ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၀၈ စာ. ၃
  • သောကဝေနေသော အိမ်ထောင်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သောကဝေနေသော အိမ်ထောင်များ
  • နိုးလော့!—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အိမ်ထောင်အစီအစဉ်သည် မုန်တိုင်းဒဏ်ခံနိုင်မည်လော
    နိုးလော့!—၂၀၀၆
  • လက်မထပ်ဘဲ အတူနေတာနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၈
န ၇/၀၈ စာ. ၃

သောကဝေနေသော အိမ်ထောင်များ

“ဖိစီးမှုတွေကို မခံနိုင်တော့ဘူး။” မိမိတို့၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ လူတို့ ထိုသို့ပြောဆိုကြသည်ကို သင်ကြားဖူးပါသလော။ သင်သည် အိမ်ထောင်သည်ဖြစ်လျှင် တစ်ချိန်ချိန်၌ ထိုသို့ခံစားခဲ့ရပါသလော။

တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးခြင်းကြောင့် သို့မဟုတ် စိတ်လှုပ်ရှားခြင်းကြောင့် အလျင်အမြန် လက်ထပ်လိုက်ကြသည့် ထောင်ပေါင်းများစွာသော ဇနီးမောင်နှံတို့သည် အနာဂတ်တွင် ပျော်ရွှင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ “ဒါပေမဲ့ ကျွန်မဆီရောက်လာတဲ့ အိမ်ထောင်သည်တွေဟာ လက်ထပ်လို့လည်းပြီးရော ပျော်ရွှင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပျောက်သွားခဲ့ကြတယ်။ သူတို့ဟာ သူတို့ရဲ့အဖော်၊ အိမ်ထောင်၊ မေတ္တာနဲ့ တစ်ခါတလေ သူတို့ရဲ့ဘဝကိုတောင် စိတ်ပျက်လာကြတယ်” ဟုအကြံပေးအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ ထိုသို့သော ဇနီးမောင်နှံများစွာတို့ ဆက်ပေါင်းသင်းနေထိုင်ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ လက်ထပ်စာချုပ်ကြောင့်ဖြစ်သည်။

အိမ်ထောင်တချို့သည် တိုးများလာသော ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကြောင့် ပြိုကွဲသွားကြ၏။ ဖိစီးမှုအလွန်များသော အလုပ်အကိုင်များ၊ ညဆိုင်းအလုပ်များနှင့် အချိန်ကြာမြင့်စွာ လုပ်ရသောအလုပ်များကြောင့် ဇနီးမောင်နှံတို့သည် တစ်ဦးကိုတစ်ဦး အလွန်ချစ်မြတ်နိုးလျှင်ပင် စိတ်ဓာတ်ရေးအရ တစ်ဦးကိုတစ်ဦး အားပေးဖို့အချိန်မှာ အလွန်နည်းပါးသွားနိုင်သည်။ ထို့အပြင် ငွေရေးကြေးရေးပြဿနာများ၊ သားသမီးမွေးမြူရေး၊ အိမ်ပြောင်းရွှေ့ရေး၊ အလုပ်အကိုင်အပြောင်းအလဲနှင့် ကျန်းမာရေးပြဿနာများကြောင့် မေတ္တာနှင့် လေးစားမှုမှာ တဖြည်းဖြည်း လုံးပါးပါးသွားနိုင်ပါသည်။ ရိုးရိုးလေးဖော်ပြရလျှင် အချိန်ကုန်လွန်သည်နှင့်အမျှ အပြောင်းအလဲများသည် စိတ်ဖိစီးမှုဖြစ်စေနိုင်ပြီး ယင်းက ဇနီးမောင်နှံများအား တသီးတခြားစီ ဖြစ်သွားစေနိုင်ပါသည်။

များစွာသောမိခင်တို့သည် လုပ်ငန်းခွင်၌လည်းကောင်း၊ အိမ်၌လည်းကောင်း အချိန်ပြည့် အလုပ်လုပ်ကြရသည်။ ယင်းကြောင့် မိခင်များစွာမှာ မိမိတို့၏အလုပ်နှင့် သားသမီးများမှလွဲလျှင် အခြားအရာတို့ကို အာရုံမစိုက်နိုင်တော့ချေ။ စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် အိမ်ထောင်သည်များသည် တစ်ဦးကိုတစ်ဦး အချိန်မပေးနိုင်ကြတော့ချေ။ သို့နှင့် များစွာသောသူတို့သည် စိတ်ပျက်မှုနှင့် စိမ်းကားမှုဟူသောဝဲဂယက်တွင် နစ်မြုပ်နေသည့်အလား ခံစားကြရသည်။ ဤမျှများပြားလှသည့် အိမ်ထောင်များသည် အဘယ်ကြောင့် အလွန်များပြားလှသည့် ဖိစီးမှုအောက် ကျရောက်နေရသနည်း။ ပျော်ရွှင်၍ အောင်မြင်သောအိမ်ထောင်တစ်ခုကို တည်ဆောက်ရန် သင် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ