ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၂/၁၅ စာ. ၃၂
  • ဘုရားသခင်သည် လောကကိုဖျက်ဆီးမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်သည် လောကကိုဖျက်ဆီးမည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၂/၁၅ စာ. ၃၂

ဘုရားသခင်သည် လောကကိုဖျက်ဆီးမည်လော

ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ၂ ၏အဆိုအရ လူသားတို့သည် ယုံကြည်စိတ်ချမှုဖြင့် အနာဂတ်ကိုရှုမျှော်နိုင်ပါသည်။ သမိုင်းတစ်လျှောက် “လူတို့သည် ရေလွှမ်းမိုးခြင်းမတိုင်မီကထက်ပင် သာ၍ကြီးမားသည့်အတိုင်းအတာဖြင့် အပြစ်များကိုဆက်၍ကျူးလွန်နေကြသည်” ဟူ၍သူမှတ်ချက်ချသည်။ သို့တိုင် ပုပ်ရဟန်းမင်းက “ဘုရားသခင်သည် ကိုယ်တော်တိုင်ဖန်ဆင်းထားသည့်လောကကို ဖျက်ဆီးရလောက်အောင် ယခုအခါ မည်သည့်အပြစ်မျှ မရှိတော့ကြောင်း နောဧနှင့်ဘုရားသခင်ဖွဲ့ခဲ့သည့်ပဋိညာဉ်စကားများမှ ကျွန်ုပ်တို့နားလည်ရပါသည်” ဟူ၍ရှင်းပြသည်။

ဘုရားသခင်သည် လောကကို အမှန်တကယ်ပင် ဘယ်အခါမျှမဖျက်ဆီးဘဲနေပါမည်လော။ ရေလွှမ်းမိုးပြီးနောက် နောဧအားဘုရားသခင်က “ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့သည် နောက်တစ်ဖန်မဆုံးရကြ။ မြေကြီးကိုဖျက်ဆီးဖို့ရာ နောက်တစ်ဖန်ရေလွှမ်းမိုးခြင်းမရှိရ” ဟူ၍မိန့်တော်မူခဲ့ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ (ကမ္ဘာဦး ၉:၁၁) ဤစကားများကြောင့် ဘုရားသခင်သည် “[မြေကြီး] ကို ပျက်စီးခြင်းမှကာကွယ်ရန် ကိုယ်တော်တိုင်တာဝန်ရှိနေသည်” ဟူ၍ပုပ်ရဟန်းမင်းကဆိုသည်။

ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏ဂြိုဟ်ကို ပျက်စီးစေဖို့ခွင့်ပြုမည်မဟုတ်ကြောင်း သမ္မာကျမ်းစာက အတိအလင်းဖော်ပြသည်။ “လူတစ်ဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏” ဟူ၍သမ္မာကျမ်းစာကဆိုသည်။ (ဒေသနာ ၁:၄) သို့သော် ရေလွှမ်းမိုးခြင်းမှ ကျွန်ုပ်တို့နောက်ထပ်သင်ယူစရာ—ပုပ်ရဟန်းမင်းကြီး မဖော်ပြခဲ့သည့်တစ်စုံတစ်ရာ ရှိနေပါသည်။

အနာဂတ်တွင်မိမိရောက်ရှိမည့်အချိန်၌ မြေကြီးပေါ်ရှိအခြေအနေများမှာ “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြ” သည့် “နောဧလက်ထက်၌ဖြစ်သကဲ့သို့” ဖြစ်မည်ဟု ယေရှုမြွက်ကြားခဲ့သည်။ (မဿဲ ၂၄:၃၇-၃၉) အလားတူပင် တမန်တော်ပေတရုက “ထိုကာလ၌ရှိသောလောကသည် ရေနှင့်လွှမ်းမိုး၍ပျက်စီး” သကဲ့သို့ “ဘုရား [သခင်] မဲ့နေသူတို့ကို ဖျက်ဆီးသောနေ့ရက်” သည်လည်း လက်ရှိလောကကို ခြိမ်းခြောက်နေပါသည်ဟူ၍ ရေးသားခဲ့သည်။—၂ ပေတရု ၃:၅-၇၊ သမ္မာ။

ယေရှုနှင့်ပေတရုသည် နောဧနှင့်ဖွဲ့ခဲ့သည့်ဘုရားသခင့်ပဋိညာဉ်ကို မေ့လျော့ခဲ့သလော။ လုံးဝမမေ့လျော့ခဲ့ပါ! နောဧနှင့်ဖွဲ့ခဲ့သည့်ပဋိညာဉ်တွင် ကိုယ်တော်ဖော်ပြခဲ့သကဲ့သို့ ဤဆိုးညစ်သောစနစ်ကိုအဆုံးတိုင်စေရန် လွှမ်းသောရေများကို ဘုရားသခင်အသုံးပြုတော့မည်မဟုတ်ပါ။ သို့အစား “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” ယေရှုခရစ်၏တန်ခိုးအာဏာတော်ကို အသုံးပြုမည်ဖြစ်သည်။ (ဗျာဒိတ် [အပေါကလစ်] ၁၉:၁၁-၂၁) ထို့ကြောင့် သမ္မာကျမ်းစာအရ မြေကြီးသည် ဖျက်ဆီးခံရမည်မဟုတ်သော်လည်း ဆိုးညစ်သောလူသား “လောက” သည် မလွဲဧကန်အဆုံးတိုင်မည်ဖြစ်သည်။ (သု. ၂:၂၁၊ ၂၂; ဗျာဒိတ် ၁၁:၁၈) ထို့နောက် “ဖြောင့်မတ်သောသူတို့သည် မြေကြီးကို အပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ