ပဋိပက္ခ ဖြေရှင်းခြင်း
တစ်ယောက်ယောက် စိတ်ဆိုးအောင် လုပ်တဲ့အခါ ဘာကြောင့် ဒေါသမထွက်သင့်၊ လက်တုံ့မပြန်သင့်သလဲ
ပ ၂၀:၂၂။ ၂၄:၂၉။ ရ ၁၂:၁၇၊ ၁၈။ ယာ ၁:၁၉၊ ၂၀။ ၁ပ ၃:၈၊ ၉
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၁ရှ ၂၅:၉-၁၃၊ ၂၃-၃၅—ဒါဝိဒ်နဲ့ သူ့လူတွေကို နာဗလ စော်ကားမော်ကား ပြောတယ်။ စားစရာ မပေးဘူး။ ဒါဝိဒ် သွေးဆူပြီး နာဗလနဲ့ အိမ်သားယောက်ျားအားလုံးကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဘိဂဲလရဲ့ ပညာရှိ အကြံပေးချက်ကြောင့် ဒါဝိဒ် သွေးစွန်းမယ့် လုပ်ရပ် မလုပ်မိတော့ဘူး
ပ ၂၄:၁၇-၂၀—ရန်သူ ကျရှုံးတဲ့အခါ ဝမ်းသာတာကို ယေဟောဝါ မနှစ်သက်ဘူးလို့ ဘုရားလူမျိုးကို ဘုရင် ရှောလမုန် သတိပေးတယ်။ တရားစီရင်ဖို့ ယေဟောဝါလက်ထဲ ကျွန်တော်တို့ အပ်ထားကြတယ်
ပြဿနာ ဖြစ်ရင် စကားမပြောဘဲ နေသင့်သလား၊ တေးထားသင့်သလား
ဝ ၁၉:၁၇၊ ၁၈။ ၁က ၁၃:၄၊ ၅။ ဧ ၄:၂၆
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
မ ၅:၂၃၊ ၂၄—ကိုယ့်အပေါ် အမှားလုပ်သူနဲ့ သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်လို့ ယေရှု ပြောတယ်