ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၁၀/၈ စာ. ၂၄
  • နက္ခတ္တဗေဒဘာသာရပ်ဆရာမ သဘောကျသွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နက္ခတ္တဗေဒဘာသာရပ်ဆရာမ သဘောကျသွား
  • နိုးလော့!—၂၀၀၃
နိုးလော့!—၂၀၀၃
န၀၃ ၁၀/၈ စာ. ၂၄

နက္ခတ္တဗေဒဘာသာရပ်ဆရာမ သဘောကျသွား

မည်သည့်အရာကို သဘောကျသွားသနည်း။ သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော စာအုပ်ကိုဖြစ်၏။ ရုရှားနိုင်ငံ၊ နိုဗာစက်ခ်မာစ်ခ် မြို့မှ ကျောင်းဆရာမတစ်ဦးက ထိုနိုင်ငံရှိဌာနခွဲရုံးသို့ စာရေးခဲ့သည်။ နောက်ထပ်သိလိုသည့် အချက်အလက်များဖော်ပြပေးရန် တောင်းဆိုမှုနှင့်အတူ သူဤသို့ရှင်းပြသည်–

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မရဲ့မိတ်ဆွေဟောင်းတစ်ဦးနဲ့တွေ့ဆုံခဲ့တာနဲ့ သူ့အိမ်ကို ကျွန်မသွားခဲ့တယ်။ သူ့ရဲ့စာအုပ်စင်ပေါ်မှာ အတော်စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့စာအုပ်တစ်အုပ်ကို ကျွန်မတွေ့ခဲ့တယ်။ သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော ဆိုတဲ့ခေါင်းစဉ်ကို ကျွန်မစိတ်ဝင်စားသွားခဲ့တယ်၊ မျက်နှာဖုံးပေါ်ကရုပ်ပုံကို ပိုပြီးစိတ်ဝင်စားခဲ့တယ်။ ကျွန်မဟာ ရူပဗေဒနဲ့ နက္ခတ္တဗေဒဘာသာရပ် ဆရာမတစ်ဦးဖြစ်တယ်။ စာအုပ်ကို လှန်လှောကြည့်လိုက်တဲ့အခါ သိမှတ်စရာ အဖြာဖြာပါရှိတဲ့အတွက်ကြောင့် ကျွန်မသဘောကျသွားခဲ့တယ်။ ကျွန်မတို့ရဲ့မိသားစုဟာ မျိုးဆက်သုံးဆက်အထိ ဘာသာရေးအကြောင်း မပြောခဲ့ကြဘူး။ ကျွန်မအဖွားရဲ့အမေဟာ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပေမဲ့ အဖွားကျတော့ ကွန်မြူနစ်တစ်ဦးဖြစ်တယ်။ သူတို့ (ကွန်မြူနစ်တွေ) ဟာ ဖန်ဆင်းရှင်ကို မယုံကြည်ကြဘူး။”

“နက္ခတ္တဗေဒဘာသာရပ် ဆရာမတစ်ဦးအနေနဲ့ ကျွန်မဟာ စကြဝဠာရဲ့အစနဲ့ပတ်သက်တဲ့ ယူဆချက်အမျိုးမျိုးကို ကလေးတွေကိုပြောပြဖို့ ဝတ္တရားရှိခဲ့တယ်။ ရှင်တို့ရဲ့စာအုပ်ကို အစအဆုံးဖတ်ပြီးတဲ့နောက် ရှင်တို့ဆီ ကျွန်မရဲ့လိပ်စာနဲ့ စာတစ်စောင်ရေးဖို့ ဆုံးဖြတ်ခဲ့တယ်။ . . . ကျမ်းချက်တွေကို ချက်ချင်းဖတ်နိုင်အောင် ကျမ်းစာအုပ်ကိုငှားပေးဖို့တောင် တောင်းခဲ့တယ်။”

“ဒီစာအုပ်အတွက် ရှင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်! ဒီစာအုပ်ကို ၁၉၉၈ ခုနှစ်မှာထုတ်ဝေခဲ့တဲ့အတွက် ကျွန်မရေးတဲ့ဒီစာဟာ နောက်ကျကောင်း နောက်ကျနေမယ်၊ ဒါပေမဲ့ ရှင်တို့ဆီက သိသင့်တဲ့အချက်အလက်တွေ ရနိုင်ဦးမယ်လို့ ထင်ပါတယ်။”

သင်လည်း ဖော်ပြထားသည့်လိပ်စာအတိုင်း သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ဖော်ပြထားသည့် သက်ဆိုင်ရာလိပ်စာအတိုင်း ပူးတွဲပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်ဖြင့်ပေးပို့ကာ ၁၉၂-မျက်နှာရှိသည့် ဤစာအုပ်ကို မှာယူနိုင်ပါသည်။

□ သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော စာအုပ်တစ်အုပ်ကို ကျွန်ုပ်ထံပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

[Picture Credit Line on page 32]

J. Hester and P. Scowen (AZ State Univ.), NASA

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ