နောက်ကျောအဖုံး
ယေဟောဝါဘုရားသခင်နှင့်စပ်လျဉ်း၍ ဟေရှာယ ၄၀:၁၁ က ဤသို့ဆိုသည်– “မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ဖြည်းညင်းစွာပို့ဆောင်တော်မူမည်။” သိုးထိန်း၏ရင်ခွင်ရှိ သိုးသငယ်ကိုကြည့်လိုက်သောအခါ သင်၏ကောင်းကင်ခမည်းတော်နှင့် အလားတူနီးကပ်မှုမျိုး သင်တောင့်တပါသလော။ သို့သော် သင်သည် ယေဟောဝါ၏ အနီးအပါးသို့ မည်သို့တိုးဝင်ချဉ်းကပ်နိုင်ပါသနည်း။