“ကျွန်တော်တို့ မပြောင်လှောင်ခင် ပိုပြီးဖတ်ကြပါစို့”
ယင်းကား ယခုသင်ဖတ်နေသော ကင်းမျှော်စင် မဂ္ဂဇင်းနှင့်ပတ်သက်၍ နယူးဇီလန်မှလူတစ်ဦး ပြောခဲ့သည့်စကားဖြစ်သည်။ ယေဇကျေလကျမ်းအခန်းကြီး ၁ တွင်ဖော်ပြထားသည့် ဘုရားသခင်၏ကောင်းကင်ရထားအကြောင်း ဆောင်းပါးနှင့်စပ်လျဉ်း၍ သူဤသို့စာရေးခဲ့သည်–
“ခေရုဗိမ်တစ်ပါးစီသည် အတောင်လေးခုနှင့် မျက်နှာလေးခုစီရှိကြ၏။ သူတို့တွင် ယေဟောဝါ၏တရားမျှတခြင်းကိုဖော်ပြသည့် ခြင်္သေ့မျက်နှာ; ဘုရားရှင်၏တန်ခိုးတော်ကို ကိုယ်စားပြုသောနွားမျက်နှာ; ကိုယ်တော်၏ဉာဏ်ပညာတော်ကို ပုံတင်ပြသော ရွှေလင်းတမျက်နှာ; ယေဟောဝါ၏မေတ္တာတော်ကို ညွှန်ပြသော လူ့မျက်နှာရှိကြ၏။
“အဲဒါကိုထပ်ခါထပ်ခါဖတ်ပြီးတဲ့နောက် ကျွန်တော့်နှလုံးထဲမှာ လှိုက်လှဲတဲ့ခံစားချက်တွေပေါ်လာတယ်။ ဝမ်းသာလုံးဆို့ပြီးမျက်ရည်တွေကျလာတယ်။ ‘ယေဟောဝါ၊ ကိုယ်တော်ဟာ ဘယ်လောက်တောင်လှပတင့်တယ်လိုက်သလဲ!’ ဆိုတဲ့အတွေးချက်ချင်းဝင်လာတယ်။ လောကသားတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ကျွန်တော်ပြောင်လှောင်သရော်ခဲ့တဲ့ ဒီယေဟောဝါဘုရားသခင်နဲ့ပတ်သက်တဲ့ ခံစားချက်အသစ်ကြောင့် ကိုယ့်ကိုယ်ကိုအရမ်းအံ့သြသွားခဲ့ရတယ်။ ယေဟောဝါသက်သေတွေကို ‘ကျေးဇူးတင်ပါတယ်’ လို့ပြောချင်တယ်၊ ကျွန်တော့်လိုလူများစွာကိုတော့ ‘ကျွန်တော်တို့မပြောင်လှောင်ခင်ပိုပြီးဖတ်ကြပါစို့’ လို့ပြောချင်ပါတယ်။”