ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၅/၁၅ စာ. ၃၂
  • အမူအကျင့်ကောင်းက ချီးမွမ်းမှုကိုဖြစ်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမူအကျင့်ကောင်းက ချီးမွမ်းမှုကိုဖြစ်စေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၅/၁၅ စာ. ၃၂

အမူအကျင့်ကောင်းက ချီးမွမ်းမှုကိုဖြစ်စေ

လာဂါဇက်တာ ဒဲလ် မက်ဇိုဂျီအိုရ်နို အီတာလျံသတင်းစာက “မာတီရာ—ထူးခြားသောဥမင်အဆောက်အဦမြို့” ဆောင်းပါးကို ထုတ်ဝေခဲ့သည့်အတွက် ယေဟောဝါသက်သေတို့ကို ချီးမွမ်းခဲ့သည်။ ယင်းဆောင်းပါးသည် ဘာသာစကားမြောက်မြားစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ဝေရသော နိုးလော့! [လိပ်] မဂ္ဂဇင်း၏ ၁၉၉၇၊ ဇူလိုင် ၈ ရက်ထုတ်တွင်ပါခဲ့သည်။ ယခု နိုးလော့!ကို ၈၁ ဘာသာဖြင့် ဘာသာပြန်ကာ ကမ္ဘာတစ်ဝန်းတွင် ၁၉ သန်းကျော်ထုတ်ဝေလျက်ရှိသည်။ “[မာတီရာ] မြို့၏ ရာဇဝင်တွင်လောက်ပြီး အနုပညာဆိုင်ရာအမွေအနှစ်ကိုထင်ရှားရန် ကြော်ငြာခြင်းနှင့်စပ်လျဉ်း၍” နိုးလော့!သည် ဤနွေရာသီတွင် စံချိန်တင်သည်ဟု ထိုသတင်းစာကဆိုခဲ့သည်။

၁၉၉၇ ခုနှစ်တွင် မာတီရာမြို့၌ကျင်းပခဲ့သည့် “ဘုရားသခင့်နှုတ်ကပါဌ်တော်၌ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီးနှင့်ပတ်သက်၍ ထိုသတင်းစာက သက်သေခံများကို ချီးမွမ်းခဲ့သည်။ သက်သေခံများသည် “နွေခေါင်ခေါင် အလွန်ပူပြင်းသောနေရောင်အောက်တွင် [မြို့၏] ၂၁ စက်တင်ဘရီ အားကစားကွင်းသို့ လူပေါင်း ၄,၀၀၀ ကိုရောက်လာစေနိုင်ခဲ့သည်; ဤအားကစားကွင်း၏သန့်ရှင်းရေး၊ ပြန်လည်ဆေးသုတ်ခြင်းနှင့် အခြေခံပြုပြင်မွမ်းမံမှု (အထူးသဖြင့် အိမ်သာများ) တို့အတွက်လိုအပ်ရာများကို သူတို့ဝယ်ခြမ်းပြီး အကုန်အကျခံကာ လုံးဝအခမဲ့ပြုပြင်ခဲ့ကြသည်” ဟု၎င်းဆောင်းပါးက ရေးသားဖော်ပြခဲ့သည်။

ယေဟောဝါသက်သေများသည် အိမ်နီးချင်းကောင်းများပီသရန် ကြိုးစားကြသည်။ (မဿဲ ၂၂:၃၇-၃၉) သူတို့သည် ကျမ်းစာမှ ဤဆုံးမစကားကိုလည်း လိုက်နာကြသည်– ‘ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်များကို လူမျိုးတို့သည် ကြည့်မြင်ထောက်ရှု၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။’—၁ ပေတရု ၂:၁၂၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ