယ်။ သန်မာသူတွေ အရှက်ရစေဖို့ လောကမှာ အားနည်းတယ်လို့ ထင်ရသူတွေကို ရွေးချယ်ခဲ့တယ်။+ ၂၈ အရေးပါတယ်လို့ လူတွေယူဆတဲ့အရာကို အချည်းနှီးဖြစ်စေဖို့ ဒီလောကမှာရှိတဲ့ မရေရာတဲ့အရာ၊ အထင်သေးခံရတဲ့အရာ၊ အရေးမပါတဲ့အရာတွေကို ဘုရားသခင် ရွေးချယ်ခဲ့တယ်။+ ၂၉ ဒါကြောင့် ဘုရားသခင်ရှေ့မှာ ဘယ်သူမှ ဝါကြွားစရာအကြောင်း မရှိဘူး။ ၃၀ ဘုရားသခင်ကြောင့် ခင်ဗျားတို့ဟာ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြတာ။ ခရစ်တော်က ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ ဖြောင့်မတ်ခြင်းအကြောင်း ဖော်ပြတယ်။+ လူတွေက ယေရှုအားဖြင့် သန့်ရှင်းသူတွေဖြစ်လာပြီး+ ရွေးဖိုးကြောင့် လွတ်မြောက်ခွင့်ကို ရကြတယ်။+ ၃၁ ဒါကြောင့် “ဝါကြွားမယ်ဆိုရင်လည်း ယေဟောဝါ* ဘုရားအကြောင်းကိုပဲ ဝါကြွားပါစေ”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ဖြစ်ပါစေ။
၂ ညီအစ်ကိုတို့၊ ခင်ဗျားတို့ဆီ ကျွန်တော်လာတာ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်း+ ဟောဖို့ပါ။ ကြီးကျယ်တဲ့ စကားတွေနဲ့၊+ လူ့ဉာဏ်ပညာနဲ့ မဟောခဲ့ဘူး။ ၂ ယေရှုခရစ်အကြောင်း၊ သစ်တိုင်ပေါ် သူအသတ်ခံရတဲ့အကြောင်းကိုပဲ+ ခင်ဗျားတို့ အာရုံစိုက်စေဖို့ ဆုံးဖြတ်ထားလို့ပါ။ ၃ ကျွန်တော် ခင်ဗျားတို့ဆီလာတုန်းက အားနည်းပြီး ကြောက်ရွံ့တုန်လှုပ်နေတာ။ ၄ ကျွန်တော် ဟောပြောသွန်သင်တဲ့အခါ အပြောကောင်းတဲ့ ပညာရှိတွေရဲ့စကားမျိုး မသုံးဘဲ စွမ်းအားတော်နဲ့ တန်ခိုးတော်ကိုဖော်ပြတဲ့ စကားတွေသုံးပြီး ဟောခဲ့တယ်။+ ၅ ဒါမှ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ လူ့ဉာဏ်ပညာကို အခြေမပြုဘဲ ဘုရားသခင့်တန်ခိုးကို အခြေပြုနိုင်မှာပါ။
၆ အခု၊ ကျွန်တော်တို့က ရင့်ကျက်သူတွေကို ဉာဏ်ပညာအကြောင်း ပြောနေတယ်။+ ဒါပေမဲ့ ဒီလောကစနစ်ရဲ့* ဉာဏ်ပညာအကြောင်းတော့မဟုတ်ဘူး။ အချည်းနှီးဖြစ်သွားမယ့် ဒီလောကစနစ်ရဲ့ အုပ်စိုးရှင်တွေမှာရှိတဲ့ ဉာဏ်ပညာအကြောင်းလည်း မဟုတ်ဘူး။+ ၇ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်+ တစ်နည်းအားဖြင့် ဘုရားသခင်ရဲ့ လျှို့ဝှက်ထားတဲ့ ဉာဏ်ပညာအကြောင်းပဲ။ ဘုရားသခင်က ကျွန်တော်တို့ ဘုန်းအသရေ ခံစားရစေဖို့ အဲဒီဉာဏ်ပညာအတိုင်း လုပ်ဆောင်မယ်ဆိုပြီး လောကစနစ်တွေ* မတည်ရှိခင်ကတည်းက ကြိုတင်ပြဋ္ဌာန်းခဲ့တယ်။ ၈ အဲဒီဉာဏ်ပညာအကြောင်း ဒီလောကစနစ်ရဲ့* အုပ်စိုးရှင်တွေ တစ်ယောက်မှ မသိဘူး။+ သိခဲ့ရင် ဘုန်းအသရေနဲ့ပြည့်စုံတဲ့ သခင်ကို သစ်တိုင်ပေါ်တင်ပြီး ကွပ်မျက်ကြမှာ မဟုတ်ဘူး။ ၉ “ဘုရားသခင်က လူတွေ မမြင်ဖူး၊ မကြားဖူး၊ မစဉ်းစားဖူးတဲ့ အရာတွေကို မိမိကိုချစ်တဲ့သူတွေအတွက် ပြင်ဆင်ပေးထားတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။ ၁၀ ဘုရားသခင်က ကျွန်တော်တို့ကို စွမ်းအားတော်အားဖြင့်+ အဲဒီအကြောင်း ဖော်ပြတယ်။+ စွမ်းအားတော်က အရာခပ်သိမ်းကို ဖော်ပြတယ်။ ဘုရားသခင်ရဲ့ နက်နဲတဲ့ အကြံအစည်တွေကိုတောင် ဖော်ပြတယ်။+
၁၁ လူတစ်ယောက်ရဲ့ စိတ်ထဲက အတွေးတွေကို သူကိုယ်တိုင်ကလွဲလို့ ဘယ်သူသိလို့လဲ။ အလားတူပဲ၊ ဘုရားသခင်ရဲ့ အတွေးတွေကို ဘုရားသခင့် စွမ်းအားတော်ကလွဲလို့ ဘယ်သူမှ မသိဘူး။ ၁၂ ကျွန်တော်တို့ဟာ လောကစိတ်ဓာတ်ကို မရဘဲ ဘုရားသခင်ဆီက စွမ်းအားတော်ကို ရထားတယ်။+ ဒါကြောင့် ဘုရားသခင် သနားကြင်နာစွာ ပေးထားတဲ့အရာတွေအကြောင်း သိနိုင်ကြတယ်။ ၁၃ ကျွန်တော်တို့က ဒီအကြောင်းတွေကို လူ့ဉာဏ်ပညာကနေ သင်ယူထားတဲ့ စကားတွေနဲ့ မဟောဘဲ+ စွမ်းအားတော်ကနေ သင်ယူထားတဲ့စကားတွေနဲ့ ဟောပြောပါတယ်။+ ဘုရားသခင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စွမ်းအားတော် သွန်သင်ပေးတဲ့စကားတွေနဲ့ ရှင်းပြပါတယ်။
၁၄ စိတ်အလိုလိုက်တဲ့သူဟာ ဘုရားသခင့်စွမ်းအားတော် ဖော်ပြတဲ့အရာတွေကို လက်မခံဘူး။ ဒါတွေဟာ သူ့အတွက် မိုက်မဲတဲ့အရာ ဖြစ်နေတယ်။ ဘုရားသခင့် စွမ်းအားတော် ရရှိမှသာ ဒါတွေကို စစ်ဆေးနိုင်မှာဖြစ်လို့ သူနားမလည်နိုင်ဘူး။ ၁၅ စွမ်းအားတော်ရဲ့ လမ်းပြမှုနောက်ကို လိုက်တဲ့သူဟာ အရာခပ်သိမ်းကို စစ်ဆေးတတ်တယ်။+ ဒါပေမဲ့ သူ့ကို ဘယ်သူမှ မစစ်ဆေးနိုင်ဘူး။ ၁၆ “ယေဟောဝါကို* သွန်သင်ပေးရအောင် ဘယ်သူက ဘုရားရဲ့ စိတ်သဘောကို သိလို့လဲ”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ ကျွန်တော်တို့မှာတော့ ခရစ်တော်ရဲ့ စိတ်သဘောထား ရှိတယ်။+
၃ ညီအစ်ကိုတို့၊ ကျွန်တော်က စွမ်းအားတော်ရဲ့ လမ်းပြမှုနောက် လိုက်တဲ့သူတွေကို+ ပြောသလို ခင်ဗျားတို့ကို မပြောနိုင်ဘူး။ စိတ်အလိုလိုက်သူတွေ၊ ခရစ်တော်ရဲ့လမ်းစဉ်မှာ နို့စို့အရွယ်ပဲရှိသေးတဲ့ သူတွေကို+ ပြောသလို ပြောနေရတယ်။ ၂ ခင်ဗျားတို့က မာတဲ့အစာ မစားနိုင်သေးလို့ နို့ကိုပဲ ကျွန်တော် တိုက်ကျွေးခဲ့တာ။ အခုထိ မာတဲ့အစာ မစားနိုင်ကြသေးဘူး။+ ၃ စိတ်အလို လိုက်နေကြတုန်းပဲ။+ ဒါကြောင့် မနာလိုခြင်း၊ ရန်တွေ့ ခြင်းတွေ ရှိနေတာ။ ဒါဟာ စိတ်အလိုလိုက်နေတာ မဟုတ်လား။+ လောကမှာရှိတဲ့ လူတွေလို ကျင့်ကြံနေတာ မဟုတ်လား။ ၄ တစ်ယောက်က “ငါဟာ ပေါလုရဲ့တပည့်၊” နောက်တစ်ယောက်က “ငါကတော့ အာပေါလုရဲ့ တပည့်”+ ဆိုပြီး ပြောနေကြတာဟာ လောကမှာရှိတဲ့ လူတွေလို ကျင့်ကြံနေတာပဲ မဟုတ်လား။
၅ အာပေါလုဆိုတာ ဘယ်သူလဲ။ ပေါလုကရော ဘယ်သူလဲ။ သူတို့ဟာ ဘုရားသခင်ရဲ့ အစေခံတွေပဲ။+ သခင်ပေးအပ်ထားတဲ့ အလုပ်ကို လုပ်ဆောင်ပြီး ခင်ဗျားတို့ကို ယုံကြည်သူတွေ ဖြစ်လာအောင် ကူညီခဲ့သူတွေပဲ။ ၆ ကျွန်တော်က စိုက်ပျိုးတယ်။+ အာပေါလုက ရေလောင်းတယ်။+ အပင်ကို ကြီးထွားစေတာကတော့ ဘုရားသခင်ပဲ။ ၇ စိုက်ပျိုးသူနဲ့ ရေလောင်းသူက အရေးပါတာ မဟုတ်ဘူး။ အပင်ကို ကြီးထွားစေတဲ့ ဘုရားသခင်ကသာ အရေးပါတာပါ။+ ၈ စိုက်ပျိုးသူနဲ့ ရေလောင်းသူရဲ့ ရည်ရွယ်ချက်ဟာ အတူတူပါပဲ။ ဒါပေမဲ့ တစ်ယောက်စီက ကိုယ့်ရဲ့အားထုတ်မှုနဲ့အညီ အကျိုးခံစားရလိမ့်မယ်။+ ၉ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေပါ။ ခင်ဗျားတို့ဟာ ဘုရားသခင် ပျိုးထောင်နေတဲ့ စိုက်ခင်းပါ၊ ဘုရားသခင်ရဲ့ အဆောက်အအုံပါ။+
၁၀ ဘုရားသခင်ရဲ့ မဟာကရုဏာတော်ကို ခံစားရတဲ့အတွက် ကျွန်တော်က ဗိသုကာပညာရှင်လို အုတ်မြစ်ကိုချထားပြီ။+ အဲဒီအုတ်မြစ်ပေါ် တခြားတစ်ယောက်က ထပ်ဆင့်တည်ဆောက်နိုင်တယ်။ ဒါပေမဲ့ ထပ်ဆင့်တည်ဆောက်သူတွေက မိမိတည်ဆောက်နေပုံကို သတိပြုရမယ်။ ၁၁ ယေရှုခရစ်ဆိုတဲ့ ချထားတဲ့ အုတ်မြစ်ကလွဲလို့ တခြားအုတ်မြစ်ကို ဘယ်သူမှ မချနိုင်ဘူး။+ ၁၂ တစ်ယောက်ယောက်က အဲဒီအုတ်မြစ်ပေါ်မှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတွေနဲ့ ထပ်ဆင့်တည်ဆောက်နိုင်တယ်။ ၁၃ ဒါပေမဲ့ စစ်ဆေးတဲ့နေ့ ရောက်တဲ့အခါ တစ်ယောက်စီရဲ့ တည်ဆောက်ပုံ ထင်ရှားလာမယ်။ ဘယ်လို တည်ဆောက်ခဲ့သလဲဆိုတာကို အဲဒီနေ့မှာ မီးက ဖော်ပြမယ်။+ ၁၄ လူတစ်ယောက် ထပ်ဆင့်တည်ဆောက်ထားတာက မီးဒဏ်ခံနိုင်တယ်ဆိုရင် သူ အကျိုးကျေးဇူး ခံစားရမယ်။ ၁၅ သူတည်ဆောက်ထားတာ မီးထဲပါသွားရင်တော့ သူဆုံးရှုံးရမယ်။ သူကိုယ်တိုင်တော့ ကယ်တင်ခံရလိမ့်မယ်။ ကယ်တင်ခံရပေမဲ့ မီးဘေးက လွတ်လာသလိုမျိုး ဖြစ်လိမ့်မယ်။
၁၆ ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်နေတာ၊+ ခင်ဗျားတို့ဆီမှာ ဘုရားသခင့် စွမ်းအားတော် ကိန်းဝပ်နေတာ မသိကြဘူးလား။+ ၁၇ ဘုရားသခင်ရဲ့ ဗိမာန်တော်ကို ဖျက်ဆီးရင် အဲဒီလူကို ဘုရားသခင် ဖျက်ဆီးမယ်။ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟာ သန့်ရှင်းမြင့်မြတ်တယ်။ ခင်ဗျားတို့ဟာ အဲဒီဗိမာန်တော်ပဲ။+
၁၈ ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြပါနဲ့။ ဒီလောကစနစ်မှာ* ကိုယ့်ကိုယ်ကိုယ် ပညာရှိသူလို့ ထင်ရင် တကယ်ပညာရှိသူ ဖြစ်နိုင်ဖို့ မိုက်မဲသူ ဖြစ်ရမယ်။ ၁၉ လောကရဲ့ ဉာဏ်ပညာဟာ ဘုရားသခင်ရှေ့မှာ မိုက်မဲတဲ့အရာပဲ။ “ဘုရားသခင်က ပညာရှိသူကို သူ့ပရိယာယ်နဲ့ပဲ ပြန်ကျော့မိစေတယ်” လို့ ကျမ်းစာမှာ ရေးထားတယ်။+ ၂၀ အဲဒီအပြင် “ပညာရှိတွေရဲ့ အကြံအစည်တွေဟာ အချည်းနှီးပဲဆိုတာ ယေဟောဝါ* ဘုရားသိတယ်”+ လို့လည်း ရေးထားတယ်။ ၂၁ ဒါကြောင့် လူ့အစွမ်းအစနဲ့ပတ်သက်ပြီး မဝါကြွားကြပါနဲ့။ အရာခပ်သိမ်းကို ခင်ဗျားတို့ ပိုင်တယ်။ ၂၂ ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖ*+ ဖြစ်စေ၊ လောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ အနာဂတ်အရာဖြစ်စေ အရာခပ်သိမ်းကို ခင်ဗျားတို့ ပိုင်တယ်။ ၂၃ ခင်ဗျားတို့ကို ခရစ်တော် ပိုင်တယ်။+ ခရစ်တော်ကို ဘုရားသခင် ပိုင်တယ်။
၄ ကျွန်တော်တို့ကို ခရစ်တော်ရဲ့ အစေအပါးတွေ၊ ဘုရားသခင်ရဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်တွေကို+ စောင့်ရှောက်ရတဲ့ ဘဏ္ဍာစိုးတွေအဖြစ် ယူမှတ်ကြပါ။ ၂ ဘဏ္ဍာစိုးတာဝန် ရထားပြီဆိုရင် သစ္စာရှိရမယ်။ ၃ ခင်ဗျားတို့ စစ်ဆေးတာဖြစ်စေ၊ ရုံးတော်က စစ်ဆေးတာဖြစ်စေ ကျွန်တော့်အတွက်တော့ သိပ်အရေးမကြီးဘူး။ တကယ်တော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်တောင် စစ်ဆေးတာ မဟုတ်ဘူး။ ၄ ကျွန်တော် မကောင်းတာတစ်ခုမှ မလုပ်ခဲ့ဘူးဆိုတဲ့အတွေးနဲ့ စိတ်ကြည်ပါတယ်။ အဲဒီလိုဖြစ်လို့ ကျွန်တော် ဖြောင့်မတ်သွားတာ မဟုတ်ဘူး။ ကျွန်တော့်ကို စစ်ဆေးတဲ့သူဟာ ယေဟောဝါပဲ။*+ ၅ ဒါကြောင့် သခင်ရောက်လာချိန်မတိုင်ခင် ဘယ်သူ့ကိုမှ ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့။+ သခင် ရောက်လာတဲ့အခါ မှောင်မိုက်ထဲမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို အလင်းထဲ ယူဆောင်လာပြီး လူတွေရဲ့ စိတ်ထဲက အကြံအစည်တွေကို ဖော်ထုတ်လိမ့်မယ်။ အဲဒီအချိန်မှာ လူတိုင်းဟာ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို ထိုက်တန်သလို ခံရလိမ့်မယ်။+
၆ ညီအစ်ကိုတို့၊ ကိုယ်တိုင်နဲ့ အာပေါလုကို+ နမူနာပြပြီး ဒီအကြောင်းတွေကို ကျွန်တော် ပြောနေတာဟာ ခင်ဗျားတို့အကျိုးအတွက်ပါ။ “ကျမ်းစာမှာ ရေးထားတာထက် မလွန်ရ” ဆိုတဲ့မူကို ခင်ဗျားတို့ သင်ယူနိုင်ဖို့ပဲ။ ဒါဆိုရင် မာနထောင်လွှားတာ၊+ တစ်ယောက်ယောက်ကို မျက်နှာသာပိုပေးတာတွေ ရှိမှာမဟုတ်ဘူး။ ၇ သူတစ်ပါးထက် သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ယူဆတာလဲ။ ခင်ဗျားတို့ ရထားသမျှဟာ ဘုရားသခင်ဆီကပဲ။+ ဘုရားသခင်ဆီက ရထားတာဆိုရင် မရထားသလိုမျိုး ဘာလို့ ဝါကြွားနေတာလဲ။
၈ ခင်ဗျားတို့ အခုကတည်းက လိုလေသေးမရှိ ပြည့်စုံနေကြပြီလား။ အခုကတည်းက ကြွယ်ဝနေကြပြီလား။ ကျွန်တော်တို့မပါဘဲ ဘုရင်အဖြစ် စိုးစံနေကြပြီလား။+ ကျွန်တော်တို့လည်း ခင်ဗျားတို့နဲ့အတူ စိုးစံရမှာဆိုတော့ ခင်ဗျားတို့ကို ဘုရင်အဖြစ် စိုးစံနေစေချင်တာပေါ့။+ ၉ ကျွန်တော်တို့ဟာ လောကရှေ့မှာ၊ ကောင်းကင်တမန်တွေ၊ လူတွေရှေ့မှာ ပွဲဝင်နေရသူတွေပါ။+ ဒါကြောင့် ဘုရားသခင်က ကျွန်တော်တို့ တမန်တော်တွေကို သေဒဏ်စီရင်ခံရသူတွေအဖြစ်+ နောက်ဆုံးမှ ပွဲထုတ်တယ်လို့ ကျွန်တော်ထင်တယ်။ ၁၀ ကျွန်တော်တို့ဟာ ခရစ်တော်ကြောင့် မိုက်မဲသူတွေလို့ သတ်မှတ်ခံရတယ်။+ ခင်ဗျားတို့ကတော့ ခရစ်တော်ကြောင့် သတိပညာရှိသူတွေလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ကြတယ်။ ကျွန်တော်တို့ဟာ အားနည်းသူတွေ၊ ခင်ဗျားတို့ကတော့ သန်စွမ်းသူတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ဟာ ရှုတ်ချခံရသူတွေ၊ ခင်ဗျားတို့ကတော့ အသရေရှိသူတွေ ဖြစ်နေတယ်။ ၁၁ အစာရေစာ ငတ်မွတ်တာ၊+ အဝတ်အစားမဲ့တာ၊ ရိုက်နှက်ခံရတာ၊+ အိုးမဲ့အိမ်မဲ့ဖြစ်တာတွေကို အခုချိန်အထိ ကျွန်တော်တို့ ခံနေရတုန်းပဲ။ ၁၂ ကိုယ်တိုင် ပင်ပန်းကြီးစွာလုပ်ကိုင်ရတယ်။+ စော်ကားခံရတဲ့အခါ ဆုမွန်ကောင်း တောင်းပေးလိုက်တယ်။+ ညှဉ်းဆဲခံရတဲ့အခါ စိတ်ရှည်ရှည်ထားပြီး သည်းခံလိုက်တယ်။+ ၁၃ ကုန်းချောခံရတဲ့အခါ ညင်ညင်သာသာပဲ ပြန်ပြောလိုက်တယ်။+ ကျွန်တော်တို့ဟာ အခုချိန်အထိ ဒီလောကရဲ့ အမှိုက်သရိုက်လို၊ လူတကာစွန့်တဲ့ အညစ်အကြေးလို ဖြစ်နေတယ်။
၁၄ အခုလိုရေးလိုက်တာက ခင်ဗျားတို့ကို အရှက်ခွဲဖို့ မဟုတ်ပါဘူး။ ချစ်ရတဲ့သားသမီးတွေလို သဘောထားပြီး ဆုံးမချင်လို့ပါ။ ၁၅ ခင်ဗျားတို့ကို ခရစ်တော်နောက်လိုက်ဖို့ သင်ပေးတဲ့ အုပ်ထိန်းသူ အယောက် ၁၀,၀၀၀ ရှိကောင်းရှိမယ်။ ဒါပေမဲ့ ဖခင်အများကြီး မရှိပါဘူး။ ကျွန်တော်ကတော့ ခင်ဗျားတို့ကို သတင်းကောင်းဟောပြောပြီး ခရစ်တော်ယေရှုနောက်လိုက်ဖို့ သင်ပေးတဲ့ ဖခင်တစ်ယောက်လိုပါပဲ။+ ၁၆ ဒါကြောင့် ကျွန်တော့်ကို အတုယူကြဖို့ အားပေးချင်တယ်။+ ၁၇ ဒါကြောင့် တိမောသေကို ခင်ဗျားတို့ဆီ လွှတ်လိုက်တာပါ။ သူဟာ ကျွန်တော်ချစ်ရတဲ့ သားဖြစ်သလို သခင့်အတွက် သစ္စာရှိရှိ အမှုဆောင်နေသူလည်း ဖြစ်တယ်။ ခရစ်တော်ယေရှုအတွက် အမှုဆောင်တဲ့အခါ ကျွန်တော်ကျင့်သုံးတဲ့ နည်းလမ်းတွေကို သူပြောပြလိမ့်မယ်။+ အရပ်ရပ်က အသင်းတော်တိုင်းမှာ အဲဒီနည်းလမ်းတွေကိုပဲ ကျွန်တော် သွန်သင်ပေးခဲ့တယ်။
၁၈ တချို့က ခင်ဗျားတို့ဆီ ကျွန်တော်မလာလောက်ဘူးအထင်နဲ့ မာနထောင်လွှားနေတယ်။ ၁၉ ဒါပေမဲ့ ယေဟောဝါ* အလိုတော်ရှိရင် မကြာခင် ကျွန်တော်အရောက်လာမှာပါ။ မာနထောင်လွှားသူတွေရဲ့ စကားကို ကျွန်တော် စိတ်မဝင်စားပါဘူး။ သူတို့နဲ့အတူ ဘုရားတန်ခိုးတော် ရှိနေမနေ အဲဒီအခါကျရင် ကျွန်တော် သိအောင်လုပ်မယ်။ ၂၀ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ အပြောနဲ့ မဆိုင်ဘူး။ တန်ခိုးတော်ရှိကြောင်းပြတဲ့ လုပ်ရပ်တွေနဲ့ပဲ ဆိုင်တာ။ ၂၁ ခင်ဗျားတို့ ဘာကို အလိုရှိသလဲ။ ခင်ဗျားတို့ဆီ ကြိမ်လုံးနဲ့ လာရမလား။+ ဒါမှမဟုတ် မေတ္တာနဲ့၊ နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ လာရမလား။
၅ ခင်ဗျားတို့ဆီမှာ လိင်အကျင့်ယိုယွင်းမှု*+ ဖြစ်နေတယ်လို့ ကျွန်တော် ကြားတယ်။ ဖခင်ရဲ့ဇနီးနဲ့ ပေါင်းသင်းနေထိုင်တဲ့+ အဲဒီလုပ်ရပ်မျိုးဟာ လူမျိုးခြားတွေ ထဲမှာတောင် မရှိဘူး။ ၂ ဒါကို ဂုဏ်ယူနေကြတာလား။ တကယ်ဆို ဝမ်းနည်းရမှာ မဟုတ်လား။+ အဲဒီလုပ်ရပ် ကျူးလွန်တဲ့သူကို ခင်ဗျားတို့ထဲကနေ ဖယ်ရှားရမှာ မဟုတ်လား။+ ၃ ကျွန်တော်က လူကိုယ်တိုင် ခင်ဗျားတို့ဆီ မရောက်နိုင်ပေမဲ့ စိတ်ကတော့ ရောက်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့နဲ့အတူ ကိုယ်တိုင်ရှိနေတဲ့အလား အဲဒီလူကို ကျွန်တော် စီရင်ဆုံးဖြတ်လိုက်ပြီ။ ၄ သခင်ယေရှုရဲ့နာမည်နဲ့ ခင်ဗျားတို့ စုဝေးကြတဲ့အခါ ကျွန်တော့်စိတ်ကလည်း သခင်ယေရှုရဲ့ တန်ခိုးတော်နဲ့အတူ ခင်ဗျားတို့ဆီမှာ ရှိနေပါတယ်။ ၅ သူ့ကို စာတန့်လက်ထဲ အပ်လိုက်ပါ။+ ဒါမှ အပြစ်လုပ်ချင်တဲ့ သဘောထား ပျက်စီးသွားပြီး သခင်ရဲ့နေ့အတွင်းမှာ အသင်းတော်ရဲ့ စိတ်ဓာတ်ကို ထိန်းထားနိုင်မယ်။+
၆ အခုလိုဂုဏ်ယူနေတာ လုံးဝ မဖြစ်သင့်ဘူး။ တဆေးအနည်းငယ်ဟာ မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေတတ်မှန်း မသိကြဘူးလား။+ ၇ တဆေးအဟောင်းကို ဖယ်ရှားလိုက်ပါ။ ဒါမှ ခင်ဗျားတို့ဟာ တဆေးမပါတဲ့ မုန့်ညက်အသစ်လို ဖြစ်ကြလိမ့်မယ်။ ပသခါသိုးသငယ်ဖြစ်တဲ့+ ခရစ်တော်ဟာ ပူဇော်သက္ကာအဖြစ် အသေခံပြီးပြီ။+ ၈ ဒါကြောင့် ဆိုးညစ်မိုက်မဲမှုတဆေး၊ ဟောင်းတဲ့တဆေးကို မသုံးဘဲ ဖြူစင်ခြင်းနဲ့ အမှန်တရားဆိုတဲ့ တဆေးမဲ့မုန့်ကိုသုံးပြီး ပွဲတော် ကျင်းပကြစို့။+
၉ လိင်အကျင့်ယိုယွင်းသူတွေနဲ့* ဆက်မပေါင်းဖော်ဖို့ ခင်ဗျားတို့ကို ကျွန်တော် စာရေးခဲ့တယ်။ ၁၀ ဒီလောကမှာရှိတဲ့+ လိင်အကျင့်ယိုယွင်းသူတွေ၊* လောဘကြီးသူတွေ၊ လုယက်သူတွေ၊ ရုပ်တုကိုးကွယ်သူတွေနဲ့ လုံးဝ မပေါင်းဖော်ရဘူးလို့ ပြောနေတာ မဟုတ်ဘူး။ အဲဒီလိုသာဆိုရင် ဒီလောကထဲကနေ ခင်ဗျားတို့ တကယ်ပဲ ထွက်သွားကြရလိမ့်မယ်။+ ၁၁ ဒါပေမဲ့ ညီအစ်ကိုလို့ပြောပြီး လိင်အကျင့်ယိုယွင်းသူ၊* လောဘကြီးသူ၊+ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်ကြူးသူ၊+ လုယက်သူ+ ဖြစ်နေရင်တော့ သူနဲ့ ပေါင်းဖော်ဖို့ မပြောနဲ့+ အတူစားသောက်တာတောင် မလုပ်ကြဖို့ ကျွန်တော် ရေးလိုက်တယ်။ ၁၂ အသင်းတော်ပြင်ပက လူတွေကို စီရင်ဆုံးဖြတ်တာ ကျွန်တော်နဲ့ မဆိုင်ဘူး။ အသင်းတော်ထဲက လူတွေကိုတော့ ခင်ဗျားတို့ စီရင်ဆုံးဖြတ်ရမှာပဲ။ ၁၃ အသင်းတော်ပြင်ပက လူတွေကို ဘုရားသခင် စီရင်လိမ့်မယ်။+ “ဆိုးညစ်တဲ့ အဲဒီလူကို အသင်းတော်ထဲကနေ ဖယ်ရှားလိုက်ပါ။”+
၆ ခင်ဗျားတို့အချင်းချင်း အငြင်းပွားစရာ ပေါ်လာတဲ့အခါ+ သန့်ရှင်းသူတွေဆီ မသွားဘဲ တရားရုံးမှာရှိတဲ့ မဖြောင့်မတ်သူတွေဆီ သွားဝံ့သလား။ ၂ သန့်ရှင်းသူတွေက ဒီလောကကို တရားစီရင်မယ်ဆိုတာ ခင်ဗျားတို့ မသိဘူးလား။+ ဒီလောကကို တရားစီရင်ရမယ့် ခင်ဗျားတို့က အမှုကိစ္စအသေးအဖွဲလေးတွေကို မစီရင်မဆုံးဖြတ်နိုင်ဘူးလား။ ၃ ကောင်းကင်တမန်တွေကို ကျွန်တော်တို့ တရားစီရင်ရမယ်ဆိုတာ မသိကြဘူးလား။+ ဒါဆိုရင် ဒီဘဝမှာကြုံရတဲ့ အမှုကိစ္စတွေကို ဘာလို့ မစီရင်နိုင်ရမှာလဲ။ ၄ စီရင်ဆုံးဖြတ်ရမယ့် အမှုကိစ္စပေါ်လာရင်+ အသရေမရှိသူတွေလို့ အသင်းတော်က ယူမှတ်တဲ့သူတွေကို တရားသူကြီး လုပ်ခိုင်းရသလား။ ၅ ခင်ဗျားတို့ ရှက်တတ်အောင် ကျွန်တော်ပြောနေတာ။ ခင်ဗျားတို့ဆီမှာ ညီအစ်ကိုအချင်းချင်းဖြစ်တဲ့အမှုကို တရားစီရင်နိုင်လောက်တဲ့ ဉာဏ်ပညာရှိသူ တစ်ယောက်မှ မရှိဘူးလား။ ၆ တရားရုံးကိုသွားပြီး မယုံကြည်သူတွေရှေ့မှာ ညီအစ်ကိုအချင်းချင်း တရားရင်ဆိုင်ရသလား။
၇ အချင်းချင်း တရားစွဲဆိုတာဟာ ခင်ဗျားတို့အတွက် ရှုံးနိမ့်ခြင်းပဲ။ အဲဒီအစား မတရားမှုကို ကိုယ်တိုင်ပဲခံလိုက်ပါလား။+ လိမ်လည်မှုကို ကိုယ်တိုင်ပဲ ခံလိုက်ပါလား။ ၈ အခုတော့၊ ခင်ဗျားတို့က အဲဒီလိုမခံဘဲ ညီအစ်ကိုတွေအပေါ် မတရားလုပ်ပြီး လိမ်လည်ကြတယ်။
၉ မဖြောင့်မတ်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရမှန်း မသိကြဘူးလား။+ လှည့်ဖြားမခံကြပါနဲ့။ လိင်အကျင့်ယိုယွင်းသူ၊*+ ရုပ်တုကိုးကွယ်သူ၊+ အိမ်ထောင်ရေးဖောက်ပြန်သူ၊+ မိန်းမလျှာ၊+ ယောက်ျားချင်း လိင်ဆက်ဆံသူ၊+ ၁၀ သူခိုး၊ လောဘကြီးသူ၊+ သောက်ကြူးသူ၊+ ဆဲဆိုသူ၊ လုယက်သူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး။+ ၁၁ ခင်ဗျားတို့ထဲက တချို့ဟာ အရင်က အဲဒီလိုလုပ်ခဲ့ကြတယ်။ အခုတော့ ဘုရားသခင်က ခင်ဗျားတို့ကို ဆေးကြော+ သန့်စင်ပေးလိုက်ပြီ။+ သခင်ယေရှုခရစ်ရဲ့ နာမည်နဲ့ စွမ်းအားတော်အားဖြင့် ခင်ဗျားတို့ကို ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်လိုက်ပြီ။+
၁၂ ကျွန်တော့်အတွက် အရာအားလုံး လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံးဟာ အကျိုးရှိတာ မဟုတ်ဘူး။+ အရာအားလုံး လုပ်လို့ရတာ မှန်ပေမဲ့ တစ်ခုခုရဲ့ ထိန်းချုပ်မှုကို ကျွန်တော် မခံဘူး။ ၁၃ အစားအစာဟာ ဝမ်းဗိုက်အတွက်၊ ဝမ်းဗိုက်ကလည်း အစားအစာအတွက်ပဲ။ ဒါပေမဲ့ ဘုရားသခင်က အဲဒီနှစ်မျိုးစလုံးကို ပပျောက်စေလိမ့်မယ်။+ ကိုယ်ခန္ဓာက လိင်အကျင့်ယိုယွင်းဖို့* မဟုတ်ဘဲ သခင့်အလုပ်အတွက် ဖြစ်တယ်။+ သခင်ကလည်း ကိုယ်ခန္ဓာအတွက် လိုအပ်တာတွေကို ပေးတယ်။ ၁၄ ဘုရားသခင်က သခင့်ကို တန်ခိုးတော်နဲ့ အသက်ပြန်ရှင်စေခဲ့သလို+ ကျွန်တော်တို့ကိုလည်း သေရာကနေ အသက်ပြန်ရှင်စေလိမ့်မယ်။+
၁၅ ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာဟာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဖြစ်မှန်း မသိကြဘူးလား။+ ဒီတော့ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ယူပြီး ပြည့်တန်ဆာရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ ပေါင်းစပ်သင့်သလား။ လုံးဝမဖြစ်သင့်ဘူး။ ၁၆ ပြည့်တန်ဆာနဲ့ ပေါင်းဖော်သူဟာ ပြည့်တန်ဆာနဲ့ တစ်သားတစ်ကိုယ်တည်းဖြစ်မှန်း မသိကြဘူးလား။ “သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်”+ လို့ ဘုရားပြောခဲ့တာပဲ။ ၁၇ သခင်နဲ့ ပေါင်းစပ်ထားသူတွေကတော့ အဲဒီသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ။+ ၁၈ လိင်အကျင့်ယိုယွင်းမှုကို* ဝေးဝေးရှောင်ကြပါ။+ တခြားအပြစ်တွေဟာ လူ့ကိုယ်ခန္ဓာကို ပြစ်မှားရာ မရောက်ဘူး။ လိင်အကျင့်ယိုယွင်းသူကတော့ မိမိရဲ့ကိုယ်ခန္ဓာကို ပြစ်မှားတာပဲ။+ ၁၉ သန့်ရှင်းသောစွမ်းအားတော် ကိန်းအောင်းနေတဲ့+ ခင်ဗျားတို့ရဲ့ကိုယ်ခန္ဓာဟာ ဗိမာန်တော်ဖြစ်မှန်း+ မသိကြဘူးလား။ အဲဒီစွမ်းအားတော်ကို ဘုရားသခင်ဆီက ရထားကြတယ်။ ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး။+ ၂၀ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ကို တန်ဖိုးကြီးကြီးပေးပြီး ဝယ်ထားလို့ပဲ။+ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာကို+ ဘုရားသခင်ရဲ့ ဂုဏ်တော်ချီးမွမ်းဖို့ အသုံးပြုကြပါ။+
၇ ခင်ဗျားတို့ ရေးလိုက်တဲ့စာနဲ့ပတ်သက်ပြီး ပြောရရင် အမျိုးသားက အမျိုးသမီးကို မထိတွေ့ဘဲနေရင်* ပိုကောင်းပါတယ်။ ၂ ဒါပေမဲ့ လိင်အကျင့်ယိုယွင်းမှု* ပျံ့နှံ့နေတဲ့အတွက် အမျိုးသားတိုင်း ဇနီးရှိသင့်တယ်။+ အမျိုးသမီးတိုင်းလည်း ခင်ပွန်းရှိသင့်တယ်။+ ၃ ခင်ပွန်းသည်က ဇနီးကို ဆက်ဆံခြင်းဝတ် ဖြည့်ဆည်းပေးရမယ်။ ဇနီးကလည်း ခင်ပွန်းကို ဆက်ဆံခြင်းဝတ် ဖြည့်ဆည်းပေးရမယ်။+ ၄ ဇနီးက မိမိရဲ့ကိုယ်ခန္ဓာကို မပိုင်ဘူး၊ ခင်ပွန်းက ပိုင်တယ်။ အလားတူ၊ ခင်ပွန်းကလည်း မိမိရဲ့ကိုယ်ခန္ဓာကိုမပိုင်ဘူး၊ ဇနီးကပိုင်တယ်။ ၅ လင်မယားအချင်းချင်း ဆက်ဆံခြင်းဝတ်ကို ဖြည့်ဆည်းပေးကြပါ။ နှစ်ဦးသဘောတူပြီး သတ်မှတ်ထားတဲ့ ဆုတောင်းချိန် အတောအတွင်းမှာတော့ ဆက်ဆံခြင်းဝတ်ကို ရှောင်ကြပေါ့။ ပြီးတဲ့နောက် အတူပြန်နေနိုင်တယ်။ အဲဒီလိုမဟုတ်ဘဲ ခင်ဗျားတို့ ချုပ်တည်းခြင်းမရှိရင် စာတန် သွေးဆောင်လိမ့်မယ်။ ၆ ခင်ဗျားတို့ လုပ်နိုင်တဲ့အရာကို ကျွန်တော်ပြောတာပါ။ လုပ်ကိုလုပ်ရမယ်တော့ မဟုတ်ပါဘူး။ ၇ တကယ်တော့ လူတိုင်းကို ကျွန်တော့်လိုပဲ နေစေချင်တာ။ ဒါပေမဲ့ လူတိုင်းဟာ ဘုရားသခင်ဆီကနေ ဆုကျေးဇူး တစ်ယောက်တစ်မျိုးစီ+ ရရှိထားပါတယ်။
၈ အိမ်ထောင်မပြုတဲ့သူတွေနဲ့ မုဆိုးမတွေကို ပြောချင်တာက ကျွန်တော့်လို တစ်ကိုယ်တည်းဆက်နေသွားရင် ပိုကောင်းမယ်။+ ၉ ဒါပေမဲ့ မချုပ်တည်းနိုင်ရင်တော့ အိမ်ထောင်ပြုပါ။ ရမ္မက်မီး တောက်လောင်နေတာထက် အိမ်ထောင်ပြုလိုက်တာ ပိုကောင်းပါတယ်။+
၁၀ အိမ်ထောင်သည်တွေကို ကျွန်တော် မဟုတ်ဘဲ သခင်ညွှန်ကြားတာက ဇနီးဟာ ခင်ပွန်းနဲ့ ခွဲမနေရဘူး။+ ၁၁ ခွဲနေတယ်ဆိုရင် နောက်အိမ်ထောင်မပြုဘဲ နေရမယ်။ ဒါမှမဟုတ် ကိုယ့်ခင်ပွန်းနဲ့ ပြန်ပေါင်းရမယ်။ ခင်ပွန်းကလည်း ဇနီးနဲ့ ခွဲမနေရဘူး။+
၁၂ ကျန်တဲ့သူတွေကိုတော့ သခင် မဟုတ်ဘဲ+ ကျွန်တော်ညွှန်ကြားတာက ညီအစ်ကိုတစ်ယောက်မှာ မယုံကြည်သူဇနီးရှိတယ် ဆိုပါစို့။ သူ့ဇနီးက အတူပေါင်းသင်း နေထိုင်ချင်တယ်ဆိုရင် ဇနီးနဲ့ ခွဲမနေရဘူး။ ၁၃ ညီအစ်မတစ်ယောက်မှာလည်း မယုံကြည်သူ ခင်ပွန်းရှိတယ် ဆိုပါစို့။ သူ့ခင်ပွန်းက အတူပေါင်းသင်း နေထိုင်ချင်တယ်ဆိုရင် ခင်ပွန်းနဲ့ ခွဲမနေရဘူး။ ၁၄ ဘာလို့လဲဆိုတော့ ခင်ပွန်းဟာ မယုံကြည်သူဖြစ်ပေမဲ့ ညီအစ်မနဲ့ စုံဖက်ထားတဲ့အတွက် သန့်စင်တယ်။ ဇနီးကလည်း မယုံကြည်သူဖြစ်ပေမဲ့ ညီအစ်ကိုနဲ့ စုံဖက်ထားတဲ့အတွက် သန့်စင်တယ်။ ဒီလိုမှမဟုတ်ရင် သားသမီးတွေဟာ ဘုရားရဲ့အမြင်မှာ စင်ကြယ်နေမှာ မဟုတ်ဘူး။ အခုတော့ သူတို့ သန့်ရှင်းနေတယ်။ ၁၅ ဒါပေမဲ့ မယုံကြည်သူက ခွဲနေချင်တယ်ဆိုရင်* ခွဲနေပါစေ။ အဲဒီလိုအခြေအနေမျိုးမှာ ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ အိမ်ထောင်ဖက်နဲ့အတူနေရမယ်လို့ မဆိုလိုဘူး။ ဘုရားသခင်က ခင်ဗျားတို့ ငြိမ်သက်အေးချမ်းစွာ နေထိုင်ဖို့ ရွေးချယ်ခေါ်ယူထားတာ။+ ၁၆ ဇနီးတို့၊ ခင်ပွန်းနဲ့အတူနေမယ်ဆိုရင် ခင်ပွန်းကို ကယ်တင်ကောင်း ကယ်တင်နိုင်လိမ့်မယ်။+ ခင်ပွန်းတို့၊ ဇနီးနဲ့အတူနေမယ်ဆိုရင် ဇနီးကို ကယ်တင်ကောင်း ကယ်တင်နိုင်လိမ့်မယ်။
၁၇ ခင်ဗျားတို့အားလုံး ယေဟောဝါ* ပေးသနားထားတဲ့ ဝေစုနဲ့အညီ ဘုရားသခင် ရွေးချယ်ခေါ်ယူတုန်းက အခြေအနေအတိုင်း ဆက်ပြီး ကျင့်ကြံနေထိုင်သွားကြပါ။+ အသင်းတော်အားလုံးကိုလည်း ဒီအတိုင်းပဲ ကျွန်တော် ညွှန်ကြားပါတယ်။ ၁၈ ခင်ဗျားတို့ထဲမှာ အရေဖျားဖြတ်ပြီးမှ ရွေးချယ်ခံရသူ ရှိသလား။+ ရှိရင် အဲဒီအတိုင်းပဲ ဆက်နေသွားပါစေ။ အရေဖျားမဖြတ်ခင် ရွေးချယ်ခံရသူရှိသလား။ ရှိရင် သူ အရေဖျားဖြတ်စရာ မလိုဘူး။+ ၁၉ အရေဖျားဖြတ်တာ၊ မဖြတ်တာ အဓိကမဟုတ်ပါဘူး။+ ဘုရားသခင့်ပညတ်တွေကို လိုက်နာဖို့သာ အဓိကပါ။+ ၂၀ ဘုရားသခင် ရွေးချယ်တုန်းက ဘယ်လိုအခြေအနေပဲ ရှိနေပါစေ အဲဒီအတိုင်းပဲ ဆက်နေသွားကြပါ။+ ၂၁ ကျွန်ဖြစ်နေတုန်းမှာ ရွေးချယ်ခံရတာလား။ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။+ ကျွန်အဖြစ်ကနေ လွတ်မြောက်ခွင့် ရရင်တော့ အမိအရ ယူလိုက်ပေါ့။ ၂၂ ကျွန်ဖြစ်နေတုန်းမှာ သခင့်နောက်လိုက်ဖြစ်လာဖို့ ရွေးချယ်ခံရတယ်ဆိုရင် သူဟာ သခင်ပိုင်ဆိုင်တဲ့ လွတ်မြောက်သူပဲ။+ အလားတူ၊ လွတ်လပ်သူဖြစ်တုန်းက ရွေးချယ်ခံရတယ်ဆိုရင် သူဟာ ခရစ်တော်ပိုင်ဆိုင်တဲ့ ကျွန်ပဲ။ ၂၃ ခင်ဗျားတို့ကို တန်ဖိုးကြီးကြီးပေးပြီး ဝယ်ထားတာဖြစ်လို့+ လူတွေဆီမှာ ကျွန်မခံကြနဲ့တော့။ ၂၄ ညီအစ်ကိုတို့၊ ခင်ဗျားတို့ကို ရွေးချယ်တုန်းက ဘယ်လိုအခြေအနေပဲ ရှိနေပါစေ ဘုရားသခင်ရှေ့မှာ အဲဒီအတိုင်းပဲ ဆက်နေသွားကြပါ။
၂၅ အပျိုလူပျိုတွေနဲ့ ပတ်သက်ပြီး သခင် ဘာမှ မမိန့်မှာပေမဲ့ သခင်ရဲ့ကရုဏာကို ခံစားရတဲ့ သစ္စာရှိသူတစ်ယောက်အနေနဲ့ ကျွန်တော့်သဘောထားကိုပြောပြချင်ပါတယ်။+ ၂၆ ခက်ခဲတဲ့အချိန်မှာ အသက်ရှင်နေရတဲ့အတွက် လူတစ်ယောက်ဟာ လက်ရှိအခြေအနေအတိုင်း နေသွားတာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်။ ၂၇ ခင်ဗျားမှာ ဇနီးရှိသလား။ ရှိရင် ခွဲနေဖို့ မကြိုးစားပါနဲ့။+ ခင်ဗျားမှာ ဇနီး မရှိဘူးလား။ မရှိရင် မရှာပါနဲ့တော့။ ၂၈ အိမ်ထောင်ပြုတယ်ဆိုရင်လည်း အပြစ်မဟုတ်ပါဘူး။ အပျိုလူပျိုတွေ အိမ်ထောင်ပြုတာ အပြစ်မဟုတ်ဘူး။ အိမ်ထောင်ပြုရင်တော့ ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ။ ဒါပေမဲ့ ခင်ဗျားတို့ကို အဲဒီဒုက္ခနဲ့ ကင်းဝေးစေချင်တယ်။
၂၉ ညီအစ်ကိုတို့၊ ကျွန်တော်ပြောချင်တာက အချိန်နည်းနည်းပဲ ကျန်တော့တယ်။+ ဒါကြောင့် အခုချိန်ကစပြီး ဇနီးရှိတဲ့သူဟာ ဇနီးမရှိတဲ့သူလို နေကြပါ။ ၃၀ ငိုကြွေးတဲ့သူဟာ မငိုကြွေးတဲ့သူလို၊ ပျော်ရွှင်တဲ့သူဟာ မပျော်ရွှင်တဲ့သူလို၊ ပစ္စည်းဥစ္စာဝယ်တဲ့သူဟာ အဲဒီဥစ္စာကို မပိုင်တဲ့သူလို နေကြပါ။ ၃၁ ဒီလောကကို သုံးတဲ့သူဟာ အပြည့်အဝ မသုံးတဲ့သူလို နေကြပါ။ ဘာလို့လဲဆိုတော့ ဒီလောကရဲ့ ဇာတ်ကွက် ပြောင်းလဲနေလို့ပဲ။ ၃၂ ခင်ဗျားတို့ကို စိုးရိမ်ပူပန်စရာတွေနဲ့ ကင်းဝေးစေချင်တယ်။ အိမ်ထောင်မရှိတဲ့ အမျိုးသားဟာ သခင့်မျက်နှာသာရဖို့ သခင့်အမှုတော်ကိုပဲ အာရုံစိုက်တတ်တယ်။ ၃၃ အိမ်ထောင်သည် အမျိုးသားကတော့ ဇနီးဖြစ်သူ စိတ်ချမ်းသာစေဖို့ လောကီကိစ္စတွေကို အာရုံစိုက်နေရတဲ့အတွက်၊+ ၃၄ အာရုံနှစ်ခု ဖြစ်နေတယ်။ အိမ်ထောင်မရှိတဲ့ အမျိုးသမီးနဲ့ အပျိုတွေက သခင့်အမှုတော်ကိုပဲ အာရုံစိုက်နေတဲ့အတွက်+ ကိုယ်စိတ်နှစ်ဖြာ သန့်ရှင်းနေတယ်။ အိမ်ထောင်သည် အမျိုးသမီးကတော့ ခင်ပွန်း စိတ်ချမ်းသာစေဖို့ လောကီကိစ္စတွေကို အာရုံစိုက်နေရတယ်။ ၃၅ ခင်ဗျားတို့အကျိုးအတွက် ကျွန်တော် ပြောတာပါ။ ချုပ်ချယ်ချင်လို့ မဟုတ်ပါဘူး။ ခင်ဗျားတို့ သင့်တော်တဲ့အရာ လုပ်နိုင်အောင်၊ အာရုံမပျံ့လွင့်ဘဲ သခင့်အမှုတော်ကို အမြဲထမ်းဆောင်နိုင်အောင် တိုက်တွန်းနေတာပါ။
၃၆ ဒါပေမဲ့ အိမ်ထောင်မပြုဘဲနေတဲ့အခါ သွေးသားဆန္ဒတွေ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယူဆရင်၊ ပျိုမျစ်ချိန်လည်း* လွန်သွားပြီဆိုရင် ဆန္ဒရှိတဲ့အတိုင်း အိမ်ထောင်ပြုပါစေ။ ဒါဟာ အပြစ်မဟုတ်ဘူး။ လက်ထပ်ကြပါစေ။+ ၃၇ ဒါမှမဟုတ် အိမ်ထောင်ပြုစရာ မလိုဘူး၊ စိတ်ထိန်းချုပ်နိုင်တယ်လို့ ယူဆတဲ့အတွက် အိမ်ထောင်မပြုဘဲနေဖို့ ဆုံးဖြတ်ပြီး အဲဒီအတိုင်း နေသွားတယ်ဆိုရင်လည်း ကောင်းပါတယ်။+ ၃၈ အိမ်ထောင်ပြုတာ ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ထောင်မပြုတာ ပိုကောင်းတယ်။+
၃၉ ဇနီးဟာ ခင်ပွန်း အသက်ရှင်နေသရွေ့ ခင်ပွန်းနဲ့ ပေါင်းဖက်ရမယ်။+ ခင်ပွန်းသေဆုံးသွားရင်တော့ မိမိအလိုရှိတဲ့သူနဲ့ လက်ထပ်နိုင်တယ်။ ဒါပေမဲ့ သခင့် နောက်လိုက်ဖြစ်သူနဲ့ပဲ လက်ထပ်ရမယ်။+ ၄၀ ကျွန်တော့်အမြင်အရတော့ အဲဒီအမျိုးသမီးဟာ နောက်အိမ်ထောင်မပြုဘဲ နေသွားရင် ပိုပျော်ရွှင်ရလိမ့်မယ်။ ကျွန်တော့်မှာ ဘုရားသခင့် စွမ်းအားတော်ရှိမှန်း ကျွန်တော်စိတ်ချတယ်။
၈ ရုပ်တုရှေ့ ပူဇော်ထားတဲ့ အစားအစာနဲ့ပတ်သက်ပြီး+ ကျွန်တော် စာရေးလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့အားလုံး သိပါတယ်။+ အသိပညာဟာ ထောင်လွှားစေတယ်။ မေတ္တာကတော့ အားပေးမှု ဖြစ်စေတယ်။+ ၂ တစ်ခုခုကို တော်တော်သိနေပြီလို့ ထင်နေတဲ့သူဟာ သိသင့်သလောက် မသိသေးပါဘူး။ ၃ ဒါပေမဲ့ ဘုရားသခင်ကို ချစ်တဲ့သူဖြစ်ရင်တော့ အဲဒီလူကို ဘုရားသခင် သိတယ်။
၄ ရုပ်တုရှေ့ ပူဇော်ထားတဲ့အစာကို စားတာနဲ့ပတ်သက်ပြီး ပြောရအောင်။ ရုပ်တုဟာ အချည်းနှီးဖြစ်မှန်း၊+ စစ်မှန်တဲ့ဘုရားသခင်ကလွဲလို့ တခြားဘုရား မရှိမှန်း+ ကျွန်တော်တို့ သိတယ်။ ၅ “ဘုရားတွေ၊” “သခင်တွေ” အများကြီးရှိတယ်လို့ လူတွေပြောတဲ့အတိုင်းပဲ ကောင်းကင်မှာရော ကမ္ဘာမြေပေါ်မှာပါ ဘုရားလို့ အခေါ်ခံရသူတွေ အများကြီးရှိတယ်။+ ၆ ကျွန်တော်တို့အတွက်ကတော့ အဖ+ ဘုရားသခင် တစ်ဆူတည်းပဲ ရှိတယ်။+ အရာခပ်သိမ်းဟာ ဘုရားသခင်ကြောင့် ဖြစ်တည်လာတယ်။ ကျွန်တော်တို့လည်း ဘုရားသခင်အတွက် အသက်ရှင်တယ်။+ ယေရှုခရစ်ဖြစ်တဲ့ သခင်တစ်ဦးတည်း ရှိတယ်။ အရာခပ်သိမ်းဟာ သူ့အားဖြင့် ဖြစ်တည်လာပြီး+ ကျွန်တော်တို့လည်း သူ့အားဖြင့် အသက်ရှင်ကြတယ်။
၇ ဒါပေမဲ့ လူတိုင်းကတော့ အဲဒီအချက်ကို သိတာမဟုတ်ဘူး။+ လူတချို့ဟာ အရင်တုန်းက ရုပ်တုကိုးကွယ်ခဲ့ဖူးတော့ အစာစားတဲ့အခါ ရုပ်တုရှေ့ ပူဇော်ထားတဲ့အစာလို့+ ယူမှတ်ပြီး စားတဲ့အတွက် သူတို့ရဲ့ အားနည်းနေတဲ့ အမှားအမှန်သိစိတ်ဟာ မသိုးမသန့် ဖြစ်သွားတယ်။+ ၈ ဒါပေမဲ့ အစားအစာက ဘုရားသခင့်မျက်နှာသာ ရစေမှာ မဟုတ်ဘူး။+ မစားလို့ အရှုံးမရှိပါဘူး၊ စားလို့လည်း အမြတ်မရပါဘူး။+ ၉ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ရွေးချယ်ပိုင်ခွင့်ကြောင့် အမှားအမှန်သိစိတ် အားနည်းသူတွေကို တစ်နည်းနည်းနဲ့ တိုက်မိလဲစရာမဖြစ်အောင် အမြဲသတိထားကြပါ။+ ၁၀ ခင်ဗျားက ဒါတွေကို သိထားလျက်နဲ့ ရုပ်တုဗိမာန်မှာ ထိုင်ပြီး စားနေရင် အမှားအမှန်သိစိတ် အားနည်းနေသူတစ်ယောက် မြင်သွားတဲ့အခါ ရုပ်တုရှေ့ ပူဇော်ထားတဲ့အစာကို ခင်ဗျားကြောင့် သူ စားရဲလာမယ် မဟုတ်လား။ ၁၁ အဲဒီလိုသာဆိုရင် ခင်ဗျားသိထားတဲ့အရာကြောင့် သူ့ရဲ့ယုံကြည်ခြင်း ပျက်စီးသွားပြီ။ တကယ်တော့ သူ့အတွက် ခရစ်တော် အသေခံပေးခဲ့တာ။+ ၁၂ ဒါကြောင့် ညီအစ်ကိုတွေကို ဒီနည်းနဲ့ ပြစ်မှားတာ၊ အားနည်းတဲ့ အမှားအမှန်သိစိတ်နဲ့ ဆန့်ကျင်တာကို လုပ်ဖို့ အားပေးတာဟာ+ ခရစ်တော်ကို ပြစ်မှားတာပဲ။ ၁၃ ကိုယ်စားတဲ့အစာကြောင့် ညီအစ်ကို တိုက်မိလဲသွားမယ်ဆိုရင် အဲဒီလို တိုက်မိလဲစရာမဖြစ်အောင် ကျွန်တော် ဘယ်တော့မှ အသား မစားတော့ဘူး။+
၉ ကျွန်တော်ဟာ လုပ်ချင်တာကို လုပ်နိုင်တဲ့သူ မဟုတ်လား။ တမန်တော် မဟုတ်လား။ သခင်ယေရှုကို မြင်ခဲ့သူ မဟုတ်လား။+ ခင်ဗျားတို့က သခင့်အတွက် ကျွန်တော့်လုပ်ဆောင်မှုရဲ့ အသီးအပွင့်တွေပဲ မဟုတ်လား။ ၂ ကျွန်တော်ဟာ တခြားသူတွေအတွက် တမန်တော် မဖြစ်ရင်တောင် ခင်ဗျားတို့အတွက်တော့ တမန်တော်အမှန်ပါပဲ။ ကျွန်တော်ဟာ သခင်ရဲ့တမန်တော်ဖြစ်မှန်း ခင်ဗျားတို့ဟာ သက်သေတွေပါပဲ။
၃ ကျွန်တော့်ကို စစ်ဆေးမေးမြန်းတဲ့သူတွေကို ချေပပြောဆိုမယ်– ၄ ကျွန်တော်တို့မှာ စားသောက်ပိုင်ခွင့်ရှိတယ် မဟုတ်လား။ ၅ ကေဖနဲ့*+ သခင်ရဲ့ညီတွေ၊+ တခြားတမန်တော်တွေလိုပဲ ကျွန်တော်တို့လည်း ယုံကြည်သူဇနီးကို အတူခေါ်သွားခွင့်ရှိတယ် မဟုတ်လား။+ ၆ ဒါမှမဟုတ် ကျွန်တော်နဲ့ ဗာနဗကပဲ+ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရမှာလား။ ၇ ကိုယ့်စရိတ်နဲ့ကိုယ် စစ်မှုထမ်းတဲ့သူ ရှိလို့လား။ စပျစ်ခြံစိုက်ပျိုးပြီး စပျစ်သီးမစားတဲ့သူ ရှိလို့လား။+ သိုးထိန်းလုပ်ပြီး သိုးနို့ကို မသောက်တဲ့သူ ရှိလို့လား။
၈ ဒါတွေကို လူ့ရှုထောင့်ကနေ ကျွန်တော်ပြောနေတာလား။ ပညတ်ကျမ်းမှာလည်း အဲဒီလိုဖော်ပြထားတာပဲမဟုတ်လား။ ၉ “စပါးနယ်နေတဲ့ နွားကို ပါးချုပ်မတပ်ရဘူး”+ ဆိုပြီး မောရှေပညတ်မှာ ရေးထားတာပဲ။ ဘုရားသခင်က နွားအတွက် အဲဒီလိုပြောနေတာလား။ ၁၀ ဒါမှမဟုတ် ကျွန်တော်တို့အတွက် အဲဒီလိုပြောနေတာလား။ တကယ်တော့ ကျွန်တော်တို့အကျိုးအတွက် ကျမ်းစာမှာ အဲဒီလိုရေးထားတာ။ လယ်ထွန်တဲ့သူဟာ ရိတ်သိမ်းရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထွန်သင့်တယ်။ စပါးနယ်တဲ့သူကလည်း ကောက်နှံစားရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နယ်သင့်တယ်။
၁၁ ကျွန်တော်တို့က ဘုရားသခင်ဆီကရတဲ့အရာတွေကို ခင်ဗျားတို့ဆီမှာ စိုက်ပျိုးထားရင် ကျွန်တော်တို့အတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ခင်ဗျားတို့ဆီကနေ ရိတ်သိမ်းတာဟာ လွန်ရာကျလို့လား။+ ၁၂ တခြားသူတွေတောင် ခင်ဗျားတို့ဆီကနေ အဲဒီလို ရပိုင်ခွင့်ရှိတယ်ဆိုရင် ကျွန်တော်တို့က ပိုလို့တောင် မရသင့်ဘူးလား။ ဒါပေမဲ့ အဲဒီအခွင့်အရေးကို ကျွန်တော်တို့ မယူခဲ့ဘူး။+ ခရစ်တော်အကြောင်း သတင်းကောင်း ပျံ့နှံ့မှုကို အတားအဆီးမဖြစ်စေချင်လို့ အရာရာကို ရင်ဆိုင်သည်းခံခဲ့တယ်။+ ၁၃ အမှုတော်ကို ဆောင်ရွက်သူတွေဟာ ဗိမာန်တော်ကရတဲ့ အစာတွေကို သုံးဆောင်ခွင့်ရှိမှန်း၊ ပူဇော်ရာပလ္လင်မှာ အမြဲအမှုဆောင်ရသူတွေဟာ ပလ္လင်မှာ ပူဇော်ထားတာတွေကို ပါဝင်သုံးဆောင်ခွင့်ရှိမှန်း ခင်ဗျားတို့ မသိကြဘူးလား။+ ၁၄ အလားတူ၊ သတင်းကောင်း ကြွေးကြော်သူတွေဟာ သတင်းကောင်းအားဖြင့် အသက်မွေးရမယ်လို့ သခင်မိန့်မှာထားတယ်။+
၁၅ ဒါပေမဲ့ အဲဒီပြင်ဆင်ပေးချက်တစ်ခုကိုမှ ကျွန်တော် မသုံးခဲ့ဘူး။+ ကျွန်တော့်ကို အဲဒီလိုလုပ်ပေးစေချင်လို့ ရေးနေတာ မဟုတ်ပါဘူး။ အခုလို ဂုဏ်ယူဝါကြွားရတဲ့အခွင့်ကို လက်လွှတ်ခံမယ့်အစား ကျွန်တော် သေတာကမှ ပိုကောင်းဦးမယ်။+ ၁၆ ကျွန်တော် သတင်းကောင်း ဟောနေတာဟာ ဝါကြွားစရာမှ မဟုတ်တာ။ ဟောရမယ့်တာဝန် ရှိနေလို့ပါ။ သတင်းကောင်း မဟောဘဲနေတာဟာ ကျွန်တော့်အတွက် အမင်္ဂလာပဲ။+ ၁၇ ကျွန်တော် စိတ်ပါလက်ပါ ဟောပြောရင် အကျိုးရှိတယ်။ စိတ်မပါရင်တောင် ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်ကို လုပ်ဆောင်ရမှာပဲ။+ ၁၈ ဒါဆိုရင် ကျွန်တော်ရတဲ့အကျိုးက ဘာလဲ။ စရိတ်စကမယူဘဲ သတင်းကောင်း ဟောပြောရခြင်းပါပဲ။ ဒီနည်းနဲ့ ကျွန်တော်ဟာ ကိုယ်ရပိုင်ခွင့်ရှိတဲ့အရာတွေကို မတောင်းဆိုဘဲ သတင်းကောင်း ဟောပြောနိုင်ခဲ့တယ်။
၁၉ ကျွန်တော်က ဘယ်သူ့ဆီမှာမှ ကျွန်ခံနေစရာ မလိုပေမဲ့ လူများနိုင်သမျှ များများရဖို့ လူအားလုံးဆီမှာ ကျွန်ခံတယ်။ ၂၀ ဂျူးတွေဆီရောက်တဲ့အခါ ဂျူးတွေကိုရနိုင်ဖို့ ဂျူးတစ်ယောက်လို ဖြစ်ခဲ့တယ်။+ ပညတ်အောက်မှာ ရှိတဲ့သူတွေဆီ ရောက်တဲ့အခါ ပညတ်အောက်မှာ ကိုယ်တိုင် မရှိပေမဲ့ ပညတ်အောက်မှာ ရှိတဲ့သူတွေကို ရနိုင်ဖို့ ပညတ်အောက်မှာ ရှိတဲ့သူတစ်ယောက်လို ဖြစ်ခဲ့တယ်။+ ၂၁ ကျွန်တော်ဟာ ဘုရားသခင့်ပညတ်ကို လိုက်နာတဲ့သူ၊ ခရစ်တော်ရဲ့ ပညတ်အောက်မှာ ရှိတဲ့သူဖြစ်ပေမဲ့+ ပညတ်မလိုက်နာသူတွေကို ရနိုင်ဖို့ ပညတ်မလိုက်နာသူတွေဆီ ရောက်တဲ့အခါ ပညတ် မလိုက်နာသူလို ဖြစ်ခဲ့တယ်။ ၂၂ ကျွန်တော်က အားနည်းသူကို ရနိုင်ဖို့ အားနည်းသူတွေဆီ ရောက်တဲ့အခါ အားနည်းသူလို ဖြစ်ခဲ့တယ်။+ လူအမျိုးမျိုးကို ကူညီပေးဖို့ လုပ်နိုင်တာမှန်သမျှ ကျွန်တော်လုပ်ခဲ့တယ်။ လူတချို့ကို အတတ်နိုင်ဆုံး ကယ်တင်နိုင်ဖို့ပါ။ ၂၃ သတင်းကောင်းကို တခြားသူတွေဆီ ဟောနိုင်ဖို့ သတင်းကောင်းအတွက် လုပ်နိုင်တာမှန်သမျှ ကျွန်တော်လုပ်ခဲ့တယ်။+
၂၄ အပြေးပြိုင်ပွဲမှာ လူအများကြီး ဝင်ပြိုင်ကြပေမဲ့ တစ်ယောက်တည်းပဲ ဆုရမှန်း ခင်ဗျားတို့ မသိကြဘူးလား။ ဆုရဖို့ အဲဒီနည်းအတိုင်း ပြေးကြပါ။+ ၂၅ ပြိုင်ပွဲဝင်သူတိုင်း အရာရာမှာ ကိုယ်ကို ချုပ်တည်းရတယ်။ သူတို့ဟာ ပျက်စီးတတ်တဲ့ သစ်ခက်သရဖူရဖို့ အဲဒီလို ချုပ်တည်းကြတာ။+ ကျွန်တော်တို့ကတော့ မပျက်စီးတတ်တဲ့ သရဖူရဖို့ အဲဒီလို ချုပ်တည်းကြတယ်။+ ၂၆ ဒါကြောင့် ကျွန်တော်က ပြေးတဲ့အခါ ဦးတည်ရာမဲ့ပြေးတာ မဟုတ်ဘူး။+ လက်ဝှေ့ထိုးတဲ့အခါ လေကို ထိုးသလို ထိုးတာမဟုတ်ဘူး။ ၂၇ သူတစ်ပါးကို ဟောပြောပြီးမှ တစ်နည်းနည်းနဲ့ ကိုယ်တိုင် အပယ်မခံရအောင်* ကျွန်တော့်ကိုယ်ခန္ဓာကို ထိုးနှက်ပြီး*+ ကျွန်တစ်ယောက်လိုဖြစ်အောင် ထိန်းချုပ်ထားတယ်။
၁၀ ညီအစ်ကိုတို့၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ မိုးတိမ်အောက်မှာ+ လျှောက်ခဲ့မှန်း၊ ပင်လယ်ကို ဖြတ်ကူးခဲ့မှန်း+ ခင်ဗျားတို့ကို အမှတ်ရစေချင်တယ်။ ၂ သူတို့အားလုံးဟာ မိုးတိမ်အောက် ပင်လယ်ကိုဖြတ်ကူးချိန်မှာ မောရှေရဲ့ နောက်လိုက်တွေအဖြစ် နှစ်ခြင်းခံကြတယ်။ ၃ သူတို့အားလုံး ဘုရားသခင်ပေးတဲ့ အစာတစ်မျိုးတည်းကို စားခဲ့တယ်။+ ၄ ဘုရားသခင်ပေးတဲ့ ရေတစ်မျိုးတည်းကို သောက်ခဲ့တယ်။+ သူတို့အနီးမှာရှိတဲ့ ကျောက်ဆောင်ကနေ ထွက်တဲ့ရေကို သောက်ကြတယ်။ အဲဒီ ဘုရားပေးတဲ့ကျောက်ဆောင်ဟာ ခရစ်တော်ကို ဆိုလိုတယ်။+ ၅ ဒါပေမဲ့ သူတို့ထဲကအများစုကို ဘုရားသခင် မနှစ်သက်တဲ့အတွက် တောကန္တာရမှာ သူတို့သေဆုံးခဲ့ရတယ်။+
၆ ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် ပုံနမူနာပဲ။ အကျိုးပျက်စေတဲ့အရာတွေကို သူတို့ တပ်မက်သလို ကျွန်တော်တို့ မတပ်မက်စေဖို့ပဲ။+ ၇ ရုပ်တု မကိုးကွယ်ကြပါနဲ့။ သူတို့ထဲကတချို့ဟာ ရုပ်တုကိုးကွယ်ခဲ့ကြတယ်။ သူတို့နဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ “လူတွေ စားသောက်ပြီး မြူးထူးပျော်ပါးကြတယ်”+ လို့ရေးထားတယ်။ ၈ လိင်အကျင့် ယိုယွင်းတာကို* ရှောင်ကြစို့။ သူတို့ထဲက တချို့ လိင်အကျင့်ယိုယွင်း* တဲ့အတွက် တစ်နေ့တည်းမှာ လူ ၂၃,၀၀၀ သေဆုံးခဲ့ရတယ်။+ ၉ ယေဟောဝါကို* အကဲမစမ်းဘဲ နေကြစို့။+ သူတို့ထဲကတချို့ ဘုရားကို အကဲစမ်းတဲ့အတွက် မြွေကိုက်ခံရပြီး သေဆုံးခဲ့တယ်။+ ၁၀ ပြစ်တင်ညည်းညူတာကိုလည်း ရှောင်ကြစို့။ သူတို့ထဲကတချို့ ပြစ်တင်ညည်းညူတဲ့အတွက်+ ဖျက်ဆီးသူရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။+ ၁၁ သူတို့ကြုံခဲ့ရတဲ့အရာတွေဟာ ကျွန်တော်တို့အတွက် ပုံနမူနာတွေပဲ။ လောကစနစ်တွေ* အဆုံးမှာ အသက်ရှင်တဲ့ ကျွန်တော်တို့အတွက် သတိပေးချက်အဖြစ်+ ကျမ်းစာမှာ ရေးထားတာ။
၁၂ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တည်ကြည်တယ်လို့ ထင်နေရင် မလဲသွားအောင် သတိထားပါ။+ ၁၃ လူတွေကြုံရတတ်တဲ့ သွေးဆောင်ခြင်းကိုပဲ ခင်ဗျားတို့ခံရတာ။+ ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူး။+ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးလိမ့်မယ်။+
၁၄ ဒါကြောင့် ချစ်ရသူတို့၊ ရုပ်တုကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြပါ။+ ၁၅ ခင်ဗျားတို့ဟာ ပိုင်းခြားသိမြင်တတ်သူတွေပဲ။ ကျွန်တော်ပြောတာ မှန်မမှန် ကိုယ်တိုင်ဆန်းစစ်ကြပါ။ ၁၆ ကျေးဇူးတော်ခွက်အတွက် ဆုတောင်းတာဟာ ခရစ်တော်ရဲ့အသွေးကြောင့်+ အကျိုးခံစားတာကို ဆိုလိုတာ မဟုတ်လား။ မုန့်ကိုဖဲ့တာဟာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာကြောင့်+ အကျိုးခံစားတာကို ဆိုလိုတာ မဟုတ်လား။ ၁၇ မုန့်တစ်လုံးတည်း ရှိတယ်။ ကျွန်တော်တို့အားလုံး အဲဒီမုန့်တစ်လုံးတည်းကို စားသုံးတဲ့အတွက် လူအများဖြစ်ပေမဲ့ ကိုယ်ခန္ဓာဟာ တစ်ခုတည်းပဲ။+
၁၈ အစ္စရေးလူမျိုးအကြောင်း ပြန်ဆင်ခြင်ကြည့်ကြပါ။ ပူဇော်ရာပလ္လင်မှာ ဆက်သထားတာတွေကို စားသုံးတာဟာ ဘုရားသခင်နဲ့အတူ စားသုံးတဲ့သဘော မဟုတ်လား။+ ၁၉ ကျွန်တော် အဲဒီလိုပြောလိုက်တဲ့အတွက် ရုပ်တုနဲ့ ရုပ်တုရှေ့ ပူဇော်ထားတဲ့အရာက အရေးကြီးတဲ့သဘောလား။ ၂၀ မဟုတ်ပါဘူး။ လူမျိုးခြားတွေ ယဇ်ပူဇော်တာဟာ ဘုရားသခင်ဆီ ပူဇော်နေကြတာ မဟုတ်ဘူး။ နတ်ဆိုးတွေဆီ ပူဇော်နေတာ။+ ခင်ဗျားတို့ကို နတ်ဆိုးနဲ့ ပတ်သက်သူတွေ မဖြစ်စေချင်ဘူး။+ ၂၁ ယေဟောဝါရဲ့* ခွက်နဲ့ နတ်ဆိုးတွေရဲ့ခွက် နှစ်ခုစလုံးကို သောက်လို့မရဘူး။ “ယေဟောဝါရဲ့* စားပွဲ”+ နဲ့ နတ်ဆိုးတွေရဲ့စားပွဲ နှစ်ခုစလုံးမှာ သုံးဆောင်လို့မရဘူး။ ၂၂ ဒါမှမဟုတ် ‘ယေဟောဝါရဲ့* ဝန်တိုစိတ်ကို ကျွန်တော်တို့ ဆွနေတာများလား။’+ ကျွန်တော်တို့ဟာ ဘုရားထက် ခွန်အားကြီးလို့လား။
၂၃ အရာအားလုံးကို လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံး အကျိုးရှိတာ မဟုတ်ဘူး။ အရာအားလုံးကို လုပ်လို့ရတာ မှန်ပေမဲ့ အရာအားလုံး အားပေးမှုဖြစ်စေတာ မဟုတ်ဘူး။+ ၂၄ လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။+
၂၅ ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကိုထောက်ပြီး အသားဈေးမှာ ရောင်းသမျှကို မမေးမြန်းဘဲ စားကြပါ။ ၂၆ ဘာလို့လဲဆိုတော့ “ယေဟောဝါဟာ* ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်ရှိသမျှကို ပိုင်တယ်။”+ ၂၇ မယုံကြည်သူ ခေါ် ဖိတ်လို့ ခင်ဗျားတို့ သွားစားချင်တယ်ဆိုရင် ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကို ထောက်ပြီး တည်ခင်းကျွေးမွေးသမျှကို မမေးမြန်းဘဲ စားကြပါ။ ၂၈ တစ်ယောက်ယောက်က “ဒါ ရုပ်တုရှေ့ ပူဇော်ထားတာ” လို့ပြောရင် အမှားအမှန်သိစိတ်ကို ထောက်ပြီး မစားပါနဲ့။+ ၂၉ ကိုယ့်ရဲ့ အမှားအမှန်သိစိတ်ကို မဟုတ်ဘဲ သူတစ်ပါးရဲ့ အမှားအမှန်သိစိတ်ကို ထောက်ဖို့ ပြောနေတာပါ။ ကျွန်တော့်မှာ လွတ်လပ်ခွင့်ရှိတာ မှန်ပေမဲ့ အမှားအမှန်သိစိတ် အားနည်းသူ ပြစ်တင်ဝေဖန်တဲ့အဖြစ်မျိုး မရောက်ချင်ဘူး။+ ၃၀ ကျွန်တော်က ကျေးဇူးတင်ချီးမွမ်းပြီး သုံးဆောင်ခဲ့မယ်ဆိုရင်တောင် သူတစ်ပါး ပြစ်တင်ဝေဖန်စရာ ဖြစ်သွားမယ်ဆိုရင် အဲဒီလိုလုပ်တာ ကောင်းပါ့မလား။+
၃၁ ဒါကြောင့် စားတာဖြစ်ဖြစ်၊ သောက်တာဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ။+ ၃၂ ဂျူးနဲ့ ဂရိလူမျိုးတွေကိုရော ဘုရားသခင်ရဲ့ အသင်းတော်ကိုပါ တိုက်မိလဲစရာ မဖြစ်ပါစေနဲ့။+ ၃၃ ကျွန်တော်လည်း လူတွေ ကယ်တင်ခြင်းရဖို့+ ကိုယ့်အကျိုးကိုမရှာဘဲ+ လူအားလုံးရဲ့အကျိုးအတွက် အရာရာမှာ လူတွေနှစ်သက်အောင် လုပ်ဆောင်ပါတယ်။
၁၁ ခရစ်တော်ကို ကျွန်တော် အတုယူသလို ခင်ဗျားတို့လည်း ကျွန်တော့်ကို အတုယူကြပါ။+
၂ ကျွန်တော့်ကို အမြဲသတိရပြီး ကျွန်တော်ပေးထားတဲ့ ညွှန်ကြားချက်တွေကို ဆက်ပြီး လိုက်နာကြတဲ့အတွက် ခင်ဗျားတို့ကို ချီးမွမ်းပါတယ်။ ၃ ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်၊+ မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား၊+ ခရစ်တော်ရဲ့ဦးခေါင်းဟာ ဘုရားသခင်ပဲဆိုတာကိုတော့+ ခင်ဗျားတို့ကို သိစေချင်တယ်။ ၄ ယောက်ျားက ခေါင်းကိုဖုံးပြီး ဆုတောင်းရင် ဒါမှမဟုတ် ပရောဖက်ပြုရင် မိမိရဲ့ခေါင်းအသရေကို ရှုတ်ချရာ ရောက်တယ်။ ၅ မိန်းမက ခေါင်းကိုမဖုံးဘဲ ဆုတောင်းရင် ဒါမှမဟုတ် ပရောဖက်ပြုရင်+ မိမိရဲ့ခေါင်းအသရေကို ရှုတ်ချရာရောက်တယ်။ ဒီလိုလုပ်တဲ့မိန်းမဟာ ခေါင်းတုံးတုံးထားတဲ့* မိန်းမနဲ့ အတူတူပဲ။ ၆ မိန်းမက ခေါင်းကိုမဖုံးရင် ဆံပင်ကို ဖြတ်လိုက်တော့။ ဆံပင်ဖြတ်တာ၊ ခေါင်းတုံးတုံးတာ ရှက်စရာဖြစ်မယ်ဆိုရင် ခေါင်းကိုဖုံးပါစေ။
၇ ယောက်ျားဟာ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်၊+ ဘုရားသခင်ရဲ့ ဘုန်းအသရေ ဖြစ်တဲ့အတွက် ခေါင်းကို မဖုံးရဘူး။ မိန်းမကတော့ ယောက်ျားရဲ့ ဘုန်းအသရေပဲ။ ၈ ယောက်ျားဟာ မိန်းမကနေ ဖြစ်လာတာ မဟုတ်ဘူး။ မိန်းမကသာ ယောက်ျားကနေ ဖြစ်လာတာ။+ ၉ ဒါ့အပြင် ယောက်ျားကို မိန်းမအတွက် ဖန်ဆင်းထားတာ မဟုတ်ဘူး။ မိန်းမကို ယောက်ျားအတွက် ဖန်ဆင်းထားတာ။+ ၁၀ ဒါကြောင့် ကောင်းကင်တမန်တွေကို ထောက်ပြီး+ မိန်းမက လက်အောက်ခံတဲ့ အမှတ်အသားအနေနဲ့ ခေါင်းကို ဖုံးရမယ်။
၁၁ ဒါ့အပြင် သခင်ရဲ့ အသင်းတော်ထဲမှာ ယောက်ျားရော၊ မိန်းမရော အပြန်အလှန် လိုအပ်တယ်။ ၁၂ ဘာလို့လဲဆိုတော့ မိန်းမက ယောက်ျားကနေ ဖြစ်လာသလို+ ယောက်ျားက မိန်းမကနေ မွေးဖွားလာတယ်။ အရာခပ်သိမ်းကိုတော့ ဘုရားသခင် ဖန်ဆင်းထားတယ်။+ ၁၃ မိန်းမတစ်ယောက် ခေါင်းကိုမဖုံးဘဲ ဘုရားသခင်ဆီ ဆုတောင်းတာဟာ သင့်တော်၊ မသင့်တော် ခင်ဗျားတို့ကိုယ်တိုင် ဆန်းစစ်ကြပါ။ ၁၄ ယောက်ျား ဆံပင်ရှည်ထားတာဟာ ရှက်စရာကောင်းမှန်း၊ သဘာဝမဟုတ်မှန်း ခင်ဗျားတို့ သိပါတယ်။ ၁၅ မိန်းမ ဆံပင်ရှည်ထားရင်တော့ ကျက်သရေရှိတယ် မဟုတ်လား။ ခေါင်းဖုံးစရာအဖြစ် မိန်းမကို ဆံပင်တွေ ပေးထားတာကိုး။ ၁၆ တစ်ယောက်ယောက်က တခြားထုံးစံတစ်ခုခုကို လိုက်ချင်လို့ ဒီအချက်ကို စောဒကတက်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာဖြစ်စေ၊ ဘုရားသခင်ရဲ့ အသင်းတော်မှာဖြစ်စေ ဒါကလွဲပြီး တခြားထုံးစံမရှိဘူးလို့ ပြောရမှာပဲ။
၁၇ ဒါပေမဲ့ ကျွန်တော် အခုလိုသွန်သင်ချက်တွေ ပေးတဲ့အခါ ခင်ဗျားတို့ကို မချီးမွမ်းချင်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အတူစုဝေးတဲ့အခါ ကောင်းတာထက် မကောင်းတာကို လုပ်နေကြလို့ပဲ။ ၁၈ ဦးဆုံး၊ အသင်းတော်မှာစုဝေးတဲ့အခါ အချင်းချင်း စိတ်ဝမ်းကွဲပြားနေတဲ့အကြောင်း ကျွန်တော်ကြားတယ်။ ကြားတဲ့အတိုင်း အတော်အတန် မှန်မယ်လို့လည်း ယုံတယ်။ ၁၉ ခင်ဗျားတို့ထဲမှာ ဂိုဏ်းခွဲတာတွေ ရှိနေမှာ သေချာတယ်။+ ဒါပေမဲ့ ဘုရားသခင်ရဲ့နှစ်သက်မှုကို ဘယ်သူတွေ ရသလဲဆိုတာလည်း ပေါ်လွင်လာမှာပါ။
၂၀ အတူစုဝေးကြတဲ့အခါ ခင်ဗျားတို့ရဲ့ အခြေအနေက သခင့်ညစာစားပွဲကို+ သုံးဆောင်ဖို့ မသင့်တော်ဘူး။ ၂၁ သုံးဆောင်မယ့်အချိန် ရောက်တဲ့အခါ တချို့က စားထားနှင့်ပြီး တချို့ကျတော့ ဆာလောင်နေတယ်၊ တချို့က မူးယစ်နေတယ်။ ၂၂ ခင်ဗျားတို့မှာ စားသောက်ဖို့ အိမ်မရှိကြဘူးလား။ ဒါမှမဟုတ် ဘုရားသခင်ရဲ့ အသင်းတော်ကို မထီလေးစားလုပ်ပြီး နွမ်းပါးသူတွေကို အရှက်ခွဲနေတာလား။ ကျွန်တော် ဘာပြောရမလဲ။ ခင်ဗျားတို့ကို ချီးမွမ်းရမလား။ ဒီကိစ္စမှာ ခင်ဗျားတို့ကို လုံးဝမချီးမွမ်းဘူး။
၂၃ သခင့်ဆီကနေ သိရှိထားတာတွေကို ခင်ဗျားတို့ကို ကျွန်တော် ပြန်သင်ပေးမယ်။ သခင်ယေရှုက ရန်သူ့လက်ထဲ အပ်နှံခံရမယ့်ညမှာ+ မုန့်ကိုယူပြီး၊ ၂၄ ကျေးဇူးတော် ချီးမွမ်းတယ်။ မုန့်ကိုဖဲ့ပြီးနောက် “ဒါဟာ ခင်ဗျားတို့အတွက် စွန့်လွှတ်တဲ့ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်။+ ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ပါ”+ လို့ပြောခဲ့တယ်။ ၂၅ ညစာအပြီးမှာ ဝိုင်ခွက်ကိုလည်း ယူပြီး အဲဒီနည်းအတိုင်းပဲ လုပ်တယ်။+ “ဒီခွက်ဟာ ကျွန်တော့်ရဲ့ သွေးကို ကိုယ်စားပြုတယ်။ ဒါဟာ ကျွန်တော့်သွေးနဲ့ဖွဲ့တဲ့+ ပဋိညာဉ်သစ်ပဲ။+ ဒါကို သောက်တဲ့အခါတိုင်း ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ပါ”+ လို့ပြောခဲ့တယ်။ ၂၆ ခင်ဗျားတို့ ဒီမုန့်ကိုစားပြီး ဒီခွက်ကို သောက်တဲ့အခါတိုင်း သခင်အသေခံခဲ့တဲ့အကြောင်းကို သခင်ရောက်လာချိန်အထိ ကြွေးကြော်နေတဲ့သဘောပဲ။
၂၇ ဒါကြောင့် မထိုက်မတန်ဘဲ မုန့်ကိုစားပြီး သခင့်ရဲ့ ခွက်ကို သောက်တဲ့သူဟာ သခင့်ကိုယ်ခန္ဓာနဲ့ သွေးကို ပြစ်မှားရာရောက်တယ်။ ၂၈ အရင်ဆုံး၊ ကိုယ့်ကိုယ်ကိုယ် အသေအချာ ဆန်းစစ်ပြီးမှ+ မုန့်ကိုစားပါ၊ ခွက်ကိုလည်း သောက်ပါ။ ၂၉ သခင့်ကိုယ်ခန္ဓာကို ကိုယ်စားပြုမှန်း သတိမမူဘဲ စားသောက်တာဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်စီရင်ရာရောက်တယ်။ ၃၀ ခင်ဗျားတို့ထဲမှာ တချို့က အားနည်းနေတယ်။ တချို့က ဖျားနေတယ်။ တချို့ကတော့ အသေဖြစ်နေတယ်။*+ ၃၁ ဒါပေမဲ့ ကိုယ့်အခြေအနေကို သတိပြုမိရင် ပြစ်ဒဏ်စီရင်ခံရမှာ မဟုတ်ဘူး။ ၃၂ သတိမပြုမိတဲ့အတွက် ပြစ်ဒဏ်စီရင်ခံရရင်တော့ ယေဟောဝါရဲ့* ဆုံးမမှုခံရတာဖြစ်လို့+ လောကနဲ့အတူ ပြစ်ဒဏ်စီရင်ခံရမှာ မဟုတ်ဘူး။+ ၃၃ ဒါကြောင့် ညီအစ်ကိုတို့၊ သခင့်ညစာစားပွဲအတွက် စုဝေးကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက် စောင့်ကြပါ။ ၃၄ ဆာတဲ့သူကတော့ ကိုယ့်အိမ်မှာ စားပါစေ။ ဒါမှသာ အတူစုဝေးကြတဲ့အခါ ပြစ်ဒဏ်စီရင်စရာအကြောင်း ရှိတော့မှာ မဟုတ်ဘူး။+ ကျန်တဲ့ကိစ္စတွေကိုတော့ ကျွန်တော်ရောက်လာမှ ဖြေရှင်းပေးမယ်။
၁၂ ညီအစ်ကိုတို့၊ ဘုရားသခင်ဆီက ဆုကျေးဇူးတွေအကြောင်း+ ခင်ဗျားတို့ကို မသိဘဲ မနေစေချင်ပါဘူး။ ၂ ခင်ဗျားတို့ဟာ ယုံကြည်သူတွေ မဖြစ်လာခင်တုန်းက စကားမပြောနိုင်တဲ့ ရုပ်တုတွေကို ကိုးကွယ်ခဲ့ကြတယ်+ မဟုတ်လား။ ရုပ်တုတွေ ခေါ်ဆောင်ရာနောက် တကောက်ကောက်လိုက်ပြီး လမ်းလွဲခဲ့ကြတယ် မဟုတ်လား။ ၃ ဘုရားသခင့် စွမ်းအားတော်ကို အမှီပြုရင် “ယေရှုဟာ ကျိန်ခြင်းခံရတယ်” လို့ ဘယ်သူမှ ပြောမှာမဟုတ်ဘူး။ အလားတူ၊ သန့်ရှင်းသော စွမ်းအားတော်ကို အမှီမပြုရင် “ယေရှုဟာ သခင်ပဲ” လို့ ဘယ်သူမှ မပြောနိုင်မှန်း+ ခင်ဗျားတို့ကို ကျွန်တော် သိစေချင်တယ်။
၄ ဆုကျေးဇူး အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ စွမ်းအားတော်ကတော့ တစ်မျိုးတည်းပဲ။+ ၅ အမှုဆောင်လုပ်ငန်း အမျိုးမျိုးရှိတယ်။+ ဒါပေမဲ့ အားလုံးဟာ သခင်တစ်ဦးတည်းအတွက်ပဲ။ ၆ လုပ်ဆောင်မှု အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ လူအသီးသီးကို အဲဒါတွေ လုပ်ဆောင်စေတဲ့ ဘုရားသခင် တစ်ဆူတည်းရှိတယ်။+ ၇ ဒါပေမဲ့ စွမ်းအားတော်က သူတို့ကို အဲဒီလိုလုပ်ဆောင်စေနိုင်မှန်း ထင်ရှားတယ်။ ဘုရားသခင်က သူတို့ကို အများကောင်းကျိုး လုပ်ဆောင်စေဖို့ စွမ်းအားတော် ပေးထားတယ်။+ ၈ ဘုရားသခင့် စွမ်းအားတော်ကြောင့် လူတစ်ယောက်က ဉာဏ်ပညာစကားကို ပြောနိုင်တယ်။ အဲဒီစွမ်းအားတော်ကြောင့်ပဲ နောက်တစ်ယောက်က အသိပညာစကားကို ပြောနိုင်တယ်။ ၉ အဲဒီစွမ်းအားတော်ကြောင့်ပဲ နောက်တစ်ယောက်က ယုံကြည်ခြင်း+ ရှိလာတယ်။ အဲဒီစွမ်းအားတော်ကြောင့်ပဲ နောက်တစ်ယောက်က ရောဂါကုသပေးနိုင်တယ်။+ ၁၀ တစ်ယောက်က တန်ခိုးပြနိုင်တဲ့အခွင့်၊+ တစ်ယောက်က ပရောဖက်ပြုနိုင်တဲ့အခွင့်၊ တစ်ယောက်က သတင်းစကားတွေကို ပိုင်းခြားသိမြင်နိုင်တဲ့အခွင့်၊+ တစ်ယောက်က ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်တဲ့အခွင့်၊+ တစ်ယောက်က ဘာသာပြန်ဆိုနိုင်တဲ့အခွင့်ကို ရတယ်။+ ၁၁ အဲဒီစွမ်းအားတော်ကပဲ ဒီအခွင့်အားလုံးကို လုပ်ဆောင်ပြီး အလိုရှိတဲ့အတိုင်း တစ်ဦးချင်းစီကို အဲဒီအခွင့်တွေ ဝေမျှပေးတယ်။
၁၂ ခန္ဓာကိုယ်ဟာ တစ်ခုတည်းဖြစ်ပေမဲ့ အစိတ်အပိုင်းတွေ အများကြီးရှိတယ်။ အစိတ်အပိုင်းတွေ အများကြီးရှိပေမဲ့ ခန္ဓာကိုယ်ကတော့ တစ်ခုတည်းပဲ။+ ခရစ်တော်ရဲ့ ခန္ဓာကိုယ်လည်း အဲဒီအတိုင်းပါပဲ။ ၁၃ ဘာလို့လဲဆိုတော့ ဂျူးဖြစ်စေ၊ ဂရိဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ ကျွန်တော်တို့အားလုံးဟာ ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်လာအောင် စွမ်းအားတော် တစ်မျိုးတည်းနဲ့ နှစ်ခြင်းခံထားလို့ပဲ၊ ကျွန်တော်တို့အားလုံး အဲဒီစွမ်းအားတော်ကို ရရှိထားတယ်။
၁၄ ခန္ဓာကိုယ်မှာ အစိတ်အပိုင်းတစ်ခုမက အများကြီးရှိတယ်။+ ၁၅ ခြေထောက်က “ငါက လက်မှ မဟုတ်တာ။ ခန္ဓာကိုယ်နဲ့ မဆိုင်ဘူး” လို့ပြောရင် အဲဒီလိုပြောတဲ့အတွက် ခန္ဓာကိုယ်နဲ့မဆိုင်တော့တာ မဟုတ်ဘူး။ ၁၆ နားကလည်း “ငါက မျက်စိမှ မဟုတ်တာ။ ခန္ဓာကိုယ်နဲ့ မဆိုင်ဘူး” လို့ပြောရင် အဲဒီလိုပြောတဲ့အတွက် ခန္ဓာကိုယ်နဲ့ မဆိုင်တော့တာ မဟုတ်ဘူး။ ၁၇ တစ်ကိုယ်လုံးဟာ မျက်စိဖြစ်နေရင် ဘယ်လိုကြားနိုင်မှာလဲ။ တစ်ကိုယ်လုံးဟာ နားဖြစ်နေရင် ဘယ်လို အနံ့ခံနိုင်မှာလဲ။ ၁၈ အခုတော့ ဘုရားသခင်က အလိုရှိတဲ့အတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူ့နေရာနဲ့သူ ထားပေးတယ်။
၁၉ အစိတ်အပိုင်းအားလုံးက တစ်မျိုးတည်းဖြစ်နေရင် ခန္ဓာကိုယ် ဘယ်ရှိတော့မလဲ။ ၂၀ အခုတော့ အစိတ်အပိုင်းတွေ အများကြီးရှိပေမဲ့ ခန္ဓာကိုယ်ကတော့ တစ်ခုတည်းရှိတယ်။ ၂၁ မျက်စိက လက်ကို “မင်းကို ငါမလိုအပ်ဘူး” လို့ ပြောလို့မရဘူး။ ဦးခေါင်းကလည်း ခြေထောက်ကို “မင်းကို ငါမလိုအပ်ဘူး” လို့ ပြောလို့မရဘူး။ ၂၂ သိပ်အရေးမပါဘူးထင်ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ တကယ်တော့ မရှိလို့မဖြစ်ဘူး။ ၂၃ အသရေ သိပ်မရှိဘူးလို့ ထင်ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပိုလို့တောင် ဂရုစိုက်ကြတယ်။ သိပ်ကြည့်မကောင်းဘူးလို့ ထင်ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပိုကြည့်ကောင်းအောင် အလှဆင်ကြတယ်။+ ၂၄ တင့်တယ်ပြီးသား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကတော့ အလှဆင်စရာ မလိုဘူး။ ဒါပေမဲ့ ဘုရားသခင်က အသရေနည်းတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အသရေပိုရှိစေဖို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပေါင်းစပ်ပေးထားတယ်။ ၂၅ ဒါကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း အချင်းချင်း ကွဲပြားမှုမရှိတော့ဘူး။ အစိတ်အပိုင်းတွေဟာ အပြန်အလှန် ဂရုစိုက်ရမယ်။+ ၂၆ အစိတ်အပိုင်းတစ်ခု ဝေဒနာခံစားရရင် ကျန်တဲ့အစိတ်အပိုင်းအားလုံး ထပ်တူခံစားရတယ်။+ အစိတ်အပိုင်းတစ်ခု ချီးမွမ်းခံရရင် ကျန်တဲ့အစိတ်အပိုင်းအားလုံး ထပ်တူဝမ်းမြောက်ကြတယ်။+
၂၇ အခု ခင်ဗျားတို့ဟာ ခရစ်တော်ရဲ့ ခန္ဓာကိုယ်ဖြစ်တယ်။+ တစ်ယောက်စီဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဖြစ်တယ်။+ ၂၈ ဘုရားသခင်က အသင်းတော်မှာ တာဝန်ခန့်အပ်တဲ့အခါ ဦးဆုံး တမန်တော်တွေ၊+ ဒုတိယ ပရောဖက်တွေ၊+ တတိယ ဆရာတွေ၊+ အဲဒီနောက် တန်ခိုးပြနိုင်သူ၊+ ရောဂါကုသပေးနိုင်သူ၊+ ထောက်ပံ့မစသူ၊ ညွှန်ကြားနိုင်စွမ်းရှိသူ၊+ ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းရှိသူ+ ဆိုပြီး အသီးသီး ခန့်ထားတယ်။ ၂၉ အားလုံးဟာ တမန်တော်တွေလား။ အားလုံးဟာ ပရောဖက်တွေလား။ အားလုံးဟာ ဆရာတွေလား။ အားလုံး တန်ခိုးပြနိုင်ကြသလား။ ၃၀ အားလုံးဟာ ရောဂါကုသပေးနိုင်တဲ့ ဆုကျေးဇူး ရထားသလား။ အားလုံးဟာ ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်သလား။+ အားလုံးဟာ ဘာသာပြန်နိုင်ကြသလား။+ ၃၁ ဒါကြောင့် အမြတ်ဆုံး ဆုကျေးဇူးတွေရဖို့ အမြဲကြိုးစားကြပါ။+ သာလွန်ကောင်းမြတ်တဲ့ လမ်းစဉ်ကို ခင်ဗျားတို့ကို ကျွန်တော်ပြပေးမယ်။+
၁၃ ကျွန်တော်ဟာ လူ့ဘာသာစကားနဲ့ ကောင်းကင်တမန် ဘာသာစကားကို ပြောနိုင်ဦးတော့ မေတ္တာမရှိရင် မြည်သံပဲပေးတတ်တဲ့ မောင်းလို၊ တီးသံပဲ ပေးတတ်တဲ့ လင်းကွင်းလို ဖြစ်နေမှာပေါ့။ ၂ ပရောဖက်ပြုနိုင်တဲ့ ဆုကျေးဇူးကိုရပြီး မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အားလုံးကို နားလည်ရင်တောင်၊ အသိပညာကို အံ့ဖွယ်နည်းနဲ့ ရထားရုံမက+ တောင်တွေကို ရွှေ့နိုင်လောက်တဲ့ ယုံကြည်ခြင်းအပြည့်ရှိရင်တောင် မေတ္တာမရှိရင် အချည်းနှီးပဲ။+ ၃ သူတစ်ပါးကို ကျွေးမွေးနိုင်ဖို့ ကိုယ့်ဥစ္စာရှိသမျှကို ပေးတာဖြစ်စေ၊+ ဝါကြွားနိုင်ဖို့ အသက်ကိုပေးတာဖြစ်စေ မေတ္တာမရှိရင်+ ကျွန်တော့်အတွက် ဘာအကျိုးမှမရှိဘူး။
၄ မေတ္တာဟာ+ စိတ်ရှည်တတ်တယ်။+ ကြင်နာတတ်တယ်။+ မေတ္တာဟာ မနာလို မဖြစ်တတ်ဘူး၊+ မဝါကြွားတတ်ဘူး၊ မာန်မာန မရှိဘူး။+ ၅ မတော်မလျော် မကျင့်တတ်ဘူး။*+ ကိုယ်ကျိုး မရှာတတ်ဘူး။+ ဒေါသ မထွက်တတ်ဘူး။+ နစ်နာမှုတွေကို* မမှတ်ထားတတ်ဘူး။+ ၆ မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး။+ အမှန်တရားကြောင့် ဝမ်းသာတတ်တယ်။ ၇ မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။+ အရာရာကို ယုံတတ်တယ်။+ အရာရာကို မျှော်လင့်တတ်တယ်။+ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။+
၈ မေတ္တာဟာ အစဉ်တည်တယ်။ ပရောဖက်ပြုနိုင်တဲ့ ဆုကျေးဇူးကတော့ ကွယ်ပျောက်သွားလိမ့်မယ်။ ဘာသာစကားအမျိုးမျိုး ပြောနိုင်စွမ်းလည်း ရပ်စဲသွားလိမ့်မယ်။ အံ့ဖွယ်နည်းနဲ့ အသိပညာရရှိတဲ့ ဆုကျေးဇူးလည်း ကွယ်ပျောက်သွားလိမ့်မယ်။ ၉ ကျွန်တော်တို့ရဲ့ အသိပညာဟာ အပြည့်အစုံ မဟုတ်ဘူး။+ ကျွန်တော်တို့ ပရောဖက်ပြုတာကလည်း အပြည့်အစုံ မဟုတ်ဘူး။ ၁၀ အပြည့်အစုံ သိလာတဲ့အခါ၊ အပြည့်အစုံ ပရောဖက်ပြုနိုင်တဲ့အခါကျရင်တော့ မပြည့်မစုံ သိတာ၊ မပြည့်မစုံ ပရောဖက်ပြုတာတွေ အဆုံးတိုင်သွားလိမ့်မယ်။ ၁၁ ကျွန်တော်ဟာ ကလေးဘဝတုန်းက ကလေးလိုပဲ ပြောဆိုတတ်တယ်။ ကလေးလို တွေးတတ်တယ်။ ကလေးလိုပဲ ဆင်ခြင်တတ်တယ်။ အခု အရွယ်ရောက်လာတဲ့အခါမှာတော့ ကလေးရဲ့ စရိုက်တွေကို ဖျောက်ပစ်ရတယ်။ ၁၂ အခု ကျွန်တော်တို့က ကြေးမုံမှာ မြင်သလို မှုန်ဝါးဝါးပဲ မြင်ရတယ်။ အဲဒီအခါကျရင်တော့ မျက်ဝါးထင်ထင် မြင်ရလိမ့်မယ်။ အခု မပြည့်မစုံ သိထားတယ်။ အဲဒီအခါကျရင် ဘုရားသခင်က ကျွန်တော့်ကို အကြွင်းမဲ့သိသလိုမျိုး အပြည့်အစုံ သိလာလိမ့်မယ်။ ၁၃ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာဆိုတဲ့ သုံးမျိုးကတော့ ဆက်ရှိနေမယ်။ အဲဒီသုံးမျိုးထဲမှာ ချစ်ခြင်းမေတ္တာဟာ အမြတ်ဆုံးပဲ။+
၁၄ မေတ္တာထားဖို့ အမြဲကြိုးစားပါ။ ဘုရားသခင်ဆီက ဆုကျေးဇူးတွေရဖို့၊ အထူးသဖြင့် ပရောဖက်ပြုနိုင်တဲ့ ဆုကျေးဇူးရဖို့+ ကြိုးစားအားထုတ်ပါ။ ၂ တခြားဘာသာစကားနဲ့ ပြောဆိုတဲ့သူက လူတွေကို မပြော၊ ဘုရားသခင်ကို ပြောတယ်။ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်တွေအကြောင်း+ စွမ်းအားတော်အားဖြင့် သူပြောနေပေမဲ့ ဘယ်သူမှ နားမလည်ဘူး။+ ၃ ပရောဖက်ပြုတဲ့သူကျတော့ လူတွေကို သူ့စကားတွေနဲ့ အားပေးတည်ဆောက်တယ်၊ နှစ်သိမ့်တယ်။ ၄ တခြားဘာသာစကားနဲ့ ပြောဆိုနိုင်စွမ်းရှိသူက ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးတည်ဆောက်တယ်။ ပရောဖက်ပြုတဲ့သူကတော့ အသင်းတော်ကို အားပေးတည်ဆောက်တယ်။ ၅ ခင်ဗျားတို့အားလုံးကို ဘာသာစကား အမျိုးမျိုး ပြောဆိုနိုင်စွမ်း ရှိစေချင်တယ်။+ ဒါပေမဲ့ ပရောဖက်ပြုနိုင်တဲ့ ဆုကျေးဇူးကို ပိုပြီးရစေချင်တယ်။+ ပရောဖက်ပြုတဲ့သူဟာ ဘာသာစကားအမျိုးမျိုး ပြောတဲ့သူထက် သာတယ်။ ဘာသာစကားအမျိုးမျိုး ပြောတဲ့သူဟာ ဘာသာပြန်ပေးသူ မရှိရင် အသင်းတော်ကို အားပေးတည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ၆ ညီအစ်ကိုတို့၊ အခုချိန်မှာ ကျွန်တော်က ခင်ဗျားတို့ကို ဘာသာစကား အမျိုးမျိုးနဲ့ ပြောခဲ့ရင်လည်း ဗျာဒိတ်တော်အကြောင်း ဟောတာ၊+ အသိပညာပေးတာ၊+ ပရောဖက်ပြုတာ၊ သွန်သင်တာတွေ မလုပ်ဘူးဆိုရင် ခင်ဗျားတို့ ဘာအကျိုးရနိုင်မှာလဲ။
၇ အလားတူပဲ၊ ပလွေဖြစ်စေ၊ စောင်းဖြစ်စေ သက်မဲ့တူရိယာတွေတောင် အသံ မပီပြင်ရင် ပလွေသံမှန်း၊ စောင်းသံမှန်း ဘယ်လိုလုပ် သိနိုင်မလဲ။ ၈ ခရာမှုတ်သံ မပီပြင်ရင် တိုက်ပွဲအတွက် ဘယ်သူ အသင့်ပြင်နိုင်မလဲ။ ၉ အလားတူပဲ၊ နားလည်လွယ်တဲ့စကားနဲ့ မပြောဘူးဆိုရင် ဘာပြောနေမှန်း ဘယ်သူသိနိုင်မလဲ။ လေထဲကို ပြောသလို ဖြစ်နေမှာပေါ့။ ၁၀ ဒီလောကမှာ ဘာသာစကားအမျိုးမျိုး ပြောကြတယ်။ အဓိပ္ပာယ်မရှိတဲ့ ဘာသာစကားဆိုတာ မရှိဘူး။ ၁၁ ကျွန်တော် နားမလည်တဲ့ ဘာသာစကားကို ပြောဆိုသူအတွက် ကျွန်တော်ဟာ တိုင်းတစ်ပါးသား ဖြစ်နေမှာပေါ့။ ပြောဆိုသူကလည်း ကျွန်တော့်အတွက် တိုင်းတစ်ပါးသား ဖြစ်နေမှာပေါ့။ ၁၂ ခင်ဗျားတို့လည်း အလားတူပဲ။ စွမ်းအားတော် ဆုကျေးဇူးတွေ လိုချင်တောင့်တနေတာဆိုတော့ အသင်းတော်ကို အားပေးနိုင်ဖို့ ဆုကျေးဇူး များများရအောင် ကြိုးစားကြပါ။+
၁၃ ဒါကြောင့် တခြားဘာသာစကားနဲ့ ပြောဆိုနိုင်စွမ်းရှိသူဟာ ဘာသာပြန်နိုင်အောင် ဆုတောင်းပါစေ။+ ၁၄ တခြားဘာသာစကားနဲ့ ကျွန်တော် ဆုတောင်းနေတယ်ဆိုရင် စွမ်းအားတော် ဆုကျေးဇူးကြောင့် ဆုတောင်းတာမှန်ပေမဲ့ အဓိပ္ပာယ်ကိုတော့ ကျွန်တော် နားမလည်ဘူး။ ၁၅ ဒီတော့ ဘယ်လို လုပ်ရမလဲ။ ကျွန်တော်က စွမ်းအားတော် ဆုကျေးဇူးကြောင့် ဆုတောင်းမယ်။ ကျွန်တော်နားလည်တဲ့ စကားနဲ့လည်း ဆုတောင်းမယ်။ စွမ်းအားတော်ဆုကျေးဇူးကြောင့် ချီးမွမ်းသီချင်း ဆိုမယ်။ ကျွန်တော်နားလည်တဲ့ စကားနဲ့လည်း ချီးမွမ်းသီချင်းဆိုမယ်။ ၁၆ ခင်ဗျားက စွမ်းအားတော် ဆုကျေးဇူးကြောင့်ပဲ ကျေးဇူးတော်ချီးမွမ်းမယ်ဆိုရင် သာမန်လူတွေက ခင်ဗျား ဘာတွေပြောနေမှန်း နားမလည်တဲ့အတွက် “အာမင်”* လို့ဘယ်လိုပြောနိုင်မလဲ။ ၁၇ ခင်ဗျားက ကျေးဇူးတော်ကို ကောင်းကောင်းမွန်မွန် ချီးမွမ်းပါရဲ့၊ ခက်တာက တခြားသူအတွက် အားပေးမှု မဖြစ်ဘူး။ ၁၈ ဘာသာစကားအမျိုးမျိုးကို ခင်ဗျားတို့ထက် ကျွန်တော်ပြောဆိုတတ်လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ၁၉ ဒါပေမဲ့ ကျွန်တော်က အသင်းတော်မှာ တခြားဘာသာစကားနဲ့ စကားအခွန်း တစ်သောင်း ပြောမယ့်အစား သူတစ်ပါးကို သွန်သင်ဖို့ နားလည်နိုင်တဲ့စကား ငါးခွန်းပဲ ပြောချင်တယ်။+
၂၀ ညီအစ်ကိုတို့၊ ကလေးငယ်တွေလို မစဉ်းစားပါနဲ့။+ မကောင်းမှုမှာတော့ ကလေးငယ်တွေလို ဖြစ်ကြပါ။+ အရွယ်ရောက်သူတွေလို စဉ်းစားပါ။+ ၂၁ “‘တိုင်းတစ်ပါးသားတွေရဲ့ ဘာသာစကား၊ သူစိမ်းတွေရဲ့ ဘာသာစကားနဲ့ ဒီလူမျိုးကို ငါပြောမယ်။ ဒါတောင် သူတို့ နားထောင်မှာ မဟုတ်ဘူး’ ဆိုပြီး ယေဟောဝါ* ဘုရား ပြောတယ်”+ လို့ ပညတ်ကျမ်းမှာရေးထားတယ်။ ၂၂ ဒါကြောင့် ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်စွမ်းဟာ ယုံကြည်သူတွေအတွက် မဟုတ်ဘဲ မယုံကြည်သူတွေအတွက် အထောက်အထားပဲ။+ ပရောဖက်ပြုနိုင်စွမ်းကတော့ မယုံကြည်သူတွေအတွက် မဟုတ်ဘဲ ယုံကြည်သူတွေအတွက် အထောက်အထားပဲ။ ၂၃ အသင်းတော်တစ်ခုလုံး တစ်နေရာမှာ အတူစုဝေးပြီး ဘာသာစကားအမျိုးမျိုးနဲ့ ပြောဆိုနေတုန်း သာမန်လူတွေ ဒါမှမဟုတ် မယုံကြည်သူတွေ ရောက်လာရင် ခင်ဗျားတို့ကို စိတ်မမှန်သူတွေလို့ ပြောကြမယ် မဟုတ်လား။ ၂၄ ဒါပေမဲ့ ခင်ဗျားတို့ ပရောဖက်ပြုနေတုန်း မယုံကြည်သူ ဒါမှမဟုတ် သာမန်လူ ရောက်လာရင် ခင်ဗျားတို့ရဲ့ စကားတွေဟာ သူ့ကို ဆုံးမသလိုဖြစ်ပြီး သူ့ကိုယ်သူ ဝေဖန်ဆန်းစစ် စေလိမ့်မယ်။ ၂၅ အဲဒီအခါ သူ့စိတ်ထဲ ကိန်းအောင်းနေတာတွေကို သူကိုယ်တိုင် သိလာလိမ့်မယ်။ ဒါကြောင့် “ခင်ဗျားတို့နဲ့အတူ ဘုရားသခင် တကယ်ရှိတာပဲ”+ ဆိုပြီး ဘုရားသခင်ကို ပျပ်ဝပ်ကိုးကွယ်လိမ့်မယ်။
၂၆ ဒါဆိုရင် ညီအစ်ကိုတို့၊ ဘယ်လိုလုပ်မလဲ။ ခင်ဗျားတို့ စုဝေးကြတဲ့အခါ တစ်ယောက်က ဆာလံသီချင်းဆိုတယ်၊ တစ်ယောက်က သွန်သင်တယ်၊ တစ်ယောက်က ဗျာဒိတ်တော်ကို ဖော်ပြတယ်၊ တစ်ယောက်က တခြားဘာသာစကားနဲ့ ဟောပြောတယ်၊ တစ်ယောက်က ဘာသာပြန်တယ်။+ ဘယ်ဆုကျေးဇူးပဲဖြစ်ပါစေ သူတစ်ပါးကို အားပေးမှုဖြစ်စေပါ။ ၂၇ တခြားဘာသာစကားနဲ့ ဟောပြောတဲ့သူရှိရင် နှစ်ယောက်၊ အလွန်ဆုံး သုံးယောက်ပဲ ထားပါ။ သူတို့ အလှည့်ကျ ဟောပြောပါစေ။ တစ်ယောက်က ဘာသာပြန်ပေးရမယ်။+ ၂၈ ဘာသာပြန်ပေးမယ့်သူ မရှိရင်တော့ တခြားဘာသာစကားနဲ့ ဟောပြောတဲ့သူက အသင်းတော်မှာ တိတ်ဆိတ်စွာနေပြီး စိတ်ထဲမှာပဲ ဘုရားသခင်ကို ပြောပါစေ။ ၂၉ ပရောဖက် နှစ်ယောက် ဒါမှမဟုတ် သုံးယောက်+ ဟောပြောပါစေ။ ကျန်တဲ့သူတွေကတော့ နားထောင်ပြီး အဓိပ္ပာယ်ကို နားလည်ကြပါစေ။ ၃၀ ဒါပေမဲ့ ထိုင်နားထောင်သူတွေထဲမှာ တစ်ယောက်က ဗျာဒိတ်တော် ရပြီဆိုရင် အရင်ဟောနေတဲ့သူက တိတ်ဆိတ်စွာ နေပါစေ။ ၃၁ ဒါမှ ခင်ဗျားတို့အားလုံး တစ်ယောက်တစ်လှည့် ပရောဖက်ပြုနိုင်ကြလိမ့်မယ်။ ကျန်တဲ့သူတွေအားလုံးလည်း သင်ယူခွင့်ရပြီး အားပေးခံရလိမ့်မယ်။+ ၃၂ ပရောဖက်ပြုနိုင်စွမ်းဆိုတဲ့ စွမ်းအားတော်ဆုကျေးဇူးကို အသုံးပြုတဲ့အခါ ပရောဖက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ရမယ်။ ၃၃ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ စည်းစနစ်မရှိတဲ့ဘုရား မဟုတ်ဘူး၊ ငြိမ်သက်ခြင်းလိုလားတဲ့ ဘုရားသခင်ပဲ။+
သန့်ရှင်းသူတွေရဲ့ အသင်းတော်တိုင်းမှာလိုပဲ၊ ၃၄ အသင်းတော်တွေမှာ အမျိုးသမီးတွေ တိတ်ဆိတ်စွာ နေကြပါစေ။ သူတို့ ဟောပြောခွင့် မရှိဘူး။+ ပညတ်တရားမှာ ဖော်ပြထားတဲ့အတိုင်း သူတို့ လက်အောက်ခံကြပါစေ။+ ၃၅ သူတို့ နားမလည်တာရှိရင် အိမ်မှာ ခင်ပွန်းကို မေးမြန်းကြပါစေ။ အမျိုးသမီးတစ်ယောက်က အသင်းတော်မှာ ဟောပြောရင် ဒါဟာ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ပဲ။
၃၆ ဘုရားသခင်ရဲ့ တရားစကားဟာ ခင်ဗျားတို့ဆီကနေ အစပြုတာလား။ ခင်ဗျားတို့ဆီကိုပဲ ရောက်လာတာလား။
၃၇ တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ် ပရောဖက်ဖြစ်တယ်၊ စွမ်းအားတော်ဆုကျေးဇူး ရရှိထားသူဖြစ်တယ်လို့ ထင်နေရင် ကျွန်တော်ရေးလိုက်တာတွေဟာ သခင့်မိန့်မှာချက်တွေပဲဆိုတာ သူ လက်ခံရမယ်။ ၃၈ တစ်ယောက်ယောက်က ဒီအချက်ကို အရေးမလုပ်ဘူးဆိုရင်တော့ ဘုရားသခင်ကလည်း သူ့ကို အရေးလုပ်မှာ မဟုတ်ဘူး။* ၃၉ ဒါကြောင့် ညီအစ်ကိုတို့၊ ပရောဖက်ပြုနိုင်တဲ့ ဆုကျေးဇူးရဖို့ အမြဲ ကြိုးစားအားထုတ်ကြပါ။+ ဘာသာစကားအမျိုးမျိုးနဲ့ ဟောပြောနေသူတွေကိုလည်း မတားမြစ် ကြပါနဲ့။+ ၄၀ အရာရာကို နည်းလမ်းတကျ၊ စည်းစနစ်တကျ လုပ်ဆောင်ကြပါ။+
၁၅ ညီအစ်ကိုတို့၊ ခင်ဗျားတို့ကို ကျွန်တော်ဟောပြောခဲ့တဲ့ သတင်းကောင်းအကြောင်း+ ပြန်သတိရစေချင်တယ်။ အဲဒီသတင်းကောင်းကို ခင်ဗျားတို့ လက်ခံပြီး စွဲစွဲမြဲမြဲ လိုက်နာနေကြတယ်။ ၂ ကျွန်တော်ဟောပြောတဲ့ သတင်းကောင်းကို အခိုင်အမာ စွဲကိုင်ထားလို့ ခင်ဗျားတို့ ကယ်တင်ခံရတာ။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျားတို့ ယုံကြည်သူဖြစ်လာတာ အချည်းနှီးဖြစ်နေမှာပေါ့။
၃ ကိုယ်တိုင်သင်ယူပြီး ခင်ဗျားတို့ကို ပြန်သင်ပေးခဲ့တဲ့ အရေးကြီးဆုံး အချက်ကတော့ ကျမ်းစာမှာ ပြောထားတဲ့အတိုင်း ခရစ်တော်ဟာ ကျွန်တော်တို့အပြစ်အတွက် အသေခံခဲ့တယ်၊+ ၄ သင်္ဂြိုဟ်ခံရပြီးနောက်+ ကျမ်းစာမှာ ပြောထားတဲ့အတိုင်း+ သုံးရက်မြောက်နေ့မှာ+ အသက်ပြန်ရှင်လာတယ်ဆိုတဲ့+ အချက်ပဲ။ ၅ ခရစ်တော်က ကေဖကို၊*+ အဲဒီနောက် တမန်တော် ၁၂ ယောက်ကို+ ကိုယ်ထင်ပြခဲ့တယ်။ ၆ အဲဒီနောက် ညီအစ်ကို ၅၀၀ ကျော်ရှေ့ တစ်ပြိုင်နက် ကိုယ်ထင်ပြခဲ့တယ်။+ သူတို့ထဲမှာ တချို့က သေခြင်းမှာ အိပ်ပျော်နေပြီဖြစ်ပေမဲ့ အများစုကတော့ အခုထိ အသက်ရှင်နေတုန်းပဲ။ ၇ အဲဒီနောက် ယာကုပ်ကို၊+ ပြီးတော့ တမန်တော်အားလုံးကို ကိုယ်ထင်ပြခဲ့တယ်။+ ၈ နောက်ဆုံးမှာ အချိန်မတန်ဘဲ မွေးလာတဲ့သူနဲ့တူတဲ့ ကျွန်တော့်ကိုပါ+ ကိုယ်ထင်ပြခဲ့တယ်။
၉ ကျွန်တော်ဟာ တမန်တော်တွေထဲမှာ အရေးမပါဆုံး သူပါ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲခဲ့လို့+ တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး။ ၁၀ ဒါပေမဲ့ ဘုရားသခင်ရဲ့ မဟာကရုဏာကြောင့် ဒီတာဝန်ကို အခုလို ကျွန်တော် ထမ်းဆောင်နိုင်တာပါ။ ကျွန်တော်ခံစားရတဲ့ မဟာကရုဏာတော်ဟာ အချည်းနှီးမဖြစ်ခဲ့ဘူး။ တခြားတမန်တော်တွေထက် ကျွန်တော် ပိုကြိုးစားအားထုတ်တယ်။ ဒါပေမဲ့ ကျွန်တော့်အစွမ်းအစကြောင့် မဟုတ်ဘဲ ဘုရားသခင်က မဟာကရုဏာတော်အားဖြင့် ကူညီပေးလို့ လုပ်နိုင်တာပါ။ ၁၁ ကျွန်တော်ဖြစ်စေ၊ သူတို့ဖြစ်စေ ဒီအကြောင်းအရာကိုပဲ ဟောခဲ့တယ်၊ ခင်ဗျားတို့လည်း ယုံကြည်လက်ခံခဲ့တယ်။
၁၂ ခရစ်တော်ဟာ သေရာကနေ အသက်ပြန်ရှင်လာတဲ့အကြောင်း ကျွန်တော်တို့ ဟောပြောခဲ့တယ်။+ ဒါပေမဲ့ ခင်ဗျားတို့ထဲမှာ တချို့က လူသေတွေ ရှင်ပြန်ထမြောက်မှာ မဟုတ်ဘူးဆိုပြီး ဘာလို့ပြောနေကြတာလဲ။ ၁၃ လူသေတွေ ရှင်ပြန်ထမြောက်မှာ မဟုတ်ဘူးဆိုရင် ခရစ်တော်လည်း အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး။ ၁၄ ခရစ်တော်သာ အသက်ပြန်မရှင်ခဲ့ရင် ကျွန်တော်တို့ ဟောပြောနေတာ အချည်းနှီးဖြစ်သွားမှာပေါ့။ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းလည်း အချည်းနှီးဖြစ်သွားမှာပေါ့။ ၁၅ အဲဒီအပြင် လူသေတွေသာ မထမြောက်ဘူးဆိုရင် ခရစ်တော်ကို ထမြောက်အောင် ဘုရားသခင် မလုပ်ပေးခဲ့ဘဲနဲ့ လုပ်ပေးတယ်လို့+ ဟောတဲ့အတွက် ကျွန်တော်တို့ဟာ ဘုရားသခင်အကြောင်း မဟုတ်မမှန် သက်သေခံသူတွေ+ ဖြစ်သွားမှာပေါ့။ ၁၆ ဘာကြောင့်လဲဆိုတော့ လူသေတွေ အသက်ပြန်မရှင်ဘူးဆိုရင် ခရစ်တော်လည်း အသက်ပြန်ရှင်မှာ မဟုတ်ဘူး။ ၁၇ ခရစ်တော် အသက်ပြန်မရှင်ဘူးဆိုရင် ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ အချည်းနှီးဖြစ်သွားပြီ။ အဲဒီလိုသာဆိုရင် အပြစ်နွံထဲမှာ ခင်ဗျားတို့ နစ်နေဦးမှာပဲ။+ ၁၈ အဲဒီအပြင် ခရစ်တော်ရဲ့ တပည့်အဖြစ် သေခြင်းမှာ အိပ်ပျော်သွားသူတွေလည်း ထာဝရဆုံးပါးရမှာပဲ။+ ၁၉ ဒီဘဝမှာပဲ ခရစ်တော်ကို မျှော်လင့်ခွင့်ရတယ်ဆိုရင် ကျွန်တော်တို့ဟာ သနားစရာအကောင်းဆုံးလူတွေ ဖြစ်သွားပြီ။
၂၀ ဒါပေမဲ့ ခရစ်တော်ဟာ သေရာကနေ အသက်ပြန်ရှင်ခဲ့ပြီ။ သေခြင်းမှာ အိပ်ပျော်သွားသူတွေထဲမှာ သူဟာ ဦးဆုံးပဲ။*+ ၂၁ လူတစ်ယောက်ကြောင့် လူတွေ သေဆုံးရသလို+ လူတစ်ယောက်ကြောင့် လူသေတွေ ရှင်ပြန်ထမြောက်ရပြီ။+ ၂၂ အာဒံကြောင့် လူအားလုံး သေဆုံးရသလို+ ခရစ်တော်ကြောင့် လူအားလုံး အသက်ရှင်ရလိမ့်မယ်။+ ၂၃ ဒါပေမဲ့ သူတို့ အစဉ်လိုက် ထမြောက်လိမ့်မယ်။ ခရစ်တော်ဟာ ဦးဆုံး ထမြောက်ခဲ့တယ်၊*+ အဲဒီနောက် ခရစ်တော် ပိုင်ဆိုင်သူတွေဟာ ခရစ်တော် ရောက်ရှိနေချိန်အတွင်း ရှင်ပြန်ထမြောက်လိမ့်မယ်။+ ၂၄ နောက်ဆုံးမှာ ခရစ်တော်က အစိုးရရှိသမျှ၊ အခွင့်အာဏာနဲ့ တန်ခိုးရှိသမျှကို ဖျက်ဆီးပြီးနောက် နိုင်ငံတော်ကို အဖဘုရားသခင်ဆီ အပ်ပေးလိမ့်မယ်။+ ၂၅ ခရစ်တော်က ရန်သူအားလုံးကို မိမိရဲ့ခြေအောက်မှာ ဘုရားသခင် ချထားမယ့်အချိန်အထိ အုပ်စိုးရလိမ့်မယ်။+ ၂၆ အဲဒီနောက် နောက်ဆုံးရန်သူဖြစ်တဲ့ သေခြင်းဟာ ဖျက်ဆီးခံရလိမ့်မယ်။+ ၂၇ ဘာလို့လဲဆိုတော့ ဘုရားသခင်က “အရာခပ်သိမ်းကို ခရစ်တော်ရဲ့ ခြေအောက်မှာ ချထားလိုက်ပြီ။”+ ဒါပေမဲ့ “အရာခပ်သိမ်းကို ချထားလိုက်ပြီ” လို့ပြောတဲ့အခါ+ အရာခပ်သိမ်းကိုချထားတဲ့ဘုရားသခင် မပါဝင်မှန်း ထင်ရှားပါတယ်။+ ၂၈ အရာခပ်သိမ်းကို သားတော်ရဲ့ခြေအောက်မှာ ချထားပြီးတဲ့အခါ အရာခပ်သိမ်းကို ချထားတဲ့ ဘုရားသခင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံလိမ့်မယ်။+ အဲဒီအခါ ဘုရားသခင်ဟာ လူအားလုံးရဲ့ တစ်ပါးတည်းသော အုပ်စိုးရှင် ဖြစ်လိမ့်မယ်။+
၂၉ လူသေတွေ အသက်ပြန်မရှင်ဘူးဆိုရင် သေခြင်းမှာ နှစ်ခြင်းခံခဲ့သူတွေ ဘယ့်နှယ်လုပ်ကြမလဲ။+ လူသေတွေ အသက်ပြန်မရှင်ဘူးဆိုရင် အဲဒီလိုနှစ်ခြင်းမျိုးကို သူတို့ ဘာလို့ခံခဲ့ကြမှာလဲ။ ၃၀ ကျွန်တော်တို့လည်း အသက် အန္တရာယ်ရှိမှန်း သိလျက်နဲ့ ဘာလို့ တစ်ချိန်လုံး စွန့်စားနေရမှာလဲ။+ ၃၁ ညီအစ်ကိုတို့၊ သခင်ခရစ်တော်ယေရှုရဲ့ တပည့်တွေဖြစ်တဲ့ ခင်ဗျားတို့အတွက် ဂုဏ်ယူတဲ့စိတ်ကို သက်သေထားပြီး ပြောမယ်။ ကျွန်တော်ဟာ သေဘေးနဲ့ နေ့စဉ်ကြုံနေရတယ်။ ၃၂ တခြားသူတွေလို* ဧဖက်မြို့မှာ သားရဲတိရစ္ဆာန်တွေနဲ့ တိုက်ခိုက်ခဲ့ရတာ+ ကျွန်တော့်အတွက် ဘာအကျိုးရှိမှာလဲ။ လူသေတွေ အသက်ပြန်မရှင်ဘူးဆိုရင် “စားကြ၊ သောက်ကြစို့။ မနက်ဖြန် သေရမှာပဲ။”+ ၃၃ လှည့်စားမခံကြပါနဲ့။ မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့အကျင့်ကို* ပျက်စီးစေတတ်တယ်။+ ၃၄ အသိတရားရပြီး ဖြောင့်မတ်တဲ့အရာကို လုပ်ကြပါ။ အပြစ်မလုပ်ပါနဲ့တော့။ တချို့က ဘုရားသခင်ကို မသိကြဘူး။ ခင်ဗျားတို့ ရှက်တတ်အောင် ကျွန်တော် အဲဒီလိုပြောနေတာ။
၃၅ ဒါပေမဲ့ တစ်ယောက်ယောက်က “လူသေတွေ ဘယ်လို အသက်ပြန်ရှင်လာမှာလဲ။ ဘယ်လိုခန္ဓာမျိုးနဲ့ ထလာကြမှာလဲ”+ လို့မေးပါလိမ့်မယ်။ ၃၆ ဆင်ခြင်ဉာဏ်မဲ့တဲ့သူ၊ ခင်ဗျားစိုက်လိုက်တဲ့မျိုးစေ့က အရင်ဆုံး ပျက်သွားမှ အပင်ပေါက်လာမှာ မဟုတ်လား။ ၃၇ ခင်ဗျားစိုက်ပျိုးတဲ့အခါ ပေါက်ပြီးသားအပင်ကို စိုက်တာ မဟုတ်ဘူး။ ဂျုံစေ့ဖြစ်စေ၊ တခြားမျိုးစေ့ဖြစ်စေ အစေ့ကိုသာ စိုက်ရတာ။ ၃၈ ဘုရားသခင်က မျိုးစေ့တိုင်းကို အလိုရှိတဲ့အတိုင်း အပင်ပေါက်စေတယ်။ မျိုးစေ့တွေ အပင်ပေါက်လာတဲ့အခါ တစ်မျိုးနဲ့တစ်မျိုး မတူကြဘူး။ ၃၉ သတ္တဝါလည်း တစ်မျိုးတည်းရှိတာ မဟုတ်ဘူး။ လူ၊ နွား၊ ငှက်၊ ငါးဆိုပြီး အမျိုးမျိုးရှိတယ်။ ၄၀ ကောင်းကင်ပေါ်ကအရာတွေဟာ+ မြေကြီးပေါ်ကအရာတွေနဲ့+ ခန္ဓာချင်း မတူကြဘူး။ ကောင်းကင်ပေါ်ကအရာတွေရဲ့ အလှကျက်သရေက တစ်မျိုး၊ မြေကြီးပေါ်ကအရာတွေရဲ့ အလှကျက်သရေက တစ်မျိုးရှိတယ်။ ၄၁ နေ၊ လ၊ ကြယ်တွေမှာ အလှကျက်သရေ တစ်မျိုးစီရှိတယ်။+ ကြယ်တစ်လုံးနဲ့ တစ်လုံး အလှကျက်သရေ မတူကြဘူး။
၄၂ လူသေတွေ ရှင်ပြန်ထမြောက်တာလည်း အဲဒီလိုပဲ။ သေဆုံးတဲ့ ခန္ဓာကိုယ်ဟာ ပုပ်ပျက်သွားတယ်။ အသက်ပြန်ရှင်လာတဲ့ ခန္ဓာကိုယ်ဟာ မပုပ်ပျက်နိုင်ဘူး။+ ၄၃ အသရေမရှိဘဲ သေဆုံးတယ်၊ ဘုန်းအသရေနဲ့ အသက်ပြန်ရှင်လာတယ်။+ အားနည်းတဲ့ခန္ဓာ သေဆုံးတယ်။ ခွန်အားပြည့်စုံတဲ့ခန္ဓာနဲ့ အသက်ပြန်ရှင်လာတယ်။+ ၄၄ ရုပ်ခန္ဓာ သေဆုံးတယ်။ ဝိညာဉ်ခန္ဓာနဲ့ အသက်ပြန်ရှင်လာတယ်။ ရုပ်ခန္ဓာရှိရင် ဝိညာဉ်ခန္ဓာလည်း ရှိရမယ်။ ၄၅ “ပထမလူ အာဒံဟာ အသက်ရှင်သူ ဖြစ်လာတယ်”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ နောက်ဆုံးအာဒံဟာ အသက်ရှင်စေတဲ့ ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်လာတယ်။+ ၄၆ ဝိညာဉ်ခန္ဓာက အရင်ဖြစ်တာ မဟုတ်ဘူး။ ရုပ်ခန္ဓာက အရင်ဖြစ်တာ။ နောက်မှ ဝိညာဉ်ခန္ဓာဖြစ်တာ။ ၄၇ ပထမလူဟာ မြေကြီးထဲကလာပြီး မြေမှုန့်နဲ့ ဖန်ဆင်းခံရတာ။+ ဒုတိယလူကတော့ ကောင်းကင်ကနေ လာတာ။+ ၄၈ ဒီလောကမှာရှိတဲ့လူတွေဟာ မြေမှုန့်နဲ့ ဖန်ဆင်းခံရတဲ့သူနဲ့ တူတယ်။ ကောင်းကင်မှာရှိတဲ့သူတွေဟာ ကောင်းကင်ကလာတဲ့သူနဲ့ တူတယ်။+ ၄၉ ကျွန်တော်တို့ဟာ မြေမှုန့်နဲ့ ဖန်ဆင်းခံရတဲ့သူနဲ့ တူသလို+ ကောင်းကင်ကလာတဲ့သူနဲ့လည်းတူလိမ့်မယ်။+
၅၀ ညီအစ်ကိုတို့၊ ကျွန်တော်ပြောချင်တာက အသွေးအသားရှိတဲ့ ရုပ်ခန္ဓာဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကိုအမွေမခံနိုင်ဘူး။ ပုပ်ပျက်တတ်တဲ့အရာဟာ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို အမွေမခံနိုင်ဘူး။ ၅၁ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်– ကျွန်တော်တို့ဟာ သေခြင်းမှာ အားလုံးအိပ်ပျော်ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ပြောင်းလဲသွားကြမှာ။+ ၅၂ နောက်ဆုံးခရာမှုတ်ချိန် အတောအတွင်းမှာ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားမှာ။ ခရာမှုတ်တဲ့အခါ+ သေဆုံးသွားသူတွေဟာ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို အသက်ရှင်လာမယ်။ ကျွန်တော်တို့ ပြောင်းလဲသွားမယ်။ ၅၃ ပုပ်ပျက်တတ်တဲ့အရာဟာ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို ပြောင်းလဲရမယ်။+ သေနိုင်တဲ့အရာဟာ မသေနိုင်တဲ့အဖြစ်ကို ပြောင်းလဲရမယ်။+ ၅၄ ပုပ်ပျက်နိုင်တဲ့အရာက မပုပ်ပျက်နိုင်တဲ့အဖြစ်၊ သေနိုင်တဲ့အရာက မသေနိုင်တဲ့အဖြစ်ကို ပြောင်းလဲသွားတဲ့အခါ “သေမင်းကို ထာဝစဉ်ဖယ်ရှားလိုက်ပြီ”+ ဆိုတဲ့ ကျမ်းစကား ပြည့်စုံလာမယ်။ ၅၅ “သေမင်း၊ မင်းရဲ့အောင်ပွဲ ဘယ်မှာလဲ။ သေမင်း၊ မင်းရဲ့အဆိပ်ဆူး ဘယ်မှာလဲ”+ ဆိုတဲ့ ကျမ်းစကားလည်း ပြည့်စုံလာမယ်။ ၅၆ သေခြင်းကို ဖြစ်စေတဲ့ အဆိပ်ဆူးဟာ အပြစ်ပဲ။+ အပြစ်က ပညတ်တရားဆီကနေ အစွမ်းတန်ခိုးရတယ်။+ ၅၇ ဒါပေမဲ့ သခင်ယေရှုခရစ်အားဖြင့် သေခြင်းကို အောင်မြင်ခွင့် ပေးသနားတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြီးမားလှပါတယ်။+
၅၈ ဒါကြောင့် ချစ်ရတဲ့ ညီအစ်ကိုတို့၊ မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ။+ သခင့်အတွက် ခင်ဗျားတို့ ကြိုးစားအားထုတ်နေတာတွေ အချည်းနှီးမဖြစ်မှန်း+ သိထားပြီး သခင့်အလုပ်မှာ အမြဲ အလုပ်များနေကြပါ။+
၁၆ သန့်ရှင်းသူတွေအတွက် အလှူငွေကောက်တာနဲ့ပတ်သက်ပြီး+ ဂလာတိပြည်မှာရှိတဲ့ အသင်းတော်တွေဆီ ကျွန်တော်ညွှန်ကြားတဲ့အတိုင်း ခင်ဗျားတို့ လိုက်နာကြပါ။ ၂ ကျွန်တော် ရောက်လာတဲ့အခါကျမှ အလှူငွေကောက်တာမျိုး မဖြစ်အောင် သီတင်းပတ်ရဲ့ ပထမနေ့တိုင်း ခင်ဗျားတို့ တတ်နိုင်သလောက် ဥစ္စာတချို့ကို အိမ်မှာ သီးသန့်ဖယ်ထားကြပါ။ ၃ ကျွန်တော် ရောက်လာတဲ့အခါ အဲဒီစေတနာအလှူတွေကို ခင်ဗျားတို့ စာရေးထောက်ခံထားသူတွေနဲ့အတူ+ ဂျေရုဆလင်မြို့ဆီ ပို့လိုက်မယ်။ ၄ ကျွန်တော်သွားဖို့ လိုအပ်လာရင်လည်း သူတို့နဲ့အတူ သွားမယ်။
၅ မက်ဆီဒိုးနီးယားပြည်ကို ကျွန်တော် သွားမှာဖြစ်လို့ အဲဒီကိုသွားပြီးရင်တော့ ခင်ဗျားတို့ဆီ လာခဲ့မယ်။+ ၆ ဖြစ်နိုင်ရင် ခင်ဗျားတို့ဆီမှာ အတန်ကြာ နေမယ်။ ဆောင်းကုန်တဲ့အထိလည်း ဖြစ်နိုင်တယ်။ အဲဒီနောက် ကျွန်တော်သွားမယ့်နေရာဆီ ခင်ဗျားတို့ ခရီးတစ်ထောက် လိုက်ပို့ပေးလို့ရတာပေါ့။ ၇ လမ်းကြုံလို့ ခင်ဗျားတို့ကို ဝင်တွေ့တာမျိုးတော့ မဖြစ်ချင်ဘူး။ ယေဟောဝါ* အလိုရှိရင် ခင်ဗျားတို့ဆီမှာ အကြာကြီးနေရဖို့ မျှော်လင့်ပါတယ်။+ ၈ အခုတော့ ပင်တေကုတ္တေပွဲ* နေ့အထိ ဧဖက်မြို့မှာပဲ+ ကျွန်တော်ရှိနေမယ်။ ၉ ဘာလို့လဲဆိုတော့ အမှုဆောင်ဖို့ အခွင့်အရေးတံခါးကြီး ကျွန်တော့်အတွက် ပွင့်နေလို့ပါ။+ ဒါပေမဲ့ ဆန့်ကျင်သူတွေလည်း အများသားပဲ။
၁၀ ခင်ဗျားတို့ဆီ တိမောသေ+ ရောက်လာရင် သူ စိုးရွံ့နေရတာမျိုး မဖြစ်အောင် ကူညီပေးကြပါ။ သူဟာ ကျွန်တော့်လိုပဲ ယေဟောဝါရဲ့* အမှုတော်ကို ဆောင်ရွက်နေတဲ့သူပါ။+ ၁၁ ဒါကြောင့် သူ့ကို မခန့်လေးစား မလုပ်ကြပါနဲ့။ ကျွန်တော့်ဆီ သူ ချောချောမောမော ပြန်လာနိုင်အောင် လိုက်ပို့ပေးကြပါ။ ကျွန်တော့်လိုပဲ ညီအစ်ကိုတွေလည်း သူ့ကို စောင့်မျှော်နေတယ်။
၁၂ ညီအစ်ကို အာပေါလုကို+ ညီအစ်ကိုတွေနဲ့အတူ ခင်ဗျားတို့ဆီ အလည်သွားဖို့ ကျွန်တော် မေတ္တာရပ်ခံထားတယ်။ အခုတော့ သူ လာဖို့ မရည်ရွယ်သေးဘူး။ အခြေအနေပေးရင်တော့ သူလာမှာပါ။
၁၃ နိုးကြားနေကြပါ။+ ယုံကြည်ခြင်း ခိုင်မြဲနေကြပါ။+ ရဲစွမ်းသတ္တိ ရှိကြပါ။+ အစွမ်းခွန်အားလည်း ရှိကြပါ။+ ၁၄ အရာရာကို မေတ္တာရှေ့ထားပြီး လုပ်ကြပါ။+
၁၅ ညီအစ်ကိုတို့၊ သတေဖနာရဲ့ အိမ်သူအိမ်သားတွေဟာ အခါယပြည်မှာ ဦးဆုံး တပည့်ဖြစ်လာသူတွေပဲ၊ သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုဖို့ အသင့်ရှိသူတွေပဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ ဒါကြောင့် ကျွန်တော် အားပေးချင်တာက၊ ၁၆ အဲဒီလိုလူတွေကိုရော ပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားအားထုတ်သူတွေကိုပါ ခင်ဗျားတို့ ဆက်ပြီး လက်အောက်ခံကြပါ။+ ၁၇ ခင်ဗျားတို့မရှိတဲ့အချိန်မှာ သတေဖနာ၊+ ဖော်တုနတ်၊ အခါယကုတို့က ကျွန်တော့်ကို အများကြီးကူညီပေးလို့ သိပ်ဝမ်းသာတယ်။ ၁၈ သူတို့က ကျွန်တော့်ကိုရော ခင်ဗျားတို့ကိုပါ စိတ်လန်းဆန်းစေကြပြီ။ ဒါကြောင့် အဲဒီလိုလူတွေကို လေးစားကြပါ။
၁၉ အာရှနယ်မှာရှိတဲ့ အသင်းတော်တွေက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။ အာကုလနဲ့ ပြစ်က* တို့အပြင် သူတို့အိမ်မှာစုဝေးတဲ့ အသင်းတော်ကလည်း+ ခရစ်ယာန်မေတ္တာ ပို့သလိုက်ပါတယ်။ ၂၀ ညီအစ်ကိုတွေအားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်ပါတယ်။ အချင်းချင်းကို သန့်ရှင်းတဲ့အနမ်းနဲ့ နှုတ်ဆက်ကြပါ။
၂၁ ဒီနှုတ်ဆက်စကားကို ကျွန်တော်ပေါလုကိုယ်တိုင် ရေးလိုက်ပါတယ်။
၂၂ သခင်ကို မချစ်တဲ့သူ ကျိန်ခြင်း ခံရပါစေ။ သခင်၊ ကြွလာပါ။ ၂၃ သခင်ယေရှုရဲ့ မဟာကရုဏာကို ခင်ဗျားတို့ ခံစားရပါစေ။ ၂၄ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ ခင်ဗျားတို့အားလုံးကို မေတ္တာပို့သ လိုက်ပါတယ်။
ပေတရု။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ပေတရု။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
လိင်ဆက်ဆံတာကို ဆိုလို။
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ထွက်သွားချင်တယ်ဆိုရင်။”
နောက်ဆက်တွဲ က၅ ကိုကြည့်။
လိင်စိတ်ပြင်းပြတတ်တဲ့ ငယ်ရွယ်ချိန်ကို ဆိုလို။
ပေတရု။
ဒါမှမဟုတ်၊ “အရည်အချင်းမပြည့်မီတာမျိုး မဖြစ်ရအောင်။”
ဒါမှမဟုတ်၊ “ဆုံးမပြီး၊ ကြပ်မတ်ပြီး။”
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
လိင်အကျင့်ယိုယွင်းမှုအတွက်ပေးတဲ့ အပြစ်ဒဏ်။
တကယ်သေဆုံးတာကို မဟုတ်ဘဲ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်း ဆုံးရှုံးနေတာကို ဆိုလို။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ဒါမှမဟုတ်၊ “မရိုင်းစိုင်းတတ်ဘူး။”
ဒါမှမဟုတ်၊ “အမှားတွေကို။”
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
နောက်ဆက်တွဲ က၅ ကိုကြည့်။
“ဒါကို မသိတဲ့သူက မသိတဲ့အတိုင်း ရှိပါစေ” လည်းဖြစ်နိုင်။
ပေတရု။
မူရင်း၊ “သီးဦးသီးဖျားပဲ။”
မူရင်း၊ “သီးဦးသီးဖျားပဲ။”
“လူ့အမြင်အရ ကြည့်ရင်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ကိုယ်ကျင့်တရားကို။”
နောက်ဆက်တွဲ က၅ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
နောက်ဆက်တွဲ က၅ ကိုကြည့်။
ပြစ်ကိလ။