ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၃/၈ စာ. ၂၄
  • အမြော်အမြင်ရှိသည့် မိခင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမြော်အမြင်ရှိသည့် မိခင်
  • နိုးလော့!—၂၀၀၅
နိုးလော့!—၂၀၀၅
န၀၅ ၃/၈ စာ. ၂၄

အမြော်အမြင်ရှိသည့် မိခင်

မိမိကလေးများ၏လိုအပ်ရာတို့ကို ပိုင်းခြားသိမြင်ပြီး ဂရုစိုက်တတ်သောမိခင်သည် ကလေးများအား အာဟာရရှိသောအစားအစာကို ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဇွဲဖြင့်ကြိုးစားတတ်သည်။ ဝိညာဉ်ရေးအစာကျွေးရာတွင်လည်း ထပ်တူဇွဲမျိုး သူတင်ပြသည်။

မကြာသေးမီက ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း စာပေအတွက် ကျေးဇူးတင်ကြောင်း ထိုနိုင်ငံရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ စာရေးခဲ့သည်။ “ဒီစာအုပ်ကို ကျွန်မသိပ်ကြိုက်သွားတယ်၊ ဘုရားသခင်ရွံမုန်းသော အကျင့်အကြံများဆိုတဲ့ အခန်းကိုကြည့်လိုက်တာနဲ့ ဒီအရေးကြီးတဲ့အကြောင်းကို ကျွန်မရဲ့ကလေးတွေနဲ့ ဆွေးနွေးသင့်တယ်လို့ ချက်ချင်းသိလိုက်တယ်။ ကျွန်မမှာ ၁၀ နှစ်၊ ၁၁ နှစ်အရွယ်စီရှိတဲ့ သမီးနှစ်ယောက်နဲ့ ၅ နှစ်အရွယ် သားတစ်ယောက်ရှိတယ်” ဟုသူရေးသားထားသည်။ “ကျွန်မမိသားစုကို ဘုရားသခင်ရဲ့လမ်းစဉ်တွေသင်ကြားပေးဖို့ ဒီလိုစာပေတွေ တကယ်အရေးပါတယ်!” ဟုသူထပ်ပြောခဲ့သည်။

သူသည် အခြားကျမ်းစာအခြေပြုစာပေများကိုလည်း တောင်းဆိုခဲ့သည်။ သင်လည်း သင်ကိုယ်တိုင်နှင့် မိသားစုအတွက် ဝိညာဉ်အစာဆာမွတ်နေလျှင် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာတစ်စောင် ရယူနိုင်ပါသည်။ အောက်ပါပုံစံဖြတ်ပိုင်းကိုဖြည့်စွက်၍ ဖြတ်ပိုင်းတွင်ပါရှိသည့် လိပ်စာသို့ဖြစ်စေ၊ ဤမဂ္ဂဇင်းစာမျက်နှာ ၅ တွင် ဖော်ပြထားသည့် သင့်လျော်ရာလိပ်စာတစ်ခုခုသို့ ဖြစ်စေ စာတိုက်မှပေးပို့ပါ။

□ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ် အရာတောင်းဆိုတော်မူသနည်း ဘရိုရှာ တစ်စောင် မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံလို၍ ကျေးဇူးပြုပြီး ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ