ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ia စာ. ၂
  • စကားချီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကားချီး
  • သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
ia စာ. ၂

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

ချစ်ရတဲ့ ညီအစ်ကို ညီအစ်မတို့၊

၂၀၀၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ထုတ် ကနေစပြီး လူထုကိုဝေငှတဲ့ ကင်းမျှော်စင် မှာ “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ” ဆိုတဲ့ သိပ်ကောင်းတဲ့ ဆောင်းပါးတွေ ပါလာခဲ့ပါတယ်။ သုံးလတစ်ကြိမ် ပါလာတဲ့ အဲဒီဆောင်းပါးတွေကို ကျွန်တော်တို့ သဘောကျခဲ့ကြပါတယ်။

စာဖတ်သူတွေ ဘယ်လို တုံ့ပြန်ခဲ့ကြပါသလဲ။ ညီအစ်မတစ်ယောက်က မာသအကြောင်း ဖတ်ပြီးနောက် ခုလို စာရေးတယ်– “ဒီဆောင်းပါးကိုဖတ်ပြီး ကျွန်မ ရယ်မိတယ်။ ကျွန်မက မာသနဲ့ တူနေလို့ပါ။ ကောင်းကောင်းဧည့်ဝတ်ပြုချင်စိတ်နဲ့ ကျွန်မ အလုပ်များနေတတ်တယ်။ လုပ်စရာတွေ ခဏထားပြီး မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းဖို့ မေ့နေတတ်တယ်။” ဆယ်ကျော်သက်အရွယ် နောက်ညီအစ်မငယ်တစ်ယောက်က ဧသတာဇာတ်လမ်းကို ဖတ်ပြီး ခုလိုပြောတယ်– “ကျွန်မတို့က အဝတ်အစားတွေ၊ နောက်ဆုံးပေါ် ဖက်ရှင်တွေကို အလွန်အကျွံ အာရုံစိုက်မိသွားနိုင်တယ်။ ကောင်းကောင်းမွန်မွန် ဝတ်စားဖြီးလိမ်းသင့်တာ မှန်ပေမဲ့ တစ်ဖက်စွန်းတော့ မရောက်သင့်ဘူး။” သူ ခုလိုလည်း ဆက်ပြောတယ်– “ယေဟောဝါဘုရားက အတွင်းလူကို အာရုံစိုက်တယ်။” တမန်တော်ပေတရုနဲ့ ပတ်သက်တဲ့ ဆောင်းပါးဖတ်ပြီးတဲ့နောက် ညီအစ်မတစ်ယောက် ခုလိုပြောခဲ့တယ်– “ဇာတ်လမ်းထဲမှာ ကျွန်မ လုံးဝနစ်မျောသွားတယ်။ ကျွန်မ ကိုယ်တိုင် ပါဝင်နေရသလိုပဲ။ အပိုဒ်တွေထဲမှာ မသိမသာလေးပဲ ဖော်ပြထားတာတွေကို ကျွန်မ လိုက်ခံစားကြည့်နေမိတယ်။”

ဒီဆောင်းပါးတွေကိုဖတ်ပြီး ကျေးဇူးတင်ကြောင်း စာရေးကြတဲ့ သူတို့တွေနဲ့ တခြားသူအများကြီးက “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်” ဆိုတဲ့ တမန်တော်ပေါလု ရေးသားခဲ့တဲ့ အချက်ကို ထောက်ခံကြပါတယ်။ (ရော. ၁၅:၄) အမှန်ပါပဲ၊ ယေဟောဝါဘုရားက ကျွန်တော်တို့ကို အဖိုးတန်သင်ခန်းစာတွေ ပေးချင်လို့ ခုလိုဇာတ်လမ်းတွေကို ကျမ်းစာမှာ ဖော်ပြထားတာပါ။ ဒါကြောင့် အမှန်တရားသိခဲ့တာ ဘယ်လောက်ပဲကြာပါစေ ကျွန်တော်တို့အားလုံး ဒီဇာတ်လမ်းတွေကနေ သင်ယူနိုင်ပါတယ်။

ဒီစာအုပ်ကို အမြန်ဆုံးစဖတ်ဖို့ အားပေးချင်ပါတယ်။ သင်တို့ရဲ့ မိသားစုဝတ်ပြုမှုမှာ ထည့်လေ့လာပါ။ ကလေးတွေလည်း ကြိုက်ကြပါလိမ့်မယ်။ အသင်းတော် ကျမ်းစာလေ့လာမှုမှာ ဒီစာအုပ်ကို လေ့လာတဲ့အခါ တစ်ပတ်မှ မလွတ်ပါစေနဲ့။ ဒီစာအုပ်ကို အချိန်ပေးပြီး ဖြည်းဖြည်းဖတ်သွားပါ။ သင့်ရဲ့ စိတ်ကူးနိုင်စွမ်းကိုသုံးပြီး မြင်ယောင်ကြည့်ပါ။ ကျမ်းစာဇာတ်ကောင်တွေ ခံစားသလို ခံစားကြည့်ပါ၊ သူတို့မြင်တာကို လိုက်မြင်ကြည့်ဖို့ ကြိုးစားပါ။ ကြုံတွေ့ခဲ့တဲ့ အခြေအနေကို သူတို့တုံ့ပြန်ခဲ့ပုံနဲ့ ကိုယ် တုံ့ပြန်မယ့်ပုံကို နှိုင်းယှဉ်ကြည့်ပါ။

ဒီစာအုပ်ကို ထုတ်ဝေရလို့ ကျွန်တော်တို့ သိပ်ဝမ်းသာပါတယ်။ ဒီစာအုပ်ကနေ သင်တို့နဲ့ သင့်တို့ရဲ့မိသားစုတွေ အကျိုးအပြည့်အဝ ရရှိပါစေ။ မေတ္တာအပြည့်နဲ့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ