ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁/၁၅ စာ. ၈-၉
  • ပျောက်သောအရာကို ရှာဖွေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျောက်သောအရာကို ရှာဖွေခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျောက်သောအရာကို ရှာဖွေခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နောင်တရတဲ့အပြစ်သားအတွက် ၀မ်းမြောက်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဘုရားသခင့်ကရုဏာတော်ကို သင်အတုယူမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “ငါ့ထံ၌နည်းခံကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁/၁၅ စာ. ၈-၉

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

ပျောက်သောအရာကို ရှာဖွေခြင်း

ယေရှုသည် ဘုရားသခင်အား စိတ်နှိမ့်ချစွာ ဝတ်ပြုမည့်သူတို့ကို ရှာဖွေတွေ့ရှိခြင်းငှာ စိတ်ထက်သန်၏။ ထို့ကြောင့်နာမည်ဆိုးထွက်သော အပြစ်သားများအပါအဝင် လူတိုင်းကိုရှာ၍ နိုင်ငံတော်အကြာင်းဟော၏။ ထိုသို့သောပုဂ္ဂိုလ်များ တရားကြားနာရန် အထံတော်သို့ ချဉ်းကပ်လာကြသည်။

ဤသည်ကိုတွေ့သော ဖါရိရှဲနှင့်ကျမ်းတတ်တို့က အဖက်မတန်ဟု သူတို့ယူဆသော ထိုသူတို့နှင့် ပေါင်းဖော်ခြင်းအတွက် ယေရှုအားအပြစ်တင်ကြ၏။ “ဤသူသည် အပြစ်သားတို့ကိုလက်ခံ၍ အတူစားသောက်ပါသည်တကား” ဟုညည်းညူပြောဆိုကြ၏။ သူတို့ဂုဏ်သိက္ခာနှင့် မတန်လိုက်လေခြင်း။ ဖါရိရှဲများနှင့် ကျမ်းတတ်များသည် သာမညလူတွေကို သူတို့ခြေအောက်မှ ဖုံမှုန့်ပမာ သဘောထားဆက်ဆံကြ၏။ ထိုသို့သောသူတို့ကို အထင်သေးကြောင်းကို ဖေါ်ပြသည့်အနေနှင့် “မြေကြီးသား” ဟူ၍အဓိပ္ပာယ်ရှိသော အမ်ဟာအရက်စ် (‘am ha.’a’rets) ဟူသောဟေဗြဲအသုံးအနှုန်းကို သုံးစွဲကြသည်။

အခြားတစ်ဘက်၌ကြည့်လျှင် ယေရှုသည်လူတိုင်းကို ဂုဏ်သိက္ခာရှိရှိ သနားကြင်နာ ကရုဏာနှင့်ဆက်ဆံ၏။ သို့နှင့် မကောင်းဒုစရိုက်ဘက်တွင် ဟိုးလေးတကျော်ဖြစ်သူတို့အပါအဝင် ဤသိမ်ငယ်သူအများသည် ကိုယ်တော်.တရားတော်ကြားနာရန် စိတ်အားထက်သန်ကြသည်။ သို့သော် အဖက်မတန်ဟု ဖါရိရှဲတို့သဘောထားသူများဘက်မှ ယေရှုအားထုတ် လုပ်ဆောင်ပေးခြင်းကို ဖါရိရဲတို့အပြစ်တင်ခြင်းအကြောင်း မည်သို့ဆိုမည်နည်း။

သူတို့၏ကန့်ကွက်မှုကို ဥပမာတစ်ခုအားဖြင့် ယေရှုချေပတော်မူ၏။ ဖါရိရှဲတို့၏ ယူဆပုံဘက်မှနေ၍ ကိုယ်တော်မိန့်တော်မူ၏။ ဖါရိရှဲတို့အနေဖြင့် မိမိတို့သည်ဖြောင့်မတ်၍ ဘုရားသခင့်သိုးခြံအတွင်း၌ ဘေးလွတ်လုံခြုံစွာရှိကြပြီး ယုတ်ညံ့သော အမ်ဟာအရက်စ် ‘am ha.’a’rets တို့မူကား လမ်းလွဲ၍ပျောက်ဆုံးနေသော အခြေအနေ၌ရှိသည်ဟု ထင်ကြသည်။ ကိုယ်တော်မေးမြန်းသည်ကို နားထောင်ပါလေ။

“သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ သိုးတစ်ရာရှိ၍ သိုးတစ်ကောင်ပျောက်လျှင် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကို မတွေ့မှီတိုင်အောင် သွား၍မရှာဘဲနေမည်လော။ တွေ့ပြီးလျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာတင်ထမ်း၍ မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍ ပျောက်သောသိုးကိုငါတွေ့ပြီ၊ ငါနှင့်အတူဝမ်းမြောက်လော့ဟု ဆိုတတ်သည်မဟုတ်လော။”

ထိုနောက် ပုံဥပမာ၏ သက်ဆိုင်ပုံအကြောင်း ဤသို့ဆက်၍ရှင်းပြတော်မူ၏။ “ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက် နောင်တရသော လူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်းရှိကြသည်ဟု ငါဆို၏။”

ဖါရိရှဲတို့က မိမိတို့ကိုယ်ကို ဖြောင့်မတ်သူများ၊ နောင်တတရားယူစရာ မလိုသူများဖြစ်သည်ဟု ယူဆကြသည်။ လွန်ခဲ့သော နှစ်နှစ်လောက်က အခွန်ခံနှင့်အပြစ်သားတို့နှင့်အတူ ယေရှုစားသောက်ခြင်းကို သူတို့အနက် အချို့အပြစ်တင်ခဲ့စဉ်က ကိုယ်တော်က “ငါကားဖြောင့်မတ်သောသူတို့ကို ခေါ်ရန်မဟုတ်၊ အပြစ်သားတို့ကို ခေါ်ရန် ရောက်လာသည်” ဟုမိန့်တော်မူ၏။ နောင်တယူရန် လိုအပ်ကြောင်းမမြင်ဘဲ မိမိသာလျှင် ဖြောင့်မတ်သည်ဟူသော အတွေးအထင်ရှိသူ ဖါရိရှဲတို့သည် ကောင်းကင်ဘုံတွင် ဝမ်းမြောက်ခြင်း ဆောင်ကြဉ်းပေးနိုင်စွမ်း မရှိကြချေ။ သို့တစေ အမှန်နောင်တရသော အပြစ်သားများမူကား ထိုသို့ဆောင်ကြဉ်းပေးနိုင်ကြသည်။

ပျောက်ဆုံးသော အပြစ်သားတစ်ယောက် နောင်တယူပြောင်းလဲလာခြင်းသည် အကြီးအကျယ်ဝမ်းမြောက်စရာအကြောင်း ဖြစ်သည်ဟူသောအချက်ကို ထပ်ဆင့်၍လေးနက်စေရေးအတွက် ယေရှုသည် အခြားဥပမာတစ်ရပ် မိန့်ကြားတော်မူ၏။ “တစ်စုံတစ်ယောက်သော မိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင် ဆီမီးကိုထွန်း၍ မတွေ့မှီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲနေမည်လော။ တွေ့ပြီးလျှင် အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။”

ထိုနောက်အလားတူ သက်ဆိုင်ပုံကိုဖေါ်ပြ၍ “ထိုနည်းငါဆိုသည်ကား ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်း ရှိကြသည်” ဟု မိန့်တော်၏။

ပျောက်ဆုံးနေသော အပြစ်သားများပြောင်းလဲနောင်တရခြင်းအတွက် ဘုရားသခင့်ကောင်းကင်တမန်များ ထားရှိသည့် မေတ္တာပြည့်ဝသော ကြောင့်ကြမှုသည် ထူးခြားလှပေသည်။ အထူးသဖြင့် တစ်ချိန်က သိမ်ငယ်၍ အထင်သေးအမြင်သေးခံရသော ဤ အမ်ဟာအရက်စ် (‘am ha.’a’rets) တို့သည်အဆုံး၌ ဘုရားသခင့်နိုင်ငံတော် အဖွဲ့ဝင်များ ဖြစ်လာကြမည်ဟူသော အချက်ကြောင့် ထူးခြားခြင်းဖြစ်သည်။ သို့နှင့် ဤသူတို့သည် ကောင်းကင်ဘုံတွင် ကောင်းကင်တမန်များထက်ပင် ကြီးမြင့်သောရာထူးရရှိကြသည်။ သို့သော် ကောင်းကင်တမန်တို့သည် မနာလို၊ အထင်အမြင်သေးသည့်သဘော ရှိမည့်အစား ဤအပြစ်ရှိသော လူသားတို့သည် ဘဝ၌ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ပြီး ယင်းတို့ကို ကျော်လွှားဖြတ်သန်းခဲ့ကြသူများ ဖြစ်ကြောင်း၊ ယင်းအတွေ့အကြုံတို့က သူတို့အား စာနာထောက်ထား၍ သနားကရုဏာပြည့်ဝသော ကောင်းကင်ရှင်ဘုရင်များနှင့်ယဇ်ပုရောဟိတ်များ အဖြစ်အမှုထမ်းရန် အရည်အချင်းပြည့်ဝစေမည်ဖြစ်ကြောင်း စိတ်နှိမ့်ချစွာဖြင့် တန်ဖိုးထားကြသည်။ လုကာ ၁၅:၁–၁၀။ မဿဲ ၉:၁၃။ ၁ ကောရိန္သု ၆:၂၊ ၃။ ဗျာဒိတ် ၂၀:၆။

◆ နာမည်ဆိုးထွက်သော အပြစ်သားများနှင့်ယေရှုအဘယ်ကြောင့် ပေါင်းဖော်တော်မူသနည်း။ ဖာရိရှဲတို့ထံမှ အဘယ်ဝေဖန်စရာဖြစ်စေသနည်း။

◆ သာမညလူထုတို့ကို ဖါရိရှဲတို့မည်သို့ သဘောထားသနည်း။

◆ အဘယ်ဥပမာများကို ယေရှုသုံးတော်မူသနည်း။ ယင်းတို့မှအဘယ်သင်ခန်းစာ ရနိုင်သနည်း။

◆ ကောင်းကင်တမန်များ ဝမ်းမြောက်ခြင်းသည် အဘယ်ကြောင့်ထူးခြား မွန်မြတ်လှသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ