မိဘတို့အတွက် အမှာစကား
သင့်သားသမီးကိုပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က ဘာဖြစ်မလဲ။ တကယ်တော့ သင့်ရဲ့မေတ္တာ၊ လမ်းညွှန်မှု၊ ကာကွယ်မှုအပါအဝင် သူတို့လိုအပ်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ကိုပေးနိုင်တဲ့ အဖိုးတန်ဆုံးလက်ဆောင်ကတော့ ယေဟောဝါနဲ့ဆိုင်တဲ့၊ ကိုယ်တော့်စကားတော် သမ္မာကျမ်းစာထဲက အမှန်တရားတွေနဲ့ဆိုင်တဲ့ အသိပညာပါပဲ။ (ယောဟန် ၁၇:၃) အဲဒီအသိပညာက သင့်သားသမီးတွေ ငယ်ရွယ်နုနယ်စဉ်ကတည်းက ယေဟောဝါကိုချစ်တတ်ဖို့၊ ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုဖို့ ကူညီပေးနိုင်ပါတယ်။—မဿဲ ၂၁:၁၆။
သင်ခန်းစာအတိုလေးတွေ၊ လုပ်ဆောင်စရာလေးတွေဟာ ကလေးငယ်တွေအတွက် အရမ်းထိရောက်မှန်း မိဘတွေသိထားကြတယ်။ ဒါကြောင့် ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ ဆိုတဲ့ဒီဘရိုရှာကို ဝမ်းမြောက်စွာထုတ်ဝေလိုက်ပါတယ်။ ကလေးတွေကို ရိုးရိုးရှင်းရှင်းသင်ပေးနိုင်အောင် သင်ခန်းစာတစ်ခုစီကို ပြင်ဆင်ထားတယ်။ ရုပ်ပုံတွေနဲ့ စာသားတွေဟာ အထူးသဖြင့် အသက်သုံးနှစ်နဲ့အောက် ကလေးငယ်တွေအတွက်ဖြစ်တယ်။ လုပ်ဆောင်စရာတွေနဲ့ ပတ်သက်တဲ့ အကြံပေးချက်တွေလည်းပါတယ်။ ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ ဘရိုရှာဟာ ကလေးတွေ ကစားဖို့သက်သက် မဟုတ်ပါဘူး။ သွန်သင်ပေးတဲ့ကိရိယာတစ်ခု ဖြစ်တယ်။ သင့်ကလေးတွေနဲ့အတူဖတ်နိုင်အောင် ရည်ရွယ်ပြီး ရေးသားထားတာဖြစ်လို့ သင်နဲ့ ကလေးတွေကြားမှာ ပြောဆိုဆက်သွယ်မှု ပိုကောင်းလာပါလိမ့်မယ်။
သင့်ကလေးတွေကို ‘နို့စို့အရွယ်ကစပြီး’ ကျမ်းစာအမှန်တရားသင်ပေးတဲ့အခါ ဒီဘရိုရှာက တကယ်အထောက်အကူပြုမယ်ဆိုတာ ကျွန်တော်တို့ယုံကြည်စိတ်ချပါတယ်။—၂ တိမောသေ ၃:၁၄၊ ၁၅။
သင်တို့ရဲ့ညီအစ်ကိုများ
ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]