ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • cl စာ. ၃
  • စကားချီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကားချီး
  • ယေဟောဝါထံ ချဉ်းကပ်လော့
ယေဟောဝါထံ ချဉ်းကပ်လော့
cl စာ. ၃

စကားချီး

ချစ်လှစွာသော စာရှုသူ–

သင်သည် ဘုရားသခင်နှင့် နီးနီးကပ်ကပ်ရှိသည်ဟု ခံစားရသလော။ ထိုသို့မဖြစ်နိုင်ဟု လူအများယူမှတ်ကြပေမည်။ အချို့က ကိုယ်တော်သည် အလှမ်းဝေးလွန်းလှသည်ဟု စိတ်ထင့်ကြ၏; အခြားသူတို့မူ မိမိတို့မထိုက်တန်လွန်းပါဟု ခံစားမိပြီး မျှော်လင့်ချက်မထားကြတော့ချေ။ သို့သော် သမ္မာကျမ်းစာက ဤသို့မေတ္တာပါစွာ ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်– ‘ဘုရားသခင်ထံချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။’ (ယာကုပ် ၄:၈) မိမိအား ဝတ်ပြုကိုးကွယ်သူတို့ကို ကိုယ်တော် ဤသို့ပင်အာမခံသည်– “သင်၏ဘုရားသခင်ထာဝရဘုရားက ‘မစိုးရိမ်နှင့်။ ငါမစမည်’ ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကိုကိုင်မည်။”—ဟေရှာယ ၄၁:၁၃။

ဘုရားသခင်နှင့် ဤမျှရင်းနှီးသောဆက်ဆံရေးရှိရန် ကျွန်ုပ်တို့ မည်သို့ကြိုးပမ်းနိုင်သနည်း။ မည်သူမဆိုနှင့် မိတ်ဖွဲ့ရာတွင် ခင်မင်မှုနှောင်ကြိုးသည် ပုဂ္ဂိုလ်တစ်ဦးအား သိကျွမ်းခြင်း၊ သူ၏ထူးခြားသော စရိုက်လက္ခဏာများကို နှစ်သက်တန်ဖိုးထားခြင်းအပေါ်အခြေခံသည်။ သို့ဖြစ်၍ သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဘုရားသခင့်အရည်အသွေးများနှင့် နည်းလမ်းတော်များကို လေ့လာခြင်းသည် ပဓာနကျသောကိစ္စဖြစ်၏။ ယေဟောဝါသည် မိမိ၏အရည်အသွေးတစ်ခုချင်းစီကို မည်သို့မည်ပုံဖော်ပြကြောင်း သုံးသပ်ခြင်း၊ ယေရှုခရစ်သည် ယင်းတို့ကို မည်သို့စုံလင်စွာ ရောင်ပြန်ဟပ်ခဲ့ကြောင်း ထောက်ချင့်ခြင်းနှင့် ၎င်းတို့ကို ကျွန်ုပ်တို့လည်း မည်သို့မွေးမြူနိုင်ကြောင်း သိမြင်နားလည်ခြင်းတို့က ကျွန်ုပ်တို့အား ဘုရားသခင်ထံ ပိုနီးကပ်စေပါလိမ့်မည်။ ယေဟောဝါသည် ပြည့်ဝစုံလင်သော စကြဝဠာပိုင်သအုပ်စိုးရှင်အမှန်ဖြစ်ကြောင်း ကျွန်ုပ်တို့သိမြင်ကြရလိမ့်မည်။ ထိုထက်မက ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးလိုအပ်သည့် ဖခင်ပင်ဖြစ်တော်မူသည်။ ကိုယ်တော်သည် တန်ခိုးကြီးမားပြီး တရားမျှတ၍ ဉာဏ်ပညာနှင့် မေတ္တာရှိသည်ဖြစ်ရာ မိမိ၏သစ္စာရှိသားသမီးများကို ဘယ်သောအခါမျှစွန့်ပစ်တော်မူမည်မဟုတ်ချေ။

ဤစာအုပ်က သင့်အား ယေဟောဝါဘုရားသခင်နှင့် ပို၍ရင်းနှီးရန် ဆွဲဆောင်နိုင်ပါစေ၊ ဘုရားသခင်ကို သင်ထာဝစဉ်ချီးမွမ်းနိုင်ဖို့ ကိုယ်တော်နှင့် မပြတ်စဲနိုင်သောနှောင်ကြိုး ဖွဲ့နိုင်ပါစေ။

ထုတ်ဝေသူများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ