ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၃ စာ. ၁၆
  • ပင်ဂွင်းအကြီးစားတွေရဲ့ အမွေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်ဂွင်းအကြီးစားတွေရဲ့ အမွေး
  • နိုးလော့!—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၃
  • သဘာဝ လက်ဦးမှုရထား
    နိုးလော့!—၂၀၁၀
  • ဘိုင်ဇန်တီယမ် မြို့တွင် ချာ့ချ်နှင့် အစိုးရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အစောပိုင်းခရစ်ယာန်ဘာသာ နှင့် နိုင်ငံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နိုးလော့!—၂၀၁၃
န ၉/၁၃ စာ. ၁၆

ဒါက သူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

ပင်ဂွင်းအကြီးစားတွေရဲ့ အမွေး

ပင်ဂွင်းအကြီးစား (emperor penguin) တွေဟာ ရေကူးတဲ့အခါ အရမ်း လျင်မြန်ပြီး ရေခဲပြင်ပေါ်ကိုလည်း အံ့ဩစရာကောင်း တဲ့ အရှိန်နဲ့ ခုန်တက်နိုင်တယ်။ ဘယ်လိုကြောင့်လဲ။

ပင်ဂွင်း အကြီးစားရဲ့ အမွေး

သုံးသပ်ကြည့်ပါ– ဒီပင်ဂွင်းကြီးတွေဟာ သူတို့ရဲ့ ငှက်မွေးတွေထဲမှာ လေကို ဖမ်းယူထားကြတယ်။ အဲဒီလိုလုပ်တာက လွန်ကဲတဲ့ အအေးဒဏ်ကို ခံနိုင်ရုံသာမက ရေကူးတဲ့အခါလည်း နှစ်ဆသုံးဆလောက် ပိုပြီး လျင်မြန်သွားစေတယ်။ ဘယ်လိုကြောင့်လဲ။ ငှက်မွေးတွေထဲမှာ ဖမ်းယူထားတဲ့ လေကို ပူပေါင်းငယ်လေးတွေအဖြစ် ထုတ်လွှတ်လိုက်တာကြောင့် ဖြစ်တယ်လို့ အဏ္ဏဝါ ဇီဝဗေဒ ပညာရှင်တွေ ဆိုကြတယ်။ လေပူပေါင်းလေးတွေ ထုတ်လွှတ်တဲ့အခါ ပင်ဂွင်းရဲ့အမွေးအတောင်မျက်နှာပြင် ပွတ်တိုက်အားကို လျော့နည်းစေပြီး ပိုအရှိန်မြန်သွားစေတယ်။

စိတ်ဝင်စားစရာက၊ အင်ဂျင်နီယာတွေဟာ သင်္ဘောတွေကို ပိုလျင်မြန်စေဖို့ လေပူပေါင်းလေးတွေကို သုံးပြီး သင်္ဘောကိုယ်ထည်ပွတ်တိုက်အားကို လျော့နည်းစေတဲ့နည်းကို လေ့လာနေကြပြီ။ ဒါပေမဲ့ “ပင်ဂွင်းအမွေးအတောင်တွေရဲ့ ရှုပ်ထွေးနက်နဲမှုကြောင့် အဲဒါနဲ့ တစ်ထပ်တည်းတူတဲ့၊ လေပူပေါင်းတွေကို ထုတ်လွှတ်နိုင်တဲ့ လူလုပ်သင်္ဘောကိုယ်ထည် အပေါ်ယံလွှာကို တီထွင်ဖို့ ခက်ခဲလိမ့်မယ်” ဆိုပြီး သုတေသီတွေ အသိအမှတ်ပြုကြတယ်။

သင် ဘယ်လို ထင်ပါသလဲ။ ပင်ဂွင်းအကြီးစားတွေရဲ့ အမွေးဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲခံထားရတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ