ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၅/၁၅ စာ. ၃၂
  • မီးကဆောက်လုပ်ရေးအစီအစဉ်တစ်ခုကိုနှိုးဆော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မီးကဆောက်လုပ်ရေးအစီအစဉ်တစ်ခုကိုနှိုးဆော်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၅/၁၅ စာ. ၃၂

မီးကဆောက်လုပ်ရေးအစီအစဉ်တစ်ခုကိုနှိုးဆော်

“မီး မီး။ ယေဟောဝါသက်သေများရဲ့အစည်းအဝေးခန်းမကို မီးလောင်နေတယ်။” ထိုသို့ထိတ်လန့်တကြားအော်ဟစ်ခြင်းသည် ၁၉၈၉ ခုနှစ် အောက်တိုဘာလ သောကြာနေ့တစ်နေ့၏မွန်းလွဲပိုင်းအချိန်တွင် နယ်သလန်နိုင်ငံမြောက်ပိုင်းဒေသရှိ ဟယ်ရ်န်ဗေးန်မြို့၌ပေါ်ထွက်လာခြင်းဖြစ်သည်။

ယေဟောဝါသက်သေများသည် ဤကောင်းမွန်သည့်အစည်းအဝေးခန်းမကို ၁၁ နှစ်ကြာအထိအသုံးပြုခဲ့သည်။ အပတ်စဉ်နီးပါး အပတ်၏အဆုံးနေ့များတွင် လူရာပေါင်းများစွာတို့သည် နှစ်ရက်တိုက်နယ်အစည်းအဝေး သို့မဟုတ် တစ်ရက်အထူးအစည်းအဝေးတက်ရောက်ရန် ဤနေရာသို့စုရုံးရောက်ရှိလာကြသည်။ ယင်းသည် ကျမ်းစာပို့ချရန် အဆင်ပြေသောနေရာဖြစ်ခဲ့သည်။

ခန်းမအမိုးပေါ်တွင်အလုပ်လုပ်နေစဉ် မတော်တဆမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ မိနစ်ပိုင်းအတွင်း ဤအဖြစ်ဆိုးသည် ခန်းမကို ပြာပုံဘဝသို့ရောက်စေသည်။ တစ်ဦးတစ်ယောက်မျှထိခိုက်ဒဏ်ရာမရသည်ကို ကျေးဇူးတင်ရပေမည်။

ဆုံးရှုံးမှုအတွက်ဝမ်းနည်းသော်လည်း စိတ်ဓာတ်မကျဘဲ သက်သေခံများသည် အခြားတစ်နေရာတွင် ခန်းမအသစ်ဆောက်ရန် အစီအစဉ်ဆွဲကြသည်။ ဖလဲဗိုးလဲန်ပြည်နယ် ဆွစ်ဖ်တဘန့်တ်တွင် သင့်လျော်သောနေရာကို သူတို့တွေ့ရှိကြသည်။ ယခင်က ဇွီဒဇီးကျွန်းဖြစ်ခဲ့ဖူးသော ပင်လယ်ရေမျက်နှာပြင်အောက် ၁၆ ပေနှိမ့်သော မြေကွက်ကျယ်တစ်ခုဖြစ်သည်။

၁၉၉၁ ခုနှစ် ဇန်နဝါရီလရောက်သောအခါ အစည်းအဝေးခန်းမဆောင်သစ်ကိုစတင်ဆောက်လုပ်ရန် အသံကြားလာရသည်။ ၁၉၉၁ ခုနှစ် မေလမှစက်တင်ဘာလအတွင်း ဆောက်လုပ်ရန်ဖြစ်သည်။ သက်သေခံရာပေါင်းများစွာပါဝင်လုပ်အားပေးကြပြီး အချို့လူငယ်များက ဤစီမံကိန်းကို ယေဟောဝါအားအချိန်ပြည့်အမှုဆောင်ရန် လမ်းစဖြစ်သည်ဟုမြင်ကြသည်။ ဘယ်လ်ဂျီယံနှင့်အင်္ဂလန်မှလုပ်သားများစွာလည်းလာကြသည်။

အလွန်ကောင်းမွန်သောပုံစံရှိ အဆောက်အအုံတစ်ခုကိုဆောက်လုပ်ခဲ့သည်။ ဟောပြောခန်းမနှင့် မုန့်ပဲသွားရေစာစားသောက်သည့်အခန်းတို့ကို မှန်လုံမိုးထားသည့်စင်္ကြံဖြင့် ခြားထားသည်။ ပင်မဟောပြောခန်းမသည် လူပေါင်း ၁,၀၀၈ ယောက်အတွက်နေရာရှိပြီး ယင်းခန်းမနှင့်ကပ်လျက်အခန်းတွင် အစီအစဉ်ကို ရုပ်မြင်သံကြားဖြင့် လူပေါင်း ၂၃၀ ကြည့်မြင်နိုင်သည်။

ယနေ့ ထောင်ပေါင်းများစွာသောသူတို့က ‘လာကြလော့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူလိမ့်မည်’ ဟုပြောဆိုနေကြသည်။ (ဟေရှာယ ၂:၂၊ ၃) ဤအစည်းအဝေးခန်းမဆောင်သစ်သည် ထိုဝိညာဏညွှန်ကြားချက်များကိုပို့ချသည့်နေရာများစွာအနက် တစ်ခုမျှသာဖြစ်သည်။ ယေဟောဝါသက်သေများ၏ ဒေသခံအစည်းအဝေးခန်းမဆောင်လည်း ရှိသေးသည်။ ထိုတွင် သင့်အားလှိုက်လှဲစွာကြိုဆိုကြောင်း သင်တွေ့ရမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ