ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁/၁၅ စာ. ၃၂
  • သူတို့ထဲမှတစ်ယောက်နှင့်သင်တူသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ထဲမှတစ်ယောက်နှင့်သင်တူသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁/၁၅ စာ. ၃၂

သူတို့ထဲမှတစ်ယောက်နှင့်သင်တူသလော

‘သိုးကလေးတစ်ကောင် အနှစ်တစ်ရာဖြစ်ရတာထက် တစ်ရက်လောက်ခြင်္သေ့တစ်ကောင်ဖြစ်ရတာ ပိုကောင်းတယ်။’ ယင်းစကားများသည် တစ်ချိန်က အီတလီနိုင်ငံတွင် အာဏာရှင်တစ်ဦးဖြစ်ခဲ့ဖူးသူ ဘင်နီတိုမူဆိုလိုနီ ပြောခဲ့သည့်စကားများဟုယူမှတ်ခဲ့ကြသည်။

မူဆိုလိုနီကဲ့သို့ပင် လူများစွာတို့သည် သိုးငယ်ကလေးများနှင့်သိုးများ အဖြစ်သတ်မှတ်ခံရခြင်းကို ငြင်းဆန်ကြပေမည်။ သို့ရာတွင် ရှေးခေတ်ဣသရေလလူမျိုးဖြစ်သော ဆာလံဆရာဘုရင်ဒါဝိဒ်က “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ . . . သာယာသောမြစ်နားမှာ ငါ့ကိုပို့ဆောင်တော်မူ၏။” (ဆာလံ ၂၃:၁၊ ၂) မှန်ပါသည်။ ယေဟောဝါဘုရားသခင်သည် မိမိ၏လူများကို ဘေးကင်းသည့်သိုးများဖြစ်ရန်အလို့ငှာ ကြင်နာစွာကြည့်ရှုစောင့်ရှောက်တော်မူသည့် မဟာသိုးထိန်းကြီးဖြစ်တော်မူသည်။

ဆာလံ ၉၅:၇ တွင် ဘုရားသခင်၏လူများကို ပုံဆောင်သိုးများအဖြစ်ဤသို့ဖော်ပြထားသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည် အထံတော်၌ကျက်စားသောသူ၊ လက်တော်အောက်၌နေသောသိုးစုဖြစ်ကြ၏။” အချို့တို့က “အထံတော်၌ကျက်စားသော သိုးစု”၊ “လက်တော်အောက်၌နေသော [လူများ]” ဟုဆာလံဆရာပြောရန် မျှော်လင့်ကြသည်။ သို့သော် ဤတွင် ပြောင်းပြန်ဖြစ်သည်။ ယေဟောဝါ၏လူများကိုယ်နှိုက်က ကိုယ်တော့်သိုးများအဖြစ်သတ်မှတ်ခံရကြသည်။ သူတို့သည် ဘုရားသခင်၏စားကျက်တော်တွင် ခံစားရသည့် အကျိုးကျေးဇူးများကို မွေ့လျော်ကြပြီး ကိုယ်တော်၏မေတ္တာပြည့်ဝသောလက်တော်ဖြင့် လမ်းပြခံရကြသည်။

ယေဟောဝါ၏သားတော်ခရစ်တော်ယေရှုသည် ကောင်းသောသိုးထိန်းဖြစ်၏။ လူများကို သိုးအဖြစ် မကြာခဏကိုယ်တော်ရည်ညွှန်းတော်မူသည်။ ဥပမာအားဖြင့် “သိုးစုငယ်” နှင့် “အခြားသိုး” များအကြောင်း ကိုယ်တော်ပြောခဲ့သည်။ (လုကာ ၁၂:၃၂။ ယောဟန် ၁၀:၁၄-၁၆) သိုးကဲ့သို့စိတ်ထားရှိသောမိမိ၏တပည့်တော်များနှင့်ပတ်သက်၍ ယေရှုဤသို့မိန့်တော်မူသည်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။” (ယောဟန် ၁၀:၂၇၊ ၂၈) ကောင်းမြတ်သောအုပ်စိုးသူအောက်တွင် အုပ်ချုပ်ခံများသည် သူ၏တန်ခိုး၊ မျက်နှာသာ၊ လမ်းညွှန်မှုနှင့် ကာကွယ်မှုများမှ အကျိုးကျေးဇူးခံစားကြရသည်။—ဗျာဒိတ် ၁:၁၆၊ ၂၀။ ၂:၁။

ယေရှု၏ကာကွယ်မှုပေးသောလက်တော်မှ သိုးကဲ့သို့သောလူများကို မည်သူမျှလုယူမသွားနိုင်ချေ။ ယနေ့ကိုယ်တော်သည် မိမိ၏မျက်နှာသာတော်ဆုံးရှုံးသည့် “ဆိတ်များ” နှင့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အုပ်ချုပ်မှုအောက် ထာဝရအသက်ကိုမွေ့လျော်ကြမည့် “သိုးများ” ကို ခွဲခြားနေသည်။ (မဿဲ ၂၅:၃၁-၄၆) သင်သည် ကောင်းချီးခံစားရသောသိုးများတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း သက်သေထူမည်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ