ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၅/၈ စာ. ၂၄
  • “နို့စို့သူငယ်တို့ နှုတ်ထဲက”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နို့စို့သူငယ်တို့ နှုတ်ထဲက”
  • နိုးလော့!—၁၉၉၇
နိုးလော့!—၁၉၉၇
န၉၇ ၅/၈ စာ. ၂၄

“နို့စို့သူငယ်တို့ နှုတ်ထဲက”

တောင်အာဖရိကနိုင်ငံ နာတဲလ်ခရိုင်၊ ဘော်လီတိုမြို့မှအမျိုးသမီးတစ်ဦးက ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်အတွက် အထူးကျေးဇူးတင်လေးမြတ်ကြောင်း အောက်ပါအတိုင်းထုတ်ဖော်ရေးသားခဲ့သည်–

“ကျွန်မမှာ ရူဒီနိုင်ဒူးအမည်ရှိ တူမောင်တစ်ယောက်ရှိတယ်။ အသက်ကတစ်နှစ်ခွဲပဲ ရှိသေးပေမဲ့ ပုံတွေကိုမြင်လိုက်ရုံနဲ့ စာအုပ်ထဲကဇာတ်ကောင်တွေရဲ့နာမည် အားလုံးနီးပါးကိုပြောပြနိုင်တယ်။ ပုံထဲမှာ တချို့ကျမ်းစာဇာတ်ကောင်တွေ ဘာလုပ်နေတယ်ဆိုတာတောင် ပြောပြနိုင်တယ်။ ဥပမာ၊ ပုံပြင် ၁၁ မှာ နောဧယဇ်ပူဇော်နေပုံဖော်ပြထားတယ်။ ရူဒီက ‘နောဧ—ယေဟောဝါဆီ ဆုတောင်းနေတယ်’ ဆိုပြီးပြောပြတယ်။

“ပုံပြင် ၄၉ မှာ ယောရှုဘာလုပ်နေသလဲလို့မေးတော့ ရူဒီက ပုံထဲကယောရှုလို ကိုယ်အမူအရာလုပ်ပြပြီး ‘နေ ရပ်နေတယ်’ လို့ပြောပြတယ်။ စကားကိုပီပီသသ မပြောတတ်ပေမဲ့ ရီစရာလည်းကောင်း၊ ချစ်စရာလည်းကောင်းတဲ့လေသံနဲ့ ပြောပြတယ်။

“အင်မတန်ကိုကောင်းတဲ့ဒီစာအုပ်အတွက် ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ။ ကလေးသူငယ်တွေဟာ တချို့လူကြီးတွေတောင်မသိတဲ့ အကြောင်းတွေကိုပြောပြနိုင်ကြတယ်။ ‘နို့စို့သူငယ်တို့နှုတ်ထဲကမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်’ ဆိုတဲ့ မဿဲ ၂၁:၁၆ ကယေရှုရဲ့စကားများဟာ တကယ့်ကိုမှန်ကန်လှပါတယ်။”

ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် ကိုရလိုသော်လည်းကောင်း၊ သင့်အိမ်သို့လာ၍ သင့်အားကျမ်းစာပညာ၏တန်ဖိုးအကြောင်း ရှင်းပြစေလိုသော်လည်းကောင်း ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်မှာ ၅ မှ အနီးဆုံးလိပ်စာသို့ စာရေးဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ