ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၀/၁၅ စာ. ၃၂
  • သွေးသွင်းခြင်းကို အထင်ကြီးလွန်းခြင်းလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွေးသွင်းခြင်းကို အထင်ကြီးလွန်းခြင်းလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၀/၁၅ စာ. ၃၂

သွေးသွင်းခြင်းကို အထင်ကြီးလွန်းခြင်းလော

မျက်မှောက်ခေတ်ဆေးပညာလောကတွင် သွေးသွင်းခြင်းသည် သမရိုးကျကိစ္စဖြစ်နေသော်လည်း ဆိုသလောက်ကောင်းပါသလော။ အသင် မည်သို့ယူဆသနည်း။

အမေရိကန် ဆေးပညာဂျာနယ် (၁၉၉၃ ဖေဖော်ဝါရီ) တွင် ဒေါက်တာ ခရက်ဂ် အက်စ်. ကစ်ချင်စ်က “သွေးသွင်းခြင်းကို အထင်ကြီးလွန်းခြင်းလော” ဟုမေးမြန်းထားသည်။ ကုသရာတွင် အဆိုးထက် အကျိုးပိုမိုဖြစ်လာနိုင်မနိုင်ကို ဆရာဝန်များ အသေအချာသုံးသပ်လေ့ရှိကြောင်း သူသတိပြုစေသည်။ သွေးသွင်းခြင်းနှင့်ပတ်သက်၍ကော။

အသည်းရောင်နာ၊ ခုခံအား ချွတ်ယွင်းခြင်း၊ ကိုယ်အင်္ဂါရပ်တို့၏ အနေအထား ချွတ်ယွင်းခြင်း၊ ကူးဆက်ခံဆိုင်ရာရောဂါကဲ့သို့သော သွေးသွင်းခြင်းနှင့်ဆက်စပ်သော မကြာမီကဖြစ်ပျက်ခဲ့သည့် အန္တရာယ်များစွာတို့ကို ကစ်ချင်စ်ပြန်တင်ပြပါသည်။ သွေးသွင်းခြင်းကြောင့်ဖြစ်နိုင်သည့် “ဆင့်ပွားရောဂါများစွာ” က “သွေးသွင်းသည့်အခါတိုင်း မတည့်သည့်တုံ့ပြန်မှုဖြစ်နိုင်သည့်အလားအလာ ၂၀ ရာခိုင်နှုန်းရှိ၍ တုံ့ပြန်မှုအချို့သည် စိုးရိမ်ဖွယ်မရှိသော်လည်း အချို့တို့မူကား သေလောက်သည့်အန္တရာယ်ရှိကြောင်း ကောက်ချက်ချသည်” ဟု သုတေသနပြုချက်တစ်ခုက အကျဉ်းချုပ်ဖော်ပြသည်။

သို့ရာတွင် ထင်မြင်ရသောအကျိုးများအတွက်နှင့် ဖော်ပြပါ အန္တရာယ်များကိုရင်ဆိုင်ထိုက်ပါသလော။

‘အသွေးကိုကြဉ်ရှောင်’ ရန်ကျမ်းစာအမိန့်တော်ကိုနာခံကာ သွေးမသွင်းသော ယေဟောဝါသက်သေများအား ခွဲစိတ်ကုသမှု ၁,၄၀၄ ခုနှင့်ပတ်သက်သည့် သုတေသနပြုချက် ၁၆ ခုကို ဒေါက်တာကစ်ချင်စ် ပြန်စစ်ဆေးဖော်ပြခဲ့ပါသည်။—တမန်တော် ၁၅:၂၈၊ ၂၉။

ရလဒ်က အသို့နည်း။ “အရေးကြီးသည့်ခွဲစိတ်ကုသမှုများတွင် သွေးသွင်းခြင်းကိုလက်မခံရန် ယေဟောဝါသက်သေလူနာများ၏ဆုံးဖြတ်ချက်သည် ခွဲစိတ်ကုသမှုကြောင့်ဖြစ်နိုင်သည့်အန္တရာယ်အားလုံးအပေါ် သေဆုံးမှု ၀.၅ မှ ၁.၅ ရာခိုင်နှုန်းကို ထပ်ဆင့်ပေးဖွယ်ရှိသည်။ ဤဆုံးဖြတ်ချက်ကြောင့် ဖျားနာမှုနှင့်သေဆုံးမှုမည်မျှရှောင်လွဲနိုင်သည်ကိုမူကား အတိအကျမသိရပါ။ သို့သော် ယင်းသို့ရှောင်လွဲနိုင်သည့်နှုန်းသည် သွေးသွင်းမခံမှုကြောင့်ဖြစ်သည့် အန္တရာယ်ထက် ပိုများစရာအကြောင်းရှိသည်။” (ကျွန်ုပ်တို့၏စာလုံးစောင်းများ) သူ့ဆိုလိုရင်းကား အဘယ်နည်း။ သွေးကိုငြင်းပယ်ခြင်းကြောင့် ဖြစ်နိုင်သည့်အန္တရာယ်သည် သွေးကိုလက်ခံခြင်းနှင့်ဆက်စပ်၍ ဖြစ်နိုင်သည့်အန္တရာယ်များထက် ပိုနည်းဖွယ်ရှိသည်။

သို့ဖြစ်၍ ကစ်ချင်စ်၏ကျိုးကြောင်းညီညွတ်သည့်အမေးကား ဤသို့–“ယေဟောဝါသက်သေများကို သွေးမသွင်းပေးသည့်အတွက် ရောဂါစွဲကပ်မှုနှင့်သေဆုံးမှုနှုန်း အနည်းငယ်သာတိုးများစေပြီး သိသိသာသာအကုန်အကျများမှုနှင့် စိုးရိမ်စရာကောင်းသည့်ဆင့်ပွားရောဂါများကိုပါ ရှောင်လွဲနိုင်သောကြောင့် လူနာများအား သွေးသွင်းကုသမှုလျှော့သင့်သလော။”

ဤကဲ့သို့သောအထောက်အထားကိုအခြေပြု၍ သွေးသွင်းမခံသူများသည် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ ညွှန်ကြားချက်များနှင့်အညီ ပြုမူနေကြခြင်းလည်း ဖြစ်ပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ