ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • scl စာ. ၁၁၉-၁၂၁
  • အိုမင်းချိန်။ သက်ကြီးရွယ်အို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိုမင်းချိန်။ သက်ကြီးရွယ်အို
  • ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ
ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ
scl စာ. ၁၁၉-၁၂၁

အိုမင်းချိန်။ သက်ကြီးရွယ်အို

သက်ကြီးပိုင်းမှာ ဘာတွေ ကြုံရသလဲ

ဆ ၇၁:၉။ ၉၀:၁၀

“နှစ်သိမ့်မှု— ကျန်းမာရေး၊ အသက်အရွယ်ကြောင့် ဆန္ဒ ရှိသလောက် မလုပ်နိုင်ခြင်း” ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဒေ ၁၂:၁-၈—သက်ကြီးပိုင်းမှာ ကြုံရတာတချို့ကို ဘုရင် ရှောလမုန် ကဗျာဆန်ဆန် ရေးဖွဲ့တယ်။ ဥပမာ၊ မျက်စိမှုန်လာတာ (“မိန်းကလေးတွေက ပြတင်းပေါက်ကနေ ကြည့်တဲ့အခါ မှုန်ဝါးဝါးပဲ မြင်ရတယ်”)၊ နားလေးလာတာ (“သီချင်းသည် မိန်းကလေးတွေရဲ့ တေးသံ တိုးသွားတယ်”)

သက်ကြီးပိုင်းမှာ အခက်အခဲတွေ ရှိပေမဲ့ ဝမ်းမြောက်နေနိုင်သလား

၂က ၄:၁၆-၁၈။ ယာ ၁:၂-၄

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁၂:၂၊ ၂၃—ယေဟောဝါရဲ့ လူမျိုးအတွက် ဆက်ဆုတောင်းပေးဖို့ ဘယ်လောက် အရေးကြီးမှန်း သက်ကြီး ပရောဖက် ရှမွေလ သိတယ်

    • ၂ရှ ၁၉:၃၁-၃၉—ဘုရင် ဒါဝိဒ်ကို ဗာဇိလဲ သစ္စာရှိရှိ ထောက်မတယ်။ ဒါပေမဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းမှုထမ်းအဖြစ် ဒါဝိဒ် မြှောက်စားတာကို ငြင်းတယ်။ အိုမင်းနေပြီ ဖြစ်လို့ အမှုမထမ်းနိုင်တော့တာကို ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုလို့ပဲ

    • ဆ ၇၁:၉၊ ၁၈—အိုမင်းချိန်မှာ ယေဟောဝါအတွက် အသုံးမဝင်တော့ဘူးဆိုပြီး ပစ်ပယ်ခံရမှာ ဘုရင် ဒါဝိဒ် စိုးရိမ်တယ်။ ဒါကြောင့် မစွန့်ပစ်လိုက်ဖို့၊ နောင်လာနောက်သားတွေကို ဘုရားအကြောင်း ပြောပြနိုင်အောင် ခွန်အား ပေးဖို့ ဆုတောင်းတယ်

    • လု ၂:၃၆-၃၈—သက်ကြီး မုဆိုးမ အန္န ဘုရားတရား ကိုင်းရှိုင်းလို့၊ သစ္စာရှိရှိ အမှုဆောင်လို့ ကောင်းချီး ရတယ်

သက်ကြီးသူတွေကို တန်ဖိုးထားတယ်ဆိုတာ ယေဟောဝါ ဘယ်လို စိတ်ချစေသလဲ

ဆ ၉၂:၁၂-၁၄။ ပ ၁၆:၃၁။ ၂၀:၂၉။ ရှာ ၄၆:၄။ တိ ၂:၂-၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၁၂:၁-၄—အာဗြဟံ အသက် ၇၅ နှစ်မှာ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေမယ့် တာဝန် ယေဟောဝါဆီက ရတယ်

    • ဒံ ၁၀:၁၁၊ ၁၉။ ၁၂:၁၃—ယေဟောဝါ သိပ်တန်ဖိုးထားရတဲ့သူ ဖြစ်တယ်၊ သစ္စာရှိမှုအတွက် ဆုချခံရမယ်လို့ ပရောဖက် ဒံယေလ အသက် ၉၀ ကျော်မှာ ကောင်းကင်တမန် လာပြောတယ်

    • လု ၁:၅-၁၃—သားယောဟန် မွေးဖို့ သက်ကြီး ဇာခရိနဲ့ ဧလိရှဗက်ကို အံ့ဖွယ်နည်းနဲ့ ကူညီပေးခြင်းအားဖြင့် ယေဟောဝါ ကောင်းချီးပေးတယ်

    • လု ၂:၂၅-၃၅—မေရှိယ ဖြစ်လာမယ့် ကလေးငယ်ကို မြင်ခွင့် သက်ကြီး ရှိမောင်ကို ယေဟောဝါ ပေးတယ်။ အဲဒီနောက် ကလေးငယ်နဲ့ပတ်သက်ပြီး ရှိမောင် ပရောဖက်ပြုတယ်

    • တ ၇:၂၃၊ ၃၀-၃၆—အစ္စရေးလူမျိုးကို ဦးဆောင်ရမယ့် တာဝန် ယေဟောဝါ ပေးချိန်မှာ ပရောဖက် မောရှေ အသက် ၈၀ ရှိပြီ

သစ္စာရှိ သက်ကြီးသူတွေ ဘယ်လို ဆက်ဆံခံရသင့်သလဲ

ဝ ၁၉:၃၂။ ၁တိ ၅:၁

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၄၅:၉-၁၁။ ၄၇:၁၂—မိမိဆီ လာနေဖို့ သက်ကြီး ဖခင် ယာကုပ်ကို ယောသပ် ခေါ်တယ်။ သေဆုံးချိန်အထိ ကြည့်ရှုစောင့်ရှောက်တယ်

    • ရု ၁:၁၄-၁၇။ ၂:၂၊ ၁၇၊ ၁၈၊ ၂၃—သက်ကြီး နောမိကို ရုသ အပြော၊ အလုပ်နဲ့ ထောက်မတယ်

    • ယဟ ၁၉:၂၆၊ ၂၇—မိခင်ကို စောင့်ရှောက်ပေးဖို့ ချစ်တပည့် ယောဟန်ကို ယေရှု သစ်တိုင်ပေါ် သေဆုံးခါနီး မှာတယ်

အသင်းတော်က သက်ကြီးသူတွေကို ဘယ်လို လက်တွေ့ကျကျ ကူညီနိုင်သလဲ

၁တိ ၅:၃-၅၊ ၈-၁၀၊ ၁၆။ ယာ ၂:၁၄-၁၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ