ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၂/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်ကျိုးစွန့်ခြင်းနှင့် သစ္စာစောင့်သိခြင်း ပုံသက်သေတစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဧလိရှဲဟာ မီးမြင်းရထားတွေကို မြင်တွေ့ခဲ့—သင်ကော မြင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၂/၁၅ စာ. ၃၀

သင်မှတ်မိသလော

များမကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကိုဖတ်ရှုရခြင်းအား လေးမြတ်ခဲ့ပါသလော။ သို့ ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေနိုင်မဖြေနိုင်စမ်းကြည့်ပါလေ။

▫ ခရစ်ယာန်လူငယ်တစ်ဦးအတွက် ပညာရေး၏အဓိကရည်ရွယ်ချက်ကား အဘယ်နည်း။ ပညာရေး၏အဓိကရည်ရွယ်ချက်မှာ လူငယ်တစ်ဦးကို ယေဟောဝါ၏ ဓမ္မအမှုဆောင်ကောင်းတစ်ဦးဖြစ်စေဖို့အတွက် ဖြစ်သင့်သည်။ အရေးအကြီးဆုံးပညာရေးမှာ ဝိညာဉ်ရေးပညာဖြစ်သည်။—၈/၁၅၊ စာမျက်နှာ ၂၁။

▫ အကြီးအကဲများအား ခရစ်ယာန်ချင်းတစ်ဦး၏ ကြီးလေးသောမှားယွင်းမှုကို အကြောင်းကြားရသည့် အကြောင်းရင်းများကား အဘယ်နည်း။

ကြီးလေးသောမှားယွင်းမှုကို အကြောင်းကြားရသည့်အကြောင်းရင်းတစ်ခုမှာ ယင်းသည် အသင်းတော်သန့်ရှင်းမှုကို ထိန်းသိမ်းပေးသည်။ နောက်တစ်ကြောင်းမှာ ယင်းသို့အကြောင်းကြားခြင်းသည် ဘုရားသခင်အပေါ်၊ အသင်းတော်နှင့် မှားယွင်းသူအပေါ် စည်းမျဉ်းပေါ်အခြေခံသည့် ခရစ်ယာန်မေတ္တာကို ပြသရာရောက်သည်အတွက်ဖြစ်သည်။—၈/၁၅၊ စာမျက်နှာ ၂၈၊ ၃၀။

▫ ‘ယေဟောဝါ၏နေ့ရောက်လိမ့်မည်ဟု မျှော်လင့်တောင့်တနေခြင်း’ ဟူသည့် အဓိပ္ပာယ်မှာအဘယ်နည်း။ (၂ ပေတရု ၃:၁၂)

ကျွန်ုပ်တို့၏စိတ်ထဲတွင် ‘ယေဟောဝါ၏နေ့ရက်’ ကိုရွှေ့မပစ်ခြင်းဟု ဆိုလိုပါသည်။ ဤအစီအစဉ်စနစ်ကို ဖျက်ဆီးမည့်ယေဟောဝါ၏နေ့သည် အလွန်နီးကြောင်း ကျွန်ုပ်တို့မမေ့သင့်ပါ။ ယင်းကို ကျွန်ုပ်တို့ထင်ရှားစွာ မြင်နေဘိသကဲ့သို့ ကျွန်ုပ်တို့အတွက် တကယ်အလားဖြစ်သင့်ကာ ရှေ့နားလေးတွင်ရှိနေသကဲ့သို့ဖြစ်သင့်သည်။ (ဇေဖနိ ၁:၇၊ ၁၄)—၉/၁၊ စာမျက်နှာ ၁၉။

▫ ဤစနစ်၏နောက်ဆုံးကာလသည် လူအများမျှော်လင့်သည်ထက် အဘယ်ကြောင့်ကြာရှည်နေရသနည်း။

ယေဟောဝါသည် လူသားအားလုံး၏ အကောင်းဆုံးအကျိုးကို လိုလားတော်မူသည်။ လူတို့၏အသက်ကို ကိုယ်တော်တန်ဖိုးထားတော်မူသည်။ (ယေဇကျေလ ၃၃:၁၁) ဉာဏ်ပညာတော်အရှိဆုံး မေတ္တာသခင်ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်ပြည့်စုံဖို့ရန် အခန့်သင့်အချိန်တိုင်လျှင် အဆုံးရောက်ရလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ကြပါသည်။—၉/၁၊ စာမျက်နှာ ၂၂။

▫ အချိန်ပြည့်လုပ်ငန်းတော်တွင် လုပ်ဆောင်နေကြသောသူတို့သည် ပြဿနာများကို ရင်ဆိုင်နေကြရသော်လည်း သူတို့၏ပျော်ရွှင်မှုကို မည်သို့ဆက်လက်ထိန်းသိမ်းနိုင်ကြမည်နည်း။

သူတို့သည် မိမိတို့ရရှိထားသော ကောင်းချီးများစွာကို ပြန်လည်စဉ်းစားသင့်ပြီး ထောင်ပေါင်းများစွာသောအခြားသူများသည် ကျွန်ုပ်တို့ထက် ပိုပြီးကျပ်တည်းဆင်းရဲနေကြကြောင်း အသိအမှတ်ပြုသင့်သည်။ (၁ ပေတရု ၅:၆-၉)—၉/၁၅၊ စာမျက်နှာ ၂၄။

▫ သမ္မာကျမ်းစာကို ဘာသာပြန်ခြင်းတွင် ဝီလျံတင်ဒေး၏ပန်းတိုင်ကား အဘယ်နည်း။

တင်ဒေး၏ပန်းတိုင်မှာ သာမန်လူတစ်ဦးအား အဖြစ်နိုင်ဆုံးနည်းဖြင့် တိကျရိုးရှင်းစွာ သမ္မာကျမ်းစာကို စကားပြောဆိုစေဖို့ဖြစ်သည်။—၉/၁၅၊ စာမျက်နှာ ၂၇။

▫ ကျွန်ုပ်တို့သည် ဘုရားသခင်၏စကားတော်ကို သစ္စာစောင့်သိစွာ ထောက်ခံသူများဖြစ်ကြောင်း မည်သို့ပြသနိုင်သနည်း။

အခြားသူများကို ဇွဲရှိရှိဟောပြောခြင်းအားဖြင့် ဘုရားသခင်၏စကားတော်အပေါ် ကျွန်ုပ်တို့၏သစ္စာစောင့်သိမှုကို ပြသကြသည်။ ကျွန်ုပ်တို့သည် သွန်သင်သူများအနေဖြင့် သမ္မာကျမ်းစာတွင် ဖော်ပြထားသောအရာများကို ကျွန်ုပ်တို့၏အယူအဆများနှင့်ကိုက်ညီရန် မလိမ့်တပတ်လုပ်ခြင်း သို့မဟုတ် ချဲ့ကားခြင်းတို့ကို မည်သည့်အခါမျှမလုပ်ဘဲ သမ္မာကျမ်းစာကို ဂရုတစိုက်အသုံးပြုသင့်သည်။ (၂ တိမောသေ ၂:၁၅)—၁၀/၁၊ စာမျက်နှာ ၂၀။

▫ အဆိပ်သင့်စေသော လောကစိတ်ဝိညာဉ်သည် ကျွန်ုပ်တို့၏သမာဓိကို မည်သို့ပျော့ညံ့စေနိုင်သနည်း။

လောကစိတ်ဝိညာဉ်သည် ကျွန်ုပ်တို့၌ရှိသည့်အရာများနှင့် ကျေနပ်မှုမရှိစေဘဲ ဘုရားသခင်၏အလိုတော်ထက် ကျွန်ုပ်တို့၏လိုအပ်ရာများနှင့် အကျိုးစီးပွားများကို ရှေ့တန်းတင်ရန် အာရုံစိုက်စေခြင်းအားဖြင့် ကျွန်ုပ်တို့၏သမာဓိကို ပျော့ညံ့စေနိုင်ပါသည်။ (မဿဲ ၁၆:၂၁-၂၃ နှိုင်းယှဉ်)—၁၀/၁၊ စာမျက်နှာ ၂၉။

▫ ယေဟောဝါအား စိုးလ်အကြွင်းမဲ့အမှုဆောင်ခြင်းမည်သည် အဘယ်အရာကိုဆိုလိုသနည်း။

“စိုးလ်” သည် လူ၏ကာယနှင့်စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများပါဝင်သော ပုဂ္ဂိုလ်တစ်ကိုယ်လုံးကိုရည်ညွှန်းသည်။ ယေဟောဝါအား စိုးလ်အကြွင်းမဲ့အမှုဆောင်ခြင်းသည် ကျွန်ုပ်တို့ကိုယ်ကိုပေးဆက်ခြင်းဖြစ်ပြီး ဘုရားသခင်၏လုပ်ငန်းတော်တွင် ဖြစ်နိုင်သမျှအပြည့်အဝတိုးချဲ့ပါဝင်ရန် ကျွန်ုပ်တို့၏အစွမ်းအစအားလုံးနှင့် အစွမ်းခွန်အားရှိရှိသမျှကို အသုံးပြုခြင်းဖြစ်သည်။ (မာကု ၁၂:၂၉၊ ၃၀)—၁၀/၁၅၊ စာမျက်နှာ ၁၃။

▫ ဘုရားရေးရာမူကို ကျင့်သုံးသူတစ်ဦးဖြစ်ရန် သော့ချက်ကားအဘယ်နည်း။

သော့ချက်မှာ ယေဟောဝါ၊ ကိုယ်တော်နှစ်သက်သောအရာများ၊ မနှစ်သက်သောအရာများနှင့် ကိုယ်တော်၏ရည်ရွယ်ချက်ကို အမှန်တကယ်သိရှိထားခြင်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သော ဤအခြေခံတရားများသည် ကျွန်ုပ်တို့၏အသက်တာကို လွှမ်းမိုးသည့်အခါ ယင်းတို့သည် တစ်နည်းအားဖြင့် အသက်ရှင်သောကျင့်ဝတ်မူများဖြစ်လာသည်။ (ယေရမိ ၂၂:၁၆; ဟေဗြဲ ၄:၁၂)—၁၀/၁၅၊ စာမျက်နှာ ၂၉။

▫ ယေဟောဝါ၏ကျေးကျွန်များသည် လူ့အုပ်ချုပ်မှုအပေါ် အဘယ်ဟန်ချက်ညီသော သဘောထားရှိသနည်း။

သူတို့သည် ဘုရားသခင့်နိုင်ငံတော်၏ သံအမတ်များ သို့မဟုတ် သံတမန်များအဖြစ် အမှုထမ်းနေကြသောကြောင့် နိုင်ငံရေးအမှုကိစ္စများတွင် ကြားနေကြသည်။ (၂ ကောရိန္သု ၅:၂၀) အခြားတစ်ဖက်တွင်မူ သူတို့သည် အာဏာပိုင်များအောက်တွင် တာဝန်သိသိလက်အောက်ခံကြပါသည်။—၁၁/၁၊ စာမျက်နှာ ၁၇။

▫ ပရောဖက်ဧလိရှဲ လိုက်လျှောက်ခဲ့သောလမ်းစဉ်မှ ကျွန်ုပ်တို့ မည်သည့်သင်ခန်းစာရရှိနိုင်သနည်း။

ဧလိယနှင့်အတူ အထူးလုပ်ငန်းတော်၌ပါဝင်ရန် ဖိတ်ကြားကမ်းလှမ်းခံရသောအခါ ဧလိရှဲ၏တာဝန်အချို့မှာ ခိုင်းစေခံရခြင်းပါဝင်မည်ဖြစ်သော်လည်း ဧလိယကိုပြုစုရန် ချက်ချင်းပင် သူ့လယ်ကိုစွန့်၍ ထွက်ခွာခဲ့သည်။ (၄ ဓမ္မရာဇဝင် ၃:၁၁) ယနေ့တွင် ဘုရားသခင်၏ဓမ္မအမှုဆောင်အချို့သည် ဝေးလံသောဒေသများ၌ သတင်းကောင်းဟောရန် မိမိတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စွန့်လွှတ်ခဲ့ကြခြင်းအားဖြင့် ထပ်တူကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တင်ပြခဲ့ကြပါသည်။—၁၁/၁၊ စာမျက်နှာ ၃၁။

▫ ယာကုပ်၏စာတွင် မည်သည့်အကျိုးရှိသောအကြံဉာဏ် ပါရှိသနည်း။

ယင်းက စုံစမ်းခြင်းများကို မည်သို့ရင်ဆိုင်ဖို့ ဖော်ပြပြီး၊ မျက်နှာမလိုက်ဖို့ ဆုံးမပေးသည့်အပြင် ဖြောင့်မတ်သောအလုပ်များတွင် အလုပ်များနေရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်အားပေးပါသည်။ ယာကုပ်သည် ကျွန်ုပ်တို့၏ လျှာကိုချုပ်တည်းရန်၊ လောကသြဇာကိုဆန့်ကျင်ရန်နှင့် ငြိမ်သက်ခြင်းကိုတိုးပွားစေကြရန် တိုက်တွန်းထားသည်။ သူ၏စကားများကလည်း ကျွန်ုပ်တို့တွင် သည်းခံခြင်းနှင့် စိတ်အားထက်သန်ခြင်းရှိရန် အကူအညီပေးနိုင်ပါသည်။—၁၁/၁၅၊ စာမျက်နှာ ၂၄။

▫ ယေဟောဝါသည် အဘယ်ကြောင့် “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသနည်း။ (ဆာလံ ၈၆:၅)

ကျွန်ုပ်တို့သည် မြေမှုန့်ဖြင့်ဖန်ဆင်းခံရကြောင်း၊ မစုံလင်မှုကြောင့် ချည့်နဲ့မှု သို့မဟုတ် အားနည်းမှုများရှိကြောင်း ယေဟောဝါမေ့လျော့တော်မမူသောကြောင့် ကိုယ်တော်သည် ခွင့်လွှတ်ရန်အသင့်ရှိသည်။ (ဆာလံ ၁၀၃:၁၂-၁၄)—၁၂/၁၊ စာမျက်နှာ ၁၀၊ ၁၁။

▫ ကျွန်ုပ်တို့သည် အခြားသူများကို ခွင့်လွှတ်ရန် အဘယ်ကြောင့်လိုလိုလားလားရှိသင့်သနည်း။

သက်ညှာမှုပြရန်အကြောင်းရှိလျက်နှင့် ကျွန်ုပ်တို့သည် ခွင့်လွှတ်ရန်ငြင်းဆန်နေလျှင် ယင်းက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဆိုးကျိုးသက်ရောက်စေနိုင်ပါသည်။ (မဿဲ ၆:၁၄၊ ၁၅)—၁၂/၁၊ စာမျက်နှာ ၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ