“ကျွန်မသည် အားပေးမှုနှင့် မျှော်လင့်ချက်လိုအပ်နေသူပါ”
သင်ထိုသို့ခံစားဖူးပါသလော။ ယနေ့လူအများမှာ ထိုသို့ခံစားနေရကြသည်။ အာကဲန်စောပြည်နယ်၊ ဖော့တ်စမစ်မြို့မှ အမျိုးသမီးတစ်ဦးက ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်သို့စာရေး၍ ဤသို့ရှင်းပြသည်–
“သင်တို့၏ ထာဝရအသက်ရစေသော အသိပညာစာအုပ်သည် အလွန်ပညာပေး၍ လှုံ့ဆော်မှုဖြစ်စေပါသည်။ ရက်အနည်းငယ်အတွင်းမှာပင် တစ်အုပ်လုံးကို ကျွန်မဖတ်ပြီးသွားသည်။ ထိုစာအုပ်က မကြာမီ ယေရှုခရစ်၏အုပ်ချုပ်မှုအောက် ကတိထားရာကမ္ဘာသစ် ရောက်လာတော့မည်ဟူသည့် မျှော်လင့်ချက်ကို ပေးပါသည်။ ထိုအချိန်ကို ကျွန်မတောင့်တမိပါသည်။
“ယင်းသို့ဖြစ်ပျက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရင်း ဤလောကတွင် အသက်ရှင်ကျန်ရစ်ဖို့ရင်ဆိုင်နေရသည်။ ကျွန်မသည် ဤလောကီရေးရာ၊ ငြီးငွေ့ ဖွယ်၊ ထူးခြားဖြစ်ပျက်ရာမဲ့သော ဘဝအသက်တာကို အလွန်စိတ်ပျက်မိသည်။ ကျွန်မသည် အားပေးမှုနှင့် မျှော်လင့်ချက်လိုအပ်နေသူပါ။ စိတ်ဝင်စားမည်ဆိုလျှင် သင်တို့၏အဖွဲ့အစည်းမှတစ်ဆင့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို ကျွန်မတို့ရနိုင်သည်ဟု သင်တို့ဖော်ပြထားသည်။ ယင်းကို ရရှိရန်ဘာပြုရမည်ကို ကျေးဇူးပြု၍သိပါရစေ။ အဆိုပါအိမ်တွင်းကျမ်းစာသင်အံမှုက ကျွန်မကိုအားပေးရန် အကူအညီဖြစ်စေမည်ဟု ကျွန်မယူဆမိပါသည်။”
ထာဝရအသက်ရစေသော အသိပညာစာအုပ်ကို ရလိုလျှင်လည်းကောင်း၊ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှု လက်ခံသင်ကြားလိုလျှင်လည်းကောင်း ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ မှ အနီးဆုံးလိပ်စာသို့ စာရေးဆက်သွယ်ပါ။