ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁/၁ စာ. ၈-၁၇
  • “ဤယောက်ျားကိုကြည့်ကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဤယောက်ျားကိုကြည့်ကြလော့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဤယောက်ျားကိုကြည့်ကြလော့”
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • “ကြည့်ကြပါ။ ဟောဒီလူပဲ”
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ပုန္တိပိလတ်ကားမည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ပိလတ်မှဟေရုဒ်ထံ၊ တစ်ဖန်ပြန်ပို့ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁/၁ စာ. ၈-၁၇

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

“ဤယောက်ျားကိုကြည့်ကြလော့”

သ ခင်ယေရှု၏ပြုမူနေထိုင်ပုံနှင့်အပြစ်ကင်းစင်မှုတို့ကို သိမြင်သောကြောင့် ပိလတ်မင်းသည် ကိုယ်တော်လွတ်မြောက်စေရန် အခြားနည်းဖြင့်ကြိုးပမ်းသည်။ “ပသခါပွဲ၌လူတစ်ယောက်ကို သင်တို့အားငါလွှတ်မြဲထုံးစံရှိသည်” ဟုလူအုပ်အားပြောဆိုသည်။

ဗာရဗ္ဗဟုခေါ်သော နာမည်ကြီးလူသတ်ဓားပြတစ်ဦးကိုလည်း ဖမ်းဆီးထားရာပိလတ်မင်းက “သင်တို့သည်အဘယ်သူကိုလွှတ်စေချင်သနည်း။ ဗာရဗ္ဗကိုလွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သောယေရှုကို လွှတ်စေချင်သလော” ဟုမေး၏။

သူတို့အားလှုံ့ဆော်ခဲ့သောယဇ်ပုရောဟိတ်ကြီး၏သွေးဆောင်မှုကြောင့် လူတို့သည်ဗာရဗ္ဗကိုလွှတ်ရန်၊ ယေရှုကိုမူကားသတ်ပစ်ရန် တောင်းဆိုကြ၏။ အလျော့မပေးသေးပဲ ပိလတ်ကထပ်မံ၍ “ဤသူနှစ်ယောက်တို့တွင်သင်တို့သည် အဘယ်သူကိုလွှတ်စေချင်သနည်း” ဟုမေးပြန်သည်။

“ဗာရဗ္ဗ” ဟုအော်ဟစ်ကြ၏။

“သို့ဖြစ်လျှင်ခရစ်ဟုခေါ်ဝေါ်သောယေရှုကို အဘယ်သို့ပြုရမည်နည်း” ဟုစိတ်ပျက်လျက်မေးလေ၏။

“ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါ” ဟုနားပွင့်မတတ်အော်ကြ၏။

အပြစ်မရှိသောလူတစ်ယောက်ကိုသတ်ပစ်ရန် တောင်းဆိုနေကြောင်းသိသောကြောင့် ပိလတ်မင်းက “ထိုသူသည်အဘယ်အမှုကိုပြုဘိသနည်း။ သေထိုက်သောအပြစ် တစ်စုံတစ်ခုကိုမျှသူ၌ ငါမတွေ့။ ထို့ကြောင့်သူ့ကိုဆုံးမ၍လွှတ်မည်” ဟုတောင်းပန်ပြောဆို၏။

သူကြိုးပမ်းသော်လည်း ဘာသာရေးခေါင်းဆောင်တို့၏ လှုံ့ဆော်မှုအောက်ရှိ ဒေါသထွက်နေသောလူအုပ်သည် “ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ” ဟုသာဆက်၍ အော်ဟစ်နေကြ၏။ ဘာသာရေးခေါင်းဆောင်များကြောင့် ဒေါသထန်နေသောလူအုပ်ကြီးသည် သွေးဆာနေကြသည်။ ထိုသူတို့ထဲတွင် လွန်ခဲ့သည့်ငါးရက်လောက်ကမှ သခင်ယေရှုဘုရင်အနေနှင့်ယေရုရှလင်မြို့သို့အဝင် ကိုယ်တော်အားကြိုဆိုခဲ့ကြသူအချို့လည်း ပါဝင်ဖွယ်ရှိကြောင်း စဉ်းစားကြည့်ပါ။ သခင်ယေရှု၏တပည့်တော်များရှိနေလျှင် လူအုပ်ကြားမထင်မရှား နေခဲ့ကြဖွယ်ရှိသည်။

သူ၏တောင်းပန်ချက်များသည် အရာရောက်မည့်အစား အုံကြွမှုများကိုသာ ဖြစ်စေကြောင်းတွေ့မြင်သောပိလတ်မင်းသည် ရေကိုယူပြီး လူအုပ်ရှေ့တွင်မိမိလက်များကိုဆေးကြော၍ “ဤဖြောင့်မတ်သောသူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏။ ဤအမှုကိုသင်တို့ကြည့်ကြလော့” ဟုပြောဆိုသည်။ လူများတို့က “သူ၏အသွေးသည်ငါတို့ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့၏ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေ” ဟုပြန်ပြောကြ၏။

မိမိသိရှိထားသည့် အမှန်တရားအတိုင်း လုပ်ဆောင်မည့်အစားပိလတ်မင်းသည် လူအုပ်ကျေနပ်စေရန် သူတို့၏တောင်းဆိုချက်များနှင့်အညီ ဗာရဗ္ဗကိုလွှတ်ပေးခဲ့သည်။ ယေရှုကိုယူပြီး အဝတ်တော်ကိုချွတ်ကာရိုက်နှက်ဒဏ်ပေးခဲ့သည်။ ယင်းသည်သာမန်ရိုက်နှက်ခြင်း မဟုတ်ပါ။ ရောမလူမျိုးတို့၏ ရိုက်နှက်ဒဏ်ပေးပုံကို The Journal of the American Medical Association ကဤသို့ဖော်ပြသည်။

“အများအားဖြင့်အသုံးပြုသောအရာမှာ ကြာပွတ်တို (ရိုက်တုတ်) ဖြစ်သည်။ အရှည်အတိုမညီသောသားရေကြာပွတ်ကြိုးများဖြင့် ကျစ်ထားပြီး ကြိုးများစပ်ကြားတွင် သံလုံးလေးများနှင့်ချွန်ထက်သော သိုးအရိုးများချည်ထားသည်။ . . . ရောမစစ်သားများသည် ရိုက်ဒဏ်သင့်သောသူ၏ကျောကို တအားဆင့်ကာရိုက်သောအခါ ကြိုးတွင်းရှိသံလုံးများသည် နက်ရှိုင်းစွာအတွင်းကြေဖြစ်စေပြီး သိုးအရိုးများသည် အသားနှင့်အတွင်းရှိအသားမျှင်များကိုကြေမွစုတ်ပဲ့စေသည်။ ဆက်လက်ရိုက်စဉ် အတွင်းပိုင်းရှိအရိုးပေါ်တွင်ကပ်နေသောကြွက်သားများအထိ စုတ်ပြတ်စေကာ သွေးသံရဲရဲနှင့်ဆတ်ဆတ်တုန်နေသော အသားမြောင်းများဖြစ်ပေါ်စေသည်။”

ဤသို့နှိပ်စက်ရိုက်နှက်ပြီးနောက် ယေရှုအားဘုရင်ခံ၏နန်းတော်သို့ခေါ်ဆောင်သွားကြပြီး စစ်တပ်တစ်ခုလုံးကိုစုရုံးလိုက်သည်။ စစ်သားများသည်ကိုယ်တော်အားဝိုင်းသရော်ကြပြီး ဆူးပင်နှင့်ရက်သောဦးရစ်ကိုခေါင်းတော်၌ တင်ကြ၏။ ကျူးလုံးတစ်လုံးကိုညာလက်ဖြင့်ကိုင်စေပြီး မင်းများဝတ်ဆင်သော နီမောင်းသည့်ဝတ်လုံကို ဝတ်ဆင်ပေးကြသည်။ ထိုနောက် “ယုဒရှင်ဘုရင်၊ ကိုယ်တော်သည်မင်္ဂလာရှိစေသတည်း” ဟုပြက်ရယ်ပြုပြောဆိုကြသည်။ ကိုယ်တော်ကိုတံတွေးနှင့်ထွေးကာ မျက်နှာကိုရိုက်ကြသည်။ ကိုယ်တော်၏လက်မှကျူလုံးကိုယူပြီး ခေါင်းတော်ကိုရိုက်ရာတွင် ယင်းကိုအသုံးပြုကြသည်။ အရှက်တကွဲဖြစ်အောင် ဆောင်းပေးထားသောချွန်ထက်သည့် “ဦးရစ်” နှင့်ဦးရေကို ရှစေကြသည်။

နှိပ်စက်မှုခံရငြားလည်း မှတ်သားဖွယ်ကောင်းသော ယေရှု၏သိက္ခာနှင့်စွမ်းပကားကို သတိပြုမိ၍ ပိလတ်မင်းသည် ကိုယ်တော်လွတ်မြောက်ရန်ကြိုးစားပြန်သည်။ “ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ၊ သူ့ကိုသင်တို့ရှိရာသို့ ငါထုတ်ပြသည်” ဟုလူအုပ်အားဆို၏။ နှိပ်စက်ခံရသောယေရှု၏အသွင်အပြင်ကိုကြည့်ပြီး လူထု၏စိတ်သဘောထား ပျော့ပျောင်းလာမည်ဟု သူထင်မှတ်ခဲ့ဖွယ်ရှိသည်။ ဆူးဦးရစ်နှင့်နီမောင်းသောဝတ်လုံကို ဝတ်ဆင်လျက် မျက်နှာတော်မှသွေးများယိုစီးနာကျင်နေသောယေရှုသည် နှလုံးသားကင်းမဲ့သောလူအုပ်ကြီးရှေ့တွင် ရပ်နေစဉ် ပိလတ်ကဤသို့ကြွေးကြော်လိုက်သည်။ “ဤယောက်ျားကိုကြည့်ကြလော့။” (NW)

ထုထောင်းရိုက်နှက်ခံရသော်လည်း ဤတွင်ရပ်နေသူသည် သမိုင်းတစ်လျှောက်တွင် အထူးခြားဆုံးနှင့်အသက်ရှင်ခဲ့သူများထဲတွင် အမှန်ပင်အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ မှန်ပါသည်၊ ယေရှုသည်သိက္ခာရှိရှိအေးဆေးတည်ငြိမ်မှုကို ပြသခဲ့သောကြောင့် ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ပိလတ်ကိုယ်တိုင် အသိအမှတ်ပြုခဲ့ရသည်။ အကြောင်းမှာသူ၏စကားများတွင် လေးစားမှုနှင့်စာနာသနားမှု ရောယှက်နေကြောင်းထင်ရှားသည်။ ယောဟန် ၁၈:၃၉–၁၉:⁠၅။ မဿဲ ၂၇:၁၅-၁၇၊ ၂၀-၃၀။ မာကု ၁၅:၆-၁၉။ လုကာ ၂၃:၁၈-၂၅။

◆ ယေရှုလွတ်မြောက်စေရန် ပိလတ်မည်သည့်နည်းဖြင့် ကြိုးပမ်းခဲ့သနည်း။

◆ တာဝန်ရှိမှုနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုကင်းလွတ်ရန် ပိလတ်မည်သို့ကြိုးစားသနည်း။

◆ ဒဏ်ပေးရိုက်နှက်မှုတွင် အဘယ်အရာပါဝင်သနည်း။

◆ ဒဏ်ပေးခံရပြီးနောက်ယေရှုမည်သို့ လှောင်ပြောင်ခံရသနည်း။

◆ ယေရှုလွတ်မြောက်စေရန် ပိလတ်မည်သို့ဆက်လက်ကြိုးပမ်းသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ