ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt ဖိလေမုန် ၁-၂၅
  • ဖိလေမုန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖိလေမုန်
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဖိလေမုန်

ဖိလေမုန်

၁ ခရစ်တော် ယေရှုကို ယုံကြည်လို့ အကျဉ်းသား ဖြစ်နေတဲ့ ကျွန်တော်ပေါလုနဲ့+ ညီအစ်ကိုတိမောသေက+ ချစ်မြတ်နိုးရတဲ့ လုပ်ဖော်ဆောင်ဖက် ဖိလေမုန်နဲ့၊ ၂ ညီအစ်မ အပ္ပိ၊ ရဲဘော်ရဲဘက် အာခိပ္ပု၊+ ဖိလေမုန်ရဲ့အိမ်မှာ စုဝေးတဲ့ အသင်းတော်ဆီ+ စာရေးလိုက်ပါတယ်။

၃ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။

၄ ညီအစ်ကို ဖိလေမုန်၊ ကျွန်တော့် ဆုတောင်းချက်ထဲမှာ ခင်ဗျားအကြောင်း ထည့်တောင်းတဲ့အခါတိုင်း ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။+ ၅ ခင်ဗျားရဲ့ ယုံကြည်ခြင်းအကြောင်း၊ သခင်ယေရှုနဲ့ သန့်ရှင်းသူအားလုံးကို ခင်ဗျား ချစ်မြတ်နိုးတဲ့အကြောင်း ကျွန်တော် အမြဲကြားနေရလို့ပါ။ ၆ ခင်ဗျားဆီမှာရော တခြားသူတွေဆီမှာပါရှိတဲ့ ယုံကြည်ခြင်းက ခရစ်တော်အားဖြင့် ရရှိထားတဲ့ ကောင်းချီးအားလုံးကို အသိအမှတ်ပြုလာအောင် ခင်ဗျားကို လှုံ့ဆော်ပေးပါစေလို့ ဆုတောင်းတယ်။ ၇ ခင်ဗျားရဲ့ မေတ္တာအကြောင်း ကြားသိရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး နှစ်သိမ့်မှု ခံစားရပါတယ်။ ခင်ဗျားကြောင့် သန့်ရှင်းသူတွေ စိတ်လန်းဆန်းခဲ့ရတယ်။

၈ ခရစ်တော်ရဲ့ တမန်တော်အနေနဲ့ ကျွန်တော့်မှာ ခင်ဗျားဘာလုပ်သင့်တယ်ဆိုတာ ရဲရဲဝံ့ဝံ့ပြောဆိုခွင့်* ရှိပေမဲ့၊ ၉ ခင်ဗျားပြတဲ့ မေတ္တာကို ထောက်ပြီး မေတ္တာရပ်ခံပါတယ်။ ကျွန်တော်ပေါလုကတော့ ခရစ်တော်ယေရှုကို ယုံကြည်လို့ အကျဉ်းကျနေတဲ့ သက်ကြီးရွယ်အို တစ်ယောက်ပါ။ ၁၀ ကျွန်တော် အကျဉ်းကျနေတုန်းမှာ သားအရင်းလို ဖြစ်လာတဲ့+ သြနေသိမ်အတွက်+ မေတ္တာရပ်ခံနေတာပါ။ ၁၁ သူဟာ ခင်ဗျားအတွက် အသုံးမဝင်သူ ဖြစ်ခဲ့ပေမဲ့ အခုတော့ ခင်ဗျားအတွက်ရော ကျွန်တော့်အတွက်ပါ အသုံးဝင်သူ ဖြစ်လာပြီ။ ၁၂ ကျွန်တော့်ရဲ့ ရင်နှစ်သည်းချာဖြစ်တဲ့ သူ့ကို ခင်ဗျားဆီ ပြန်လွှတ်လိုက်တယ်။

၁၃ သတင်းကောင်းဟောလို့ အကျဉ်းကျနေချိန်အတွင်း+ ကျွန်တော့်ကို အလုပ်အကျွေးပြုဖို့ ခင်ဗျားကိုယ်စား သူ့ကို ခေါ်ထားချင်တာ။ ၁၄ ဒါပေမဲ့ ခင်ဗျားဆီက အခွင့်မရဘဲ ဘာမှမလုပ်ချင်ဘူး။ အတင်းအကျပ်ခိုင်းလို့ မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ကောင်းမှုပြုတာမျိုး ခင်ဗျားကို ဖြစ်စေချင်တယ်။+ ၁၅ သူ ခဏလေး ထွက်ပြေးသွားတာဟာ သူ့ကို အမြဲပြန်ခေါ်ထားဖို့ အကြောင်းဖန်စေတာလည်း ဖြစ်နိုင်တာပဲ။ ၁၆ သူဟာ ကျွန်မဟုတ်တော့ဘူး။+ ကျွန်ထက်မက ပိုသွားပြီ။ ကျွန်တော်တောင် သူ့ကို သိပ်ချစ်မှတော့ ခင်ဗျားဆိုရင် ကျွန်လည်းဖြစ်၊ ခရစ်ယာန်ညီအစ်ကိုလည်း ဖြစ်လာတဲ့ သူ့ကို ပိုလို့တောင် ချစ်မှာပဲ။+ ၁၇ ဒါကြောင့် ကျွန်တော့်ကို မိတ်ဆွေလို သဘောထားတယ်ဆိုရင် ကျွန်တော့်ကို လက်ခံသလို သူ့ကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံပေးပါ။ ၁၈ သူပြစ်မှားခဲ့တာရှိရင်၊ ခင်ဗျားအပေါ် အကြွေးတင်နေရင် ကျွန်တော် တာဝန်ယူပါ့မယ်။ ၁၉ သူ့အကြွေးကို ဆပ်ပါ့မယ်ဆိုတဲ့အကြောင်း ကျွန်တော်ပေါလုကိုယ်တိုင် စာရေးလိုက်ပါတယ်။ တကယ်တော့ ခင်ဗျားလည်း ကျွန်တော့်ကျေးဇူးနဲ့ မကင်းမှန်း ခင်ဗျားသိနေတာပဲ။ ၂၀ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ သခင်ရဲ့တပည့်တွေပါ။ ဒါကြောင့် ကျွန်တော် အကူအညီတောင်းတာကို လိုက်လျောပေးပါ။ ခရစ်တော်ရဲ့ တပည့်အနေနဲ့ ကျွန်တော့်ကို စိတ်လန်းဆန်းစေပါ။

၂၁ ကျွန်တော်ပြောတာကို ခင်ဗျား လိုက်လျောမယ်ဆိုတာ စိတ်ချနေတယ်။ ပြောတာထက်တောင် ပိုပြီး လိုက်လျောမယ်ဆိုတာ သိနေလို့ ခင်ဗျားဆီ အခုလို ရေးလိုက်တာပါ။ ၂၂ ပြီးတော့ ကျွန်တော် တည်းခိုနိုင်အောင်လည်း ပြင်ဆင်ထားပေးပါဦး။ ခင်ဗျားတို့ရဲ့ ဆုတောင်းချက်ကြောင့် မကြာခင် လွတ်မြောက်ပြီး ခင်ဗျားတို့ဆီ ရောက်လာဖို့ မျှော်လင့်တယ်။+

၂၃ ခရစ်တော်ယေရှုကို ယုံကြည်လို့ အတူအကျဉ်းကျနေတဲ့ ဧပဖြက+ ခင်ဗျားကို နှုတ်ဆက်လိုက်တယ်။ ၂၄ လုပ်ဖော်ဆောင်ဖက်တွေဖြစ်တဲ့  မာကု၊ အာရိတ္တာခု၊+ ဒေမ၊+ လုကာတို့ကလည်း+  နှုတ်ဆက်လိုက်တယ်။

၂၅ ခင်ဗျားတို့ရဲ့ မွန်မြတ်တဲ့ စိတ်ထားကြောင့် သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာကို ခံစားရပါစေ။

ခက်ဆစ်ကိုကြည့်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ