ယုံကြည်ချက် ရောနှောခြင်း
ဘာသာရေး ကိုင်းရှိုင်းသူအားလုံး ဘုရားတစ်ပါးတည်းကိုပဲ ဝတ်ပြုနေသလား
တစ်ဘာသာ အယူဝါဒတစ်မျိုး သွန်သင်နေကြတာ ယေဟောဝါ လက်ခံသလား
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ယရ ၂၄:၁၅—ယေဟောဝါကို ဝတ်ပြုမလား၊ တခြားဘုရားတွေ ဝတ်ပြုမလားဆိုတာ ပြတ်ပြတ်သားသား ရွေးဖို့ ယောရှု ပြောတယ်
၁ဘု ၁၈:၁၉-၄၀—စစ်မှန်တဲ့ ဘုရားကို ဝတ်ပြုသူတွေဟာ တခြားဘုရား ဝတ်ပြုရေးမှာ သွားမရောနှောရဘူးလို့ ပရောဖက် ဧလိယကတစ်ဆင့် ယေဟောဝါ ဖော်ပြတယ်
တိုင်းတစ်ပါး ဘုရား၊ ဝတ်ပြုရေးတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ
မိမိကို ကိုးကွယ်တယ် ပြောပေမဲ့ မိမိ မုန်းတဲ့ အကျင့်ဓလေ့တွေ ရောနှောနေရင် ယေဟောဝါ ဘယ်လို ခံစားရသလဲ
ရှာ ၁:၁၃-၁၅။ ၁က ၁၀:၂၀-၂၂။ ၂က ၆:၁၄၊ ၁၅၊ ၁၇
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ထွ ၃၂:၁-၁၀—အစ္စရေးတွေ ဖိအားပေးလို့ အာရုန် ရွှေနွားရုပ် လုပ်ပြီး “ယေဟောဝါအတွက် ပွဲတော်” ကျင်းပတယ်။ ယေဟောဝါ အမျက်ထွက်တယ်
၁ဘု ၁၂:၂၆-၃၀—ဂျေရုဆလင်မြို့က ဗိမာန်တော်ကို လူတွေ မသွားအောင် ယေရောဗောင်မင်း ရုပ်တုတွေ လုပ်တယ်။ ဒါ ဘုရားပဲလို့ ပြောတယ်။ လူတွေ အပြစ်လုပ်မိကြတယ်
တခြားဘုရား ကိုးကွယ်သူတွေနဲ့ သွားမရောဖို့ အစ္စရေးတွေကို ယေဟောဝါ ဘာသင်ပေးသလဲ
မိမိလူမျိုး တခြားဘုရား ကိုးကွယ်တဲ့အခါ ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ
သူ ၁၀:၆၊ ၇။ ဆ ၁၀၆:၃၅-၄၀။ ယေ ၄၄:၂၊ ၃
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၁ဘု ၁၁:၁-၉—တိုင်းတစ်ပါး မိဖုရားတွေ ဖိအားပေးလို့ တခြားဘုရား ဝတ်ပြုမှုတွေ ထွန်းကားအောင် ဘုရင် ရှောလမုန် လုပ်တာကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်တယ်
ဆ ၇၈:၄၀၊ ၄၁၊ ၅၅-၆၂—အစ္စရေးတွေ ပုန်ကန်လို့၊ ရုပ်တုကိုးကွယ်လို့၊ ယေဟောဝါ စိတ်ထိခိုက်တာ၊ သူတို့ကို ပစ်ပယ်တာဆိုပြီး အာသ ဖော်ပြတယ်
ကျမ်းစာနဲ့ မညီတဲ့ ဘာသာရေး သွန်သင်ချက်တွေကို ယေရှု ဘယ်လို သဘောထားသလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
မ ၁၆:၆၊ ၁၂—ဖာရိရှဲ၊ ဇဒ္ဒုကဲတွေရဲ့ သွန်သင်ချက်ကို တဆေးနဲ့ ယေရှု နှိုင်းတယ်။ သွန်သင်ချက်အမှားတွေဟာ မြန်မြန် ပျံ့ပြီး စင်ကြယ်တဲ့ ကျမ်းစာအမှန်တရားကို ပျက်စေနိုင်လို့ပဲ
မ ၂၃:၅-၇၊ ၂၃-၃၃—ကျမ်းတတ်တွေ၊ ဖာရိရှဲတွေရဲ့ ဟန်ဆောင်ပန်ဆောင် အကျင့်အကြံ၊ သွန်သင်ချက်အမှားတွေကို ယေရှု ပြင်းပြင်းထန်ထန် ရှုတ်ချတယ်
မာ ၇:၅-၉—ကျမ်းစာသွန်သင်ချက်ထက် လူ့ထုံးတမ်းစဉ်လာကို ကျမ်းတတ်တွေ၊ ဖာရိရှဲတွေ အလေးပေးတာ ယေရှု ဖော်ထုတ်တယ်
နောက်လိုက်တွေကို ယေရှု ဘာသာရေး ဂိုဏ်းအမျိုးမျိုး ကွဲစေချင်သလား
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ယဟ ၁၅:၄၊ ၅—မိမိနဲ့ကော ခရစ်ယာန် အချင်းချင်းနဲ့ပါ နောက်လိုက်တွေ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ရမယ်ဆိုတာ စပျစ်ပင် ဥပမာ သုံးပြီး ယေရှု ပြောတယ်
ယဟ ၁၇:၁၊ ၆၊ ၁၁၊ ၂၀-၂၃—နောက်လိုက်စစ်အားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေဖို့ အသတ်မခံရခင် နောက်ဆုံးညမှာ ယေရှု ဆုတောင်းတယ်
ပထမရာစု ခရစ်ယာန်တွေ ယုံကြည်ချက် တူကြသလား။ ယေဟောဝါကို တစ်ပုံစံတည်း ကိုးကွယ်ကြသလား
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
တ ၁၁:၂၀-၂၃၊ ၂၅၊ ၂၆—အန္တိအုတ်မြို့နဲ့ ဂျေရုဆလင်မြို့ အသင်းတော် ပူးပေါင်းဆောင်ရွက်ကြတယ်။ စည်းလုံးကြတယ်
ရ ၁၅:၂၅၊ ၂၆။ ၂က ၈:၁-၇—ပထမရာစု အသင်းတော် အသီးသီးဟာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် ရက်ရက်ရောရော လှူခြင်းအားဖြင့် မေတ္တာပြကြတယ်။ စည်းလုံးမှုရဲ့ သက်သေပါပဲ
ခရစ်တော်ကို ယုံတယ် ပြောရုံနဲ့ ဘုရား လက်ခံသလား
ခရစ်တော်နဲ့ တမန်တော်တွေရဲ့ သွန်သင်ချက်ကနေ သွေဖည်နေတဲ့ ဝတ်ပြုမှုကို ဘုရား လက်ခံသလား
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
မ ၁၃:၂၄-၃၀၊ ၃၆-၄၃—လယ်မှာ ပေါင်းပင်တွေ ပေါ်လာသလို အသင်းတော်မှာ ခရစ်ယာန် အတုအယောင်တွေ ပေါ်လာမယ်၊ ကြီးစိုးမယ်ဆိုတာ ဥပမာ သုံးပြီး ယေရှု ရှင်းပြတယ်
၁ယ ၂:၁၈၊ ၁၉—ပထမရာစု အကုန်ပိုင်းမှာ ခရစ်တော်ကို ဆန့်ကျင်သူ အများကြီး ပေါ်လာပြီလို့ သက်ကြီး တမန်တော် ယောဟန် ပြောတယ်