ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၃/၈ စာ. ၂၃
  • ရေနှင့် သင့်ကျန်းမာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရေနှင့် သင့်ကျန်းမာရေး
  • နိုးလော့!—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာလောကသည် ရေပြတ်လပ်လျက်ရှိသလော
    နိုးလော့!—၂၀၀၂
  • ထာဝရအသက်ရှင်ခြင်း အလို့ငှာ ထွက်သောစမ်းရေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • အသက်ရေ ရှာပုံတော်
    နိုးလော့!—၂၀၀၂
  • ရေအားလုံး မည်သည့်နေရာသို့ ရောက်ကုန်ပြီနည်း
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၃/၈ စာ. ၂၃

ရေနှင့် သင့်ကျန်းမာရေး

“သင့်ကိုယ်ခန္ဓာ ရေမည်မျှလိုအပ်သည်ကို ရေဆာခြင်းအပေါ်တွင် မှီခိုအားထား၍မရနိုင်ပါ” ဟုကျန်းမာရေးမဂ္ဂဇင်းတွင် ဖော်ပြထားသည်။ သို့သော် ကျွန်ုပ်တို့၏ ကာယ၊ စိတ္တနှင့် ရုပ်သွင်ကိုပင် ကောင်းကျိုးဖြစ်စေရန် ရေများစွာသောက်ခြင်းသည် အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် ချွေး၊ မျက်ရည်၊ ကျင်ငယ်နှင့် အသက်ရှူခြင်းအားဖြင့်ပင် ရေအဆက်မပြတ်ဆုံးရှုံးလျက်ရှိသည်။ ဤဆုံးရှုံးသွားသည့်အရည်ကို ပြန်လည်အစားထိုးရန်လိုအပ်သည်။ မည်မျှလိုအပ်သနည်း။ ပညာရှင်များစွာက နေ့စဉ် အနည်းဆုံးရေဖန်ခွက်ရှစ်ခွက်—နှစ်ကွတ်—သောက်ရန် အကြံပေးသည်။

အဘယ်ကြောင့်နည်း။ ရေသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာတွင်းသို့ အာဟာရဓာတ်များကို သယ်ဆောင်ပေးရန်နှင့် အညစ်အကြေးများကိုဖယ်ရှားပစ်ရန်အတွက် မရှိမဖြစ်လိုအပ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏အပူချိန်ကိုထိန်းပေးရန်နှင့် ကျွန်ုပ်တို့၏အဆစ်များ ချောမွေ့စွာလှုပ်ရှားနိုင်ရန် ရေလိုအပ်သည်။ “ရေလိုအပ်မှုအနည်းငယ်သာရှိနေလျှင်ပင် မောပန်းခြင်း၊ . . . သို့မဟုတ် ဖျားနေသကဲ့သို့ခံစားရနိုင်သည်” ဟုကျန်းမာရေး တွင်ဖော်ပြထားသည်။ “ရေဓာတ်လျော့နည်းခြင်းသည် ပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေသော လူတို့လျစ်လျူရှုလေ့ရှိသည့် အကြောင်းတစ်ရပ်ဖြစ်သည်။” အဆိုပါမဂ္ဂဇင်းတွင် ဤသို့အကြံပေးထားသည်– “ကဖိန်းဓာတ်ပါသော အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်နှင့် အရက်တို့ဖြင့် မိမိကိုယ်ကိုမလှည့်စားပါနှင့်၊ အမှန်ဆိုလျှင် ၎င်းတို့သည်ရေဓာတ်ကိုလျှော့နည်းစေသည်။” ကဖိန်းနှင့် အရက်သည် ဆီးရွှင်စေပြီး ကိုယ်ခန္ဓာမှရေကိုဆုံးရှုံးစေသည်။

ထို့အပြင် “သင့်အသားအရေနူးညံ့ပျော့ပျောင်းရန် ရေလိုအပ်သည်။” ၎င်းကိုထောက်ကူရန် အရေပြားအတွက် အသားအရေစိုစေသည့်လိမ်းဆေးများကို သုံးစွဲနိုင်သည်။ သို့သော် ယင်းသည် အစိုဓာတ်ကိုထပ်ဖြည့်ပေးခြင်းမဟုတ်ပါ။ ၎င်းအစား အရေပြားတွင်ရှိသောအစိုဓာတ်ကို ထိန်းသိမ်းထားရန်ကူညီပေးသည့် အကာအကွယ်အဖြစ်သာလုပ်ဆောင်သည်။ ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့အရေပြားသည် ရေကိုထိန်းထားနိုင်သောအစွမ်းသတ္တိလျော့နည်းသွားသောကြောင့် အစိုဓာတ်ကိုထိန်းသိမ်းခြင်းသည် အသက်အရွယ်နှင့်အမျှ ပို၍အရေးကြီးလာသည်။

ဝမ်းနည်းစရာမှာ ကမ္ဘာ့ဒေသအတော်များများတွင် အတော်အတန်ကြိုးစားရန်လိုသည့်အရာမှာ သန့်စင်သောရေ လုံလုံလောက်လောက်ရရှိရန်ဖြစ်သည်။ သို့သော် ယင်းသည် ကြိုးစားရကျိုးနပ်ပါသည်။ သင်၏အသွင်အပြင်နှင့် နေထိုင်ကောင်းစေရန် ရေကိုများစွာသောက်ကာ ဤနည်းရိုးရိုးလေးကို အခွင့်အရေးယူပါလေ!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ