ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • T-31 စာ. ၁-၄
  • ကမ္ဘာ့အခြေအနေတွေက

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့အခြေအနေတွေက
  • အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
  • ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
    ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
  • ဒီကမ္ဘာကို အုပ်ချုပ်နေသူက ဘယ်သူလဲy
    ဒီကမ္ဘာကို အမှန်တကယ် အုပ်ချုပ်နေသူက ဘယ်သူလဲ
  • သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား
    သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား
နောက်ထပ် ကြည့်ပါ
အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ
T-31 စာ. ၁-၄

အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်လို့ သင် ထင်သလဲ

ကမ္ဘာ့အခြေအနေတွေက

  • ဒီအတိုင်း ဆက်ရှိနေမလား။

  • ဒီထက်ပိုဆိုးလာမလား။

  • ဒီထက်ပိုကောင်းလာမလား။

ကျမ်းစာအဆို

“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၄၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

အဓိပ္ပာယ်ရှိပြီး အားရကျေနပ်စေတဲ့အလုပ်။—ဟေရှာယ ၆၅:၂၁-၂၃။

ဖျားနာမှု၊ ဆင်းရဲဒုက္ခအားလုံး ပပျောက်။—ဟေရှာယ ၂၅:၈။ ၃၃:၂၄။

မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ထာဝစဉ် နေထိုင်ရမယ့်ဘဝ။—ဆာလံ ၃၇:၁၁၊ ၂၉။

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အနာဂတ်ကို ယုံကြည်စိတ်ချမှုရှိရှိ မျှော်ကြည့်နေ။ မိန်းကလေးတစ်ယောက် အပင်ရေလောင်းနေ။ ဆောက်လုပ်ရေးလုပ်သားတွေ အိမ်ဆောက်နေ

ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား

စိတ်ချနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး နှစ်ခု ရှိပါတယ်–

  • ဘုရားသခင်ဟာ ကတိအတိုင်း ပြုလုပ်ပေးနိုင်စွမ်းရှိတဲ့အရှင် ဖြစ်ပါတယ်။ အတိုင်းအဆမဲ့တန်ခိုး ရှိတဲ့အတွက် ယေဟောဝါဘုရားသခင် တစ်ပါးတည်းကိုပဲ “အနန္တတန်ခိုးရှင်” လို့ သမ္မာကျမ်းစာမှာ ခေါ်ဆိုထားတယ်။ (ဗျာဒိတ် ၁၅:၃) ဒါကြောင့် ကမ္ဘာ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲပေးမယ်ဆိုတဲ့ ကတိအတိုင်း ကိုယ်တော် ပြုလုပ်ပေးနိုင်ပါတယ်။ “ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—မဿဲ ၁၉:၂၆။

  • ဘုရားသခင်ဟာ ကတိပေးထားတဲ့အတိုင်း ပြုလုပ်ပေးချင်တဲ့အရှင် ဖြစ်ပါတယ်။ ဥပမာ၊ ဘုရားသခင်ဟာ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးချင်စိတ် ပြင်းပြပါတယ်။—ယောဘ ၁၄:၁၄၊ ၁၅။

    ဘုရားသခင့်သားတော် ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက ဖျားနာတဲ့သူတွေကို ကျန်းမာစေခဲ့တယ်လို့လည်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဘာကြောင့် ကျန်းမာစေခဲ့တာလဲ။ ဖျားနာမှုတွေကို ပျောက်ကင်းစေချင်လို့ပါပဲ။ (မာကု ၁:၄၀၊ ၄၁) ယေရှုဟာ ခမည်းတော်လိုပဲ လူတွေကို ကူညီပေးချင်တဲ့ဆန္ဒ ရှိတယ်။—ယောဟန် ၁၄:၉။

    ဒါကြောင့် ယေဟောဝါဘုရားသခင်နဲ့ ယေရှုဟာ ကျွန်တော်တို့ကို ပျော်ရွှင်တဲ့ အနာဂတ် ပိုင်ဆိုင်စေချင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။—ဆာလံ ၇၂:၁၂-၁၄။ ၁၄၅:၁၆။ ၂ ပေတရု ၃:၉။

စဉ်းစားကြည့်ပါ

လူတစ်ယောက် ကျမ်းပိုဒ်တစ်ပိုဒ် ထောက်ပြနေ

ကမ္ဘာ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ဘုရားသခင် ဘယ်လိုပြုပြင်ပြောင်းလဲပေးမှာလဲ။

အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို မဿဲ ၆:၉၊ ၁၀ နဲ့ ဒံယေလ ၂:၄၄၊ ၄၅ တို့မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ