အိမ်ထောင်
အိမ်ထောင် ဘယ်က စသလဲ
ခရစ်ယာန်တွေ အိမ်ထောင်ဖက်အဖြစ် ဘယ်သူ့ကို ရွေးသင့်သလဲ
ယေဟောဝါဆီ ဆက်ကပ်အပ်နှံမထားသူ၊ နှစ်ခြင်းမခံထားသူနဲ့ နှစ်ခြင်းခံပြီးသား ကိုယ့်သားသမီး လက်ထပ်မှာကို ခရစ်ယာန်စစ်တွေ ဘာကြောင့် သဘောမတူသလဲ
မယုံကြည်သူနဲ့ လက်ထပ်တာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၁ဘု ၁၁:၁-၆၊ ၉-၁၁—ဘုရားပညတ် ချိုးဖောက်ပြီး တိုင်းတစ်ပါးသူတွေနဲ့ လက်ထပ်လို့၊ သူတို့ကြောင့် ဘုရားဆီကနေ စိတ်ယိုင်သွားလို့ ဘုရင် ရှောလမုန်ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်တယ်
နေ ၁၃:၂၃-၂၇—ယေဟောဝါကို မကိုးကွယ်တဲ့ တိုင်းတစ်ပါးသူတွေနဲ့ ဂျူးတွေ လက်ထပ်လို့ ယေဟောဝါလိုပဲ ဘုရင်ခံ နေဟမိ အကြီးအကျယ် ဒေါသထွက်တယ်။ သူတို့ကို ဆုံးမတယ်
ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုသူ၊ နာမည်ကောင်း ရထားသူကို အိမ်ထောင်ဖက် ရွေးတာ ဘာကြောင့် ပညာရှိသလဲ
ဧ ၅:၂၈-၃၁၊ ၃၃ ကိုလည်း ကြည့်ပါ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၁ရှ ၂၅:၂၊ ၃၊ ၁၄-၁၇—နာဗလဟာ ချမ်းသာပေမဲ့ ခက်ထန်ပြီး စရိုက် ကြမ်းလို့ အဘိဂဲလအတွက် ခင်ပွန်းကောင်း မဟုတ်ဘူး
ပ ၂၁:၉—အိမ်ထောင်ဖက် အရွေးမှားရင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ၊ အိမ်ပူအိမ်ဆူ ဖြစ်လာနိုင်တယ်
ရ ၇:၂—အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုတဲ့အခါ မစုံလင်သူ ခင်ပွန်းရဲ့ ဦးစီးမှုအောက် ရောက်သွားကြောင်း တမန်တော် ပေါလု ရှင်းပြတယ်။ ဒါကြောင့် ခရစ်ယာန် အမျိုးသမီးတွေ အိမ်ထောင်ဖက်ကို ပညာရှိရှိ ရွေးကြတယ်
အိမ်ထောင်ပြုဖို့ ပြင်ဆင်ခြင်း
ဇနီးနဲ့ သားသမီးတွေကို ကောင်းကောင်း ထောက်ပံ့နိုင်မလားဆိုတာ အမျိုးသားတစ်ယောက် အိမ်ထောင်မပြုခင် ဘာကြောင့် စဉ်းစားသင့်သလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ပ ၂၄:၂၇—အမျိုးသားတစ်ယောက် အိမ်ထောင် မပြုခင်၊ ကလေး မယူခင်ကတည်းက အလုပ် ကြိုးစားသင့်တယ်။ ဒါမှ မိသားစုကို ထောက်ပံ့ဖို့ အသင့်ဖြစ်နေမယ်
သမီးရည်းစားတွေ ဘာကြောင့် အကြံဉာဏ် တောင်းသင့်သလဲ။ အပြင်ပန်းထက် ဘယ်လို လူစားမျိုးလဲဆိုတာ သိဖို့ ဘာကြောင့် အာရုံစိုက်သင့်သလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ရု ၂:၄-၇၊ ၁၀-၁၂—ရုသ လုပ်ပုံကိုင်ပုံ၊ နောမိနဲ့ ဆက်ဆံပုံကို ဗောဇ ကြည့်တယ်။ ယုံကြည်စိတ်ချရသူတွေကို တီးခေါက်ကြည့်တယ်။ ယေဟောဝါကို ဘယ်လောက် ချစ်သလဲ အကဲခတ်တယ်။ ဒီနည်းနဲ့ ရုသ ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ လေ့လာတယ်
ရု ၂:၈၊ ၉၊ ၂၀—ဗောဇ ကြင်နာတယ်၊ ရက်ရောတယ်၊ ယေဟောဝါကို ချစ်တယ်ဆိုတာ ရုသ မြင်တယ်
သမီးရည်းစားထားချိန်၊ စေ့စပ်ထားချိန်မှာ ကိုယ်ကျင့်တရား သန့်ရှင်းဖို့ ယေဟောဝါ ဘာကြောင့် တောင်းဆိုသလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ပ ၅:၁၈၊ ၁၉—ချစ်ကြောင်း ပြတဲ့ နည်းတချို့ဟာ အိမ်ထောင်သည်တွေအတွက်ပဲ ဖြစ်တယ်
သီ ၁:၂။ ၂:၆—ရှုလမိုက် မိန်းကလေးနဲ့ သိုးကျောင်းသားလေးဟာ ချစ်ခွန်းဖွဲ့စကားတွေ ဖလှယ်ခြင်းအားဖြင့် ချစ်ကြောင်း ပြကြတယ်။ ရမက်ကြွစေတဲ့ မသန့်ရှင်းတဲ့ အကျင့်တွေအားဖြင့် မဟုတ်ဘူး
သီ ၄:၁၂။ ၈:၈-၁၀—ရှုလမိုက် မိန်းကလေးဟာ ဖြူစင်အေးချမ်းတယ်။ ချုပ်တည်းမှု ရှိတယ်။ တံတိုင်းခတ်ထားတဲ့ ဥယျာဉ်နဲ့ တူတယ်
ဘာကြောင့် တရားဝင် လက်ထပ်သင့်သလဲ
ခင်ပွန်းတာဝန်
ခင်ပွန်းကို ယေဟောဝါ ဘာတာဝန်တွေ ပေးထားသလဲ
ဦးစီးတာဝန်နဲ့ပတ်သက်လာရင် ဘယ်သူ့စံနမူနာကို ခင်ပွန်း အတုယူရမလဲ
ဇနီးရဲ့ ခံစားချက်ကို နားလည်ကြောင်း၊ ချစ်ကြောင်း ခင်ပွန်း ဘာကြောင့် ပြရမလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
က ၂၁:၈-၁၂—စာရာ့အကြံကို အာဗြဟံ မကြိုက်ပေမဲ့ နားထောင်ဖို့ ယေဟောဝါ ပြောတယ်
ပ ၃၁:၁၀၊ ၁၁၊ ၁၆၊ ၂၈—ဇနီးကောင်း ရထားတဲ့ ပညာရှိ ခင်ပွန်းဟာ ဇနီးကို လိုက်ချုပ်ချယ်၊ အပြစ်ရှာမှာ မဟုတ်ဘူး။ ယုံမှာ၊ ချီးမွမ်းပေးမှာ ဖြစ်တယ်
ဧ ၅:၃၃—တမန်တော် ပေါလုရဲ့ စကားတွေအရ ကိုယ့်ကို ခင်ပွန်း ချစ်ပါလားဆိုတာ ဇနီးတွေ ခံစားရဖို့ လိုတယ်
ဇနီးတာဝန်
ဇနီးကို ယေဟောဝါ ဘာတာဝန်တွေ ပေးထားသလဲ
ဇနီးရဲ့ အခန်းကဏ္ဍဟာ ခင်ပွန်းထက် နိမ့်သလား
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
ပ ၁:၈။ ၁က ၇:၄—အိမ်ထောင်မှာ၊ မိသားစုမှာ ဇနီးတွေ၊ မိခင်တွေကို ယေဟောဝါ အခွင့်အာဏာတချို့ ပေးထားတယ်
၁က ၁၁:၃—အနန္တဘုရား ယေဟောဝါကလွဲလို့ ကျွန်တော်တို့အားလုံး ဘုရားအစီအစဉ်မှာ ဦးစီးမှု ပုံစံတစ်မျိုးမျိုးအောက် ရှိတယ်လို့ တမန်တော် ပေါလု ရှင်းပြတယ်
ဟီ ၁၃:၇၊ ၁၇—အသင်းတော်မှာ ဦးဆောင်နေသူတွေကို ယောက်ျား၊ မိန်းမအားလုံး နာခံရမယ်။ ပူးပေါင်းလုပ်ဆောင်ရမယ်
မယုံကြည်သူ ခင်ပွန်း ရှိတဲ့ ခရစ်ယာန် ဇနီးတွေ ဘယ်လိုနည်းနဲ့ ယေဟောဝါကို ရွှင်လန်းစေနိုင်သလဲ
ခင်ပွန်းကို ခရစ်ယာန် ဇနီးတွေ ဘာကြောင့် လေးစားသင့်သလဲ
ဘယ်လို ဇနီးမျိုးကို ကျမ်းစာမှာ ချီးကျူးထားသလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
က ၂၄:၆၂-၆၇—မိခင် သေဆုံးလို့ အိဇက်ဝမ်းနည်းနေတာ ရေဗက္ကာကြောင့် ဖြေသာလာတယ်
၁ရှ ၂၅:၁၄-၂၄၊ ၃၂-၃၈—ကရုဏာ ပြပေးပါလို့ ဒါဝိဒ်ကို နှိမ့်ချမှုရှိရှိ အဘိဂဲလ အသနားခံတယ်။ ဒါကြောင့် တဇောက်ကန်းသမား ခင်ပွန်းကော အိမ်သူအိမ်သားတွေပါ အသက်ဘေး လွတ်သွားကြတယ်
ဧသ ၄:၆-၁၇။ ၅:၁-၈။ ၇:၁-၆။ ၈:၃-၆—ဘုရားလူမျိုးကို ကာကွယ်ချင်လို့ ဘုရင် မဆင့်ခေါ်ပေမဲ့ အသက်ရင်းပြီး ခင်ပွန်းဖြစ်သူ ဘုရင်ဆီ နှစ်ကြိမ်တိုင်တိုင် မိဖုရား ဧသတာ ဝင်တွေ့တယ်
ပြဿနာ ဖြေရှင်းခြင်း
အိမ်ထောင်ရေး ပြဿနာတွေ ဖြေရှင်းဖို့ မောင်နှံစုံကို ဘယ်ကျမ်းစာမူတွေ ကူညီပေးနိုင်သလဲ
ငွေနဲ့ပတ်သက်ပြီး မျှမျှတတ ရှိဖို့ မောင်နှံစုံကို ဘယ်ကျမ်းစာမူတွေ ကူညီပေးနိုင်သလဲ
လု ၁၂:၁၅။ ဖိ ၄:၅။ ၁တိ ၆:၉၊ ၁၀။ ဟီ ၁၃:၅
“ငွေ” ကိုလည်း ကြည့်ပါ