ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၂/၈ စာ. ၂၄
  • လူတိုင်းအတွက် “အခန့်သင့်သွန်သင်ချက်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတိုင်းအတွက် “အခန့်သင့်သွန်သင်ချက်”
  • နိုးလော့!—၂၀၀၂
နိုးလော့!—၂၀၀၂
န၀၂ ၂/၈ စာ. ၂၄

လူတိုင်းအတွက် “အခန့်သင့်သွန်သင်ချက်”

“ကျွန်မဟာ ‘သိပ်ကောင်း’ တဲ့ အခန့်သင့်သွန်သင်ချက်ကြောင့် မျက်ရည်ကျတဲ့အထိဖြစ်ခဲ့တယ်။ မိသားစုအတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ခက်ခဲတဲ့အခြေအနေတိုင်းကို (မူအရ) ကိုင်တွယ်ဖြေရှင်းရေးနှင့်ပတ်သက်ပြီး ခရေစေ့တွင်းကျဖော်ပြပေးကာ နားလည်ခံစားပေးတဲ့အတွက် ကျွန်မကိုတကယ်ပဲ ထိမိပြီး တအံ့တသြဖြစ်စေခဲ့တယ်။ အခန်း ၈ ရဲ့တစ်ဝက်လောက်လည်းရောက်ရော ရှင်တို့ဆီစာရေးဖို့ ကျွန်မစာဖတ်ရပ်လိုက်တယ်။ ကျွန်မ,မစောင့်နိုင်တော့ဘူး၊” ဟုမိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်နှင့်ပတ်သက်၍ စာရှုသူတစ်ဦးကရေးသားခဲ့သည်။

ယူ.အက်စ်.အေ.၊ မြောက်ကာရိုလိုင်းနားပြည်နယ်မှ ထိုစာရှုသူက “ကျွန်မရဲ့မိသားစုအပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိကြတဲ့ အခြားသူတွေလည်း ဒီစာအုပ်မှာပါရှိတဲ့ အကြောင်းအရာတွေကို ခါတိုင်းထက် ပိုအာရုံစိုက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်” ဟုကျေးဇူးတင်စွာ ထပ်လောင်းပြောဆိုသည်။

ကမ္ဘာနှင့်အဝန်း လူသန်းပေါင်းများစွာတို့သည် ဤ ၁၉၂-မျက်နှာရှိသော စာပေကြောင့် အကျိုးရရှိခဲ့ကြပေပြီ။ ဤစာအုပ်တွင် မိသားစုဝင်တိုင်း—ခင်ပွန်း၊ ဇနီး၊ မိဘများ၊ ကလေးများနှင့် အဘိုးအဘွားများ—အတွက် အရေးကြီးသောအချက်အလက်များပါရှိသည်။ ယင်း၏မှတ်သားဖွယ်ရာ အခန်းများထဲတွင် “သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ၊” “သင့်ဆယ်ကျော်သက်ကလေးကို ရင့်သန်ဖွံ့ဖြိုးအောင် ကူညီပါ၊” “သင့်မိသားစုကို အပျက်သြဇာများမှ ကာကွယ်စောင့်ရှောက်ပါ၊” နှင့် “အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ” တို့ပါဝင်ကြသည်။

သင့်အတွက်တစ်အုပ်ရဖို့ ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာတစ်ခုခုသို့ ပူးတွဲပါကူပွန်ကို ကျေးဇူးပြု၍ဖြည့်စွက်ပြီး စာတိုက်မှတစ်ဆင့်ပေးပို့ပါ။ ပြဿနာများကိုဖြေရှင်းရန်နှင့် ဖန်ဆင်းရှင်ရည်ရွယ်သည့်အတိုင်း မိသားစုဘဝကို ပျော်မွေ့စေရန် သင့်အားအကူအညီပေးနိုင်သည့် သတ်သတ်မှတ်မှတ် အကြံပြုချက်များကို ရရှိပေလိမ့်မည်။

□ မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်စာအုပ်ကို ကျွန်ုပ်ထံပို့ပေးပါ။

မည်သည့်ဘာသာစကားနှင့်ရလိုကြောင်းဖော်ပြပါ

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ