ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၃၈ စာ. ၁၉၇-၂၀၁
  • ယေရှုကို ချစ်သင့်တဲ့ အကြောင်းရင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုကို ချစ်သင့်တဲ့ အကြောင်းရင်း
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု အသတ်ခံရတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်ကို လိုလားကြောင်း ဘယ်လို ပြမလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှုကိုကွပ်မျက်ဖို့အပ်လိုက်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု၏မေတ္တာတော်ကိုသင်တုံ့ပြန်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၃၈ စာ. ၁၉၇-၂၀၁

အခန်း ၃၈

ယေရှုကို ချစ်သင့်တဲ့ အကြောင်းရင်း

တဖြည်းဖြည်း နစ်မြုပ်နေတဲ့ သင်္ဘောတစ်စင်းပေါ်မှာ ကလေးတို့ ရှိနေတယ်လို့ စိတ်ကူးကြည့်ပါ။ ကလေးတို့ကို တစ်ယောက်ယောက် လာကယ်စေချင်သလား။— လာကယ်ရင်းနဲ့ တစ်ယောက်ယောက် သေသွားရင် ဘယ်လို ခံစားရမလဲ။— တကယ်တော့ ယေရှုခရစ် အဲဒီလိုပဲ အသက်စွန့်ခဲ့တယ်။ အခန်း ၃၇ မှာ သိခဲ့ရတဲ့အတိုင်း တို့တစ်တွေ ကယ်တင်ခံရဖို့ ရွေးဖိုးအဖြစ် ယေရှု အသက်စွန့်ခဲ့တယ်။

ယေရှုဟာ တို့တစ်တွေကို ရေနစ်ရာကနေ ကယ်တင်တာတော့ မဟုတ်ပါဘူး။ ဘယ်ကနေ ကယ်တင်တာလဲ။ မှတ်မိသေးသလား။— အာဒံဆီက တို့အားလုံး အမွေရခဲ့တဲ့ အပြစ်နဲ့ သေခြင်းကနေ ကယ်တင်တာ။ တချို့က အင်မတန်ဆိုးတာတွေကို လုပ်ခဲ့ကြပေမဲ့ သူတို့အတွက်လည်း ယေရှု အသေခံခဲ့တယ်။ ကလေးတို့သာဆိုရင် အဲဒီလိုဆိုးတဲ့ လူတွေကို ကယ်ဖို့ ကိုယ့်အသက်ကို စွန့်ပါ့မလား။—

“ဖြောင့်မတ်သူအတွက် အသေခံမယ့်သူ သိပ်ရှားတယ်။ သူတော်ကောင်းအတွက်တော့ အသေခံဝံ့သူ ရှိကောင်းရှိနိုင်တယ်” လို့ ကျမ်းစာက ဆိုတယ်။ ဒါပေမဲ့ ယေရှုက “ဘုရားတရားမဲ့သူတွေအတွက် အသေခံခဲ့တယ်။” အဲဒီထဲမှာ ဘုရားသခင်ကို ဝတ်မပြုတဲ့သူတွေတောင် ပါဝင်တယ်။ “ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် [မကောင်းတာတွေ လုပ်နေတာတောင်] အသေခံပေးခဲ့တယ်” လို့ ကျမ်းစာက ဆိုတယ်။—ရောမ ၅:၆-၈။

မကောင်းမှုတွေ လုပ်ခဲ့ဖူးတဲ့ တမန်တော်တစ်ပါးကို မှတ်မိသလား။— အဲဒီတမန်တော်က ‘အပြစ်ရှိသူတွေကို ကယ်တင်ဖို့ ဒီလောကကို ခရစ်တော်ယေရှု ဆင်းလာတယ်။ အပြစ်ရှိသူတွေထဲမှာ ငါဟာ အပြစ်အများဆုံးပဲ’ လို့ရေးခဲ့တယ်။ အဲဒီတမန်တော်ကတော့ ပေါလုပါပဲ။ သူဟာ “တစ်ချိန်တုန်းက အသိတရားမရှိသူ၊” “မကောင်းမှု ကျူးလွန်သူ” ဖြစ်ခဲ့တယ်လို့ ပြောခဲ့တယ်။—၁ တိမောသေ ၁:၁၅။ တိတု ၃:၃။

အဲဒီလိုလူတွေအတွက် အသေခံဖို့ သားတော်ကို စေလွှတ်တဲ့နေရာမှာ ဘုရားရဲ့ မေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ကျမ်းစာ ထုတ်ပြီး ဒီအကြောင်းကို ယောဟန် အခန်းကြီး ၃၊ အခန်းငယ် ၁၆ မှာ ဖတ်ကြည့်ပါလား။ ဒီလိုဆိုထားတယ်– “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။”

ယေရှု ရိုက်နှက်ခံရ၊ စစ်သားတွေ လှောင်ပြောင်နေကြ၊ ကိုယ့်သစ်တိုင်ကို ထမ်းခိုင်းကြစဉ်

တို့တစ်တွေအတွက် အသက်စွန့်တဲ့အခါမှာ ယေရှု ဘယ်လို ဒုက္ခဝေဒနာတွေ ခံစားခဲ့ရသလဲ

ယေရှုလည်း တို့တစ်တွေကို သူ့ဖခင် ချစ်သလို ချစ်တယ်ဆိုတာ ပြခဲ့တယ်။ ဒီစာအုပ် အခန်း ၃၀ မှာ အဖမ်းခံရတဲ့ညက ယေရှု ခံစားရတဲ့ ဆင်းရဲဒုက္ခအကြောင်း ဖတ်ခဲ့ရတယ်။ ပုရောဟိတ်မင်း ကယာဖအိမ်ကို ခေါ်သွားကြပြီး အဲဒီမှာ ယေရှုကို စစ်ဆေးမေးမြန်းတယ်။ ယေရှုနဲ့ပတ်သက်ပြီး မဟုတ်မမှန်စွပ်စွဲတဲ့ သက်သေတွေကို ခေါ်လာကြတဲ့အပြင် လူတွေက ယေရှုကို လက်သီးနဲ့ ထိုးကြတယ်။ အဲဒီအချိန်မှာပေါ့ ယေရှုကို မသိဘူးလို့ ပေတရု ငြင်းခဲ့တာ။ အခု တို့တစ်တွေ အဲဒီနေရာကို ရောက်နေပြီး အဖြစ်အပျက်တွေကို မြင်နေရတယ်လို့ မြင်ယောင်ကြည့်ပါ။

မိုးလင်းလာပြီ။ ယေရှု တစ်ညလုံး မအိပ်ရဘူး။ ညပိုင်း စစ်ဆေးစီရင်တာဟာ ဥပဒေနဲ့ မညီမှန်းသိတော့ ပုရောဟိတ်တွေက ဂျူးတရားရုံးချုပ်ကို ချက်ချင်း ဆင့်ခေါ်ပြီး နောက်တစ်ခါ ကြားနာစစ်ဆေးပြန်တယ်။ အဲဒီမှာလည်း ဘုရားသခင်ကို ပြစ်မှားတယ်လို့ ယေရှုကို ထပ်ပြီး စွပ်စွဲပြန်တယ်။

အဲဒီနောက် ပုရောဟိတ်တွေက ယေရှုကို ချည်နှောင်ပြီး ရောမဘုရင်ခံ ပိလတ်မင်းဆီ ခေါ်သွားကြတယ်။ ပြီးတော့ ‘ယေရှုဟာ အစိုးရကို ဆန့်ကျင်တယ်။ သေဒဏ်ပေးရမယ်’ ဆိုပြီး ပိလတ်မင်းကို ပြောကြတယ်။ ဒါပေမဲ့ ပိလတ်မင်းက ပုရောဟိတ်တွေ လိမ်ပြောနေမှန်း သိတာပေါ့။ ဒါကြောင့် ‘ဒီလူမှာ ဘာအပြစ်မှ ငါမတွေ့ဘူး။ သူ့ကို လွှတ်လိုက်မယ်’ လို့ပြောတယ်။ ဒါပေမဲ့ ပုရောဟိတ်တွေနဲ့ လူတွေက ‘မလွှတ်နဲ့။ သူ့ကို သတ်ပစ်လိုက်’ ဆိုပြီး အော်ကြတယ်။

ပိလတ်မင်းက ယေရှုကို လွှတ်မယ်ဆိုပြီး လူတွေကို နောက်တစ်ခါ ပြန်ပြောကြည့်တယ်။ ဒါပေမဲ့ ပုရောဟိတ်တွေ သွေးထိုးလှုံ့ဆော်ထားလို့ လူထုက ‘သူ့ကို လွှတ်ရင် မင်းကြီးလည်း အစိုးရကို ဆန့်ကျင်ပုန်ကန်သူပဲ။ သူ့ကို သတ်ပစ်’ ဆိုပြီး အော်ပြောကြတယ်။ လူထု အရမ်းဆူပူလာတော့ ပိလတ်မင်း ဘာလုပ်သလဲ သိသလား။—

အလျှော့ပေးလိုက်တယ်။ ဦးဆုံး ယေရှုကို ကျာပွတ်နဲ့ ရိုက်ခိုင်းတယ်။ ပြီးတော့ ယေရှုကို ကွပ်မျက်ဖို့ စစ်သည်တွေလက်ထဲ အပ်လိုက်တယ်။ စစ်သည်တွေက ယေရှုကို ဆူးခက်သရဖူကို ဆောင်းပေးပြီး ရှေ့မှာ ဒူးထောက်၊ လှောင်ပြောင်ကြတယ်။ အဲဒီနောက် သစ်တိုင်ကြီး ထမ်းခိုင်းပြီး မြို့ပြင်က ဦးခေါင်းခွံအရပ်ကို ခေါ်ထုတ်သွားကြတယ်။ အဲဒီမှာ ယေရှုရဲ့ ခြေလက်တွေကို သစ်တိုင်မှာ ကပ်ပြီး သံနဲ့ ရိုက်တယ်။ သစ်တိုင်ကို ထူလိုက်တဲ့အခါ ယေရှုကို တွဲလောင်းဆွဲထားပြီးသား ဖြစ်သွားတယ်။ ခြေလက်တွေကနေ သွေးတွေ စီးလာတယ်။ နာလိုက်တာ မပြောနဲ့တော့။

ယေရှု ချက်ချင်း မသေဘူး။ သစ်တိုင်ပေါ်မှာ တွဲလောင်းကြီး နေရရှာတယ်။ ပုရောဟိတ်ကြီးတွေက ယေရှုကို လှောင်ပြောင်ကြတယ်။ ဖြတ်သန်းသွားလာသူတွေကလည်း “ဘုရားသခင်ရဲ့သား မှန်ရင် သစ်တိုင်ပေါ်ကနေ ဆင်းလေ” ဆိုပြီး ကဲ့ရဲ့ကြတယ်။ ဒါပေမဲ့ ယေရှုကတော့ သူ့ဖခင် ဘာအတွက် စေလွှတ်ခဲ့တယ်ဆိုတာ သိထားတယ်။ တို့တစ်တွေ ထာဝရအသက်ရနိုင်ဖို့ သူ့ရဲ့ စုံလင်တဲ့အသက်ကို စွန့်ရမယ်ဆိုတာ ယေရှုသိတယ်။ နောက်ဆုံးတော့ ညနေသုံးနာရီလောက်မှာ ယေရှုဟာ ဖခင်ဆီ အကျယ်ကြီး အော်ပြီးတဲ့နောက် အသက်ထွက်သွားတယ်။—မဿဲ ၂၆:၃၆–၂၇:၅၀။ မာကု ၁၅:၁။ လုကာ ၂၂:၃၉–၂၃:၄၆။ ယောဟန် ၁၈:၁–၁၉:၃၀။

ယေရှုဟာ အာဒံနဲ့ ဘယ်လောက် ကွာခြားလိုက်သလဲ။ အာဒံဟာ ဘုရားသခင်ကို မချစ်ဘူး။ ဘုရားသခင့်စကားကို နားမထောင်ခဲ့ဘူး။ တို့တစ်တွေကိုလည်း မချစ်ဘူး။ သူအပြစ်လုပ်လို့ တို့အားလုံး အပြစ်နဲ့ မွေးလာရတယ်။ ယေရှုကျတော့ ဘုရားသခင်ကိုရော၊ တို့တစ်တွေကိုပါ ချစ်တယ်။ ဘုရားသခင်ကို အမြဲနာခံတယ်။ အာဒံကြောင့်ဖြစ်ရတဲ့ ထိခိုက်နစ်နာမှုတွေကို ဖယ်ရှားဖို့အတွက် သူ့အသက်ကိုတောင် စွန့်ခဲ့တယ်။

မိန်းကလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို ကျမ်းစာပုံပြင်စာအုပ် ပြနေစဉ်

ယေရှုကို ချစ်တယ်ဆိုတာ တို့တစ်တွေ ဘယ်လိုပြနိုင်သလဲ

ယေရှု လုပ်ပေးခဲ့တဲ့ အံ့သြစရာတွေ အတွက် ကလေးတို့ ကျေးဇူးတင်သလား။— ဆုတောင်းတဲ့အခါမှာကော တို့တစ်တွေအတွက် သားတော်ကို ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးမတင်ဘူးလား။— တမန်တော်ပေါလုက သူ့အတွက် ခရစ်တော် လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ခဲ့တယ်။ ဘုရားသခင်ရဲ့ သားတော်ဟာ “ကျွန်တော့်ကို ချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့” တယ်လို့ ရေးခဲ့တယ်။ (ဂလာတိ ၂:၂၀) ယေရှုဟာ ကလေးတို့အတွက်ကော၊ တို့အတွက်ပါ အသေခံခဲ့တယ်။ တို့တစ်တွေ ထာဝရအသက် ရနိုင်ဖို့ သူ့ရဲ့ စုံလင်တဲ့အသက်ကို ပေးခဲ့တယ်။ ဒီအချက်ဟာ တို့တစ်တွေ ယေရှုကို ချစ်သင့်တဲ့အကြောင်းပဲပေါ့။

‘ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေးတယ်’ လို့ ကောရိန္သုမြို့မှာရှိတဲ့ ခရစ်ယာန်တွေဆီ တမန်တော်ပေါလု ရေးခဲ့တယ်။ ခရစ်တော်ရဲ့ မေတ္တာက တို့တစ်တွေကို ဘာလုပ်ဖို့ တွန်းအားပေးသလဲ။ ကလေးတို့ ဘယ်လို ထင်သလဲ။— ပေါလုရဲ့အဖြေကို အာရုံစိုက်ပါ– ‘လူအားလုံးအတွက် အသေခံတဲ့သူဟာ ခရစ်တော်ပဲ။ ဒါကြောင့် ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်။’—၂ ကောရိန္သု ၅:၁၄၊ ၁၅။

ခရစ်တော်ရဲ့ အလိုကျ အသက်ရှင်ကြောင်း ဘယ်လိုနည်းတွေနဲ့ ပြနိုင်တယ်လို့ ထင်သလဲ။— တစ်နည်းကတော့ ခရစ်တော်နဲ့ပတ်သက်ပြီး ကိုယ်သိထားတာတွေကို တခြားလူတွေကို ပြောပြတာ ဖြစ်တယ်။ ဒါမှမဟုတ် ကလေးတို့ တစ်ယောက်တည်း ရှိနေတယ် ဆိုပါတော့။ ကလေးတို့ ဘာလုပ်နေတယ်ဆိုတာကို ဖေဖေ၊ မေမေတို့ မတွေ့နိုင်ဘူး၊ တခြားဘယ်သူမှလည်း မတွေ့နိုင်ဘူးဆိုပါတော့။ ယေရှုကြိုက်မှာ မဟုတ်မှန်း သိထားတဲ့ တီဗွီအစီအစဉ်တို့၊ အင်တာနက် ပြကွက်တို့ကို ကလေးတို့ ကြည့်မလား။— ယေရှုဟာ အခု အသက်ရှင်နေတဲ့အပြင် တို့တစ်တွေ လုပ်သမျှကို မြင်နိုင်တယ်ဆိုတာ မမေ့ကြနဲ့။

တီဗီမှာ အကြမ်းဖက်ကား ပြတာကို ကောင်လေးတစ်ယောက် တိတ်တိတ်လေး ကြည့်နေစဉ်

တို့လုပ်သမျှကို ဘယ်သူ မြင်နိုင်သလဲ

ယေရှုကို ချစ်ရတဲ့ နောက်အကြောင်းတစ်ခုကတော့ တို့တစ်တွေ ယေဟောဝါကို အတုယူချင်လို့ပဲ။ “အဖဘုရားက ကျွန်တော့်ကို ချစ်တယ်” လို့ ယေရှု ပြောခဲ့တယ်။ ယေရှုကို ဘုရားသခင် ဘာကြောင့်ချစ်သလဲ၊ တို့တစ်တွေလည်း ယေရှုကို ဘာကြောင့် ချစ်သင့်သလဲ သိသလား။—ယေရှုဟာ ဘုရားရဲ့ အလိုတော်ပြည့်စုံဖို့ သူ့အသက်ကို စိတ်လိုကိုယ်လျောက် စွန့်ခဲ့လို့ပါပဲ။ (ယောဟန် ၁၀:၁၇) ဒါကြောင့် “ခင်ဗျားတို့ဟာ ဘုရားသခင်ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။ မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြပါ။ ခရစ်တော်က ကျွန်တော်တို့ကို ချစ်လို့ ကျွန်တော်တို့အတွက် . . . သူ့ကိုယ်သူ ဘုရားသခင်ဆီ ဆက်သခဲ့သလိုပဲပေါ့” ဆိုပြီး ကျမ်းစာ ဆိုထားတဲ့အတိုင်း လုပ်ကြရအောင်။—ဧဖက် ၅:၁၊ ၂။

တို့တစ်တွေအတွက် ယေရှု လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်စိတ် တိုးစေဖို့ ယောဟန် ၃:၃၅။ ၁၅:၉၊ ၁၀။ ၁ ယောဟန် ၅:၁၁၊ ၁၂ တို့ကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ