ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၉/၈ စာ. ၂၄
  • ယင်းကသူ၏အာရုံကို ဖမ်းစားခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယင်းကသူ၏အာရုံကို ဖမ်းစားခဲ့
  • နိုးလော့!—၂၀၀၂
နိုးလော့!—၂၀၀၂
န၀၂ ၉/၈ စာ. ၂၄

ယင်းကသူ၏အာရုံကို ဖမ်းစားခဲ့

ဗဟိုအာဖရိကပြည်သူ့သမ္မတနိုင်ငံ၊ ဘန်ဂီးမြို့တော်၏ လမ်းမကြီးတစ်ခုပေါ်တွင် လူငယ်တစ်ဦးသည် လောကကို အမှန်တကယ် မည်သူ အုပ်ချုပ်နေသနည်း ဝေစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ မေးခွန်းက သူ၏အာရုံကိုဖမ်းစားခဲ့ရာ ယင်းအကြောင်း ပို၍သိလိုစိတ်ပြင်းပြခဲ့သည်။ ယင်းကို သူစတင်ဖတ်ရှုခဲ့ရာ သူ၏သူငယ်ချင်းလည်း စိတ်ဝင်စားကြောင်း ပြခဲ့သည်။ သို့တိုင် တစ်စောင်တည်းရှိသောကြောင့် ပိုင်ရှင်က ယင်းကို ပေးလိုစိတ်မရှိချေ။ အခက်အခဲကို သူတို့ မည်သို့ဖြေရှင်းခဲ့ကြသနည်း။

ဝေစာမိတ္တူတစ်စောင်ရရှိဖို့ (ယူ.အက်စ်.) ၁၅ ဆင့်နှင့်ညီမျှသော ၁၀၀ စီအက်ဖ်အေပေး၍ ဖြေရှင်းခဲ့ကြသည်။ ယင်းသည် ဘန်ဂီးမြို့တော်ရှိ ကျောင်းနေလူငယ်များအတွက် အတော်များသည့်ပမာဏဖြစ်၏။ သို့သော် ယခုအခါ သူတို့နှစ်ဦးစလုံးသည် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောလူတို့ ရရှိကြသည့် သတင်းတရားကိုတစ်စောင်စီ ရရှိထား၍ ပျော်ခဲ့ကြသည်။

ပိုမိုကောင်းလာဖို့အတွက် မကြာမီ ဤလောက၏အုပ်စိုးမှု မည်သို့ပြောင်းလဲမည်ကို သင်ဖတ်ရှုလိုလျှင် ဤဝေစာတစ်စောင်ရယူဖို့ ဖိတ်ခေါ်ပါသည်။ ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသင့်လျော်သောလိပ်စာတစ်ခုသို့ ပူးတွဲပါကူပွန်တွင်ဖြည့်စွက်ပြီး စာတိုက်မှပေးပို့ခြင်းဖြင့် ၃၂-မျက်နှာရှိ “ကြည့်ရှုလော့! ငါသည် အရာခပ်သိမ်းကို အသစ်ဖန်ဆင်းမည်” ဘရိုရှာနှင့်အတူ ဝေစာတစ်စောင်တောင်းခံနိုင်ပါသည်။

□ “ကြည့်ရှုလော့! ငါသည် အရာခပ်သိမ်းကို အသစ်ဖန်ဆင်းမည်” ဘရိုရှာနှင့်အတူ လောကကို အမှန်တကယ် မည်သူအုပ်ချုပ်နေသနည်း ဝေစာတစ်စောင်ကို ကျွန်ုပ်ထံပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ