ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၆/၈ စာ. ၁၉
  • ဆပ်ပြာ—“ကိုယ့်လက်ဖြစ် ကာကွယ်ဆေး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆပ်ပြာ—“ကိုယ့်လက်ဖြစ် ကာကွယ်ဆေး”
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန့်ရှင်းမှုသည် အဘယ်ကြောင့် အရေးကြီးသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင့်ကျန်းမာရေးကို ကာကွယ်နိုင်သည့် နည်းခြောက်နည်း
    နိုးလော့!—၁၉၉၈
  • သန့်ရှင်းစင်ကြယ်မှု အမှန်အားဖြင့် အဘယ်အရာကိုဆိုလိုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မာတိကာ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၄
န၀၄ ၆/၈ စာ. ၁၉

ဆပ်ပြာ—“ကိုယ့်လက်ဖြစ် ကာကွယ်ဆေး”

“ကမ္ဘာပေါ်တွင် ကလေးများကိုသေစေသည့် ဒုတိယအကြီးမားဆုံးရန်သူမှာ ငှက်ဖျား၊ အဆုတ်နာမဟုတ်၊ အေ့ဒ်စ်လည်းမဟုတ်ချေ။ ဝမ်းလျှောခြင်း . . . ဖြစ်သည်” ဟုအီကိုနိုမစ်စ်မဂ္ဂဇင်းက ဖော်ပြ၏။ သို့သော် အဆိုပါသေဆုံးခဲ့သော ကလေးအများစုနှင့် သူတို့၏မိသားစုများသည် လက်ကို ဆပ်ပြာဖြင့် မှန်မှန်ဆေးခဲ့ပါမူ ယနေ့တိုင် အသက်ရှင်နေကြဦးမည်ဖြစ်သည်။

“လက်ကို ကောင်းစွာဆေးခြင်းက ဝမ်းလျှောရောဂါဖြစ်မှု ၄၃% အထိ လျော့နည်းစေနိုင်ကြောင်း” တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အပူပိုင်းဒေသဆေးပညာ လန်ဒန်ကျောင်းမှ သုတေသီများတွေ့ရှိခဲ့သည်ဟု အီကိုနိုမစ်စ်မဂ္ဂဇင်းကဆို၏။ “ကလေးကိုသေစေသည့် အဓိကရန်သူဖြစ်သော အသက်ရှူလမ်းကြောင်းကူးစက်ရောဂါများကိုလည်း ထိုနည်းထပ်တူ လျော့နည်းစေနိုင်၏။ အမေရိကန်စစ်တပ်ကို ကျယ်ပြန့်စွာစမ်းသပ်ခဲ့သော လေ့လာမှုတစ်ရပ်က စစ်သားများသည် တစ်နေ့လျှင် ငါးကြိမ်လက်ဆေးသောအခါ နှာစေးချောင်းဆိုးဖြစ်မှု ၄၅% အထိ လျော့သွားကြောင်း တွေ့ရှိခဲ့၏။” ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပင် မိသားစုအများစုသည် ဆပ်ပြာကို ဝယ်သုံးနိုင်ကြသည်။ ထို့ကြောင့် ဆပ်ပြာကို “ကိုယ့်-လက်ဖြစ်-ကာကွယ်ဆေး” ဟု ကင်ပွန်းတပ်လိုက်ခြင်းမှာ သင့်လျော်လှပေသည်။ ထို့ပြင် နာကျင်မှုမရှိသော ကာကွယ်ဆေးလည်းဖြစ်သည်။

သမ္မာကျမ်းစာကလည်း သန့်ရှင်းမှုရှိရန် အားပေးတိုက်တွန်းသည်။ “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေ . . . ကြကုန်အံ့” ဟူ၍ ၂ ကောရိန္သု ၇:⁠၁ ကဆို၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးစင်ကြယ်မှုကို အလေးပေးဖော်ပြလင့်ကစား ကိုယ်ခန္ဓာသန့်ရှင်းမှုသည်လည်း အရေးကြီးသည်ဟု ယူမှတ်ထား၏။ (ဝတ်ပြုရာကျမ်းအခန်းကြီး ၁၂-၁၅) ကိုယ်တော်သည် ကျွန်ုပ်တို့ကို အစွန်းတော့ မရောက်စေလိုပါ။ သို့သော် အိမ်သာသွားပြီးနောက်၊ ကလေးခါးတောင်းကျိုက် လျှော်ပြီးနောက် သို့မဟုတ် လဲပေးပြီးနောက်၊ အစားအသောက်မပြင်ဆင်မီ သို့မဟုတ် ထိုင်မစားမီနှင့် တခြားသူများအား ဘေးဖြစ်စေမည့်ရောဂါပိုးများ ကူးစက်သွားစေနိုင်သည့် အဘယ်အချိန်အခါမျိုးတွင်မဆို လက်ဆေးသင့်သည်။ လက်ကိုမှန်မှန်ဆေးခြင်းအားဖြင့် ကျွန်ုပ်တို့၏မိသားစုနှင့် ကျွန်ုပ်တို့နှင့် ထိတွေ့ဆက်ဆံသူအားလုံးကို ခရစ်ယာန်မေတ္တာပြရာရောက်၏။—⁠မာကု ၁၂:⁠၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ