အဖိုးတန်မဂ္ဂဇင်းတစ်စောင်
လန်ဒန်မြို့မှ သူနာပြုတစ်ဦးသည် အောက်ပါမှတ်ချက်ကို နိုးလော့! ထုတ်ဝေသူများထံရေးသားပေးပို့ခဲ့သည်–
“တစ်နေ့တွင် သက်ကြီးရွယ်အိုများနှင့်ပတ်သက်သော ကျွန်မအလုပ်အကြောင်း ကျွန်မ၏အိမ်နီးနားချင်းအသစ်ဖြစ်သည့် ဂျက်ကီနှင့်ပြောနေကြပါသည်။ ‘ကျွန်မဆီမှာ သူတို့ဖတ်ချင်ရင်ဖတ်နိုင်တဲ့ မဂ္ဂဇင်းတချို့ရှိတယ်’ ဟုကျွန်မကို သူမပြောပြသည်။ သူမ၏မဂ္ဂဇင်းများကို အလုပ်သို့ကျွန်မယူသွားပြီး စားပွဲပေါ်တင်ထားလိုက်သည်။ နောက်တစ်ကြိမ်သွားသည့်အခါ မဂ္ဂဇင်းများကိုလှန်လှောထားပုံရှိသောကြောင့် လူတို့ဖတ်ရှုကြသည်ကို ကျွန်မသတိပြုမိခဲ့သည်။
“နောက်ပိုင်း ဆေးရုံတစ်ခုတွင် ကျွန်မအလုပ်ပြောင်းလုပ်ခဲ့သည်။ ကျွန်မအိမ်နီးချင်း၏မဂ္ဂဇင်းအချို့ကို လူနာများစောင့်ဆိုင်းသည့်အခန်းတွင် ထားလိုက်သည်။ ၎င်းတို့ကို ဖတ်ရှုထားကြသည်ကိုတွေ့ရပြန်သည်။ တစ်မနက်တွင် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး၏လက်ကို ကြည့်ရှုပြုစုပေးသည့်အခါ သူမ၏ခင်ပွန်းသည်က ဤသို့ပြောသည်– ‘မင်းတို့ရဲ့စောင့်ဆိုင်းအခန်းက ဒီမဂ္ဂဇင်းကိုယူလာခဲ့တာရမယ်ထင်တာပဲ။ ဒီထဲမှာ ကျုပ်ရဲ့သားကိုဖတ်စေချင်တဲ့ တော်တော်ကောင်းတဲ့ဆောင်းပါးတစ်ခုပါတယ်။’
“ဤမဂ္ဂဇင်းများသည် ကျွန်မအတွက်လည်းကောင်းချီးတစ်ခုဖြစ်သည်။ ကျွန်မသည် သူနာပြုအတတ်ကို သင်ယူနေဆဲဖြစ်သောကြောင့် သုတေသနစာတမ်းများတွင် ၎င်းဆောင်းပါးများထဲမှ အချက်အလက်များကိုအသုံးပြုခဲ့ပြီး ဆရာများထံမှ ကောင်းသောတုံ့ ပြန်မှုရရှိခဲ့ပါသည်။
“ကျွန်မ၏အိမ်နီးချင်းဖြစ်သူဂျက်ကီမှာ ယေဟောဝါသက်သေတစ်ဦးဖြစ်ပြီး ကျွန်မဖော်ပြထားသောမဂ္ဂဇင်းမှာ နိုးလော့! ဖြစ်ပါသည်။ ၎င်းမဂ္ဂဇင်းမှ ကျွန်မဖတ်ရှုခဲ့ရာများသည် ကျွန်မကိုယ်တိုင်နှင့် လူသားတို့၏အနာဂတ်အကြောင်းကို ပို၍နားလည်ရန်ကူညီပေးပါသည်။”
နောက်ထွက်မည့် နိုးလော့! စာစောင်များကိုရလိုသော် ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ မှ အနီးဆုံးလိပ်စာသို့ စာရေးဆက်သွယ်ပါ။