နိုင်ငံတော်ကြွေးကြော်သူများ မှတ်တမ်း
ယေဟောဝါသည် စွဲမြဲခြင်းအပေါ် ကောင်းချီးပေး
ယေဟောဝါသက်သေများသည် ယေဟောဝါဘုရားအား နက်ရှိုင်းသောမေတ္တာနှင့် လူလူချင်းအပေါ် တာဝန်သိစိတ်ရှိခြင်းက လူတိုင်း ဘုရားနိုင်ငံတော်သတင်းကောင်းကြားခွင့်ရစေရန် သူတို့အားလှုံ့ဆော်ပေးသည်။ (မဿဲ ၂၄:၁၄) ထိုကြောင့် ညီအစ်မတစ်ဦးသည် သူမ၏ရပ်ကွက်ရှိ တပ်မြေမှ စစ်သားများနှင့် သူတို့၏အိမ်ထောင်များကို ဟောပြောရန်စိတ်ပြင်းပြလျက်ရှိသည်။
ညီအစ်မကြိုးစားတိုင်း တာဝန်ခံ ဗိုလ်ကြီးက ဝင်ခွင့်မပြုချေ။ “ဒါနဲ့ ကျွန်မတပ်မှူးဖြစ်တဲ့ ဗိုလ်မှူးကိုတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဗိုလ်မှူးရဲ့ အတွင်းရေးမှူးကို ကျွန်မဖုံးဆက်တော့ သူကျွန်မကိုဆက်သွယ်မပေးဘူး။ တပ်အပြင်မှာနေတဲ့ အဲ့ဒီဗိုလ်မှူးအိမ်ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မသူ့အိမ်ရောက်သွားတော့ သူက ကျွန်မဇာတိကိုမေးတယ်။ ကောင်းသွားတာက ဖီဂျီပြည်မကျွန်းလေးမှာ ကျွန်မမွေးဖွားခဲ့ခြင်းဘဲ။ ကျွန်မရဲ့တောင်းဆိုချက်ကို လေးလေးစားစားနဲ့နားထောင်ပြီး ယေဟောဝါသက်သေတွေအကြောင်းတော့ ကြားဘူးတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့လုပ်ငန်းသဘောကို တစ်ခါမျှမကြားရသေးဘူးလို့ ပြောတယ်။ သူ့ကိုဟောဖို့အခွင့်အရေးကောင်း ကျွန်မရလိုက်ပြီး ကျမ်းစာဆိုင်ရာစာအုပ်သုံးအုပ်ယူလိုက်တယ်။ သူက လာမည့်အင်္ဂါနေ့မှာ တပ်ထဲက သူ့ရဲ့ရုံးခန်းသို့ နံနက် ၉:၀၀ နာရီလာခဲ့ဖို့မှာတယ်။ ကျွန်မနဲ့ နောက်ညီအစ်မတစ်ယောက် ရောက်သွားတဲ့အခါ အစောင့်တွေကြိုတင်သိရှိထားပြီးဖြစ်တဲ့အတွက် ဝင်းထဲမှာဟောပြောဖို့ခွင့်ပြုချက်ရတယ်။ ကင်းမှူးက “သောကြာနေ့မှာ တံခါးအားလုံးဖွင့်ထားကြဖို့ အရာရှိတွေကို ကျွန်တော်အခုအကြောင်းကြားထားမယ်။ ကျွန်တော်တို့အားလုံးမှာ ဘာသာအသီးသီးရှိကြပေမဲ့ ခင်ဗျားတို့ရဲ့ဘာသာက ကောင်းကင်နိုင်ငံတော်နဲ့ ကမ္ဘာကုန်တော့မဲ့အကြောင်း ကျွန်တော်တို့အတွက် သတိပေးချက်ဖြစ်နိုင်ပါတယ်’ လို့ပြောတယ်။
“ကျွန်မတို့ သောကြာနေ့ရောက်သွားတော့၊ တပ်ကားတစ်စီး ဝင်းခြံထဲမှာလိုက်ပြီး “အသက်ကြီးမိန်းမနှစ်ယောက် ဝင်းခြံထဲမှာ လိုက်သတိပေးလိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြု၍ ခင်ဗျားတို့တံခါးကို ဖွင့်ပြီး သူတို့ကို လက်ခံနားထောင်ကြပါ။ သူတို့နဲ့ ငြင်းခုံရန်မူတာတွေမလုပ်ကြပါနဲ့’ လို့ကြေညာတယ်။ ကျွန်မတို့ နံနက် ၈:၃၀ ကနေညနေ ၅:၀၀ အထိအမှုဆောင်တယ်။ စာအုပ်ကြီး ၁၀၀ နှင့် မဂ္ဂဇင်း ၂၀၀ ဝေရတယ်။ ရလဒ်ကော။ ပြန်လည်ပတ်မှု အတော်များများလုပ်နိုင်ခဲ့ပြီး ကျမ်းစာသင်အံမှုတွေစနိုင်ခဲ့တယ်။”
မကြာသေးမှီက အထူးရှေ့ဆောင်များ ပထမအကြိမ်လည်ပတ်ဟောပြောခဲ့သော တောင်ပစိဖိတ်ရှိ နောက်တစ်ကျွန်းမှ စိတ်ဝင်စားဖွယ်တွေ့ကြုံမှုတစ်ခု ကြားသိရသည်။ ဤအထူးရှေ့ဆောင်များကို စုပေါင်းအသင်းတော်၏ဂိုဏ်းခေါင်းဆောင်များက အတိုက်အခံပြုကြသည်။ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်စဉ် ထိုခေါင်းဆောင်များ၏ လွှမ်းမိုးမှုကြောင့် ရွာသူကြီးသည် ယေဟောဝါသက်သေများကို ရွာတွင်းဝင်ခွင့်မပြုကြသောကြောင့် ပြန်လည်ပတ်မှုတစ်ခုပြုလုပ်ရန် သူတို့အခက်အခဲကြုံနေရ၏။ ဤတစ်ကြိမ် သူတို့ရွာကိုရောက်သောအခါ၊ သူကြီးမရှိသောကြောင့် စိတ်ဝင်စားသူထံ လည်ပတ်ပြီး ကောင်းစွာသက်သေခံခွင့်ရခဲ့လေသည်။ သူတို့ရွာမှထွက်ခွာစဉ် လှေကြီးတစ်စီးချဉ်းကပ်လာသည်။ စက်ပျက်နေ၍ လက်နှင့်လှော်နေရကြသည်။ မှန်ပါသည်။ ပြန်လည်ပတ်မှုမပြုရန်တားဆီးဖို့ ရွာသူကြီးအပြန်နောက်ကျသွားခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ရှေ့ဆောင်များက တိုက်နယ်ကြီးကြပ်မှူးအား “ကောင်းကင်တမန်က သူ့စက်ပျက်အောင်လုပ်တယ်လို့ ကျွန်တော်တို့ထင်တယ်” ဟုပြောကြသည်။
ထိုကြောင့် “နိုင်ငံတော်သတင်းကောင်း ဟောရမည်ဟူသော ကိုယ်တော်၏အမိန့်တော်ကို နာခံသောကြောင့် ဤညီအစ်ကိုများ၏ စွဲမြဲမှုကို ယေဟောဝါကောင်းချီးပေးခဲ့လေသည်။